တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

Nexus ဖုန်းအသစ်နှစ်မျိုး၊ Chromecasts စူပါ တက်ဘလက် နဲ့ Android နောက်ဆုံး ဗားရှင်း တို့ကို Google စတင် မိတ်ဆက်




အင်တာနက် ကုမ္ပဏီ Google ဟာ ဒီတစ်ပတ်မှာ ပစ္စည်းသစ် အများ အပြားကို တစ်ခါတည်း မိတ်ဆက် ပြသခဲ့ပြီ့း Google က ဟာ့ဒ်ဝဲ ပစ္စည်းတွေ ထုတ်ဖို့ အာရုံ မစိုက်ဘူး ဆိုတဲ့ အထင်တွေကို ရိုက်ချိုး ပစ်လိုက် ပါတယ်။

မိတ်ဆက်ခဲ့တဲ့ ပစ္စည်းအသစ် တွေမှာ Nexus စမတ်ဖုန်း အသစ်နှစ်မျိုး၊ တက်ဘလက် အသစ် တစ်မျိုး နဲ့  streaming ကြည့်နိုင်တဲ့ စက် မော်ဒယ် အသစ်နှစ်မျိုး တို့ ပါဝင် ပါတယ်။

ဒါ့အပြင် Google ရဲ့ အမှုဆောင် အရာရှိတွေဟာ iOS အသစ်နဲ့ ယှဉ်ပြိုင်မယ့် Android 6.0 Marshmallow ရဲ့ အသေးစိတ် အချက်အလက်တွေကို ဖွင့်ပြော ခဲ့ပါတယ်။



Nexus စမတ်ဖုန်းအသစ်နှစ်မျိုး

ဒီ Nexus ဖုန်းအသစ်နှစ်မျိုးကို Google က တိုက်ရိုက်ထုတ်လုပ်ထားတာမဟုတ်ဘဲ ၅.၂ လက်မအရွယ် Nexus 5x ကို LG က ထုတ်လုပ်ပေးခဲ့ပြီး ၅.၇ လက်မအရွယ် Nexus 6P ကိုတော့ တရုတ်ကုမ္ပဏီ Huawei က ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းအသစ်နှစ်မျိုးလုံးဟာ နောက်ဆုံးပေါ် Marshmallow နဲ့ လာမှာဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ ဖိုင်ကူးဖို့ နဲ့ အားသွင်းဖို့ အတွက် USB-C အပေါက် တစ်ခုစီ ၊ လက်ဗွေရာစနစ် တွေ ပါဝင်မှာဖြစ်ပြီး 12.3 MP နောက်ကင်မရာတွေ ပါဝင်မှာပါ။ Nexus 6c ရဲ့ ဈေးကတော့ ၄၄၉ ပေါင် နဲ့ Nexus 5x ကတော့ ၃၃၉ ပေါင် ဖြစ်ပါတယ်။

Chromecast အသစ်နှစ်မျိုး

HDTV တိုင်းမှာ ပလပ်ထိုးပြီး စမတ်ဖုန်း၊တက်ဘလက်တွေကနေ ထိန်းချုပ်ကာ တီဗီမှာ streaming ကြည့်နိုင်တဲ့ Google ရဲ့ နာမည်ကျော် Chromecast ကို ပြန်လည်မွမ်းမံဆန်းသစ်ထားပြီး စပီကာကနေ streaming နားထောင်နိုင်မယ့် Chromecast audio ဆိုတဲ့ Chromcast နဲ့ တွဲဘက် gadget အသစ်တစ်မျိုး ကိုပါ စတင်ပြသခဲ့ပါတယ်။ မော်ဒယ်အသစ်တွေကို ထုတ်ခဲ့ပေမယ့် Google ဟာ ဈေးနှုန်းကိုတော့ ပေါင် ၃၀ အထိ လျော့ချလိုက်တာကို တွေ့ ရပါတယ်။

စူပါတက်ဘလက်

Google ဟာ Pixel C လို့ အမည်ပေးထားတဲ့ တက်ဘလက်အသစ်တစ်ခုကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ တက်ဘလက်နဲ့ bluetooth ချိတ်သုံးနိုင်မယ့် ကီးဘုတ်ဟာ တက်ဘလက်ကို သံလိုက်တွေနဲ့  တွယ်ကပ်ထားပြီး သုံးနိုင်မှာဖြစ်ပါတယ်။ ဖန်သားပြင်က ၁၀.၂ လက်မ ရှိပြီး 2560×1800 pixel resolution ရှိပါတယ်။ ဒီ တက်ဘလက်ရဲ့ ပုံစံကို A4 စာရွက်တစ်ရွက်ပေါ်မှာ ဒီဇိုင်းရေးဆွဲခဲ့တာပါ လို့ Google ကပြောကြားခဲ့ပါတယ်။ 32 GB မော်ဒယ်က ဒေါ်လာ ၅၀၀ ကျသင့်မှာ ဖြစ်ပြီး 64 GB ကတော့ ဒေါ်လာ ၆၀၀ ရှိမှာပါ။ ကီးဘုတ် ယူမယ်ဆိုရင်တော့ နောက်ထပ် ဒေါ်လာ ၁၅၀ ထပ်ပေးရပါလိမ့်မယ်။

Android Marshmallow

နောက်ဆုံး Android ဗားရှင်း Marshmallow ရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း Google က ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲဟာ လုံခြုံမှုပိုရှိပြီး စွမ်းအင်ပိုမိုခြွေတာနိုင်တာကြောင့် ဘက်ထရီ သက်တမ်း ၃၀ ရာခိုင်နှုန်း ပိုတိုးလာမှာဖြစ်ပါတယ်။ ‘Auto Backup for Apps’ ဆိုတဲ့ စွမ်းဆောင်ရည် တစ်ခုလည်း ပါဝင်လာမှာဖြစ်ပြီး သင် ၀ယ်ယူထားတဲ့ app တွေနဲ့ အဆိုပါ app အသုံးပြုထားပုံတွေကို မှတ်ပေးထားမှာဖြစ်ပါတယ်။

( Ye Wint )

သစ်ထူးလွင်(နည်းပညာ)

Ref: Mirror

Original link - http://technology.thithtoolwin.com/2015/10/nexus-chromecasts-android-google.html

No comments: