တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Browser. Show all posts
Showing posts with label Browser. Show all posts

Saturday, May 13, 2017

မည်သည့် ဘရောက်ဇာက မဆို အင်စတာဂရမ် အကောင့်ကို အက်ပ် မလိုဘဲ ပို့စ်တင်နိုင်




ကမ္ဘာကျော် ဆိုရှယ် မီဒီယာ အင်စတာ ဂရမ် အကောင့်ကို လက်ရှိမှာ ဆိုရင် အပလီ ကေးရှင်း မလိုပဲ ကြိုက်ရာ ဘရောက်ဇာ ကနေ ဝင်ရောက် အသုံးပြု နိုင်ပြီ ဖြစ်ပါတယ်။

အရင်ကဆိုရင် အင်စတာဂရမ်အက်ပ်ကနေ သုံးစွဲရတာဖြစ်ပြီး မိမိတင် လိုတဲ့  ပို့စ်နဲ့ဓာတ်ပုံတွေကို ဘရောက်ဇာကနေသုံးစွဲလို့မရခဲ့ပါဘူး။ အက်ပ်ကနေပဲ ဓာတ်ပုံတင်တာတွေကို ပြုလုပ်ရတာဖြစ်ပေမဲ့ အခုဆို ရင်တော့ ဖေ့စ်ဘုတ်ခ်လိုဝက်ဘ်ဆိုက်ပေါ်ကနေ တိုက်ရိုက်အသုံး ပြုနိုင်ပြီ ဖြစ်ပါတယ်။

အင်စတာဂရမ်က ဓာတ်ပုံအသားပေးတင်တဲ့ နက်ဝပ်ခ်ဖြစ်တာကြောင့် သုံးစွဲသူအများစုဟာ မိမိတို့ရဲ့ဓာတ်ပုံအရည်အသွေး resolution ကောင်းစေဖို့ DSLR ကင်မရာတွေနဲ့ ရိုက်ကူးပြီးအင်စတာဂရမ်မှာ တင်ကြတာဖြစ်ပါတယ်။

ဖုန်းထဲက အက်ပ်နဲ့အသုံးပြုရတာကြောင့် DSLR ကင်မရာနဲ့ ရိုက်ကူး သူတွေအတွက် အနည်းငယ်အကျပ်ရိုက်စေပါတယ်။ ဘာကြောင့် လည်းဆိုတော့ အင်စတာဂရမ်မှာတင်မယ့်ပုံကို ကွန်ပျူတာကနေ တစ်ဆင့်ချိတ်ဆက်ယူပြီး edit လုပ်ကာတင်ရတာကြောင့် ပုံအရည် အသွေးက မူရင်းလောက်မကြည်လင်တာမျိုးတွေဖြစ်နေတာပါပဲ။

အခုဆိုရင်တော့  မိမိအနေနဲ့ကွန်ပျူတာနဲ့သုံးမယ်ဆိုရင် ကင်မရာ မမ်မိုရီကတ်ထဲကနေ browse လုပ်ပြီး တိုက်ရိုက်တင်နိုင်တာကြောင့်  အရည်အသွေးကောင်းတဲ့ပုံကိုတင်နိုင်ပြီ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်း ကနေတင်မယ်ဆိုရင် တောင်အိုင်ဖုန်းသုံးစွဲသူဆိုရင် DSLR ကင်မရာ ကနေပုံတွေကို အီးမေးလ်နဲ့ AirDrop ကိုကူးလိုက်ပြီး ပို့စ်တင်နိုင် ပါတယ်။ အီးမေးလ်နဲ့ Air Drop မှာ ပို့တဲ့ရုပ်ပုံတွေက မူရင်းဓာတ်ပုံ အရည်အသွေးနဲ့ဖြစ်ပါတယ်။

ဘရောက်ဇာကနေ ဘယ်လိုဝင်မလဲ

လူအများစုသုံးကြတဲ့ firefox ဘရောက်ဇာမှာတော့ဝင်ရတာအလွယ် ဆုံးပါပဲ။ www. instagr- am.com ဆိုပြီးရိုက်ထည့်လိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမဲ့တရားဝင် အင်စတာဂရမ်ဘလော့ဂါရဲ့ အဆိုအရ firefox နဲ့ အသုံးပြုတာက public လိုနေရာတွေမှာသုံးရင်   စိတ်မချရတာကြောင့် အောက်မှာ ဖော်ပြ ထားတဲ့ Safari နဲ့ Chrome ဘရောက်ဇာတွေက စိတ်ချရမှာဖြစ်ကြောင်း သိရပါတယ်။

ဆာဖာရီဘရောက်ဇာ

ဆာဖာရီ(Safari)ဘရောက်ဇာက အက်ပဲလ်သုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။ အက်ပဲ desktop နဲ့ မက်ဘုတ်ခ်အသုံးပြုသူတွေ အတွက်ပါ။

Safari ထဲကနေ >Pre-ferences> Advanced ထဲဝင်ပါ။ Show Develop menu in menu bar ဆိုတာတွေ့ရင် ဘရောက်ဇာကို  ဖွင့်လိုက်ပါ။

ထိပ်နားမှာ Develop> User Agent> Safari–iOS 10 -i Phone ထဲဝင်ပြီး Instagram.com ဆိုပြီးရိုက်လိုက်ပါ။

Sign  in ကိုတွေ့ရင်နှိပ်ပြီး စခရင်ရဲ့အောက်ခြေ က ကင်မရာခလုတ်ပုံကိုနှိပ်ပြီး မိမိတင်ချင်တဲ့ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို upload တင်ပါ။

ခရုမ်းဘရောက်ဇာ

ခရုန်း (Chrome) ဘရောက်ဇာ သုံးစွဲသူတွေအတွက် Chrome အက်ပ်ရှိရင် Chrome ထဲဝင်ပါ။ View>Developer>Developer  Tools ကိုရှာပါ။

ဆိုက်ဘားမှာ ဘောက်စ်ပုံစံနဲ့ ကုတ်နံပါတ်တစ်ခုတောင်းပါလိမ့်မယ်။ အဲသည်ထဲ မဝင်ဘဲကျော်လိုက်ပါ။

ဆိုက်ဘားရဲ့ဘယ်ဘက်မှာ Instagr-am.com ဆိုပြီးရိုက်ထည့်ပါ။

Sign in လုပ်ပြီး စခရင်ရဲ့အောက်ခြေက ကင်မရာခလုတ်ပုံကိုနှိပ်ပြီး မိမိတင်ချင်တဲ့ဓာတ်ပုံသို့မဟုတ်  ဗီဒီယိုကို upload တင်ပါ။

လက်ရှိမှာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်စတာဂရမ်သုံးစွဲသူ ဦးရေသန်း  ၇၀ဝ နီးပါးရှိကြောင်း စစ်တမ်းရဲ့ဖော်ပြချက်အရသိရပါ တယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Saturday, April 8, 2017

Chrome Browser ကို Background မှာ မ run အောင် ဘယ်လိုလုပ်မလဲ?




Chrome Browser ကို အသုံး မပြုတဲ့ အခါမှာ Background မှာ run နေတာကို ပိတ်ထား ချင်တယ် ဆိုရင် ပြုလုပ် နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

Browser ကို ပိတ်လိုက်တဲ့ အခါမှာ နောက်ကွယ်မှာ run နေတာဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ရှိပါတယ်။ ကောင်းကျိုး အနေနဲ့ web service တစ်ခု ခုကို အသုံးပြု နေတယ်ဆိုရင် notification တွေ နဲ့ update တွေကို နောက်ကွယ် ကနေ လုပ်ဆောင် ပေးနေ ပါလိမ့်မယ်။

မကောင်းတဲ့ အချက် အနေနဲ့ ကတော့ Chrome browser ဟာ နောက်ကွယ်မှာ run နေတဲ့ အတွက် system ပိုင်းမှာ အလုပ် လုပ်ဆောင်တဲ့ အခါ အနည်းငယ် နှေးစေမှာ ဖြစ်ပါတယ်။

တစ်ကယ်လို့ သင်ဟာ ဂိမ်းကစားမယ် ဆိုရင် Chrome browser ကနောက်ကွယ် ကနေ run နေတဲ့ အတွက် အနည်းငယ် ပိုမိုလေး နေပါလိမ့်မယ်။

Browser ကို ပိတ်ထားချိန်မှာ Background မှာ run မနေစေဖို့အတွက် Chrome browser ရဲ့ Main menu ကို နှိပ်ပါ။ ပြီးရင် Settings ဆိုတာကို ရွေးရပါမယ်။


Settings ထဲကမှ Show advanced settings ဆိုတာကို ထပ်မံနှိပ်ပါ။


System အောက်က Continue running background apps when Google Chrome is closed ဆိုတဲ့နေရာမှာ အမှန်ခြစ်ကို ဖြုတ်ထားလိုက်တယ်ဆိုရင် Chrome browser ကို ပိတ်လိုက်တဲ့အခါမှာ background မှာ run နေမှာမဟုတ်တော့ပါဘူး။


From : Internet journal

Originally published at - http://www.internetjournal.media/?p=57981

Read More »

Monday, February 6, 2017

Web Browser မှ Private Data များကို အလိုအလျောက် ရှင်းလင်းရန် ပြုလုပ်ခြင်း




အင်တာနက် သုံးစွဲတဲ့ အခါမှာ အသုံးပြုတဲ့ Web browser တွေဖြစ်တဲ့ Chrome, Firefox, Microsoft EDGE Browser, Opera အစရှိ တာတွေမှာ ကိုယ်ရှာဖွေ အသုံးပြု ထားတဲ့ Private data တွေကို browser ပိတ်တဲ့ အချိန်မှာ အလို အလျောက် တစ်ခါတည်း ရှင်းလင်း သွားစေ ချင်တယ် ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။



Google Chrome ကနေ Private Data တွေကို အလို အလျောက် ရှင်းလင်းဖို့ အတွက် ဆိုရင် Chrome Menu ရဲ့ Settings ကို ရွေးချယ်ပါ။



Settings အောက်ကို ရောက်ပြီ ဆိုရင် Show advanced settings ဆိုတာကို နှိပ်ရပါမယ်။



နောက်တစ်ဆင့်ကတော့ Privacy section ထဲက Content settings ဆိုတဲ့ခလုတ်ကို နှိပ်ပေးရပါမယ်။



Content settings အောက်ကို ရောက်ပြီ ဆိုရင် Cookies section အောက်က Keep local data only until you quit your browser ဆိုတာကို ရွေးချယ် ပေးထား ရပါမယ်။ ပြီးရင် Done ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Chrome browser ကိုပိတ်လိုက်တာနဲ့ Private data တွေကို အလို အလျောက် ရှင်းလင်း ပေးသွား ပါလိမ့်မယ်။



အကယ်၍ Chrome extension ကို အသုံးပြုမယ်ဆိုရင် Click&Clean ဆိုတဲ့ extension ကို http://bit.ly/2h8x89m ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားယူရပါမယ်။ အဆိုပါ extension ကို ထည့်သွင်းပြီးရင် Toolbar မှာ အဆိုပါ Click&Clean icon ကိုတွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ပြီးရင် Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်သွားပြီဆိုရင် Delete private data when Chrome closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Run Cleaner ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် extension နဲ့ အလိုအလျောက် ရှင်းလင်းတဲ့ နည်းလမ်းပြီးဆုံးပါပြီ။



Mozilla Firefox ကနေ ပြင်ဆင်ဖို့ အတွက်ဆိုရင် Firefox Menu ကိုနှိပ်ပြီး Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်ပြီဆိုရင် Privacy ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Privacy အောက်ကမှ History ဆိုတဲ့ section ထဲမှာ Firefox will ဆိုတဲ့ drop down box ကိုနှိပ်ပြီး Use custom settings for history ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



ရွေးချယ်ပေးပြီးရင် Clear history when Firefox closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပေးရပါမယ်။



ပြီးရင် Settings ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး Browsing & Download History ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Ok ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Firefox browser ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို browser ပိတ်လိုက်တာနဲ့ ဖယ်ရှားပေးသွား ပါလိမ့်မယ်။



Microsoft EDGE Browser ကနေ data တွေကို ရှင်းလင်းဖို့ အတွက်ဆိုရင် browser ညာဘက်ထောင့် အပေါ်ဘက်နားမှာရှိတဲ့ More ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။



Menu ထဲက Settings ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



Settings ထဲကမှ Choose what to clear ဆိုတာကို နှိပ်လိုက်ပါ။ အဆိုပါ အဆင့်ပြီး သွားရင် Always clear this when I close the browser ဆိုတဲ့ toggle ဆိုတဲ့နေရာမှာ enable ပြုလုပ်ပေး ရပါမယ်။

ဒါဆိုရင် Microsoft EDGE browser မှာ browser ပိတ်လိုက်တာနဲ့ data တွေကို ရှင်းလင်းပေးဖို့လုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

Opera အတွက် ပြုလုပ်မယ်ဆိုရင်တော့ Opera Menu ထဲက Settings ဆိုတာကို ရွေးလိုက်ပါ။ Privacy & Security အောက်က Cookie section အောက်မှာ keep local data only until I quit my browser ဆိုတာကို ရွေးချယ်ပေးထားပါ။

ဒါဆိုရင် Opera browser ကိုပိတ်လိုက်တာနဲ့ privacy data တွေကို တစ်ခါတည်း ဖယ်ရှားပေးလိုက်မှာ ဖြစ်ပါတယ်။

-Ref: howtogeek

From : Internet journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8980


Read More »

Monday, December 12, 2016

Web Browser မှ Private Data များကို အလိုအလျောက် ရှင်းလင်းရန် ပြုလုပ်ခြင်း




အင်တာနက် သုံးစွဲတဲ့ အခါမှာ အသုံးပြုတဲ့ Web browser တွေဖြစ်တဲ့ Chrome, Firefox, Microsoft EDGE Browser, Opera အစရှိ တာတွေမှာ ကိုယ်ရှာဖွေ အသုံးပြု ထားတဲ့ Private data တွေကို browser ပိတ်တဲ့ အချိန်မှာ အလို အလျောက် တစ်ခါတည်း ရှင်းလင်း သွားစေ ချင်တယ်ဆို ရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။



Google Chrome ကနေ Private Data တွေကို အလိုအလျောက် ရှင်းလင်းဖို့အတွက်ဆိုရင် Chrome Menu ရဲ့ Settings ကိုရွေးချယ်ပါ။



Settings အောက်ကို ရောက်ပြီဆိုရင် Show advanced settings ဆိုတာကို နှိပ်ရပါမယ်။



နောက်တစ်ဆင့်ကတော့ Privacy section ထဲက Content settings ဆိုတဲ့ခလုတ်ကို နှိပ်ပေးရပါမယ်။



Content settings အောက်ကို ရောက်ပြီဆိုရင် Cookies section အောက်က Keep local data only until you quit your browser ဆိုတာကို ရွေးချယ်ပေးထားရပါမယ်။ ပြီးရင် Done ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Chrome browser ကိုပိတ်လိုက်တာနဲ့ Private data တွေကို အလိုအလျောက် ရှင်းလင်းပေးသွား ပါလိမ့်မယ်။



အကယ်၍ Chrome extension ကို အသုံးပြုမယ်ဆိုရင် Click&Clean ဆိုတဲ့ extension ကို http://bit.ly/2h8x89m ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားယူရပါမယ်။ အဆိုပါ extension ကို ထည့်သွင်းပြီးရင် Toolbar မှာ အဆိုပါ Click&Clean icon ကိုတွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ပြီးရင် Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်သွားပြီဆိုရင် Delete private data when Chrome closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Run Cleaner ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် extension နဲ့ အလိုအလျောက် ရှင်းလင်းတဲ့ နည်းလမ်းပြီးဆုံးပါပြီ။



Mozilla Firefox ကနေ ပြင်ဆင်ဖို့ အတွက်ဆိုရင် Firefox Menu ကိုနှိပ်ပြီး Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်ပြီဆိုရင် Privacy ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Privacy အောက်ကမှ History ဆိုတဲ့ section ထဲမှာ Firefox will ဆိုတဲ့ drop down box ကိုနှိပ်ပြီး Use custom settings for history ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



ရွေးချယ်ပေးပြီးရင် Clear history when Firefox closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပေးရပါမယ်။



ပြီးရင် Settings ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး Browsing & Download History ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Ok ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Firefox browser ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို browser ပိတ်လိုက်တာနဲ့ ဖယ်ရှားပေးသွား ပါလိမ့်မယ်။



Microsoft EDGE Browser ကနေ data တွေကို ရှင်းလင်းဖို့ အတွက်ဆိုရင် browser ညာဘက်ထောင့် အပေါ်ဘက်နားမှာရှိတဲ့ More ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။



Menu ထဲက Settings ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



Settings ထဲကမှ Choose what to clear ဆိုတာကို နှိပ်လိုက်ပါ။

အဆိုပါ အဆင့်ပြီးသွားရင် Always clear this when I close the browser ဆိုတဲ့ toggle ဆိုတဲ့နေရာမှာ enable ပြုလုပ်ပေးရပါမယ်။

ဒါဆိုရင် Microsoft EDGE browser မှာ browser ပိတ်လိုက်တာနဲ့ data တွေကို ရှင်းလင်းပေးဖို့လုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

Opera အတွက် ပြုလုပ်မယ်ဆိုရင်တော့ Opera Menu ထဲက Settings ဆိုတာကို ရွေးလိုက်ပါ။

Privacy & Security အောက်က Cookie section အောက်မှာ keep local data only until I quit my browser ဆိုတာကို ရွေးချယ်ပေး ထားပါ။

ဒါဆိုရင် Opera browser ကိုပိတ်လိုက်တာနဲ့ privacy data တွေကို တစ်ခါတည်း ဖယ်ရှားပေးလိုက်မှာ ဖြစ်ပါတယ်။

Ref: howtogeek

From : Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/9000


Read More »

Safari Browser တွင် URL များကို အပြည့်အစုံ မြင်နိုင်ရန်အတွက် ပြုလုပ်ခြင်း




Safari Browser အသစ်တွေမှာ URL တွေကို အပြည့် အစုံ ဖော်ပြ မပေးတော့ ပါဘူး။ ကိုယ် အသုံးပြုတဲ့ ဝက်ဘ်ဆိုက်ရဲ့ domain ကိုသာ ဖော်ပြပေး ပါတော့တယ်။

အကယ်၍ သင်ဟာ ဝက်ဘ်ဆိုက်မှာ ရှိတဲ့ အကြောင်းအရာ တစ်ခုကို အခြားသူ တစ်ယောက်ကို ဝေမျှ ချင်တယ် ဆိုရင် URL အပြည့်အစုံကို မတွေ့ရတဲ့ အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ အဆိုပါ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Safari Browser ရဲ့ Menu ကို နှိပ်ပြီး Preferences ဆိုတာကို နှိပ်ရပါမယ်။ Preferences ထဲကမှ Advanced ဆိုတဲ့ Tab ကိုရွေးပေးပါ။ ဝက်ဘ်ဆိုက်လိပ်စာတွေကို အပြည့်အစုံ ဖော်ပြပေးဖို့အတွက် Smart search Field ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပေးရပါမယ်။

ပြီးသွားရင် အဆိုပါ Preferences ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် ဝက်ဘ်ဆိုက်က Article တစ်ခုခုကို ဖတ်ရှုတဲ့အခါမှာ URL address ကို အပြည့်အစုံ ဖော်ပြပေးပါလိမ့်မယ်။

Ref: howtogeek

From : Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/news/9007


Read More »

Firefox Account ကိုဘယ်လို Delete ပြုလုပ်မလဲ




Mozilla Firefox မှာ ကိုယ့်ရဲ့ account password တွေကို သိမ်းဆည်းဖို့ Bookmark တွေကို သိမ်းဆည်းပြီး အခြား computer တစ်လုံးရဲ့ Firefox ပေါ်ကနေ ပြန်လည် အသုံးပြုနိုင်ရန် အတွက် Firefox account ကို အသုံးပြု ပါတယ်။

Firefox account ဟာ browser တစ်ခုကနေ တစ်ခု အပြောင်း အလဲမှာ Sync လုပ်ပြီး ကိုယ့်ရဲ့ အချက် အလက်တွေကို ရယူ အသုံးပြုနိုင် ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ အချက် အလက် aတွကို Firefox server ကနေ ပယ်ဖျက် ပစ်ချင်တယ် ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Firefox browser ကို ဖွင့်ပါ။ ပြီးရင် ညာဘက်ထောင့်အပေါ်နားမှာရှိတဲ့ Menu ကို နှိပ်ရပါမယ်။



အဆိုပါ Menu ကို နှိပ်ပြီးရင် အောက်ခြေနားမှာ ကိုယ့်ရဲ့ Firefox account ကိုတွေ့ရပါမယ်။ ကလစ်နှိပ်လိုက်ပါ။ Option ထဲက Firefox account ထဲကိုရောက်ရင် Manage account ဆိုတာကို ကလစ်နှိပ်ရပါမယ်။



Manage account ထဲကိုရောက်ရင် Delete account ဆိုတာကိုတွေ့ရပါမယ်။ Delete button ကို နှိပ်လိုက်ပါ။



Account ကို Delete ပြုလုပ်မှာဖြစ်တဲ့အတွက် ကိုယ့်အကောင့်ရဲ့ password ထည့်သွင်းပေးရပါမယ်။



Password ထည့်သွင်းပြီးရင် Delete Account ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်တာနဲ့ Firefox server ကနေ ကိုယ့်ရဲ့ Firefox account ကို ရှင်းလင်းဖယ်ရှားပေးသွားမှာဖြစ်ပါတယ်။

Ref: howtogeek

From : Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/news/9007


Read More »