တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Factory reset အလွယ်တကူ ချယူ နည်းများ




မင်္ဂလာပါ
ဘော်ဒါ တစ်ယောက်က မေးလာတယ် သူ့ဖုန်းက တအားလေး နေပြီတဲ့ စာလေး တစ်ကြောင်းရေးထာတောင် စိတ်က မရှည်နိုင်တော့ဘူး ထုခွဲချင်စိတ် ပေါက်တယ်၊ အဲဒါဆိုင် သွားပြတော့ ဆိုင်က
ပြောတယ်တဲ့ ဒီလို လေးနေ တာကို ပေါ့စေ ချင်တယ် ဆိုရင်တော့ ဖုန်း တစ်ခုလုံးကို ဆေးရမယ် လို့ပြောလိုက်တယ်။

တကယ်ကော ဖုန်း တစ်ခုလုံးကို ဆေးလို့ ရလား၊ ဖုန်းကိုလည်း ဆေးလို့ ရလား၊ ဖုန်း တစ်ခုလုံးကို ဘယ်လိုဆေးလဲ သိချင်လို့ပါ တစ်ချက်လောက် ဖြေပေးပါ ဆိုပြီး လာမေး ထားပါတယ်။

ကျနော် ဒီပိုစ့်ကို Galaxy S5 အတွက်သာ မရည်ရွယ်ပဲ စမတ်ဖုန်း အားလုံးကို ရည်ရွယ်ပြီး အသေးစိပ် ရှင်းပြပေး လိုက်ပါတယ်။

ဖုန်း Device ကို စိတ်ဝင်စားပြီး အမြဲလေ့လာဖြစ်နေ သူတွေ ကတော့ အားလုံး သိပြီးသား ဖြစ်မှာ ပါ၊ သိပြီးသား ဆိုရင်တော့ ကျော်သွား လိုက်ပါ လေ့လာခါစ ညီအကိုတွနဲ့ Factory reset မချ
တတ်သေးတဲ့ ဘော်ဒါ တွေအတွက် အထောက်အကူဖြစ်အောင် တင်ပေးလိုက်ပါတယ်။

အမှန်တကယ်က စမတ်ဖုန်းတိုင်းမှာ ဖုန်းတစ်ခုလုံးကို ဆေးတယ် ဆိုတာက performance ဆိုင်ရာ ပိုကောင်း လာအောင်လို့...ရိုးရိုးလေးပြောရရင် ဆိုင်က အသစ် ၀ယ်လာတုန်း ကအတိုင်း
ဖုန်း ကို မြန်ဆန် လာအောင် ပြု လုပ်ခြင်း ဖြစ်ပါတယ်။

အရမ်းလွယ်ပါတယ် တစ်ခါနှစ်ခါလောက် လုပ်ဖူးရင် လုပ်တတ် သွားမှာပါ၊ အခုကျ နော် ပုံလေးတွေနဲ့ အသေးစိပ် ရှင်းပြသွားမှာပါ။

ကဲဗျာ စလိုက်ကြရအောင် ဖုန်းတစ်ခုလုံးကို ဆေးဖို့က နည်းလမ်း (၁) Keypad ကို အသုံးပြု ၍ Factory reset ချနည်း

၁။ ပမဆုံး သင့်ဖုန်းမှာ ဘက်ထရီအား 75% to 80% လောက်ရှနေရပါမယ်။

၂။ သင့်ဖုန်းမှာ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပြီးတော့ အရေးကြီးတဲ့ Data အားလုံးကို Backup လုပ်ပေး ထားလိုက်ပါ။ သို့မဟုတ် SD Card & USB စသည်တို့မှာ ရွေ့ပြောင်းပေးထားပါ။

၃။ အားလုံး အသင့်ဖြစ်ပြီ ဆိုရင်တော့ Galaxy S5 အတွက် Factory reset ချဖို့ရန်က *2767*3855# ဆိုပြီး ဖုန်း ကီးဘုတ်မှာ ရိုက်ထည့်ပြီး ဖုန်း အခေါ် ကီးကို နှိပ်လိုက်ရင် Reset အလွယ်တကူ ချယူနိုင် ပါတယ်။ အခုလို နံပါတ်နဲ့ Reset ချနည်းကိုတော့ Dialer-Reset ချတယ်လို့ ခေါ်ပါတယ်။

ဒါပေမယ့် ဒီနံပါတ်သည် Factory reset ချ ဖို့ရန်၌ S5 တစ်လုံး အတွက်သာ အဆင်ပြေ ပါလိမ့်မယ်၊ handset အားလုံး မှာတော့ အလုပ် မလုပ်ပါ။

(အပေါ်က နည်းလမ်းသည် Galaxy S5 အတွက် သီးသန့် ဖြစ်ပါည်)



နည်းလမ်း (၂) Setting Menu ကို အသုံးပြု၍ Factory reset ချနည်း

၁။ ပမဆုံး သင့်ဖုန်းမှာ ဘက်ထရီအား 75% to 80% လောက်ရှိ နေရပါမယ်။

၂။ သင့်ဖုန်းမှာ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပြီးတော့ အရေးကြီးတဲ့ Data အားလုံးကို Backup လုပ်ပေး ထားလိုက်ပါ။ သို့မဟုတ် SD Card & USB စသည် တို့မှာ ရွေ့ပြောင်း ပေးထားပါ။

၃။ Setting>>>Backup and reset ကို တစ်ချက် နှိပ်လိုက်ပါ။ Factory data reset ဆိုပြီး ပေါ်လာပါလိမ့်မယ်၊ အဲဒီ အထက်က ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ နေရာနှစ်ခုလုံးကို
အမှန်ခြစ်ထားပေးပါ။ ပြီးရင် Dactory data reset ဆိုတာကို တစ်ချ က်နှိပ်လိုက်ပါ။



၎။ အပေါ်က အတိုင်း Factory Data reset ဆို နှိပ်လိုက်ပြီးလို့ အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ Reset Device ဆိုတာကို နှိပ်ပေးလိုက်ပါ။ ဖုန်းက ပါဝါပိတ်ပြီး Restart ကျသွားပါ လိမ့်
မယ်။ ပြန်တက်လာပြီးရင်တော့ သင့်ဖုန်းဟာ Factory reset ချ ပြီးသွားပါပြီ။



နည်းလမ်း (၃) Hardware buttons ကို အသုံးပြု ၍ Factory reset ချနည်း

၁။ ဒီတစ်ခါ ဖုန်းကို reset ချ နည်း ကတော့ Hardware buttons တို့ကို အသုံးပြု ၍ ချနည်းလေး ဖြစ်ပါတယ်။

အထူးသဖြင့် ဒီနည်းလမ်းဟာ
  1. ဖုန်းရဲ့ မျက်နှာ ပြင်သား ကွဲအက် သွားတဲ့ အခါ၊
  2. ဖုန်းကို Root လုပ်မိလို့ Restart ကျ ပြီး ပြန်တက် မလာပဲ ဖုန်း Logo မှာပဲ ရပ်နေတဲ့ အခါ၊
  3. ဖုန်းကို Root Access ရရှိပြီးလို့ ဖောင့် အထည့် မမှန်လို့ Firmware ကျ သွားတဲ့ အခါ၊
  4. ဖုန်းကို lock ချထားပြီး Password ကို မေ့လို့ Lock ဖြုတ်မရတဲ့ အခါ
စသည်ဖြင့် အကြီးအကျယ် ပြသနာတက်နေတဲ့ အခါ ဒီ Hardware buttons ကို အသုံးပြု ပြီး Factory reset ချ ယူနိုင်ပါတယ်။

၂။ ဖုန်းပါဝါကိုပိတ်လိုက်ပါ Turn your Galaxy S5 off


၃။ ဒီတစ်ခါ Recovery menu ကို ၀င်ရောက် ရမည် ဖြစ်ပါသည်။ Recovery Mode ၀င်ဖို့ရန် အတွက် Power button,Volume Up button and Home key ပါဝါ ခလုပ်၊ အသံချဲ့ ခလုပ်၊ Home ကီး တွေကို တွဲနှိပ် ထားပါ။



အောက်က ပုံလေးလို ပေါ်လာသည် အထိ တွဲနှိပ် ထားပါ။


အပေါ်က ပုံလေး အတိုင်း ပေါ်လာတဲ့ အခါ အပေါ်ကို ရွေ့လိုက အသံချဲ့ ခလုပ် Volume Up button ကိုနှိပ်ပါ။ အောက်သို့ရွေ့လိုက အသံတိုး ခလုပ် Volume Down button ကိုနှိပ်ပါ။

၎။ Recovery Mode ကို ၀င်လာလို့ အောက်က ပုံလေး အတိုင်းမြင်နေ ရရင် Delete all user data နေရာကို အသံတိုး ခလုပ် Volume Down button ကီးကို တစ်ချက်ချင်း နှိပ်ပြီး သွားလိုက်ပါ။
ရောက်တာနဲ့ ပါဝါ ခလုပ်ကို တစ်ချက် နှိပ်လိုက်ပါ။


၅။ ပါဝါ ခလုပ်ကို နှိပ်ပြီးလို့ အောက်က ပုံအတိုင်း Reboot System now နေရာကို ပြနေ ခဲ့လျှင် ပါဝါ ခလုပ်ကို ထပ်ပြီး နှိပ်ပေးလိုက်ပါ။


အားလုံး ပြီးတာနဲ့ သင့်ဖုန်းဟာ Hardware buttons ကို အသုံးပြုလျှက် Factory reset တစ်ခုကို ချ ယူလို့ ပြီးပါပြီ။

အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အဆင်ပြေပါစေ

By : ဇူးနစ်(နည်းပညာ)

From : www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

2 comments:

  1. thank you ! i get a lot of information about the phone which we know basic

    ReplyDelete
  2. C8817D CDMAလေးReset ချတာlanguage မှဆက်လက်မတက်တော့လို့ဘာသာစကားရွေး ဆက်တာမတတ်တော့ဘူးဗျ ကူညီပါဥိးဗျာ

    ReplyDelete