တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label facebook-guide. Show all posts
Showing posts with label facebook-guide. Show all posts

Sunday, February 5, 2017

Facebook Messenger မှာ message တွေကို ဘယ်လို block လုပ်မလဲ ?




Facebook Messenger ကနေ ကိုယ်စကား မပြောချင်တဲ့ သူတွေက message ပို့ပြီး အနှောင့် အယှက် ပေးနေ တာကို ကာကွယ် ချင်တယ် ဆိုရင် message တွေကို block ပြုလုပ် ထားနိုင် ပါတယ်။

Message ကို block ပြုလုပ် ထားတဲ့ အခါ ကိုယ့်ရဲ့ friend list ထဲက လူဟာ friend ဖြစ်နေ ပေမယ့် message ကိုတော့ ပေးပို့နိုင် တော့မှာ မဟုတ်ပါဘူး။

Desktop

Facebook messenger ကို block ပြုလုပ်ဖို့ အတွက် ကွန်ပျူတာ ကနေ ဆိုရင် ကိုယ် block ပြုလုပ် ချင်တဲ့ လူရဲ့ Facebook chat box ကို ဖွင့်လိုက်ပါ။ ပြီးရင် Chat box ထဲက စက်သွားပုံနဲ့ options ဆိုတာကို နှိပ်ပြီး Block Messages ဆိုတာကို နှိပ်လိုက်ပါ။

pop-up box တက်လာရင် block messages ဆိုတာကို နှိပ်ပြီး block ပြုလုပ်နိုင် ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ account ရှိတဲ့ Timeline ဘက်မှာ သူဟာ message box ကို မြင်ရတော့မှာ မဟုတ်သလို အရင် ပို့ထားတဲ့ message တွေကနေ ထပ်ပို့မယ် ဆိုရင်လည်း ပို့နိုင်တော့မှာ မဟုတ်ပါဘူး။



Android

Android phone ပေါ်ကနေ ဆိုရင် message block လုပ်ချင်သူရဲ့ chat box ကို ဖွင့်ပါ။ ညာဘက်ထောင့် အပေါ် နားမှာရှိတဲ့ “ ! ” ကို နှိပ်ပါ။ ပြီးရင် အောက်ဘက်ကို ဆင်းပြီး block ကို ရွေးချယ် ပေးရ ပါမယ်။


iOS

iOS အသုံးပြု သူများ ဆိုရင် chat box ကို ဖွင့်ပြီး user name ဘေးနားက မြှားကို နှိပ်ပါ။ ပြီးရင် block ကို နှိပ်ပြီး block messages toggle ကို enable ပြုလုပ်ပါ။ ဒါဆိုရင် message block ပြုလုပ် ထားသူဟာ Facebook မှာ friend ဖြစ်နေ ပေမယ့်လည်း message ကိုပေးပို့နိုင်မှာ မဟုတ်တော့ပါဘူး။


From : Internet Journal By: ရဲထွဋ်ဝင်း

Originally published at - http://www.internetjournal.media/how-to/9520

Read More »

Saturday, February 4, 2017

Messenger မှာ သူငယ်ချင်းတွေနဲ့ မျှဝေထားတဲ့ ဓါတ်ပုံများကို ရှာဖွေ သိမ်းဆည်းနည်း




Messenger မှာ သင့် သူငယ်ချင်း များနဲ့ မျှဝေ ထားတဲ့ ဓါတ်ပုံများကို ရှာဖွေ သိမ်းဆည်း ရတာ မလွယ်ကူ ပါဘူး။ Chat Window တစ်လျှောက် အပေါ်ကို Scroll ပြုလုပ်ပြီး စာသားများကြားမှာ ရောနေတဲ့ ဓါတ်ပုံများကို လိုက်ရှာပြီး သိမ်းဆည်း ရတာ ဖြစ်ပါတယ်။

အဲဒီိဖြစ်စဉ်ကို လွယ်ကူစေဖို့ Facebook က Messenger မှာ သူငယ်ချင်းများ ကြားမှာ မျှဝေထားတဲ့ ဓါတ်ပုံများကို တစ်နေရာထဲမှာ စုစည်းပေး ထားပါတယ်။

Messenger ကို ဖွင့်ပါ။ သူ့ရဲ့ Home Screen မှာ သူငယ်ချင်း တစ်ယောက်ကို ရွေးချယ်ပေးပါ။



နောက်အဆင့်မှာ ညာဘက်အပေါ်ထောင့်မှ စက်ဝိုင်းပုံ ခလုတ်ကို နှိပ်ပါ။

နောက်ပေါ်လာတဲ့ စကရင်မှာ အောက်ဘက်ကို ဆင်းပါ။ Shared Content အောက်မှာတော့ သင်တို့ ၂ ယောက် မျှဝေထားတဲ့ ဓါတ်ပုံများအားလုံးကို တစ်စု တစ်စည်းထဲ
ပြသပေး ထားပါတယ်။

သိမ်းဆည်းချင်တဲ့ ဓါတ်ပုံကို တစ်ချက်နှိပ်ပါ။ ညာဘက်အောက်ခြေမှ ဒေါင်လိုက် အစက် သုံးစက်ကို နှိပ်ပြီး Save Image ကို နှိပ်ရင် အဲဒီ ဓါတ်ပုံကို သင့်ဖုန်းမှာ သိမ်းပေးမှာ ဖြစ်ပါတယ်။


သူငယ်ချင်း တစ်ယောက် ပေးပို့တဲ့ ဓါတ်ပုံကို သင့်ဖုန်းမှာ အလိုအလျှောက် သိမ်းဆည်းနည်း

သင့် သူငယ်ချင်း တစ်ယောက်က Messenger က သင့်ထံ ပေးပို့တဲ့ ဓါတ်ပုံ များကို သင့်ဖုန်းမှာ အလိုအလျှောက် သိမ်းဆည်း ချင်ရင် Home Screen ရဲ့ ညာဘက် အပေါ်ထောင့်မှ လူပုံ ခလုတ်ကို နှိပ်ပါ။ Photos & Media ထဲသွားပါ။


Save Photo မှ Slider ကို ညာဘက်ရောက်အောင် တစ်ချက်နှိပ်ပြီး On ပေးပါ။ ဒါဆိုရင် သင့် သူငယ်ချင်း ပေးပို့တဲ့ ဓါတ်ပုံ များကို သင့်ဖုန်းမှာ အလို အလျှောက် သိမ်းဆည်း ပေးမှာ ဖြစ်ပါတယ်။


Save on Capture မှာ On ပေးရင်တော့ Messenger App ကနေ ရိုက်ကူးတဲ့ ဓါတ်ပုံများကို သင့်ဖုန်းမှာ အလို အလျှောက် သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။

From : Digital Times

Originally published at - http://digitaltimes.com.mm/


Read More »

Saturday, January 28, 2017

သင့်ရဲ့ Public Post များမှာ Friends မဟုတ်သူများရဲ့ ကွန်မန့်များကို ထိန်းချုပ်နည်း




သင် Facebook မှာ Public အနေနဲ့ တင်တဲ့ ပို့စ်များကို သင့် သူငယ်ချင်း မဟုတ်တဲ့ လူများက ကွန်မန့် ရေးသား နိုင်ပါတယ်။ အဲဒီအတွက် သင့်ကို ဝေဖန် တိုက်ခိုက်တဲ့ ကွန်မန့်များ ကိုလည်း ရရှိနိုင် ပါတယ်။

ဒီလို ဝေဖန်တိုက်ခိုက်တဲ့ ကွန်းမန့်များကို မရရှိချင်ရင်တော့ သင့်ရဲ့ Public Post များမှာ သူငယ်ချင်း မဟုတ်သူများက ကွန်းမန့် မရေးနိုင်အောင် ကာကွယ်ထားနိုင်ပါတယ်။

ဒီစွမ်းဆောင်ချက်ကို Android Version 104.0.0.17.71 နဲ့ iOS Version 72.0 နဲ့ သူ့ အထက်မှာ သုံးနိုင်ပါတယ်။

Facebook App ကို ဖွင့်ပြီး Account Settings ထဲသွားပါ။

Public Posts ကို နှိပ်ပါ။


ဒါဆိုရင်တော့ သင့်ရဲ့ Public Posts များအောက်မှာ သူငယ်ချင်း မဟုတ်သူများက ကွန်းမန့်များ ရေးနိုင်တော့မှာ မဟုတ်ပါဘူး။

ဒတ်စတော့မှာတော့ Settings ထဲသွားပြီး ဘယ်ဘက်အခြမ်းမှ Public Post ထဲမှာ သတ်မှတ်နိုင်ပါတယ်။

Public Post Comments အောက်မှာ Friends ကို ရွေးချယ်ပေးပါ။


From : Digital Times

Originally published at - http://digitaltimes.com.mm/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, December 20, 2016

Facebook Messenger မှာ Friends များ Add နည်း ၃ နည်း




Facebook Messenger မှာ သင့်ရဲ့ Facebook သူငယ်ချင်းများ အားလုံးနဲ့ စကားပြော နိုင်ပါတယ်။

ဒါ့အပြင် Facebook မသုံးတဲ့ လူများနဲ့ပါ စကားပြောနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook က ထည့်သွင်းပေး ထားပါတယ်။

Messenger မှာ သူငယ်ချင်းများ Add နည်း အနည်းငယ် ရှိပါတယ်။ သင့် Phone Contact မှ လူများကိုလည်း Messenger မှာ Add နိုင်သလို၊ ဖုန်းနံပါတ်ဖြင့် သူငယ်ချင်း ရှာဖွေခြင်း၊ Messenger Scan Code ဖြင့် ဆက်သွယ် စကားပြောခြင်း များကိုလည်း ပြုလုပ်နိုင် ပါတယ်။

Phone Contact မှ လူများအား Add ခြင်း

Messenger ရဲ့ ညာဘက်အပေါ်ထောင့်စွန်းမှ People Tab ထဲသွားပါ။ People ထဲထပ်သွားပါ။ Sync Contacts ကို On ပေးပါ။ ဒါဆိုရင် သင့် Phone Contact မှ လူများကို Messenger က အလိုအလျှောက် Add ပေးမှာပါ။



ဖုန်းနံပါတ်ဖြင့် Add ခြင်း

Messenger ရဲ့ အပေါ်ထိပ်မှ အလျားလိုက်မျဉ်းကြောင်း Tab ထဲသွားပါ။ အောက်ခြေမှ Plus Button ကို နှိပ်ပါ။ သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။ Messenger က သင့် သူငယ်ချင်းကို ရှာတွေ့သွားရင် ရွေးချယ်ပေးပြီး Add Contact ကို နှိပ်ပါ။



Messenger Scan Code ကို အသုံးပြုခြင်း

Messenger ရဲ့ အပေါ်ထိပ်မှ အလျားလိုက် မျဉ်းကြောင်း Tab ထဲသွားပါ။ Scan Code ကို နှိပ်ပါ။ သင့် သူငယ်ချင်းရဲ့ ဖုန်းကနေ People Tab ထဲ သွားရင် Messenger Scan Code ကို တွေ့ရမှာပါ။ သင့်ဖုန်း ကင်မရာဖြင့် အဲဒီ ကုဒ်ကို ချိန်ပါ။ အိုကေပြီ ဆိုရင် သူငယ်ချင်းနဲ့ Messenger မှာ စကားပြောနိုင်ပါပြီ။



From : Digital Times

Originally published at - http://digitaltimes.com.mm/



Read More »

Monday, December 12, 2016

Facebook iOS App ကနေ အရည်အသွေး ဓာတ်ပုံတွေ တင်ဖို့ အတွက် ပြင်ဆင်ခြင်း




Facebook သုံးသူတွေ အနေနဲ့ ဖုန်းကနေ ဓာတ်ပုံ aတွကို Face-book ပေါ်တင်တဲ့ အခါမှာ ပုံရဲ့ အရည် အသွေးကို ကျမသွား အောင်၊ Facebook ကနေ လျော့ မပစ်အောင် လုပ်ဆောင် ထားနိုင် ပါတယ်။

Facebook ကနေ သုံးစွဲ သူရဲ့ မိုဘိုင်းဒေတာ သုံးစွဲမှုကို ကုန်ကျမှု လျော့နည်းအောင် App ကနေ ပုံတင်တိုင်း ဓာတ်ပုံတွေရဲ့ အရည် အသွေးကို အလို အလျောက်
လျော့ချ ပေးပါတယ်။

အဲလိုမျိုး Facebook ကနေ လျော့ချတာမျိုး မလုပ်ချင်ဘူး ကိုယ့်အနေနဲ့ ပုံတွေကို အရည်အသွေးမြင့်မြင့်နဲ့ပဲ တင်ချင်တယ်ဆိုရင်တော့ Facebook App ထဲ မှာပဲ ပြင်ဆင်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ Android OS ကော၊ iOS စနစ်မှာကော အလွယ်တကူ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။



ဦးစွာ ဖုန်းမှာ Facebook icon ကို နှိပ်ပြီးဖွင့်လိုက်ပါ။ ပြီးရင်တော့ ညာဘက်အောက် ထောင့်နားက မျဉ်းကြောင်းသုံးခု ပုံစံ Menu icon ကို တစ်ချက်နှိပ်ပါ။ ပြီးရင်တော့ Settings ဆိုတာ ကို ထပ်နှိပ်ပြီး settings စနစ်ထဲ ကို ၀င်လိုက်ပါ။



အဖြူရောင်အကွက်တစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Account Settings ထဲကို ၀င်လိုက်ပါ။



Facebook ရဲ့ Account Settings ထဲကို ရောက်သွားပါမယ်။ အဲဒီထဲကမှ Videos and Photos ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ပါ။



Video and Photos စနစ်ထဲ ကို ရောက်သွားရင်တော့ Video Settings နဲ့ Photo Settings ဆို တဲ့စာသားတွေအောက်က Upload HD ဆိုတဲ့ စာသားဘေး နားက ခလုတ်လေးတွေကို တစ် ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။



ဒါဆိုရင်တော့ Facebook App ကိုသုံးပြီး အရည်အသွေးမြင့် ဓာတ်ပုံတွေကို Facebook ပေါ် ကို တင်နိုင်ပြီပဲ ဖြစ်ပါတယ်။

Settings စနစ်ထဲမှာ ဖော်ပြပါ ပုံစံအတိုင်း ပြောင်းလဲထားလိုက်မယ် ဆိုရင်တော့ Facebook ကနေ မိုဘိုင်း ဒေတာသုံးစွဲမှုကို လျော့ချဖို့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေရဲ့ အရည်အသွေးကို လျော့ချတာမျိုး လုပ်တော့မှာ မဟုတ်ဘဲ အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေအနေနဲ့ပဲ Facebook ပေါ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။



From : Internet Journal - By: ရဲထွဋ်ဝင်း

Originally published at - http://www.internetjournal.media/how-to/9000


Read More »

Sunday, November 13, 2016

Facebook အကောင့်ကို ခဏတာ သို့မဟုတ် အပြီးတိုင် ဖျက်သိမ်းနည်း




Facebook ဟာ လူမှု ကွန်ရက် ဖြစ်တာနဲ့ အညီ လူမျိုးစုံနဲ့ ထိတွေ့ ဆက်ဆံ ကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook မှာလည်း တကယ့် လက်တွေ့ ဘ၀တွေ မှာလို ပေါင်းသင်း ဆက်ဆံရေးမှာ ပြဿနာတွေ ရှိကြ ပါတယ်။

ဒီလို ပြဿနာတွေ များပြားနေ ရင်တော့ သင့်ရဲ့ အကောင့်ကို ခဏတာ ပိတ်သိမ်းခြင်း သို့မဟုတ် အပြီးတိုင် ဖျက်ပစ်ခြင်း တို့ကို ပြုလုပ် နိုင်ပါတယ်။

Facebook အကောင့်ကို ခဏတာ ဖျက်သိမ်းနည်း သို့မဟုတ် Deactivate ပြုလုပ်နည်း

၁။ သင့်ရဲ့ Facebook App ကို ဖွင့်ပြီး ညာဘက် အပေါ် ထိပ်မှ Menu ကို နှိပ်ပါ။



၂။ Account Settings ထဲသွားပြီး Security ကို နှိပ်ပါ။



၃။ Security Settings Page ရဲ့ အောက်ခြေမှာ Account > Deactivate ကို တွေ့ရမှာ ဖြစ်ပါတယ်။ Deactivate ကို နှိပ်ပါ။



၎။ သင့်ရဲ့ Password ကို တောင်းခံရင် ထည့်ပေးပါ။

၅။ နောက် အဆင့်မှာတော့ ဘာကြောင့် Deactivate ပြုလုပ်သလဲ ဆိုတာကို Facebook က သင့်ကို စစ်တမ်း ကောက်ယူမှာ ဖြစ်ပါတယ်။



၆။ စစ်တမ်းမှ “ Opt out of receiving future emails from Facebook “ မှာ အမှန်ခြစ် ပေးမှသာ Deactivate ပြုလုပ် ထားချိန်မှာ သင့်ထံ Facebook မှ အီးမေးများ မ၀င်လာမှာ ဖြစ်ပါတယ်။

ဖြေဆိုပြီးရင် Deactivte ကို ထပ်နှိပ်ပါ။ Password တောင်းရင် ထည့်ပေးပါ။ ဒါဟာ နောက်ဆုံး အကြိမ် Password တောင်းခံခြင်း ဖြစ်ပြီး ပြီးရင်တော့ သင့်အကောင့်ကို Deactivate သို့မဟုတ် ခဏတာ ပိတ်သိမ်း လိုက်မှာ ဖြစ်ပါတယ်။ ခဏတာ ပိတ်သိမ်းထားတဲ့ အတွက် သင်ပြန်လည် အသုံးပြု ချင်တဲ့ အချိန်မှာ Username, Password ထည့်ပေးပြီး အသုံးပြုနိုင် ပါတယ်။



Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနည်း


Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းချင်ရင် သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြား ဒေတာများကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ အဲဒီအတွက် မဖျက်သိမ်းခင်မှာ အဲဒီဒေတာများကို ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Menu> Settings > General ထဲသွားပါ။ အောက်ခြေမှ “ Download a copy of your Facebook data” ဆိုတဲ့ လင့်ကို နှိပ်ပါ။ နောက်အဆင့်မှာ Start My Archive ကို နှိပ်ပါ။

ဒေါင်းလုပ်ရယူပြီးရင်တော့ အောက်ပါ လင့်ကနေ သင့်ရဲ့ အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနိုင်ပါတယ်။

https://goo.gl/gJRAXh



အကောင့်ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်ဟာ ရက် ကိုးဆယ်လောက် ကြာတတ် ပါတယ်။

Originally published at - http://www.blog.myanmardigitallife.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, October 26, 2016

Facebook ရဲ့ အကောင့် လုံခြုံရေး setting အချို့




Facebook ရဲ့ အကောင့် setting တွေကို ကျွမ်းကျွမ်း ကျင်ကျင် နားလည် သဘောပေါက် လိုသူများ အတွက်ပါ။

ဒီအကြောင်းတွေကို နားလည် သဘောပေါက် သွားပြီဆိုရင် သူငယ်ချင်းတို့ အကောင့် တွေဟာ လုံခြုံမှု ရှိလာမှာ ဖြစ်သလို မသိလို့ မလုပ်ရဲတာမျိုး ထိတ်လန့် ကြောက်ရွံ့ နေစရာ မလိုတော့ပါဘူး။

တချို့ သူငယ်ချင်းတွေဆို Like မရတာတို့...Security Code တောင်းပြီး FB သုံးမရတော့ တာတွေရယ်..Account Hack ခံရတာတွေ မကြုံရအောင် ကိုယ့်ရဲ့ Facebook Setting ထဲဝင်ပြီး လုံခြုံရေး စနစ်တွေ တိုးမြှင့် ထားလို့ရတယ် ...

သိပြီးသား သူငယ်ချင်းတွေလည်း ရှိမှာပါ။ ဒါပေမယ့် အခြေခံကနေ စပြီးလေ့လာနိုင်အောင် တင်ပေး လိုက်တာပါ။

General account settings

  • Name = ဆိုတာကတော့ မိမိနာမည်ပါ။
  • Username = ကတော့ မိမိ အသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူငယ်ချင်းတွေကို မိမိလိပ်စာ ပေးရာမှာ အသုံးပြုလို့ ရပါတယ်။
  • Email = ကတော့ မိမိရဲ့ အီးမေး လိပ်စာပါ။
  • Networks = ဆိုတာက သာမန် user တစ်ယောက် အနေနဲ့ မသုံးပါဘူး။
  • Language = ဆိုတာကတော့ ဘာသာ စကားတွေ ပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလို သုံးချင်သူများ အတွက် ဆိုရင်တော့ အဲဒီနေရာမှာ မြန်မာလို ပြောင်းလဲ သုံးစွဲလို့ ရပါတယ်။

Security settings


ဒီကောင်လေး ကတော့ မိမိတို့ရဲ့ အကောင့် လုံခြုံရေး အတွက်မဖြစ်မနေ သိထားသင့် ပါတယ်။ အောက်မှာ အသေးစိတ်ကို ရှင်းပြပေး ထားပါတယ်။

Secure browsing


ဒီကောင်လေးကိုတော့ virus, spam, hacker တွေရန်မှ ကင်းဝေးအောင် အသုံးပြု ပါတယ်။ Edit ကိုနိပ်ပြီး အမှန်လေး ခြစ်ထားပေးရင် save change လုပ်ထားပေးရင် အကာအကွယ် တစ်ခုတော့ အထောက်အကူ ရပါတယ်။

Login notification


ဒီကောင်လေးကတော့ မိမိတို့ account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကို သတိပေး ပါတယ်။

ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ် ပေးထားရင် မိမိတို့ အကောင့်ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ပေးမှာ ဖြစ်ပါတယ်။

Login apporvals


Login apporvals လုပ်တယ် ဆိုတာကတော့ unknow browser တွေနဲ့ မိမိတို့ အကောင့်ကို ဝင်ရောက်မယ် ဆိုရင် မိမိ ခွင့်ပြုချက် ရမှသာ ဝင်ရောက်လို့ ရပါတယ်။

ဒီနေရာမှာ မိမိက ကိုယ့်ရဲ့ password ကိုပြောပြပြီး တစ်ခြား သူငယ်ချင်း တစ်ယောက်ကို ဝင်ခိုင်းသည် ထားအုံး မိမိရဲ့ခွင့်ပြုချက် မရရှိပါက ။မိမိအကောင့်ကို ဘယ်လိုမှ ဝင်ရောက်လို့ မရနိုင်ပါ။။

တကယ်လို့ လုံခြုံရေး တိုးမြှင့်သည့် အခါမျိုးတွင် သုံးနိုင်ပါသည်။

Get started ကိုနိပ်လိုက်ရင် မိမိတို့ account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီး လုံခြုံရေးကို နှစ်ထပ် ထပ်မံ တိုးမြှင့်လို့ ရပါတယ်။

Code generator


Code generator ဆိုတာကတော့ facebook application ကို code gerneate နဲ့ လုံခြုံ အောင် ပြုလုပ်ခြင်းပါ။

အသုံးပြုချင်တယ် ဆိုရင် set up ကိုနိုပ်ပါ။ မိမိ password ကိုထည့်ပါ။ ပြီးရင် sumbit ကိုနိပ်ပါ။

မိမိကြိုက်တဲ့ security code ကိုထည့်ပါ။

App password


App password ဆိုတာကလည်း လုံခြုံရေး ကို ထပ်မံတိုးမြှင့်ထားတဲ့ ( special password ) ပါပဲ။ ဒီကောင်လေးကို မိမိတို့ login ဝင်ရောက်တိုင်း တစ်ကြိမ်သာ အသုံးပြုလို့ ရပါတယ်။

login apporvals ကို မိမိက အသုံးပြု ထားတယ် ဆိုရင် တစ်ခါ တစ်လေ အကောင့်ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app passsword နဲ့ ဝင်ရောက်လို့ ရပါတယ်။

အသုံးပြုမယ့် ပုံလေးကတော့


  • Account Settings > Security)
  • Find the App Passwords section and click Edit
  • Click the Generate app passwords link
  • Type in the name of the App and click Generate Password
  • Go to your app and use that password to log in

Trusted contant


Trusted contant ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့တဲ့ အခါမျိုးမှာ သူငယ်ချင်း တစ်ယောက် ယောက်ရဲ့ အကူအညီနဲ့ ပြန်လည် ရယူချင်ရင် ဒီမှာ မိမိ သူငယ်ချင်း နာမည်ကို ရွေးထားပေးခြင်း အားဖြင့်  မိမိ အကောင့် lock ကျတဲ့ အခါမှာ အကူအညီ ရနိုင်ပါတယ်။

ကြိုတင် လုပ်ဆောင်သင့်တဲ့ အချက်ကလေး ပါပဲ။ အသုံးပြုမယ် ဆိုရင် choose trusted contants ကိုနိပ်ပြီး မိမိ သူငယ်ချင်းတွေကို add လုပ်ထား နိုင်ပါတယ်။

Trusted browser


Trusted browser ဆိုတာကတော့ မိမိရဲ့ facebook အကောင့်ကို ဝင်ရောက်ခဲ့တဲ့ browser တွေကို ကြည့်ရှူပြီး ခြေရာကောက် နိုင်ပါတယ်။ ဖုန်းနှင့် ဝင်ရောက်သွားတာလား Windows နှင့် ဝင်ရောက် တာလား ဆိုတာ ကွဲကွဲပြားပြား သိနိုင်ပါတယ်။

Where You're Logged In


Where You're Logged In ဆိုတာကတော့ မိမိ အကောင့်ကို အသုံးပြုနေတဲ့ နေရာရယ် windows ရယ် browser တွေကို တိတိကျကျ ခြေရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)

Decative account


Decative account ကိုတော့ လုံးဝ (လုံးဝ) မနိပ်ပါနဲ့ဗျာ facebook ကြီးက လွမ်းသွားပါလိမ့်မယ်။ Decative account ကိုနှိပ်မိရင် ကိုယ့်ရဲ့ account သုံးလို့ ရမှာ မဟုတ်တော့ ပါဘူး။

Credit To Original Writer

From : နည်းပညာချစ်သူ

Originally published at - https://www.facebook.com/naing.linn.121?hc_ref=NEWSFEED

Read More »

Sunday, August 28, 2016

Facebook မှ Status များကို Twitter တွင် အလိုအလျှောက် မျှဝေနည်း




လူမှုကွန်ရက် များစွာကို အသုံးပြု သူများ အတွက် Status တစ်ခုကို လူမှု ကွန်ရက် များစွာမှာ မျှဝေ ရတာ အလုပ်ရှုပ် ပါတယ်။

ဥပမာအားဖြင့် Facebook မှ စတေးတပ်ကို Twitter မှာ အလို အလျှောက် မျှဝေပေးရင် အဆင်ပြေ စေမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook နဲ့ Twitter က ဖန်တီးပေးထားပါတယ်။ တစ်နည်းအားဖြင့် သင့်ရဲ့ ပို့စ်များကို လူမှုကွန်ရက်များမှာ Sync လုပ်ပေးတာ
ဖြစ်ပါတယ်။

ဒီ Tutorial မှာ Facebook မှ ပို့စ်များကို Twitter မှာ အလို အလျှောက် မျှဝေခြင်းနဲ့ အပြန်အလှန် အားဖြင့် Twitter မှ ပို့စ်များကို Facebook မှာ အလို အလျှောက် မျှဝေနည်းကို ဖော်ပြ ပေးမှာပါ။

Facebook to Twitter
Facebook Settings ထဲသွားပြီး ဘယ်ဘက်မှ Followers ကို နှိပ်ပါ။

Twitter ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။



Link profile to Twitter ကို နှိပ်ပါ။



နောက်အဆင့်မှာ သင့် Twitter Username , Password ထည့်ပေးပြီး Authorize app ကို နှိပ်ပါ။ Twitter မှာ Login ၀င်ထားရင်တော့ Authorize app ကို နှိပ်ရုံပါပဲ။



Facebook ကနေ Twitter သို့ မျှဝေချင်တဲ့ အရာ များကို Select လုပ်ပေးပါ။ Save Changes ကို နှိပ်ပါ။ ဒါဆိုရင် အိုကေပါပြီ။ တစ်ခုမှတ်ထားရမှာက Facebook မှ Public Updates များကိုသာ Twitter မှာ မျှဝေပေးမှာဖြစ်ပါတယ်။



သူ့ရဲ့အောက်မှာ သင် Admin လုပ်နေတဲ့ Page များကိုလည်း Twitter နဲ့ ချိတ်ဆက် နိုင်ပါတယ်။ ဒါဆိုရင် Page မှာ တင်တဲ့ ပို့စ်များကို Twitter မှာ အလို အလျှောက် မျှဝေ ပေးမှာပါ။



Twitter မှ Tweets များကို Facebook မှာ မျှဝေချင်ရင်တော့ Twitter Settings ထဲသွားပါ။ ဘယ်ဘက်မှ Apps ကို နှိပ်ပါ။ အပေါ်ထိပ်မှ Connect to Facebook ကို နှိပ်ပါ။ ဒါဆိုရင် Tweets များကို Facebook မှာ အလို အလျှောက် မျှဝေပေးမှာ ဖြစ်ပါတယ်။



From: Myanmar digital life By Thu Ya

Originally published at - http://www.blog.myanmardigitallife.com


Read More »

Facebook က သင့်ကို Lock ချရသည့် အကြောင်း အရင်းများ




- Friend အသားကုန် Add ခြင်း

Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချ ရပါတယ်။

- Like ဇွတ်လုပ်ခြင်း

ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင် လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Friend များလွန်းခြင်း

Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း

ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

- Group အများအပြား ဝင်ခြင်း

User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း

ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

Link များ ရှဲလွန်းခြင်း

ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်

ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်

ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ဒီတော့ Security Question တွေဆက်တိုက်ဖြေရတော့မှာပေါ့။ဒါတောင် ရက်တွက်ပြီးစောင့်ရပါသေးတယ်။

- အခြားအကြောင်းအရာများ

အတော်လေးများတယ်ဗျ။သို့သော် အပေါ်ကဟာလေးတွေလောက်သိရင် လုံလောက်ပါတယ်။တကယ့် အီးမေးလ်အသုံးမပြုတာတို့၊Browser တစ်ခုထဲမှာပဲ ဒီအကောင့်ချက်ချင်းထွက် နောက်အကောင့်တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ်တတ်ပါတယ်။ ဒီလောက်ဆိုတော်ပါပြီ။

Credit>>>Original Author

Originally published at - https://www.facebook.com/adminsoftwareguide/?hc_ref=NEWSFEED&fref=nf

Read More »

Thursday, August 25, 2016

Facebook Messenger Code ဖြင့် လူတစ်ယောက်ကို လျှင်မြန်စွာ Add နည်း




Facebook မှာ လူတစ်ယောက်ကို Add ဖို့ Search Box ကနေ ရှာဖွေ ရတာ ခက်ခဲ ပါတယ်။ နာမည်တူ လူတွေ အများကြီး ထဲက ရှာဖွေ ရလို့ ဖြစ်ပါတယ်။

Facebook က မကြာခင်က Messenger Code ကို မိတ်ဆက် ခဲ့ပါတယ်။ သင့်အကောင့် ထဲမှာ မရှိတဲ့ လူတစ်ယောက်ကို Messenger မှာ လျှင်မြန်စွာ ထည့်သွင်းဖို့ ဖြစ်ပါတယ်။

Messenger Code ကို အသုံးပြုပြီးလည်း သင့် အကောင့်မှာ မရှိတဲ့ လူတစ်ယောက်ကို သူငယ်ချင်း အဖြစ် လျှင်မြန်စွာ Add နိုင်ပါတယ်။

၁။ သူငယ်ချင်း တစ်ယောက်ကို Add ဖို့ အတွက် သင့်ရဲ့ Messenger ကို ဖွင့်ပါ။ ညာဘက် အပေါ်ဆုံး ထောင့်မှ ခလုတ်ကို နှိပ်ပါ။ စက်ဝိုင်းပုံ ခလုတ်ကို နှိပ်ပါ။


၂။ သင့်ရဲ့ ကုဒ်ကို My Code မှာ ပြသပေး ထားပါတယ်။ သင်က သူငယ်ချင်းရဲ့ ကုဒ်ကို Scan လုပ်ဖို့ Scan Code ထဲကို သွားပါ။ သင့်ရဲ့ သူငယ်ချင်းကို သူ့ Messenger ကနေ My Code ကို သွားခိုင်းပါ။ သူ့ရဲ့ ကုဒ်ကို သင့်ဖုန်းဖြင့် Scan လုပ်ပါ။ စက်ဝိုင်းထဲကို ကုဒ်အား ထားရှိခြင်းဖြင့် Scan လုပ်နိုင်ပါတယ်။


၃။ Scan လုပ်လို့ အောင်မြင်လျှင် သူငယ်ချင်း ဒါမှမဟုတ် Page နဲ့ စကားပြောနိုင်မယ့် စကရင်ကို ရောက်ရှိမှာပါ။

ဒီနည်းဖြင့် လူတစ်ယောက် သို့မဟုတ် Page တစ်ခုကို သင့်ရဲ့ Messenger မှာ လွယ်ကူ လျှင်မြန်စွာ ထည့်သွင်းနိုင်ပါတယ်။ သူ့ရဲ့ ပရိုဖိုင်ကို သွားပြီး Add ဖို့အတွက် ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပါ။


၎။ View profile ကို နှိပ်လျှင် သူ့ရဲ့ ပရိုဖိုင်ကို ရောက်သွားမှာ ဖြစ်ပြီး သူငယ်ချင်းအဖြစ် Add နိုင်ပါပြီ။


From: Myanmar digital life - By Thu Ya

Originally published at - http://www.blog.myanmardigitallife.com

Read More »