တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 29, 2017

အသံနဲ့စေခိုင်းနိုင်တဲ့ စီရီနည်းပညာနဲ့ ကော်တာနာ နည်းပညာ နှစ်မျိုးမှာ ဘယ်ဟာက ပိုလွှမ်းမိုးနိုင်သလဲ?




အိုင်တီ နည်းပညာ က တစ်နှစ်ထက် တစ်နှစ် ပိုပြီး မြင့်လာ ပါတယ်။

ခေတ်သစ် နည်းပညာ တွေထဲက အသံ စနစ်နဲ့ စေခိုင်း ထိန်းချုပ် နိုင်တဲ့ စီရီ (Siri) နဲ့ ကောတနာ (Cortana) တို့ဟာ ဆိုရင် စမတ်ဖုန်းမှာ မက ကွန်ပျူတာ ပီစီနဲ့ ပြင်ပလောက ပစ္စည်းတွေ နဲ့ပါ အသုံးချနိုင်ပြီ ဖြစ်ပါတယ်။

အသံစေခိုင်းမှု စနစ်မှာ အက်ပဲလ်ရဲ့စီရီ နည်းပညာက အရင် ထွက်ရှိတာ ဖြစ်ပါတယ်။ စီရီဆိုတာ ကတော့ အိုင်ဖုန်းမှာသာ ပါဝင်တဲ့ ကမ္ဘာ့ ပထမဆုံး အသံစနစ်နဲ့ ထိန်းချုပ် ရှာဖွေတဲ့ ဖီးချား ဖြစ်ပါတယ်။

ကောတနာနည်းပညာကတော့ မိုက်ခရိုဆော့ဖ်က တီထွင်လိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ကောတနာ ထွက်ပေါ်လာတာ သိပ်မကြာသေးပါဘူး။ ကောတနာ ပေါ်ခါစမှာ ဝင်းဒိုးစ် တန်းသုံးစွဲတဲ့ ကွန်ပျူတာ၊ လက်ပ်တော့ တွေမှာပဲ အ သုံးချနိုင် ပေမဲ့ အခုဆိုရင် စမတ် ဖုန်းတွေမှာပါ မိုဘိုင်းလ် အက်ပ် ပုံစံ လုပ်ဆောင် နိုင်ပါပြီ။

စီရီ (Siri) က ဘာတွေ လုပ်ဆောင်နိုင်သလဲ?

စီရီကိုအခုဆိုရင် လုံခြုံရေး ပိုင်းအထိကိုပါ ထိန်းချုပ်စွမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။ မိုက်ခရို ဆော့ဖ်ရဲ့ဝင်းဒိုးစ်ကိုပါ စီရီနဲ့ အသုံးချနိုင်ပြီဖြစ်ပါတယ်။

အချက်အလက်တွေ ဖောက်ထွင်းမခံရအောင် မိုက်ခရိုဆော့ဖ်က ဝင်းဒိုးတန်း ဗား ရှင်းမှာ လုံခြုံရေးကို ထပ် တိုးမြှင့် ထားတာတွေ၊ လုပ်ငန်းအစီအစဉ်တွေ မပျက်စီးအောင်၊ ဖောက်ထွင်းခံခဲ့ရပါက ပြန်လည်ခုခံဖို့အတွက် Windows Defender စနစ်ကိုကွန်ပျူတာ၊ လက်ပ်တော့မှာ စကန်ဖတ်ပေးတဲ့ပုံစံမျိုး က စီရီနဲ့ ထိန်းချုပ်နိုင်ပြီဖြစ်ပါ တယ်။ နောက်ပြီး ဒေတာအချက်အလက်တွေကိုလည်း လုံခြုံမှုရှိအောင် ကာကွယ်ပေးထားပါတယ်။

နောက်ထပ်ဖီးချားတွေကတော့ မက်ဘုတ်ခ်ကနေ စီရီကို အ သုံးပြုပြီး ဖိုင်တွေကို ရှာနိုင်ပါတယ်။ ဥပမာ မိမိရဲ့ဒေတာတွေ သိမ်းဆည်းထားတဲ့ Folder ဖိုင်တွေ အများကြီးရှိနေလို့ ရှာရခက်နေမယ်ဆိုရင် စီရီထဲဝင်ပြီး Show me documents from yesterday (မနေ့က သိမ်းထားတဲ့စာရွက် စာတမ်းတွေကိုပြပါ) ဆိုပြီး ပါးစပ်ကနေ လှမ်းရွတ်ရမှာဖြစ်ပါတယ်။ အဲသည်အခါ မနေ့က သိမ်းထားတဲ့မိမိရဲ့ဖိုင်တွေကျလာပြီး ပြသမှာ ဖြစ်ပါတယ်။

နောက်ပြီး စီရီဟာဆိုရင် မက်ဘုတ်ခ်ထဲက ဆက်တင် (setting) တွေကိုပါ  ထိန်းချုပ်ပေးနိုင်ပါ တယ်။ ဥပမာ မက်ဘုတ်ခ်စခရင် ကို အလင်းအမှောင်အတိုးအ လျှော့လုပ်မယ်ဆိုရင် Increase Screen Brightness ဒါမှမဟုတ် decrease screen brightness ဆိုပြီး ရွတ်လိုက်တာနဲ့ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ခ်မှာ ပို့စ်တစ်ခုခုတင်မယ်ဆိုရင် စီရီထဲဝင်ပြီး ကိုယ် တင်မယ့်ပို့စ်ကို Post to Facebook ဆိုပြီး ရွတ်လိုက်တာနဲ့တင် ပြီးသားဖြစ်နေမှာပါ။ တွစ်တာပေါ် မှာတင်ချင်တယ်ဆိုရင်လည်း Tweet this ဆိုပြီး အော်လိုက်တာ နဲ့တင်ပြီးသားဖြစ်နေမှာပါ။

လက်ရှိမှာဆိုရင် ပြင်ပအီလက်ထရွန်းနစ်ပစ္စည်းဖြစ်တဲ့ကား တစ်စီးရဲ့အစိတ်အပိုင်းတချို့ကိုပါ စီရီက ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ အိုင်အိုအက်စ်တန်းရဲ့မြေပုံအက်ပ် (Maps app) နဲ့ ဂျီပီအက်စ်စနစ်၊ စီရီကိုအသုံးချပြီး ကားသူခိုးရန်ကို ပါ ကာကွယ်နိုင်ပြီဖြစ်ပါတယ်။ နောက်ပြီး စီရီနဲ့မိမိကားပါကင်ထိုး ခဲ့တဲ့နေရာကို ဖော်ပြပေးမှာဖြစ် တယ်လို့ gadget နည်းပညာဘ လော့ဂ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

နောက်တစ်ချက်ကတော့ ကောင်းကင်မှာ ပျံသန်းနေတဲ့လေယာဉ်တွေကိုရှာဖွေ ခြင်းဖြစ်ပါတယ်။ What flights are above me ဒါမှမဟုတ် Planes overhead လို့ပြောလိုက်ရုံနဲ့ စီရီကပျံသန်းနေတဲ့လေကြောင်းခရီးစဉ်တွေကို ဖော်ပြပေးမှာဖြစ်တယ်လို့သိရပါတယ်။

နောက်ပြီးကတော့စာလုံးအသံထွက်အတွက် စီရီကိုသင်ကြားပေးတာဖြစ်ပါတယ်။

ကော်တာနာ (cortana) က ဘာတွေလုပ်ဆောင်နိုင်သလဲ?

မိုက်ခရိုဆော့ဖ်ရဲ့အသံထိန်းချုပ်စနစ် ကောတနာ(cortana)ဖီးချားကို အခုဆိုရင်အန်းဒရွိုက်နဲ့ အိုင်အိုအက်စ်တွေမှာအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

မိမိလုပ်ဆောင်ရမယ့်အရာတွေကိုရက်စွဲနဲ့ကအချိန်အလိုက်သတိပေးအချက်ပေးတာမျိုး ပြု လုပ်ပေးပါတယ်။ ဥပမာ မနက်ဖြန် လိုရက်မျိုးမှာ အီးမေးလ်သို့ မက် ဆေ့ခ်ျပေးပို့ဖို့အတွက် မေ့နေရင် ကောတနာက အချက်ပေးတဲ့စနစ် နဲ့ သတိပေးမှာဖြစ်ပါတယ်။

I’ll get you an answer tomorrow . ‘I’ll get you that report on Friday စတဲ့ပုံစံမျိုးနဲ့ အသံမက်ဆေ့ခ်ျ ဒါမှမဟုတ် စာတိုပုံစံအချက်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ သည်လို voice နဲ့ သတိပေးတဲ့ဖီးချားကိုရဖို့ အတွက် မိမိအသံနဲ့ ဘယ်နေ့ ဘယ်အချိန်မှာ အီးမေးလ်ပို့စရာရှိတယ်ဆိုပြီး အင်္ဂလိပ်လိုရေရွတ်ပြီး ကောတနာမှာ အသံသွင်းထားရမှာဖြစ်ပါတယ်။

သည်ဖီးချားတွေက လုပ်ငန်းခွင်တွေအတွက်တော့ သည်လုပ်ဆောင်ချက်က အသုံးဝင်မှာဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့အက်ပဲလ်ရဲ့စီရီထက်စကေးပိုသာတဲ့ကားတစ်စီးလုံးကိုထိန်းချုပ်နိုင်တဲ့စနစ်ကို ကောတနာကစွမ်းဆောင်နိုင်တော့မှာဖြစ်ပါတယ်။

အနာဂတ်မှာ ဘီအမ်ဒဗလျူ (BMW) ကားတွေကို ကောတနာစနစ်နဲ့ထိန်းချုပ်ပြီး မောင်းနှင်နိုင် တော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက မိုက်ခရိုဆော့ဖ်ရဲ့ ဘလော့ဂ်မှာ တရားဝင်ကြေညာခဲ့ တာဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ်ကောတနာနဲ့ ကားကိုအသံနဲ့လုပ်ဆောင်ခိုင်းစေလိုက်တာနဲ့အနီးအနားမှာရှိတာတွေကို ဖော်ပြမှာဖြစ်ပါတယ်။

ဥပမာကောတနာနဲ့မေးလိုက်ပါက အနီးအနားမှာရှိတဲ့စားသောက် ဆိုင်ကို BMW ကားရဲ့ကင်မရာ စခရင်မှာ အဲသည်စားသောက်ဆိုင်ပုံနဲ့ အသေးစိတ် အချက် အလက်ကိုပါ ဖော်ပြမှာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၁ မှာ ဆိုရင် BMW ကားတွေကို အော်တိုအလိုအလျောက်မောင်းနှင်နိုင်မယ့် ဖီးချားကိုပါ ရနိုင်အောင် ကြိုး စားမှာဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က ဆိုပါတယ်။

သည်အချက်တွေကို ကြည့်ရုံ နဲ့ မိုက်ခရိုဆော့ဖ်ရဲ့ကောတနာဖီးချားက အက်ပဲလ်ရဲ့စီရီနည်းပညာကို ကျော်ပြီး လွှမ်းမိုးနိုင်တယ်ဆို တာ ကောက်ချက် ချလို့ရပါတယ်။ ဒါကြောင့် အက်ပဲလ်အနေနဲ့ ကောတနာနဲ့အပြိုင် စီရီနည်းပညာကို သည်ထက်ပိုပြီး ဖီးချားပိုင်းကို တိုးမြှင့်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: