တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 19, 2016

သင့် Timeline မှ ပို့စ်များကို အခြားလူများ မမြင်အောင် ပိတ်နည်း




သင့် Timeline မှာ အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ တင်ထားတဲ့ ပို့စ်များ ရှိနေ နိုင်ပါတယ်။ အဲဒီပို့စ် များကို သင့်ရဲ့ Friends မဟုတ်တဲ့ လူများ ကလည်း မြင်တွေ့ နိုင်ပါတယ်။

သင်က အခုကျမှ စိတ်ပြောင်းပြီး အဲဒီ ပို့စ်များကို Friends များကသာ မြင်နိုင်အောင် ပြုလုပ် ချင်ရင် နည်းလမ်း ရှိပါတယ်။ အဲဒီ ပို့စ်များကို သင့်ရဲ့ Friends များက လွဲပြီး အခြားလူများ မမြင်အောင် ပိတ်နိုင်မယ့် နည်းလမ်းကို Facebook က ပြုလုပ်ပေး ထားပါတယ်။

ပို့စ်တစ်ခုချင်းစီရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Edit Privacy ကနေ Friends ကို ပြောင်းပေးလို့ ရပေမယ့် အလုပ်ရှုပ် ပါတယ်။ အခု ဖော်ပြမယ့် နည်းလမ်းက ပို့စ်အားလုံးကို တစ်ပြိုင်နက် Friends များသာ မြင်အောင် ပြောင်းပေးမှာ ဖြစ်ပါတယ်။

၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Account Settings ကို နှိပ်ပါ။


၂။ Privacy ကို နှိပ်ပါ။


၃။ “ Limit the audience for posts ……….. “ ကို နှိပ်ပါ။


၎။ Limit Old Posts ကို နှိပ်ပါ။


၅။ Confirm ကို နှိပ်ပါ။


ဒါဆိုရင် သင် အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ မျှဝေ ထားတဲ့ ပို့စ်များကို သင့် Friends များကလွဲပြီး အခြားလူများ မမြင် ရတော့ပါဘူး။

From : Myanmar Digital Life Journal - By : Thu Ya

Originally published at - http://www.blog.myanmardigitallife.com

No comments: