တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 22, 2017

၂၀၁၇ခုနှစ် အတွက် တရုတ်ကုမ္မဏီထုတ် နည်းပညာမြင့် စမတ်ဖုန်း တချို့


သည်နှစ် စမတ်ဖုန်း လောကမှာ အရင် ထွက်ရှိ ခဲ့တဲ့ ထုတ်ကုန်တွေနဲ့  ဖီးချား ကွဲထွက်ပြီး နည်းပညာ ပိုမြင့်လာပြီး အခြေခံ လူတန်းစားတွေ အတွက်  အဓိက ထား ထုတ်လုပ်တဲ့ နာမည်ကြီး တရုတ် ကုမ္မဏီထုတ် စမတ်ဖုန်းတွေကို ဖော်ပြ လိုက်ပါတယ်။

Honor Magic



ဟွာဝေး ကုမ္မဏီရဲ့ ထုတ်ကုန် အသစ်ဖြစ်တဲ့ honor magic စမတ်ဖုန်းသစ်မှာ Facecode ဆိုတဲ့ ဖီးချားပါဝင်လာတာ ဖြစ်တာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အဏုမြူ ရောင်ခြည် ကင်မရာကို သုံးထား တာကြောင့် ဖုန်းစခရင် ရဲ့ နိုတီဘားတန်းမှာ ပေါ်လာတဲ့ မက်ဆေ့ခ်ျနဲ့ အခြား အရာတွေကို ကိုယ့်ရဲ့မျက်စိနဲ့ ကြည့် မှသာ မြင်ရနိုင်မယ့် နည်းပညာ ဖြစ်ပါတယ်။

ဖုန်းပိုင်ရှင် မဟုတ်ပါက ဘယ်သူမှ ကြည့်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ဖုန်း ရဲ့ home ကီးကတော့ လက်ဗွေရာ စနစ်သုံးဖို့အတွက် ဖြစ်ပါတယ်။

ကျောဘက်ကင်မရာနှစ်လုံး 12MP ဖြစ်ကာ တစ်ခုမှာ အရောင် (င်္ံColor) နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီးနောက် ကင်မ ရာတစ်လုံးက အဖြူအမည်းပုံကို  ရိုက်ကူးနိုင်မယ့် mono- chrome ဖီးချား ပါ ဝင် တာ ဖြစ် ပါ တယ်။
ထူးခြားချက်မှာ System ပိုင်း ဆိုင်ရာမှာ အရင်က အသုံးပြု နေတဲ့ EMUI အ စား Android 6.0 ကို အခြေခံထားတဲ့ Magic Live OS နဲ့ ဟွာဝေးရဲ့ ကိုယ်ပိုင်အသိဉာဏ်တု (AI) စနစ်ကို သည်ဖုန်းမှာ ထည့်သွင်းပေး ထား ခြင်း ဖြစ်ပါ တယ်။

မမ်မိုရီ RAM 4GB နဲ့ ဖုန်း တွင်းမမ်မိုရီ 64G ပါဝင်ပါတယ်။

စခရင် ၅့  ၉ လက်မနဲ့ အကွေး ပုံစံမှန်ကို အသုံးပြုထားတာ ဖြစ်ပါ တယ်။ ၇့ ၈မီလီမီတာ  အထူသာရှိ ပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ ရွှေအိုရောင်အမည်းစပ်နဲ့ ကြွေ ဖြူရောင်တို့ ဖြစ်ပါ တယ်။ ဈေးနှုန်း ဒေါ် လာ ၅၃၀ သတ်မှတ် ထား တာ ဖြစ်ပါတယ်။

Oppo F3 Plus



Oppo ရဲ့ ထုတ်ကုန်သစ် ကင်မရာနှစ်စုံပါ F3 Plus ဟာဆိုရင် အဖွဲ့လိုက် ရိုက်နိုင်တဲ့ မြင်ကွင်းကျယ် (Wide angle) ကင်မရာနဲ့ ရိုးရိုး ဆယ်ဖီ ကင်မရာနှစ်စုံ ပါဝင်တဲ့ နည်းပညာကို တီထွင် လိုက်ပါတယ်။ ဆယ်ဖီပုံတွေကို ရိုက်ကူး နိုင်မယ့် 16 megapixel အရည်အသွေး ရှိတဲ့ အရှေ့ ကင်မရာ ပါဝင်တဲ့အပြင် ဆယ်ဖီ စတစ် မလိုဘဲ လူအများ  အဖွဲ့လိုက် group selfie ရိုက်ကူးသူတွေ အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အဆိုပါစမတ်ဖုန်း က ၁၂၀ ဒီဂရီ wide angle ပါရှိတာကြောင့် ကင်မရာရဲ့ သာမန် ၈၀ ဒီဂရီ ကင်မရာတွေထက် မြင်ကွင်းကို ၁၀၅ရာခိုင်နှုန်းအထိ ပိုပြီး ကျယ်ကျယ်ရိုက်ကူးနိုင် မှာဖြစ်ပြီး အဲသည် 6P camera lens ကြောင့် ဓာတ်ပုံအတွင်း လူများများ ဝင်ဆံ့နိုင်မှာဖြစ်ပြီး ပုံရိပ်တွေ မသဲကွဲတာကိုလည်း လျှော့ချပေးမှာဖြစ် ကြောင်း သိရပါတယ်။

သည်စမတ်ဖုန်းသစ်မှာဆိုရင် ဂိမ်းနဲ့ အက်ပ်တွေကို မြန်မြန် run မယ့် RAM 4GB ပါဝင်ပြီး အင် တာနယ်မမ်မိုရီ 64GB ပါဝင်ပါ တယ်။ Nano SIM card နှစ်ခု ဒါမှ မဟုတ် Nano SIM card တစ်ခုနဲ့ Micro SD card တစ်ခုအတွက် double -slot card tray ပါဝင်ပြီး Storage အနေနဲ့ 256GB အထိ ထည်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

F3 Plus စမတ်ဖုန်းကို ဗီယက် နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့မှာ ဧပြီ လမတိုင်ခင်က တစ်ပြိုင်တည်း ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းကိုတော့ မြန်မာငွေကျပ် ငါးသိန်းခွဲကျော် သတ် မှတ်ထားတာ ဖြစ်ပါတယ်။

Mi Mix 2



ရှောင်းမီဖုန်းမှာ နာမည်အ ကြီးဆုံးနဲ့ လူကြိုက်များတဲ့ Mi Mix ရဲ့မော်ဒယ်အသစ် Mi Mix 2 က ယခုနှစ် ၂၀၁၇ အတွက် အမီထုတ်ခဲ့တာဖြစ်ပါတယ်။

သည်မော်ဒယ်  အသစ်မှာ ဖီးချားအနေနဲ့ လက်ဗွေရာစနစ် fingerprint ဆင်ဆာကို ဖုန်းရဲ့ အတွင်းပိုင်းမှာ မြှုပ်ထားမှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ဗွေရာ စနစ်မှာလည်း တခြားဖုန်းတွေထက်ပိုမိုသာလွန်တဲ့လုံခြုံရေးစနစ် ကိုလည်းထည့်သွင်းမှာဖြစ်ပါတယ်။

ဖုန်းရဲ့အတွင်းအပြင်  ဒီဇိုင်းပိုင်းကို အကုန်နည်းပညာတိုးမြှင့်မှာ ဖြစ်သလို  ဖုန်းရဲ့ RAM မှာ လည်း 6GB ဖြစ်ပြီး မမ်မိုရီ 256GB အထိ သိုလှောင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ကြံ့ခိုင်တဲ့ တိုင်တန်ဒီဇိုင်းနဲ့ ဖုန်းရဲ့ထူးခြားချက်မှာ home ကီးကလွဲပြီး မျက်နှာပြင် စခရင်အပြည့် display ပါရှိတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၆့  ၄ လက်မရှိတာကြောင့် စခရင်ကြီးကြီး ကြိုက်နှစ်သက်သူတွေအတွက် သဘောကျစေမယ့် စမတ်ဖုန်းဖြစ်ပါတယ်။

ကင်မရာကတော့ ကျောဘက် ကင်မရာမှာ 16MP ပါဝင်ပြီး ရှေ့ကင်မရာမှာ 5MP ဖြစ်တာကြောင့် HD အကြည်တွေနဲ့ ပုံကောင်းတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ပြတ်သားကြည်လင်တဲ့ ရုပ်ထွက်ကို ရရှိမှာ ဖြစ်ပါတယ်။ ထုတ်ကုန်ကို မေလလောက်မှာ တရားဝင်မိတ် ဆက်မှာဖြစ်ကြောင်း သတင်းတွေ ထွက်ရှိနေပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: