တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Samsung-Galaxy. Show all posts
Showing posts with label Samsung-Galaxy. Show all posts

Sunday, June 18, 2017

Dual Messenger လုပ်ဆောင်ချက် အသစ်နဲ့ Samsung J Pro Series စမတ်ဖုန်းများ




Samsung Myanmar မှ Galaxy J Pro (2017) series စမတ်ဖုန်းများ ဖြစ်ကြတဲ့ J5 Pro နဲ့ J7 Pro စမတ်ဖုန်း တို့ကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက် လိုက်ပါပြီ။

Galaxy J Pro series မှာ ထူးခြားချက် အနေနဲ့ Social Media အကောင့်နဲ့ Chatting Application တို့ကို အကောင့် ၂ ခု ခွဲပြီး ဖုန်းထဲမှာ တပြိုင်တည်း အသုံးပြု နိုင်တဲ့ Dual Messenger solutions လုပ်ဆောင်ချက် အသစ် ပါဝင် တယ်လို့ သိရ ပါတယ်။

ကျစ်လစ် သပ်ရပ်တဲ့ သတ္တု ကိုယ်ထည်နဲ့ အတူ Galaxy J5 Pro နဲ့ J7 Pro တို့မှာ အရည် အသွေး မြှင့်တင် ထားတဲ့ စွမ်းဆောင်ရည်၊ ကင်မရာနဲ့ အသစ် တိုးမြှင့် ထားတဲ့ လုံခြုံရေး စနစ်တို့ ပါဝင် ပါတယ်။

“Samsung J Series မှာ ထူးခြားချက် ကတော့ ဖုန်းတလုံးနဲ့ နေထိုင်မှု နှစ်မျိုး ဆိုတဲ့ အတိုင်း Dual Messenger လုပ်ဆောင်ချက် ပါဝင်တယ်။

ဖုန်းတလုံး တည်းမှာ Dual Sim နဲ့ Viber အကောင့် ၂ ခု၊ Messenger အကောင့် ၂ ခု ကို တပြိုင်တည်း သုံးနိုင်တယ်။ အကောင့် တခုပြီး တခုလည်း Log in, Log out လုပ်စရာ မလိုဘူး။ အလုပ်နဲ့ Personal ကို ခွဲပြီး သုံးနိုင်တယ်” လို့ Samsung Myanmar ရဲ့Head of IT ကိုဇာနည် ဝင်းထက်က ပြောပါတယ်။



J5 Pro နဲ့ J7 Pro စမတ်ဖုန်းများမှာ စွမ်းဆောင်ရည်မြင့် 1.6GHz octa-core processor အသုံးပြု ထားပြီး 3GB RAM နဲ့အတူ ဖုန်းတွင်း မှတ်ဉာဏ် 32GB၊ Andriod 7.0 Nougat ပါဝင် တယ်လို့ သိရ ပါတယ်။ ကင်မရာ အရည်အသွေး 13 Megapixel အရည်အသွေးများ ရှိကြတဲ့ F 1.9 အရှေ့ကင်မရာနဲ့ F 1.7 အနောက် ကင်မရာတို့ ပါဝင် ပါတယ်။

“ကင်မရာ အရည်အသွေးအနေနဲ့ J Series စမတ်ဖုန်းတွေမှာ ရှေ့နောက် 13 Megapixel နဲ့ အလင်းအားနည်းတဲ့ နေရာတွေမှာ ပုံကောင်းကောင်း ရိုက်ကူး နိုင်တဲ့ Low-Light ကင်မရာ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ LED Flash နဲ့ Display Screen Flash တို့ ပါဝင်တဲ့ အကောင်းဆုံး Selfie ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။



Galaxy J7 Pro စမတ်ဖုန်းဟာ မျက်နှာပြင် အရွယ် အစား ၅.၅ လက်မရှိ Super AMOLED Full HD မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3600 mAH ပါဝင် ပါတယ်။

Galaxy J5 Pro စမတ်ဖုန်းက မျက်နှာပြင် အရွယ်အစား ၅.၂ လက်မရှိ HD Super AMOLED မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3000 mAH ပါဝင်တယ်လို့ သိရ ပါတယ်။

Galaxy J Pro (2017) စမတ်ဖုန်း သစ်များကို အရောင် အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင်နဲ့ ငွေပြာရောင် စတဲ့ အရောင် ၄ မျိုးနဲ့ ရွေးချယ် ဝယ်ယူ နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအား အနေနဲ့ J7 Pro ကို ကျပ် ၄၂၅၀၀၀၊ J5 Pro ကို ကျပ် ၃၅၉၀၀၀ တို့နဲ့ တနိုင်ငံလုံး ရောင်းချ သွားမယ်လို့ သိရ ပါတယ်။

Galaxy J Series စမတ် ဖုန်းသစ်များ မိတ်ဆက်မှုနဲ့ အတူ Samsung Myanmar မှ Ooredoo Myanmar နဲ့ ပူးပေါင်းပြီး Galaxy J Pro (2017) စမတ်ဖုန်း ဝယ်ယူ သူများ အတွက် လစဉ် အနည်းဆုံး ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ကျပ် ထည့်သွင်းရုံနဲ့ အထူး လက်ဆောင် 2GB ဒေတာ သုံးစွဲခွင့် ၆ လ ဆက်တိုက် ရရှိ ခံစား နိုင် မယ်လို့ သိရ ပါတယ်။

From : ဧရာဝတီ by သီဟတိုး

Originally published at - burma.irrawaddy.com

Read More »

Sunday, April 23, 2017

Galaxy S8 နဲ့ အလိုက်ဖက်ဆုံး ဖုန်းကာဗာ ၅ မျိုး




ဖုန်းကောင်း ကိုင်သူ များဟာ ဖုန်းရဲ့ ဒီဇိုင်း အလှအပ မပျက် ရလေအောင် ဖုန်းကာဗာ ကောင်းကောင်း ဝယ်သုံးလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုင်တဲ့ ဖုန်း အတွက် သီးသန့် ဒီဇိုင်း ထုတ်ထားတဲ့ ဖုန်းကာဗာကို ဝယ်မှသာ ဖုန်းရဲ့ ဒီဇိုင်းပိုင်းလည်း မထိခိုက် သလို ကိုင်ရတာလည်း စမတ် ကျကျ လိုက်ဖက် နေမှာပါ။

Galaxy S8 စီးရီးများ ဈေးကွက်ထဲ ဝင်ရောက် လာပြီ ဆိုတော့ ဒီဖုန်းနဲ့ လိုက်ဖက်တဲ့ ဖုန်းကာဗာလေးများကို ညွှန်းချင်ပါတယ်။

(၁) Speck presidio Grip

ဖုန်းကာဗာမှာ ဗြောင်မဟုတ်ဘဲ အစင်းကြောင်းလေးတွေနဲ့ အကွက်ဖော်ထားတဲ့ ဒီဇိုင်းကြိုက်သူများအတွက် Speck က ထုတ်တဲ့ Presidio Grip ကာဗာလေး ရှိပါတယ်။ ချပ်ချပ်ရပ်ရပ်နဲ့  သားနားတဲ့ ဒီလို ဒီဇိုင်းမျိုးက လူကြိုက်များသလို ဖုန်းရဲ့ အလှအပကိုပါ အားဖြည့်ပေးတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ အရောင် ၅ မျိုးနဲ့ ရောင်းချနေတဲ့ ဒီကာဗာလေးကို ဒေါ်လာ ၄၀ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာပါ။

(၂) UAG Pathfinder Series

Urban Armor Gear ကနေ ထုတ်တဲ့ ဒီကာဗာလေးကတော့ အကြမ်းခံဖို့ ကို အဓိကထား ထုတ်တာပါ။ သူ့ ရည်ရွယ်ချက်အတိုင်း ဒီမော်ဒယ်ကာဗာဟာ drop test လုပ်ရာမှာ စစ်တပ်သုံး အကြမ်းခံစံချိန်မီတာ ဖြစ်လို့  မတော်တဆ လွတ်ကျလို့ လည်း စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ အဖြူအနက် နီညိုဆိုပြီး ကာလာသုံးမျိုးနဲ့ လာတဲ့ ဒီကာဗာလေးရဲ့ ဈေးကတော့ ၃၅ ဒေါ်လာဖြစ်ပါတယ်။

(၃) OtterBox Defender Series Realtree Case

ဒီဇိုင်းပိုင်းမှာ အလန်းစားကြိုက်သူများအတွက် လူငယ်ဆန်ဆန် အကြမ်းခံတဲ့ ကာဗာလေးပါ။ OtterBox နဲ့ Realtree တို့ ပူးပေါင်းပြီး ထုတ်လုပ်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ဒီဇိုင်းအသွင်အပြင်ကို ပေးစွမ်းနိုင်မှာပါ။

(၄) Tech 21 Evo Check

Evo Check ရဲ့ ဗားရှင်းကတော့ အလန်းစား ဒီဇိုင်းဖြစ်ပြီး Active Edition နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ကျောဘက်မှာ ကိုင်လို့ ပြုလို့ အဆင်ပြေတဲ့ ရာဇမတ် ကွက်နဲ့ ထုတ်ထားပြီး အမြင့် ၃မီတာ (၉ပေကျော်) လောက်ကနေ လွတ်ကျလို့ လည်း ပျက်စီျးွှာ မဟုတ်ပါဘူး။ ဒီကာဗာမှာ အကြည်သား အဖြူဒီဇိုင်းနဲ့ လည်း ထွက်ထားပြီး ဒေါ်လာ ၄၀ ဈေးနဲ့ ရောင်းချထားပါတယ်။

(၅) Spigen Thin Fit

ပါးလွှာ ချပ်ရပ်ပြီး သေသပ်သလောက် ရိုးရှင်းတဲ့ ဖုန်းကာဗာလေးဖြစ်ပါတယ်။ Spigen က ထုတ်ထားတာ ဖြစ်ပြီး ဖုန်းနဲ့ လိုက်ဖက်တဲ့ ကာလာတွေဖြစ်တဲ့ ရွှေရောင် ၊ အနက်ရောင်နဲ့ အပြာနုရောင်သုံးမျိုးနဲ့ လာပါတယ်။ ဈေးကတော့ ၁၅ ဒေါ်လာ ဖြစ်ပါတယ်။

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm/tech/gadget/galaxy-s8-id6568655.html

Read More »

Monday, June 6, 2016

Samsung Galaxy J3 All Models Stock Firmware BY CHAN LAY (MCMM)




Samsung Galaxy J3 All Models အတွက် Stock Firmware များကို ပြန်လည် မျှဝေပေး လိုက်ပါတယ်၊ မူရင်းလင့် အတိုင်းပြန်လည် မျှဝေပေးထား တာပါ။

ဒေါင်းလော့လင့် များလည်း အဆင်ပြေမယ်လို့ ထင်ပါတယ်၊ အလိုရှိတဲ့ သူအတွက်ပါ။

ဗားရှင်းများနဲ့ Lollipop 5.0  J320R4 Model အတွက်တော့ 6.0 ဗားရှင်း ပါဝင်ပါတယ်။

တင်နည်းကတော့ ပုံမှန်အတိုင်း Odin Flash Tool ဖြင့်တင်ယူနိုင်ပါတယ်။

Download Samsung USB Driver for Windows

Download the latest Odin flashing Tool

Download Galaxy J3 All Firmware

Download Samsung J320F Firmware

OR

Download Samsung J320F Firmware

Download Samsung J320G Firmware

Download Samsung J320H Firmware

Download Samsung J320P Firmware

OR

Download Samsung J320P Firmware


Firmware Details


  • Android Version :- Lollipop 5.0 .
  • Ui Version :- Stock UI .
  • Release Date :- November 2015 .
  • Models :- J320F,  J320G, J320H,  J320P, J320R4
  • Status :- Official
  • Type :- “.Tar” file & Odin Flash Tool

Download Samsung J320R4 6.0 Firmware

How to Install Only tar.file Firmware

  1. ဒေါင်းလို့ ရလာတဲ့ Odin ကို အရင်ဖွင့် လိုက်ပါ။
  2. Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကို ထည့်လိုက်ပါ။
  3. ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
  4. Download mode = volume down + Home + power
  5. ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
  6. ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
  7. Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
  8. Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
  9. ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။

How to Install Full Official Firmware

  1. ဒေါင်းလို့ ရလာတဲ့ Odin ကိုအရင် ဖွင့်လိုက်ပါ။
  2. Odin က Bootloader/PDA/Phone/CSC ဆိုတဲ့ နေရာမှာ Firmware Folder ထဲမှ ဖိုင်များကို ထည့်လိုက်ပါ။
  3. ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
  4. volume down + Home + power
  5. ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
  6. ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
  7. Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
  8. Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
  9. ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်း Official Firmware လေးကိုတွေ့မြင်ရပါပြီ။

Credit : www.gizrom.com

ဇူးနစ် (နည်းပညာ) ကိုလည်းကျေးဇူးတင်ရှိပါသည်။


My Facebook Wall- (HERE)



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, May 27, 2016

Samsung တွေပါဝါပြန်မတတ်တော့ရင် ဖြေရှင်းနည်း (ကွန်ပျူတာမလို)




Sumsang တွေမှာ အကြောင်း အမျိုးမျိုးကြောင့် ဖုန်းပါဝါ ပြန်မတတ်ဘဲ Samsung log ပုံမှာဘဲ ရပ်နေပြီး ပြန်လုပ်မတတ် ဖြစ်နေသူတွေ အတွက် Computer မလိုဘဲ သင်တို့ ကိုယ်တိုင် ပြုလုပ်နိုင်အောင် Samsung Galaxy တစ်လုံးကို နမူနာ စမ်းသပ် ပြသ ထားပါတယ်…

ဒီလိုမျိုးက အများဆုံး ဖြစ်တတ်တာက ဖုန်းတွေမှာ Root ဖောက်ပြီး မြန်မာ ဖောင့်ထည့် ရန် Restart ချသွားတဲ့ အခါ Logo မှာ ရပ်ပြီး ပြန်မတက် တာတွေနဲ့ …ဖုန်းမှာ apk data တွေ ပြည့်ပြီး သူ့အလိုလို ပါဝါပိတ်ပြီး ပြန်မတက် တာတွေ ဒါတွေက အဖြစ်များဆုံးပါဘဲ…ပြီးတော့ သင် တို့ရဲ့ဖုန်းကို ဝယ်လာစ အတိုင် ပေါ့ပါး စေချင်ရင်လည်း ဒီနည်းလေးနဲ့ လည်း အဆင်ပြေ ပါတယ်… ဖုန်းက အသစ်တိုင် ပြန်လည်း ပေါ့ပါး သွားမှာလည်း ဖြစ်ပါတယ်!!

ပြုလုပ်နည်းကို အောက်မှာ ရှင်းပြ ထားပါတယ် ၀င်ကြည့် လိုက်ကြပါ ...

အရင်ဦးဆုံး မိမိတို့ Mobile ဖုန်ရဲ့ Battery ကို ဖြုတ်၍ ပြန်တပ် ပေးလိုက်ပါ



ပြီရင် အောက်က ပုံအတိုင်း မိမိတို့ ဖုန်းရဲ့ (အသံချဲ့ ခလုတ်' ပါဝါ ခလုတ်' Home ခလုတ် ) သုံမျိုးလုံးကို တပြိုင်ထဲ ဖိနှိပ်ပြီး ဖုန်းရဲ့ Logo ပုံ ပေါ်လာရင် လွှတ် ပေးလိုက်ပါ။



အပေါ်က အတိုင်း လုပ်ဆောင် ပြီးပါက အောက်က ပုံလို ပေါ်လာရင် (အသံ တိုး ခလုတ် ) ဖြင့် ၃ကြောင်းမြောက် ဖြစ်တဲ့ wlp data/factory restet ကို ဆွဲချပြီး
(ပါဝါ ခလုတ်) ဖြင့် Ok လုပ်လိုက်ပါ။


ပြီးရင် အောက်ပုံ အတိုင်း Yes--'delete all user date ကို နှိပ်လိုက်ပါ…ခင်ဗျာ။


အဆင့်ကတော့ ပြီးခါနီး နေပါပြီး အောက်ပုံ အတိုင်းLanguage မှာ English ဘာသာ ရွေးပြီး Googal account ထည့် ပေးလိုက်ပါ။


ကဲ အောက်ပုံလို တွေ့ရ ရင်တော့ Ok နှိပ်ပြီး မိမိးတို့ ဖုန်းက ဝယ်စ ဖုန်းအတိုင်း ဖြစ်သွား ပါလိမ့်မယ် ……


Samsung logo ပုံ ရပ်နေတာ ပြုလုပ်နည်း ပြီးဆုံး သွားပါပြီ။

အာကာ Software Guide

Originally published at - http://www.swln.info/

Read More »

Saturday, May 21, 2016

Samsung Galaxy Y (GT-S5360) Rom



ပုံ(၁)
  • ပထမဦးစွာ အောက်က ဇယားကွက်ထဲက Samsung USB Driver ကို Download လုပ်ပြီး ဖိုင်ဖြေလိုက်ပါ. ပြီးလျှင် Install လုပ်လိုက်ပါ။ ပုံ(၁)

  • ပြီးလျှင် Odin နှင့် Rom ကို Download လုပ်လိုက်ပါ။ Single Rom ဆိုလျှင် ပုံ(၂) လိုမြင်ရမှာဖြစ်ပြီး Multiple Rom ဆိုလျှင် ပုံ(၃)လို မြင်တွေ့ရမှာဖြစ်ပါတယ်။


ပုံ(၂)


ပုံ(၃)


  • Version 3.1 နှင့်အောက်ဆိုရင်တော့
  • Settings > Developers Option > USB Debugging ကို Enable ပေးလိုက်ပါ။ ပုံ (၄)


ပုံ(၄)


  • Version 3.2 Android 4.2.2 နှင့်အထက်ဆိုရင်တော့ 
  • Settings > About Phone > Built Number ကို ၈ ကြိမ်တောက်လိုက်ပါ။ ပုံ(၅)


ပုံ(၅)

  • ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပုံ(၆)


ပုံ(၆)


  • Volume Down + Home  + Power ခလုတ် ၃ ခုစလုံးကို ပြိုင်တူနှိပ်ပြီး ဖိထားလိုက်ပါ။ ပုံ(၇) လိုမျိုး ပုံပေါ်လာပြီဆိုတာနဲ့ Volume Up ကို တစ်ချက်နှိပ်ပေးလိုက်ပါ. အဲ့တာဆိုရင် Download mode ထဲကို ရောက်သွားပါလိမ့်မယ်။


ပုံ(၇)


ပုံ(၈)

  • Download လုပ်ထားတဲ့ Odin3 ကို ဖွင့်လိုက်ပါ။


ပုံ(၉)


  • Odin ကနေ မိမိရဲ့ ချိတ်ဆက်ထားတဲ့ Mobile device ကို စတင်ပြီး အလိုလျောက် စစ်ဆေးပါ လိမ့်မယ်။ (ပုံ၁၀)
  • Single Rom ဆိုရင်တော့ ပုံ(၁၁)လိုမျိုး PDA အကွက်ကနေ .md5 ဖိုင်ကို လမ်းကြောင်း ရွေးပေးလိုက်ပါ။


ပုံ(၁၀)


Multiple Rom ဆိုရင်တော့ အောက်ကအတိုင်း ဖိုင်လမ်းကြောင်း ရွေးပေးရမှာပါ။ ပုံ(၁၂)
PIT” button ကတော့ .pit extension ဖိုင်တွေကို ရွေးပေးရမှာ ဖြစ်ပါတယ်။
BL” or “Bootloader” ကတော့ BL xxx tar.md5 ဖိုင်ကို ရွေးပေးရမှာပါ။
AP” အကွက်မှာတော့ AP xxx tar.md5 ဖိုင်ကို ရွေးပေးရမှာဖြစ်ပါတယ်။
CP” အကွက်ကတော့ CP_xxx_tar.md5 ဖိုင်ကို ရွေးပေးရမှာပါ။
CSC” အကွက်ကတော့ CSC xxx tar.md5 ဖိုင်ကို ရွေးပေးရမှာပါ။
   အားလုံးရွေးပြီးပြီဆိုရင်တော့ Start ကို နှိပ်လိုက်ပါ။
 


ပုံ(၁၁)


ပုံ(၁၂)

အမည်   Download   Download
1. Samsung USB Driver  Mediafire  Google Drive
2. Rom Mediafire Google Drive
3. Odin
Mediafire Google Drive
4. Rom တင်နည်း စာအုပ်
Mediafire Google

ညီနေမင်း ( နည်းပညာ )

W w W. N y I n @ y M i N. o R g

Originally published at - http://www.nyinaymin.org/search?updated-max=2016-04-29T00:31:00%2B06:30&max-results=7



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, April 6, 2016

Samsung Galaxy Note 4 Version lollipop All model Root လုပ်နည်း




Galaxy Note 4 ကိုင်ဆောင် ထားကြတဲ့ သူငယ်ချင်းတွေ အတွက် Samsung Galaxy Note 4 Version lollipop All model Root လုပ်နည်း ကို
အလွယ် တကူ Root လုပ်ယူ နိုင်ပြီ ဖြစ်ပါတယ်။

ဒီဖုန်း အတွက်လည်း အသင့် ထွက်ရှိ လာတဲ့ Cf-auto-root ဖြင့် Odin ကနေ Flash ပေးပြီး Root လုပ်ယူရမှာ ဖြစ်ပါတယ်။

အရင်ဆုံး လိုအပ်တာ တွေကို အောက်က လင့်မှာ ဒေါင်းယူ လိုက်ပါ။

SAMSUNG USB Driver
OR
Download Odin Tool

အောက်မှာ တင်ပေး ထားတဲ့ CF-Auto-Root Tool မျာကို မိမိဖုန်း Model အလိုက် မှန်ကန်စွာ ရွေးချယ်ပြီး ဒေါင်းယူ လိုက်ပါ။

Samsung Galaxy Note 4 Version lollipop All model Root

  1. CF-Auto-Root- SM-N910W8 .zip
  2. CF-Auto-Root- SM-N910U. zip
  3. CF-Auto-Root- SM- 910T. zip
  4. CF-Auto-Root- SM- 910S. zip
  5. CF-Auto-Root- SM- 910R4. zip
  6. CF-Auto-Root- SM- 910P. zip
  7. CF-Auto-Root- SM- 910I. zip
  8. CF-Auto-Root- SM- 910H. zip
  9. CF-Auto-Root- SM- 910G. zip
  10. CF-Auto-Root- SM- 910F. zip
  11. CF-Auto-Root- SM- 910C. zip
  12. CF-Auto-Root- SM- 9100. zip
  13. CF-Auto-Root- SM- 9106. zip
  14. CF-Auto-Root- SM- 910V. zip
  15. CF-Auto-Root- SM- 9109. zip

CF-Auto-Root ဖြင့် Root လုပ်နည်း

ဒေါင်းလို့ ရလာတဲ့ Odin ကို အရင်ဖွင့် လိုက်ပါ။
Odin က PDA ဆိုတဲ့ နေရာမှာ CF-Auto-Root.tar ဖိုင်ကို ထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode ဝင်လိုက်ပါ။ Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ် ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီ ဆိုရင်တော့ computer နဲ့ ချိတ်ဆက် ပေးလိုက်ပါ။
Odin မှာ ဖုန်းကို သိပြီ ဆိုရင် Odin က Start ဆိုတာလေး နှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွား ပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီ ဆိုရင်တော့ Lollipop 5.1.1 Root Access ရရှိ နေပါပြီ။

လင်းစွယ်စုံ(နည်းပညာမျှဝေခြင်း)

Originally published at - http://www.linmss.org/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, March 30, 2016

Samsung Galaxy Note 5 (SM-N9208) 5.1.1 Root လုပ်နည်း




CF Auto Root ကို အသုံးပြုပြီး Root လုပ်တဲ့ နည်းလမ်း ကတော့ အလွန်ကို လွယ်ကူတဲ့ နည်းလမ်းဖြစ်ပြီးတော့ အတော်များများလဲ အသုံးပြုကြပါတယ်။

သတိပြုရန်

ဖုန်းရဲ့ Model No. နဲ့ ဒီ Tutorial နဲ့ ကိုက်ညီမှု ရှိမရှိ သေချာစွာစစ်ဆေးပါ။

ဒီ Root Tutorial က Samsung Galaxy Note 5 (SM-N9208) Verion 5.1.1 အတွက်သာ ဖြစ်ပါတယ်။

Root လုပ်လိုက်ပြီဆိုတာနဲ့ Warranty ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

CF Auto Root နဲ့ Root ပြုလုပ်ခြင်းဟာ လွယ်ကူပေမယ့် Build No. မကိုက်တာနဲ့ ကြုံရင် တခါတလေ Error တွေလဲ တက်နိုင်ပါသေးတယ်။


လုပ်ဆောင်ရန် လိုအပ်ချက်များ
  • Root ပြုလုပ်မယ့်ဖုန်းမှာ USB Debugging On ထားပြီးသား ဖြစ်ရပါမယ်။ ( Setting> Development > USB Debugging ကို အမှန်ခြစ်ထားရပါမယ်။ )
  • ကွန်ပျူတာမှာ Samsung Driver သွင်းထားပြီးဖြစ်ရပါမယ်။
  • Driver မရှိပါက အောက်ကလင့်မှာ Download ရယူပါ။
Download Samsung Driver

  • Root ပြုလုပ်ရန် လိုအပ်သော CF-Auto-Root File ကို အောက်ကလင့်မှာ Download ရယူပါ။

Download CF-Auto-Root File

အပေါ်က အချက်တွေ အားလုံး ပြည့်စုံရင်တော့ Root လုပ်ရန် စတင်လို့ ရပါပြီ။

  • Download လုပ်ပြီး သွားရင် အောက်က ပုံအတိုင်း မြင်ရမှာပါ။ 
  • Download လုပ်ထားတဲ့ ဖိုင်ပေါ် Right Click နှိပ်ပြီး (ဖြည်ထုတ် (Extract) လုပ်ပါ။


  • ဖြည်ပြီးသွားရင် အောက်ကပုံ လိုမျိုး အဝါရောင် Folder လေး ရရှိ ပါလိမ့်မယ်။ Folder ထဲကို ဝင်ပါ။


  • ကွန်ပျူတာမှာ Odin ကို ဖွင့်ပါ။


ပြီးရင် ဖုန်းကို Vol Down + Home + Power (၃) ခုစလုံး တပြိုင်နက် ဖိထားပြီး Download Mode ( Odin Mode) ကို ၀င်ထားတဲ့ အနေအထားမှာ ထားရှိပါ။



  • ကွန်ပျူတာနဲ့ ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်ပါ။

Odin ရဲ့ဘယ်ဘက်အပေါ်နားက ID:COM ဆိုတဲ့ အကွက်နေရာလေးမှာ အပြာနုရောင် ပေါ် မပေါ် ကြည့်ပါ။ (အဲဒီနေရာမှာ အရောင်မပြဘူး ဆိုရင်တော့ ကွန်ပျူတာမှာ Samsung Phone Driver မရှိသေး လို့ပါ။ Driver/ USB စစ်ဆေးပါ။)



AP ကို နှိပ်ပြီး Download ရယူထားတဲ့ ကိုယ့်ဖုန်း Model နဲ့ ကိုက်ညီတဲ့ Cf Auto Root ဖိုင်ကို ရွေးချယ်ပါ။



  • အထက်ပါ အချက်များနဲ့ ပြုလုပ်ပြီးပါက Start ကို နှိပ်ပါ။

ID:COM ရဲ့အပေါ်က အကွက်ထဲမှာ အစိမ်းတန်းလေး ပြည့်သွားတဲ့ အထိစောင့်ဆိုင်းပါ။

Pass , Reset လို့ ပေါ်လာရင် ဖုန်းက restart ကျသွားပါလိမ့်မယ်။ Odin ကို ပိတ်ပြီး USB ကြိုးကို ဖြုတ်လို့ရပါပြီ။


(၉) အထက်ပါ အချက်အားလုံး မှန်ကန်မယ် ဆိုရင် restart ကျပြီး ဖုန်းပြန်တက် လာတဲ့ အခါ Supersu လေး ပေါ်နေ ပါလိမ့်မယ်။

သတိပြုရန်မှာ Odin သုံးပြီး Firmware တင်နေစဉ် ကာလ အတွင်း USB ကြိုး ဆွဲဖြုတ်ခြင်း။ Odin ကို ပိတ်ခြင်းများ မပြုလုပ်ရပါ။

Root ရှိမရှိ စစ်ဆေးလိုလျှင်တော့ Root Checker ဆော့ဝဲကို Download လုပ်ပြီး စစ်ဆေးကြည့်ပါ။

Download Root Checker Pro

Originally published at - http://www.mppgmyanmar.com/2016/03/29/samsung-galaxy-note-5-sm-n9208-root-5-1-1/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, March 1, 2016

How To Root Samsung Galaxy A5 Lolipop 5.0.2 and Download All Version




Samsung Galaxy A5 Lolipop 5.0.2 ကို Root ပြုလုပ်နည်းကို အားလုံး အတွက် တင်ပေး လိုက်ပါတယ် ခင်မျာ....

Samsung Galaxy A5 ရဲ့ Model တွေ ဖြစ်တဲ့ SM-A500F / A500FU / A500G / A500H / A500K / A500L / A500M / A500S / A500Y / A500YZ စ,တဲ့ မော်ဒယ်လ်တွေ အားလုံး အတွက်ပါ...။

(ဘာမှ မလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွ အားလုံးကို Backup လုပ်ထားပါ)

Email (Gmail) ကို Singout လုပ်ပါ...

Samsung Android USB Driver မရှိသေးရင် ဒီနေရာမှာ ဒေါင်းယူပြီး Install လုပ်ပါ...

အောက်ဆုံးမှာ တင်ပေးထားတဲ့ CF Auto Root ဖိုင်လ်ကို မိမိဖုန်း Model အလိုက် မှန်ကန်စွာ ရွေးချယ်၍ ဒေါင်းယူပြီး CF Auto Root.Zip ဖိုင်လ်ကို Desktop (သို့) နှစ်သက်ရာ တနေရာမှာ ဖြည်ထား လိုက်ပါ ...

ဖြည်ထားတဲ့ Folder ထဲကမှ Odin3-v3.10.6 ကို Run ပါ...


AP မှတဆင့် စောစောက Folder ထဲမှ CF-Auto-Root-a5lte-a5ltexx-sma500?.tar.md5 ကို ရွေးပေး လိုက်ပါ ...



ဖုန်းကို Power Off (ပိတ်) ပါ...

Volume Down + Home + Power ဆိုတဲ့ ခလုတ် သုံးခုကို တပြိုင်တည်း ၁၀ စက္ကန့် လောက် တွဲနှိပ် လိုက်ပါ ...


Download Mode ကို ရောက်သွားပြီ ဆိုရင် USB ကြိုးမှ တဆင့် ကွန်ပျူတာနှင့် ချိတ်ဆက် ပေးလိုက်ပါ ...


Odin မှ Start ကို နှိပ်ပေး လိုက်ပါ... ခဏနေရင် အလိုလျှောက် Restart ကျပြီး ဖုန်းပြန်တတ်လာရင် Root ဖေါက်တာ အောင်မြင်သွားပါပြီ ...။



Download:


Android 4.4.4


Android 4.4.4


[ Do with Your own Risk ! ]

ဝင်းကမ္ဘာကျော်

Originally published at - www.winkabarkyaw.net




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, January 24, 2016

Samsung Galaxy A7 2016 ( SM-A710F / SM-A710M ) Official Firmware




Samsung Galaxy A7 2016 ( SM-A710F & SM-A710M ) အတွက် Firmware ကို လိုအပ်လို့ တောင်းဆို ထားတဲ့ အကိုနှင့် အတူ အခြား လိုအပ် သူများ အားလုံး အလွယ်တကူ Download
ရယူနိုင်စေရန် အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် လိုအပ်မှု ရှိသူများ Download ရယူ လိုက်ပါ ခင်ဗျာ။

Galaxy A7 2016 ( SM-A710F )
OR
Galaxy A7 2016 ( SM-A710M )

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Originally published at - https://www.facebook.com/ko.htoo.3323




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »