တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Samsung Galaxy ဖုန်းတွေ Recovery Mode ၀င်နည်း




မင်္ဂလာပါ
Samsung Galaxy ဖုန်း အားလုံးကို Recovery Mode ၀င်နည်း လေးကို အားလုံး အတွက် ပြန်လည် မျှဝေ လိုက်ပါတယ်။

ကျနော် ဒီပိုစ့်လေးကို တင်ပေးမယ် တင်ပေးမယ် နဲ့ အခုမှ တင်ပေး ဖြစ်တော့တယ်။ သိပြီးသား ညီအကိုတွေ ကတော့
ကျော် သွားလိုက်ပါ မသိသေးတဲ့ ညီအကိုတွေ ကတော့ လုံးဝ သိထားရမယ့် အပိုင်းပါ။
  • - ဒီ Recovery Mode ၀င်နည်း ဆိုတာက အထူး သဖြင့် Samsung ဖုန်း Tablet တွေမှာ Odin ကို အသုံးပြု ပြီး Stock Rom စသည်ဖြင့် Rom အသစ် တင်တဲ့ အခါ Recovery Mode ၀င်ပြီး Wipe Data/factory reset ပြုလုပ် ရတဲ့ အခါပဲ ဖြစ်ဖြစ်
  • - Lock Pattern ဖြေမရတဲ့ အခါ Reset Factory လုပ်ယူတာမျိုး ပြီးတော့ ဖုန်းတစ်ခုလုံးကို Reset Factory ချလိုတဲ့ အခါပဲ ဖြစ်ဖြစ်
  • - Root လုပ်ပြီး မြန်မာဖောင့် အမှန် မထည့်မိတဲ့ အခါ အကြောင်း အမျိုး မျိုးကြောင့် ဖုန်းက ပြန်တက် မလာတော့ပဲ Logo မှာ ရပ်နေတဲ့ အခါမျိုးမှာ အရေးပေါ် Recovery Mode ထဲကို ၀င်ပြီး Reset Factory လုပ်ယူ ရတာမျိုး တို့မှာ အင်မတန် ကို အသုံးဝင် ပါတယ်။
အပေါ်က ကျနော် ပြောပြ ခဲ့သလိုပါပဲ ဒီ Recovery Mode ဟာ ဖုန်း တစ်ခုလုံးရဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ဘယ်လောက် ထိ အသုံး ၀င်သလဲ ဆိုတာကို သဘောပေါက် လောက်ပါပြီ၊ ဆိုရင်တော့ ဒီလောက် အရေးပါနေတဲ့ Recovery Mode ၀င်နည်းကို အလွယ် တကူပြု လုပ်နိုင်မယ့် နည်းလမ်းကို လေ့လာ ထားသင့်တာပေါ့။

ကဲဗျာ တကယ်လို့ သင့်အတွက် အရေးပေါ် Recovery Mode ၀င်ရမယ် ဆိုတဲ့ အခါ မှာတော့ Samsung ဖုန်းတွေ တော်
တော် များများ Tablet တွေ အတွက် ကတော့ ဒီနည်းနဲ့ Recovery Mode ထဲ ၀င်လို့ရ ပါတယ်။

Samsung Galaxy ဖုန်း အားလုံးကို Recovery Mode ၀င်နည်း

၁။ Phone ကို ပါဝါ ပိတ်လိုက်ပါ။ သေချာ သွားအောင် Battery ကို ၁၀ စက္ကန့်လောက် ဖြုတ်ထား လိုက်ပါ။ ပြီးရင် ပြန်တပ်ပါ။

၂။ ပြန်တပ် ပြီးရင် "Volume Up + Home + Power Button" ကို ပြိုင်တူနှိပ်ပါ။



၃။ ပြိုင်တူနှိပ် လိုက်တာနဲ့ ပါဝါပွင့် လာမယ်။ Samsung Galaxy ဘာညာပေါ့လေ။

၎။ အဲ့ဒီ အချိန်ကျရင် Power button ကို လွှတ်လိုက်ပါ။

၅။ ကျန်တဲ့ နှစ်ခု ကိုတော့ နောက်ထပ် ၅စက္ကန့် လောက် ဖိထားပေးပါ။ ၅စက္ကန့် ပြည့်ရင် အကုန်လုံး လွှတ်လိုက်ပါ။
ခဏကြာတာနဲ့ Android ရုပ်လေးနဲ့ ပေါ်လာတဲ့ နေရာ ရောက်ရင်တော့ Recovery Mode ထဲ ရောက်သွားတာ ဖြစ် ပါတယ်။

အောက်ကပုံလေးကို ကြည့်လိုက်ပါ။



(မှတ်ချက်) အပေါ်က ပုံ အတိုင်း တက်လာမှ Recovery Mode ၀င်တာ မှန်တယ်လို့ မပြောလိုပါဘူး ပုံစံ အမျိုးမျိုး တက်လာ တတ်ပါတယ်။ ဒါပေမယ့် Samsung Device မှန်ရင်တော့ နည်းလမ်း ကတော့ အားလုံး နည်းပါး တူကြ ပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) www.zunite.org


No comments: