တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

USB debugging on & Off ဆိုတာ




မင်္ဂလာပါ...

ဒီပိုစ့်ကို တကယ်တော့ ပညာရှင်တွေ မြင်ရင်တော့ အပေါ့စားလေး ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် လေ့လာ ခါစ ညီအကိုတွေ အတွက်တော့ လုံးဝ သိထား ရမယ့် Android tutorial တွေထဲ
က တစ်ခု အပါ အ၀င်လို့ ထင်ပါတယ်။

အထူး သဖြင့် ဖုန်းတစ်လုံးကို Root လုပ်တော့မယ် ဆိုတဲ့ ဖုန်းကလစ်သူ တစ်ယောက် အတွက် အခြေခံ အကျဆုံး သဘောတရား တစ်ခုဖြစ်ပါတယ်။

USB debugging ကို On လုပ်ပြီးလို့ USB ဆိုင်ရာက ကွန်ပျူ တာနဲ့ Connect ဖြစ်ပါမှ သာလျှင် Root လုပ်ဖို့ရန် အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒီတော့ မိမိဟာ ဖုန်းကို ကလစ်တော့မယ် Root စတင် လုပ်ကြည့်တော့မယ် စမ်းကြည့်တော့ မယ် ဆိုရင်တော့ ဒီ USB debugging ကို Enable ပြုလုပ်နည်းကို သိထားသင့် ပါတယ်။

အခက်ကြီးတော့ မဟုတ်ပါ ဒါပေမယ် ဖုန်းအမျိုး အစားလိုက် ကွာခြားကြ လိမ့်မယ် ထင်ပါတယ်။

ဖုန်းမှာ Developer Option သာ တစ်ပါတည်း ပါထားပြီးသား ဆိုရင်တော့ ပြု လုပ်ရတာ မခက် တော့ပါဘူး။ အခုက ကျနော် ပြပေးသွားမှာ ကတော့ တစ်ချို့သော စမတ်ဖုန်းတွေမှာ Developer
Option မပါလာခဲ့ရင်တော့ အောက်မှာ ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ် လေ့လာကြည့် လိုက်ပါ။

၁။ ဖုန်းရဲ့ Setting ထဲကိုသွားပါ၊ ပြီးတော့ About Device ထဲ တစ်ချက်နှိပ်ပါ။ Build number ဆိုတာကို ခုနှစ်ထက်မနည်း ဆက်တိုက် နှိပ်လိုက်ပါ။ Yor are now a developer ဆိုပြီး စာတန်းပြ
လာပါလိမ့်မယ်။

အောက်ကပုံလေးကို ကြည့်လိုက်ပါ။


၂။ Build number ဆိုတာကို နှိပ်လိုက်ပြီးတာနဲ့ Developer Option ဆိုပြီး About Device အပေါ်က စာတန်း တစ်ခု ထပ်တိုး လာပါလိမ့်မယ် အောက်က ပုံကိုကြည့်လိုက်ပါ။


၃။ အပေါ်က ပုံလေး အတိုင်း Developer Option ပေါ်လာခဲ့ပြီး အဲဒီ Developer Option ကိုတစ် ချက်နှိပ် လိုက်ပါ၊ ပြီးတော့ အောက်ကို အနည်းငယ် ဆင်းကြည့်လိုက်ပါ USB debugging နေရာ
ကို မြင်တွေ့ရ ပါလိမ့်မယ်။ USB debugging ရဲ့ ညာဘက်ထောင့် လေးထောင့်ကွက် နေရာလေး မှာ အမှန်ခြစ်လေး ပေးလိုက်ပါ။ အောက်က ပုံကို ကြည့်ပါ။



၎။ ခုနက USB debugging ကို အမှန်ခြစ်တယ် ဆိုတာကတော့ SUB debugging ရဲ့ Off ဖြစ်နေ တာလေးကို On ဆို ဖွင့်ပေးလိုက်တာ သို့မဟုတ် ကွန်ပျူ တာနဲ့ ချိတ်ဆက်ပေး လိုက်တာဖြစ်ပါ
တယ်။ SUB debugging ကို အမှန်ခြစ်လေး ပေးလိုက်တာနဲ့ အောက်က ပုံအတိုင်း ထပ်ပေါ်လာပါဦးမယ် အောက်မှာ ကြည့်လိုက်ပါ။



အပေါ်က ပုံလေး အတိုင်း ပြနေ ခဲ့ရင်တော့ Allow USB debugging ဆိုပြီး SUB debugging ကို On လုပ်ပြီး အသုံးပြုမလား မပြု ဘူးလားဆိုပြီး မေးလာတဲ့ ပုံစံလေးတစ်ခုပါ။

အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ OK ကိုသာနှိပ်ပေးလိုက်ပါ။

အဲဒါဆိုကွန်ပျူ တာနဲ့ Connect ဖြစ်သွား ပါလိမ်မယ့်။

အဆင်ပြေပါစေ

By : ဇူးနစ်(နည်းပညာ)

From : www.zunite.org


No comments: