တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Smartphone-News. Show all posts
Showing posts with label Smartphone-News. Show all posts

Monday, May 1, 2017

OPPO ဖုန်းများကို အိန္ဒိယမှာ ထုတ်လုပ် သွားတော့မည်




တရုတ် ဈေးကွက်မှာ Huawei နဲ့ နင်လား ငါလား ထိပ်ဆုံးမှာ ရပ်တည် နေတဲ့ OPPO ဟာ နောက်လာမယ့် နှစ်နှစ် သုံးနှစ် အတွင်း အိန္ဒိယမှာ စမတ်ဖုန်းများ ထုတ်လုပ်ပြီး အရှေ့ အလယ်ပိုင်း ၊ မြောက် အာဖရိကနဲ့ တစ်ခြား အရှေ့ တောင် အာရှနိုင်ငံ များဆီ တင်ပို့ သွားတော့မှာပါ။

OPPO ဟာ အိန္ဒိယထိပ်တန်း စမတ်ဖုန်း ငါးမျိုးမှာ ပါဝင်လာတဲ့ ဖုန်းကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး အိန္ဒိယပြည်တွင်းမှာပါ စမတ်ဖုန်းများ ထုတ်လုပ်ဖြန့် ချိသွားဖို့ ကြိုးပမ်း လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ သုံးလပတ်အတွင်း အိန္ဒိယဈေးကွက်မှာ ဈေးကွက်ဝေစု ၁၀% နဲ့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပြီး ဈေးကွက်ကြီးထွားလာဖို့ အလား အလာကောင်းများ ရရှိ ထားပါတယ်။

လုပ်ငန်းပိုင်း ကြီးထွားလာပေမယ့် လောလောဆယ်မှာတော့ OPPO ဟာ အွန်လိုင်းဈေးကွက်ကိုပဲ အဓိက ပစ်မှတ်ထားနေပါတယ်။

အိန္ဒိယဟာ အရှေ့ တောင်အာရှနိုင်ငံများဆီ ကုန်ပစ္စည်းတင်ပို့ ဖို့ အတွက် အရေးပါတဲ့ ဌာနတစ်ရပ်ဖြစ်တာကြောင့် OPPO ကုမ္ပဏီဟာ အိန္ဒိယမှာ စက်ရုံသစ် ထူထောင်ဖို့ အတွက် Greater Noida မှ ဧက ၁၁၀ ရှိတဲ့ မြေနေရာကို ရူပီး ၁၄၅ သန်း ပေးပြီး ဝယ်ခဲ့ပါတယ်။

ဒါ့အပြင် စက်ရုံတွင်း ဝန်ထမ်းပေါင်း ၃၀၀၀၀ ကျော် နေနိုင်ဖို့ အဆောက်အဦများ ၊ စက်ရုံအလုပ်ခန်းများ ထူထောင်ဖို့ အတွက် ရူပီး သန်း ၂၀၀၀ ရင်းနှီးမြှပ်နှံ ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယကို ခြေကုပ်ယူပြီး အာရှတစ်ခွင် နဲ့ အာဖရိကနယ်များအထိ စမတ်ဖုန်းဖြန့် ချိတင်ပို့ သွားမယ့် OPPO ရဲ့ ခြေလှမ်းကြဲကြီး တစ်ရပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးလပတ်ဘဏ္ဍာရေးကာလများအတွင်း OPPO ဟာ သူယှဉ်ပြိုင်ခဲ့ရာ စမတ်ဖုန်းဈေးကွက်များအတွင်း ရလဒ်ကောင်းများ နဲ့ အလျင်အမြန် ဖွံ့ ဖြိုး တိုးတက်လာနေပါတယ်။

ဒ့ါအပြင် ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်စမတ်ဖုန်းဈေးကွက်မှာ အလုံးရေ သန်း ၂၀ နီးပါးရောင်းရပြီး Huawei နောက် ဒုတိယနေရာကနေ ရပ်တည်နေခဲ့ပါတယ်။

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm/tech/company_news/oppo-id6609261.html

Read More »

Tuesday, October 20, 2015

iPhone 7 နှင့် ပက်သက်သော သတင်းများ




Phone 6S နဲ့ 6S Plus က ထွက်တာ မကြာသေးဘူး။ iPhone 7 နဲ့ ပက်သက်တဲ့ သတင်းများ ထွက်ရှိနေ ပါတယ်။ အဓိက သတင်း များကတော့ ပညာရှင်များ ခန့်မှန်း သုံးသပ် ထားတဲ့ သတင်း ဖြစ်ပြီး အချို့အချက် များက လျှို့ဝှက် ပေါက်ကြား သတင်းများ ဖြစ်ပါတယ်။

ယင်းထဲမှာ အထူးခြားဆုံး သတင်းတစ်ခု ပါလာ ပါတယ်။ ယင်းကတော့ ၄ လက်မ အရွယ် ပြန်လည် ထုတ်လုပ်မှာ ဖြစ်ခြင်း ဖြစ်ပါတယ်။

လေးလက်မ အရွယ်ဖုန်းကို iPhone 7 လို့ အမည်ပေး ပါလိမ့်မယ်။ အကြောင်း ကတော့ ၄.၇ လက်မ နဲ့ ၅.၅ လက်မကို ထုံးစံ မပျက် ထုတ်လုပ်အုံးမှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မို့ iPhone 7 mini, iPhone 7 နဲ့ iPhone 7 Plus ဆိုပြီးတော့ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ် direction ကို သွားမယ် ဆိုတာ ကိုတော့ မပြောဆိုသေး ပါဘူး။

လူပြောများနေတဲ့ အချက်တစ်ခုကတော့ metal body နဲ့ လုပ်တဲ့ iPhone အဖြစ် လက်ရှိ iPhone 6S နဲ့ 6S တို့ဟာ နောက်ဆုံး ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းသတင်းဟာ မှန်ကန်မှု ရှိမရှိဆိုတာတော့ မသိပါဘူး။ Apple အနေနဲ့ ကိုယ်ထည် အတွက် အခြား အဖြေတစ်ခု ရှာဖွေဖွယ် ရှိကြောင်း ဆိုပါတယ်။

iPhone 7 နဲ့ 7 Plus ဟာ ဘက်ထရီမှာ လက်ရှိ ဗားရှင်းထက် အနည်းငယ်လောက်သာ မြင့်သွားမှာ ဖြစ်ပါတယ်။ ၎င်းတို့ အနေနဲ့ ဘက်ထရီကို အားမြင့် တာထက် သူ့ရဲ့ အား အနည်းငယ်ကို ဘယ်လောက် အထိ အကောင်းဆုံး အသုံးပြုနိုင်မယ် ဆိုတာကိုသာ ရှာဖွေမှာ ဖြစ်ကြောင်း Apple မှ ပြောဆိုခဲ့ပြီးသား ဖြစ်ပါတယ်။

USB Type C နဲ့ ထွက်ရှိမှာ ဖြစ်ပြီး ear phone ထိုးတဲ့ နေရာမှာလည်း နည်းပညာအရရော၊ ဒီဇိုင်းပါ ပြောင်းနိုင်ချေ ရှိကြောင်း ၎င်းတို့ ပြုလုပ်တဲ့ မူပိုင်ခွင့် အသစ်အရ သုံးသပ်ထားကြ ပါတယ်။

အသေးစိတ်ကို http://goo.gl/yCYKQe မှာ ဖော်ပြထားတာကို လေ့လာနိုင်ပါတယ်။

အောင်ခမ်း (MMA)
#aungkham_mma

Original link - http://www.myanmarmobileapp.com/2015/10/18/iphone7/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 9, 2015

Sony Xperia Z5 နောက်ကျော ကွဲအက်လွယ်




ထွက်ရှိတာ မကြာသေးတဲ့ Sony Xperia Z5 ကို အကြမ်း ခံမယ်လို့ ထင်ထား ခဲ့ကြပေမယ့် The Verge မှ review ရေးသူ တစ်ဦးဟာ သူ့လက်ထဲ မှာတင် နောက်ကျောက အနည်းငယ် အက် သွားတဲ့ အရာကို ပြသ ပါတယ်။

သူ့အနေနဲ့ ဖုန်းကို ဝယ်လာပြီး review ရေးဖို့ အတွက် ပြင်ဆင်စဉ် စားပွဲကနေ အောက်သို့ တစ်ခေါက် ကျသွား သေးကြောင်း ဆိုပါတယ်။

သာမန် အနေနဲ့ အဲ့လိုကျတဲ့ အခါ ထိခိုက် ရှနာ နည်းတတ် တာကြောင့် Xperia Z5 ကတော့ အကြမ်း ခံမယ်လို့ သူထင်ခဲ့ ပါတယ်။

ချက်ချင်း မသိလိုက်ပေမယ့် review ရေးဖို့ အတွက် ထုတ်လိုက်တဲ့ အချိန်မှ အနောက်က ဖန်သား ကွဲနေတာကို မြင်တွေ့ခဲ့ရ ပါတယ်။ သူ့အနေနဲ့ Drop Test လို့ခေါ်တဲ့ အပေါ်ကနေ ပစ်ချတဲ့ Test ကိုတောင် မလုပ်ရသေးပဲ သူ့အလိုသူ ကွဲအက်နေခြင်း ဖြစ်တာကြောင့် drop test မလိုအပ်တော့ ကြောင်းတောင် ဆိုပါတယ်။

Xperia Z5 ဟာ အရှေ့ရော အနောက်ပါ ဖန်သားဖြစ်ပါတယ်။ အရှေ့က စမတ်ဖုန်း Display ဖန်သား ဖြစ်ပေမယ့် အနောက်က အလှအတွက် ရည်ရွယ်တဲ့ ဖန်သား ဖြစ်ပါတယ်။

သူ့ကို ကြည့်လိုက်ရင် အရောင်ထွက်နေတာကို မြင်ရမှာ ဖြစ်ပါတယ်။ ရွှေရောင်၊ အနက်ရောင်၊ အဖြူရောင် တို့ဆိုရင် မိမိရုပ် မိမိ ပြန်မြင်ရလောက်အောင် အရောင်ထွက်ပါတယ်။

Sony အနေနဲ့ ကြေညာတုန်းက ယင်းဖန်သားဟာ သာမန် ကော်နဲ့ အလူမီနီယမ်တို့ ထက်တောင် အကြမ်းခံကြောင်း ပြောထား တာကြောင့် ယခုလို အလွယ် တကူ ကွဲရှသွားမှုကို ဘယ်လို ဖြေရှင်းမလဲ မသိရသေးပါဘူး။

ဒါဟာလည်း တစ်လုံးတစ်လေမှာသာ ဖြစ်တာလား အလုံးတိုင်းမှာ ဖြစ်တာလား ဆိုတာဟာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ Sony ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းလျက် ရှိပါတယ်။ လက်ရှိမှာ Sony Xperia Z5 ဟာလည်း ရေပန်းစား အဆင့်မြင့် စမတ်ဖုန်း တစ်မျိုး ဖြစ်ပါတယ်။

Ref: the verge
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/08/sony-xperia-z5/


Read More »

Friday, September 25, 2015

အသစ်ထွက်မယ့် Nexus ဖုန်း Nexus 6P



Nexus 6 ကို Google ဟာ Motorola နဲ့ ထုတ်လုပ် ခဲ့ပြီးနောက် Huawei နဲ့ ပူးပေါင်း ပြီးတော့ ရက်ပိုင်း အတွင်း ကြေညာတော့မယ့် စမတ်ဖုန်းက Nexus 6P ဖြစ်ပါတယ်။

Nexus 7 အမည်နဲ့ Tablet ရှိပြီးသား ဖြစ်တာကြောင့် အမည်ပေးတဲ့ အခါမှာလည်း 6P လို့သာ အမည်ပေးခြင်း ဖြစ်ပါတယ်။

ယခု ပုံမှာ မြင်တွေ့ နေရတဲ့ ဖုန်းနဲ့ ပါကင်ဗူးကို Nexus 6P ဖြစ်ကြောင်း သတင်းများ ပြန်နှံ့လာ ပါတယ်။ Google က တရားဝင်ကြေညာ ထားချက်တော့ မဟုတ်ပါဘူး။ ဖုန်းဟာ အရွယ်ကြီးဖုန်း ဖြစ်ပါတယ်။ LG နဲ့ ကတော့ Nexus 5 ကို တစ်ဆင့်မြင့် ထားတဲ့ အရွယ် ပုံမှန် စမတ်ဖုန်း တစ်မျိုး ရှိပါတယ်။ သူ့ကိုပါ လာမယ့် ရက်ပိုင်း အတွင်း မိတ်ဆက်မယ် မဆက် မယ်တော့ မသိပါဘူး။

Nexus 6P ကိုတော့ မိတ်ဆက်မှာ ကြိမ်းသေ ပါတယ်။ ဒီဇိုင်းဟာ ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ နောက်ကျော ကင်မရာ တစ်ဝိုက်မှာ အနက်ရောင် အကွက်နဲ့ ဖြစ်နေ တာကို မြင်တွေ့ ရပါလိမ့်မယ်။ Android 6 OS ကို အသုံးပြုမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဗားရှင်း ဖြစ်ပါတယ်။

Lolipop ပြီးတော့ နောက်ထပ် အသစ် ထွက်လာမယ့် OS ဖြစ်ပါတယ်။ ယင်းကို မိတ်ဆက်ထားပြီး ပါပြီ။

စမတ်ဖုန်းဟာ 6.6 mm ထူကြောင်းလည်း ရေးသား ဖော်ပြ ထားကြ ပါတယ်။ Spec အရ ကြည့်ရင် နောက်ဆုံး ပေါ် ချည်းပဲ အသုံးပြု ထားမယ့် ယင်းဖုန်းဟာ ၂၀၁၆ အတွက် ရွေးချယ်စရာ အဆင့်မြင့် စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ကြောင်း ခန့်မှန်း ထားကြ ပါတယ်။

Ref: pocketlint

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/09/23/nexus-6p/

Read More »

ဈေးချိုချိုနဲ့ အရည်သွေးမြင့် Smartphone ကို ထုတ်လုပ် တော့မည့် Xiaomi ရဲ့ Mi4C



Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ဟာ 2015 ခုနှစ် အတွက် ကုမ္ပဏီရဲ့ နောက်ဆုံး ထုတ်ကုန် အဖြစ် Xiaomi Mi 4c ကို ထုတ်လုပ် မယ်လို့ ကြေငြာ ခဲ့ပါတယ်။ Xiaomi အနေနဲ့ Mi 4c ကို အရည် အသွေးမြင့် Smartphone တစ်လုံး အဖြစ် ဖန်တီးထား သလို သင့်တင့် မျှတတဲ့ ဈေးနှုန်းနဲ့လည်း ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

Mi 4C ရဲ့ မျက်နှာပြင် အကျယ်ဟာ ၅ လက်မရှိပြီး resolution ကိုလည်း 1080p အသုံးပြု ထားပါတယ်။ Screen Brightness ကိုလည်း Mi 4i မှာ တုန်းကလို အသုံးပြု သူတို့ လက်ခံ ထားတဲ့ အခြေအနေ အတိုင်း ” Sunlight Display” နည်းပညာကို အသုံးပြုထား သလို ဘက်ထရီ ကြာရှည် ခံနိုင်မှု ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်း နီးပါး ပိုမို ကောင်းမွန်
အောင် ပြုလုပ် ပေးထား ပါတယ်။

Processor အနေနဲ့ Hexa-Core Qualcomm Snapdragon 808 SoC ကို အသုံးပြု ထားပြီး RAM ကိုတော့ Memory အပေါ် မူတည်ပြီး အသုံးပြု သွားမှာ ဖြစ်ပါတယ်။ Memory ကို internal flash memory အဖြစ် ထားရှိမှာ ဖြစ်ပြီး 16GB နဲ့ 32GB အသုံးပြု သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် RAM ဟာလည်း memory အပေါ် မူတည်တဲ့ အတွက် 16 GB Memory ကို 2 GB သို့မဟုတ် 32 Memory ကို 3GB အသုံးပြု သွားမှာ ဖြစ်ပြီး ဘက်ထရီ ကိုလည်း 3080mAh အမျိုး အစားကို အသုံးပြု ထားပါတယ်။

အရှေ့ဘက် ကင်မရာပိုင်း မှာတော့ Sony ရဲ့ IMX258 ကင်မရာ အမျိုးအစားနဲ့ Samsung ရဲ့ S5K3M2 တို့နဲ့ အရည်သွေး တူညီတဲ့ 13 megapixel ကင်မရာကို အသုံးပြု သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကင်မရာမှာ sensor feature ကိုလည်း အသုံးပြု ထားပါ သေးတယ်။ ကင်မရာနဲ့ ဓါတ်ပုံ ရိုက်နိုင်တဲ့ မြန်နှုန်းဟာ 0.1 second အတွင်း ကြည်လင် ပြတ်သားတဲ့ ဓါတ်ပုံတွေကို ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။ အတွင်းဘက် ကင်မရာ ကိုတော့ 5 Megapixel အသုံးပြု ထားပါတယ်။

Mi 4C ဖုန်းရဲ့ System အပြင်ဘက် feature တွေ ကတော့ USB Type-C connector ကို အသုံးပြု ထားပြီး အလျင် အမြန် အားသွင်းနိုင်တဲ့ Qualcomm Quick Charge 2.0 နည်းပညာ နဲ့ IR Blaster ကိုလည်း built-in အဖြစ် အသုံးပြု ထားပါတယ်။

ဒါ့အပြင် နောက်ထပ် Feature အသစ် အနေနဲ့ Screen ကို နှစ်ခါနှိပ် လိုက်ရင် Screen ပွင့်လာတဲ့ Feature ကို ထည့်သွင်း ပေးထား ပါသေးတယ်။ ဒါ့အပြင် Xiaomi ရဲ့ နောက်ဆုံးထွက် Version ဖြစ်တဲ့ MIUI 7 OS ကို အသုံးပြုဖို့ သေချာ သလောက် ရှိနေပါပြီ။

ဒီလို အရည်သွေး မြင့်မားအောင် လုပ်ထားတဲ့ အတွက်ကြောင့် ဈေးနှုန်း အနေနဲ့ ပြောစရာ ဖြစ်လာ မယ်လို့ အားလုံး ထင်ကောင်း ထင်ကြ ပါလိမ့်မယ်။ ဒါကြောင့် ကနဦး အစမှာ ကတည်းက Xiaomi အနေနဲ့ သင့်တင့်တဲ့ ဈေးနှုန်းလို့ ကြေငြာ ထားပါတယ်။

ဈေးနှုန်းတွေ ကတော့ RAM 2GB ၊ Memory 16 GB တို့ အတွက် အမေရိကန် ဒေါ်လာ ၂၀၄ နဲ့ RAM 3GB ၊ Memory 32 GB အတွက် အမေရိကန် ဒေါ်လာ ၂၃၅ ဆိုပြီး သတ်မှတ် ထားပါတယ်။

အမည်းရောင် ၊ အပြာရောင် ၊ အဝါရောင် ၊ ပန်းရောင် နဲ့ အဖြူရောင် ဆိုပြီး အရောင် ငါးရောင်နဲ့ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

Ref : androidauthority

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com/


Read More »