တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 27, 2017

အိုင်ဖုန်းဆဲဗင်းပလက်စ် အဖြူရောင်လာမည်




ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ - အက်ပဲလ်ရဲ့အိုင်ဖုန်းဆဲဗင်းမှာ အရင်က jet black အမည်း ရောင်ပဲထွက်ခဲ့ပေမဲ့ အခု ဆိုရင်တော့ အဖြူရောင်အိုင်ဖုန်းဆဲဗင်းကို ဝယ်ယူနိုင်တော့မှာ ဖြစ်ကြောင်း နိုင်ငံတကာ နည်းပညာ သတင်း အချို့ရဲ့ဖော်ပြချက် အရ သိရပါတယ်။

အခုဆိုရင်အိုင်ဖုန်းဆဲဗင်းက ကျပ် ၁၁ သိန်းနီးပါးဈေးရှိတာဖြစ်ပါတယ်။ အိုင်ဖုန်းဆဲဗင်းက jet black ဗားရှင်းထွက်ခဲ့ပြီး အခုကတော့ jet whi-te version ပဲဖြစ်ပါတယ်။

အရောင်ပဲပြောင်းသွားမှာဖြစ်ပြီး ဖုန်းအတွင်းအပြင် ဖီးချားဒီဇိုင်းကတော့ အရင်အတိုင်းပဲ ဖြစ်ပါတယ်။

ဈေးနှုန်းအရကတော့ အရေအတွက် ကန့်သတ်နိုင်တာကြောင့် အော်ဒါအလိုက်မှာယူတဲ့ ဈေးနှုန်းနဲ့ ထုတ်ကုန်ပစ္စည်းဈေးနှုန်းကို ပေါင်းလိုက်ရင် မူရင်း သတ်မှတ် ထားတဲ့ဈေးထက် ကျော်နိုင်ကြောင်း သိရပါတယ်။

Author – မေဘယ်လ်

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: