တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Tutorial. Show all posts
Showing posts with label Tutorial. Show all posts

Monday, May 15, 2017

အိုင်ဖုန်းသုံးသူတွေ ပုံကောင်းကောင်းရဖို့ ကင်မရာ ဘယ်လို ချိန်မလဲ?




အိုင်ဖုန်း သုံးစွဲ သူတွေ အနေနဲ့ ဓာတ်ပုံ ကောင်းကောင်း တစ်ပုံ ထွက်ဖို့ ကင်မရာ setting ချိန်နည်း ရိုက်ကူး နည်းတွေကို အက်ပဲလ်က လမ်းညွှန်ပေး လိုက်ပါတယ်။

သည်နည်းလမ်းကတော့ အလွယ်ကူ ဆုံးနဲ့ ဆက်တင်ချိန်ရိုက်ကူးရတာ ဖြစ်ပါ တယ်။ Auto mode ထက် manual mode နဲ့ ရိုက်ကူးမယ်ဆိုရင် မိမိအနေနဲ့ လိုချင်တဲ့ အလင်းအမှောင်ကို သေချာရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။

အိုင်ဖုန်းမှာ အန်းဒရိုက်တွေလို manual mode သီးသန့်မပါဝင်ပေမဲ့ ကင်မရာ ဆက်တင်ချိန်နည်းတွေကို အက်ပဲလ်က သူ့ရဲ့ ဘလော့ဂ်မှာဗီဒီယိုဖိုင်တစ်ခုနဲ့ ဖော်ပြပါတယ်။

နေအလင်းရောင်စူးတဲ့ အချိန်နဲ့ နေ သာတဲ့ အချိန်တွေလိုအပြင်ဘက် outdoor ရိုက်ကူးတာ ဖြစ်စေ၊ မီးအလင်းရောင်များ တဲ့ indoor ဖြစ်စေသည်လို ဆက် တင်ညှိပါ။ အလင်းရောင်အောက်မှာ ဓာတ်ပုံရိုက်ကူးခံမယ့် သူ့ကိုကင်မရာမှာ ဖိုးကပ် ထောက်ပြီးသေချာချိန်ပါ။

စခရင်ပေါ်မှာ လက်နဲ့ အောက်ဘက် ကို ဆွဲပြီးနေပုံသဏ္ဍာန် exposure ဆိုတာကို အနိမ့်ဆုံးထားလိုက်ပါ။ ပြီးတာနဲ့ ချက် ခြင်းရိုက်ကူးပါ။

မိုးအုံ့နေတဲ့ပုံစံမျိုး foreign ဆန်ဆန် ရိုက်ကူးမယ်ဆိုရင်လည်း cloudy ကို ရွေးနိုင်ပါတယ်။

မှောင်တဲ့နေရာတွေမှာဆိုရင် ဆက်တင်ဆန့်ကျင်ဘက်ချိန်ပါ။ ရိုက်ကူးခံမယ့်သူ သို့မဟုတ် အရာဝတ္ထုတစ်ခုကို ဖိုးကပ် ထောက်ပြီး စခရင်အပေါ်ဘက်ကို ဆွဲကာ နေပုံသဏ္ဍာန် exposure ဆိုတာကို အမြင့် ဆုံးထားလိုက်ပါ။

တချို့ဓာတ်ပုံတွေက အလျားလိုက် ရိုက်ကူးရတာမျိုး ရှိပါတယ်။ မြင်ကွင်း ကျယ်ကျယ် ရိုက်ကူးမယ့် aနရာတွေ၊ အဖွဲ့လိုက်ပုံ ရိုက်ကူးဖို့ horizon mode နဲ့ ရိုက် ကူးကြ ပါတယ်။ ဖုန်းကင်မရာ ကိုယ်ထည်ကို အလျားလိုက် ရိုက်ကူးတာက horizon setting ချိန်ပြီး ရိုက်ကူး တာလောက် resolution သိပ်မကောင်းပါဘူး။

Horizon mode ရိုက်ကူးမယ်ဆိုရင် ဆက်တင်ထဲက grid ကို turn on လုပ်ပါ။ Setting>Photos & Camera >Grid On ထဲဝင်ပါ။ HDR ကို turn on လုပ်ပြီး high-lights နဲ့ shadows ကို on ပါ။

အဲသည်ထဲ က frame the horizon along the grid lines ကိုရွေးပြီး ရိုက်ကူးပါ။ Gird Line တွေမှာ ratio အချိုးတွေကိုရွေးပြီး ရိုက်ကူး နိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Wednesday, January 25, 2017

အန်းဒရွိုက်ကနေ အိုင်ဖုန်းထဲကို ဒေတာတွေ လွယ်လွယ်ကူကူ လွှဲပြောင်းနိုင်ဖို့




ရန်ကုန်၊ ဇန်နဝါရီ ၂၂ - အန်းဒရွိုက် ဖုန်းကနေ အိုင်ဖုန်းကို လွယ်လွယ် ကူကူနဲ့ ဒေတာ ဖိုင်တွေကို အိုင်ကျွန်း မလိုဘဲ တိုက်ရိုက် လွှဲပြောင်း နိုင်ပါတယ်။ အိုင်အိုအက်စ် (official) ကနေ ဂူးဂဲလ် ပလေးစတိုးနဲ့ ချိတ် ဆက်ပြီး လုပ်ဆောင်ရ မှာ ဖြစ်ပါတယ်။

သည်နည်းလမ်းတွေကို ပြည်တွင်း ဆော့ဖ်ဝဲ နည်းပညာရှင် တွေက ရှင်းပြ ထားတာ ဖြစ်ပါတယ်။

အချို့နည်းလမ်းတွေ ကတော့ Apple ဝက်ဘ်ဆိုက်နဲ့ နိုင်ငံခြား အိုင်တီဝက်ဘ် ဆိုက် Gadgets ကနေ ကိုးကားထားတာ ဖြစ်ပါတယ်။

ဂူးဂဲလ် ပလေး စတိုးရဲ့တရားဝင် အိုင်အိုအက်စ် ကနေ အလို အလျောက် လွှဲပြောင်း နိုင်ပါတယ်။ ဖုန်း contacts ၊ မက်ဆေ့ခ်ျ၊ ဓာတ်ပုံနဲ့ ဗီဒီယို၊ web bookmarks (ဝက်ဘ်ဆိုက်မှာ မှတ်ထားတာတွေ) မေးလ်အကောင့် စတာတွေကို တစ်ကြိမ်ထဲနဲ့ လွှဲပြောင်း နိုင်ပါတယ်။

မလွှဲပြောင်းခင်သိထားရမှာ

နောက်ပြီး အက်ပဲလ်ရဲ့တရားဝင် ဝက်ဘ်ဆိုက်ရဲ့အဆိုအရ အက်ပဲလ်စတိုး ရဲ့လုပ်သားတွေက အန်းဒရွိုက်ဖုန်းကနေ အိုင်ဖုန်းကို ဒေတာတွေ လွှဲပြောင်းဖို့ အခမဲ့လုပ်ဆောင်ပေးမှာဖြစ်တာကြောင့် ဝက်ဘ်ဆိုက်ထဲမှာ အကူအညီသွား တောင်းနိုင်ပါတယ်။

ဖိုင်ဒေတာတွေကို မလွှဲပြောင်းခင် ကိုယ့်ဆီမှာ ဟာ့ဒ်ဝဲနဲ့ ပတ်သက်တာ အစုံအလင် ရှိရပါမယ်။ အိုင်အိုအက်စ် အတွက် ထုတ်ထားတဲ့ ဂူးဂဲလ် အက်ပ်တွေကို ဒေါင်းလုပ်ဒ် ဆွဲထားရမှာ ဖြစ်တယ်။ Google drive storage ရှိရပါမယ်။

လိုအပ်တာတွေက

ဖိုင်ဒေတာအလွှဲအပြောင်းဖြစ်စေ၊ အက်ပ်အလွှဲအပြောင်းဖြစ်စေ အန်းဒရွိုက်ကနေ အက်ပဲလ်ကို လွှဲမှာဖြစ်တာကြောင့် လုံခြုံရေးအရ အက်ပဲလ်အိုင်ဒီ (Apple ID)ကနေ ဖြတ်သွားရမှာဖြစ်တာကြောင့် အိုင်ဒီအကောင့် လိုအပ်ပါတယ်။ တကယ် လို့မိမိရဲ့အိုင်ဖုန်းက အလုံးအသစ်ဖြစ်နေ တယ်ဆိုရင်တော့ အိုင်ဒီအကောင့်အသစ် လုပ်ပါ။

နောက်တစ်ချက်က လွှဲပြောင်းမယ့် ဖုန်းနှစ်လုံးစလုံးမှာ ချိတ်ဆက်ဖို့ အင်တာ နက်ဒေတာ ဒါမှမဟုတ် ဝိုင်ဖိုင် (wifi) ကော်နက်ရှင် လိုအပ်ပါတယ်။ နောက်ပြီး လွှဲပြောင်းမယ့်အိုင်ဖုန်းက အလုံးအသစ် ဒါမှမဟုတ် factory reset ချထားဖို့လိုပါ တယ်။

ပထမအချက်အနေနဲ့ အရင်ဆုံးဖိုင်တွေကို ပြောင်းထည့်မယ့်အန်းဒရွိုက်ဖုန်းထဲမှာ iOS app (တရားဝင်) ကို ဒေါင်းလုပ်ဒ်ဆွဲပါ။ ဒေါင်းလုပ်ဒ်ဆွဲပြီးတာနဲ့ဒေတာဖိုင်တွေကို အချိန်မဆွဲဘဲ ချက်ချင်းပြောင်းထည့်ရမှာဖြစ်ပါတယ်။ ပြီးရင် အဲ သည်အက်ပ်ထဲဝင်လိုက်တာနဲ့ ကုတ်နံပါတ်တောင်းပါလိမ့်မယ်။  အဲသည်ကုတ်က လွှဲပြောင်းမယ့် အိုင်ဖုန်းထဲ ကနေ ရယူရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ လွှဲပြောင်းမယ့်အိုင်ဖုန်းကိုဖွင့်ပါ။ အဲသည်အိုင်ဖုန်းမှာ Hello ဆိုတဲ့စာတိုမက်ဆေ့ခ်ျဘောက်စ် ကို ပြပါလိမ့်မယ်။ မက်ဆေ့ခ်ျထဲဝင်ပြီးရင် Move Data from Android ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။

ပြီးရင်သူပြောတဲ့အတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားပါ။ အိုင်ဖုန်းမှာ ကုတ်နံပါတ်ပြလာခဲ့ရင် ကုတ်ကို ခုနက အန်းဒရွိုက်ဖုန်းမှာ တောင်းထားတဲ့ ကုတ်နံပါတ်ဘောက်စ်မှာ ရိုက်ထည့်ပါ။

ကုတ်နံပါတ်တစ်ကြိမ်ပဲ ရိုက်ထည့်ခွင့်ရှိတာကြောင့် မမှားအောင် သေချာရိုက်ပါ။ ကုတ်နံပါတ်ထည့်ပြီးရင် ဖုန်းနှစ်လုံးကြားဖိုင်အလွှဲအပြောင်းလုံခြုံမှုရှိအောင် အိုင် ဖုန်းထဲမှာ သီးသန့်ကိုယ်ပိုင်ဝိုင်ဖိုင် (wifi) ကော်နက်ရှင်ကို ဖန်တီးပေးရမှာ ဖြစ်ပါ တယ်။

ဝိုင်ဖိုင်ကို ချိတ်ပြီးလိုက်တာနဲ့ မိမိ ပြောင်းထည့်ချင်တဲ့ဖိုင်ဒေတာတွေကို ဘယ်ဟာတွေလဲဆိုတာ မေးပါလိမ့်မယ်။ အဲသည်မှာ ဓာတ်ပုံဆိုရင် camera roll ၊ သီချင်းဆိုရင် music စတာတွေကို အမှန် ခြစ်လုပ်ပြီး ရွေးကာ တရာ transfer data ကို နှိပ် ရမှာဖြစ်ပါတယ်။ ဖိုင်ဒေတာတွေ လွှဲပြောင်း ပြီးရင် အခြေအနေကို မိနစ်အနည်းငယ်စောင့်ပါ။  လွှဲပြောင်းတာ အောင်မြင်သွားပြီဆိုရင် အိုင်ဖုန်းမှာမေးမယ့်မေးခွန်းတွေကို ဖြေဆိုဖို့အဖြေတွေရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က အိုင်ဖုန်းထဲမှာရှိ တဲ့အက်ပ်တွေကို ပြန်ဖျက်ပြီး အစကနေ ဒေါင်းလုပ်ဒ်ဆွဲရင် ပိုကောင်းပါတယ်။ ပြီးရင် အိုင်ဖုန်း (သို့) အက်ပဲလ်ဝက်ဘ်ဆိုက် မှာရှိတဲ့အန်းဒရွိုက် free app ကို အပ်ဒိတ်လုပ်ပါ။ ဘာကြောင့်လဲဆိုတော့ အန်းဒရွိုက်ကနေ အိုင်ဖုန်းဆီ ဖိုင်ဒေတာတွေကို အချိန်မရွေး လွှဲပြောင်းလို့ ရအောင် ဖြစ် ပါတယ်။

အီးမေးလ်အကောင့်နဲ့ ဖုန်းနံပါတ်

အီးမေးလ်လိပ်စာအကောင့်နဲ့ ဖုန်းနံပါတ်ဒေတာတွေပြောင်းဖို့အတွက်က ကွန်ရက်သက်သက်ဖြစ်တဲ့အတ∑က် လွှဲပြောင်း ရာမှာ ကြားခံချိတ်ဆက်ဖို့ ဂူးဂဲလ်ဆာဗာကနေ သွားရမှာ ဖြစ်ပါတယ်။ ဂူးဂဲလ် မေးလ်ကနေတစ်ဆင့် အီးမေးလ်လိပ်စာ အကောင့်နဲ့ ဖုန်းနံပါတ်တွေကို တစ်ပြိုင်တည်း လွှဲပြောင်းရမှာ ဖြစ်ပါတယ်။

တချို့အန်းဒရွိုက်ဖုန်းတွေက ပြည်တွင်း local အပိုင်းထဲက ဆင်းမ်ကတ်တွေနဲ့ သုံးတာဖြစ်တာကြောင့် ဂူးဂဲလ် contacts နဲ့  ချိတ်ဆက်ဖို့ လိုအပ်ပါတယ်။ ဥပမာ ဂူးဂဲလ်ပလေးစတိုး၊ ဂျီမေးလ်စတာတွေသုံးတဲ့သူဆို မလိုအပ်ပါဘူး။ ရှောင်းမီ ဖုန်းတွေက Mi account နဲ့ သီးသန့် သုံးစွဲသူများတာကြောင့် ဂူးဂဲလ်နဲ့ချိတ်ဆက်ပါ။

သိမ်းထားတဲ့ဖုန်းနံပါတ်တွေ လွှဲပြောင်းဖို့  အန်းဒရွိုက်ဖုန်းထဲကဖုန်း contacts ထဲဝင်ပြီး Menu နှိပ်ပါ။ Import/ export ဆိုတာကို ရှာပါ။ ဆင်းမ်ကတ်ထဲသိမ်းဖို့ Import from SIM card ရွေးပါ။ ဂူးဂဲလ်အကောင့်နဲ့ သိမ်းထားမလားမေးရင် save ကိုရွေးပြီး အီးမေးလ်လိပ်စာရိုက် ရပါမယ်။ လွှဲပြောင်းမှာဖြစ်တာကြောင့် export ကို ရွေးပါ။ ပြီးသွားရင် စင်ခရိုနိုက်စ် Syn လုပ်ရုံပါပဲ။

အန်းဒရွိုက်အက်ပ်အချို့ကိုပါ လွှဲနိုင်

ဒါ့အပြင်  အန်းဒရွိုက်အတွက် ထုတ် လုပ်ထားတဲ့အိုင်အိုအက်စ် (တရားဝင်) iOS free app အက်ပ်ထဲကနေလည်း အန်းဒရွိုက်အက်ပ်တွေကို အက်ပဲလ်စတိုး ဆီ အပြောင်းအရွှေ့လုပ်နိုင်ကြောင်း သိရပါတယ်။

From : ကုမုဒြာဂျာနယ် by : မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Monday, December 12, 2016

Web Browser မှ Private Data များကို အလိုအလျောက် ရှင်းလင်းရန် ပြုလုပ်ခြင်း




အင်တာနက် သုံးစွဲတဲ့ အခါမှာ အသုံးပြုတဲ့ Web browser တွေဖြစ်တဲ့ Chrome, Firefox, Microsoft EDGE Browser, Opera အစရှိ တာတွေမှာ ကိုယ်ရှာဖွေ အသုံးပြု ထားတဲ့ Private data တွေကို browser ပိတ်တဲ့ အချိန်မှာ အလို အလျောက် တစ်ခါတည်း ရှင်းလင်း သွားစေ ချင်တယ်ဆို ရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။



Google Chrome ကနေ Private Data တွေကို အလိုအလျောက် ရှင်းလင်းဖို့အတွက်ဆိုရင် Chrome Menu ရဲ့ Settings ကိုရွေးချယ်ပါ။



Settings အောက်ကို ရောက်ပြီဆိုရင် Show advanced settings ဆိုတာကို နှိပ်ရပါမယ်။



နောက်တစ်ဆင့်ကတော့ Privacy section ထဲက Content settings ဆိုတဲ့ခလုတ်ကို နှိပ်ပေးရပါမယ်။



Content settings အောက်ကို ရောက်ပြီဆိုရင် Cookies section အောက်က Keep local data only until you quit your browser ဆိုတာကို ရွေးချယ်ပေးထားရပါမယ်။ ပြီးရင် Done ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Chrome browser ကိုပိတ်လိုက်တာနဲ့ Private data တွေကို အလိုအလျောက် ရှင်းလင်းပေးသွား ပါလိမ့်မယ်။



အကယ်၍ Chrome extension ကို အသုံးပြုမယ်ဆိုရင် Click&Clean ဆိုတဲ့ extension ကို http://bit.ly/2h8x89m ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားယူရပါမယ်။ အဆိုပါ extension ကို ထည့်သွင်းပြီးရင် Toolbar မှာ အဆိုပါ Click&Clean icon ကိုတွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ပြီးရင် Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်သွားပြီဆိုရင် Delete private data when Chrome closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Run Cleaner ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် extension နဲ့ အလိုအလျောက် ရှင်းလင်းတဲ့ နည်းလမ်းပြီးဆုံးပါပြီ။



Mozilla Firefox ကနေ ပြင်ဆင်ဖို့ အတွက်ဆိုရင် Firefox Menu ကိုနှိပ်ပြီး Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်ပြီဆိုရင် Privacy ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Privacy အောက်ကမှ History ဆိုတဲ့ section ထဲမှာ Firefox will ဆိုတဲ့ drop down box ကိုနှိပ်ပြီး Use custom settings for history ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



ရွေးချယ်ပေးပြီးရင် Clear history when Firefox closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပေးရပါမယ်။



ပြီးရင် Settings ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး Browsing & Download History ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Ok ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Firefox browser ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို browser ပိတ်လိုက်တာနဲ့ ဖယ်ရှားပေးသွား ပါလိမ့်မယ်။



Microsoft EDGE Browser ကနေ data တွေကို ရှင်းလင်းဖို့ အတွက်ဆိုရင် browser ညာဘက်ထောင့် အပေါ်ဘက်နားမှာရှိတဲ့ More ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။



Menu ထဲက Settings ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



Settings ထဲကမှ Choose what to clear ဆိုတာကို နှိပ်လိုက်ပါ။

အဆိုပါ အဆင့်ပြီးသွားရင် Always clear this when I close the browser ဆိုတဲ့ toggle ဆိုတဲ့နေရာမှာ enable ပြုလုပ်ပေးရပါမယ်။

ဒါဆိုရင် Microsoft EDGE browser မှာ browser ပိတ်လိုက်တာနဲ့ data တွေကို ရှင်းလင်းပေးဖို့လုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

Opera အတွက် ပြုလုပ်မယ်ဆိုရင်တော့ Opera Menu ထဲက Settings ဆိုတာကို ရွေးလိုက်ပါ။

Privacy & Security အောက်က Cookie section အောက်မှာ keep local data only until I quit my browser ဆိုတာကို ရွေးချယ်ပေး ထားပါ။

ဒါဆိုရင် Opera browser ကိုပိတ်လိုက်တာနဲ့ privacy data တွေကို တစ်ခါတည်း ဖယ်ရှားပေးလိုက်မှာ ဖြစ်ပါတယ်။

Ref: howtogeek

From : Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/9000


Read More »

Friday, November 18, 2016

Windows 10 User Account ကို Login Screen တွင် ဝှက်ထားခြင်း




Windows 10 သုံးစွဲ ထားတဲ့ ကွန်ပျူတာ တစ်လုံးမှာ User Account တစ်ခု ထက်မက ပိုမို အသုံးပြု ထားတယ် ဆိုရင် Windows 10 ရဲ့ Login Screen မှာ User Account တွေကို ဝှက်ထား နိုင်မှာ ဖြစ်ပါတယ်။

Windows 10 Login Screen ကနေ User account တွေကို ဝှက်ထားဖို့ အတွက် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

User account တွေကို ဝှက်ထားဖို့ အတွက် Registry Editor ကနေ ပြင်ဆင် ရမှာ ဖြစ်ပါတယ်။ Registry editor ကနေ မပြင်ဆင် ခင်မှာ User account တွေကို စစ်ကြည့်ဖို့ အတွက် Win + R key နှိပ်ပြီး Run box ကိုခေါ်ပါ။

Run box ထဲမှာ netplwiz ဆိုတဲ့ command နဲ့ Ok ကို နှိပ်ရမှာ ဖြစ်ပါတယ်။


ဒါဆိုရင် ကွန်ပျူတာ ထဲမှာ တည်ဆောက် ထားတဲ့ User account များကို တွေ့ရ ပါမယ်။ ကိုယ် Hide ပြုလုပ်ချင်တဲ့ အကောင့် နာမည် တွေကို စာရင်းနဲ့ သေချာ မှတ်ထားပါ။


နောက်တစ်ဆင့်ကတော့ Registry Editor ကို အသုံးပြုပြီး Login Screen က User account တွေကို ဝှက်ထားမှာဖြစ်တဲ့အတွက် Registry Editor ကို ဖွင့်ရပါမယ်။ Run box မှာ regedit ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။


Registry Editor တက်လာပြီဆိုရင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။ Winlogin ဆိုတဲ့နေရာ ကိုရောက်ပြီဆိုရင် Right-click နှိပ်ပြီး New > Key ဆိုတာကို ရွေးချယ်ပေးရပါမယ်။


ပြီးသွားရင် အဆိုပါ key နာမည်ကို SpecialAccounts ဆိုတဲ့ အမည်ပေးလိုက်ပါ။

နာမည်ပေးပြီးသွားပြီဆိုရင် SpecialAccounts ဆိုတဲ့ key ကို select ပြုလုပ်ပြီး Right-click နှိပ်ကာ New > Key ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ ပြီးသွားရင် UserList ဆိုတဲ့ နာမည်ကိုပေးရပါမယ်။


UserList key file ကို Select မှတ်ပြီး Right-click ထပ်မံ နှိပ်ရပါမယ်။ ပြီးသွားရင် New > DWORD (32-bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။


အဆိုပါအဆင့်တွေပြီးသွားပြီ ဆိုရင် DWORD ဖိုင်ကို Double-click နှိပ်ပြီး ကိုယ်ဝှက်ထားချင်တဲ့ Windows 10 မှာအသုံးပြုတဲ့ အကောင့်နာမည်ကို ထည့်သွင်းပေးရပါမယ်။ Account ကို ထည့်သွင်းပြီးပြီဆိုရင် Value data မှာ 0 (Zero) ထားပေးရပါမယ်။ ပြီးရင် Ok button ကို နှိပ်ပြီး save ပြုလုပ်ရပါမယ်။


အထက်မှာ ဖော်ပြထားတဲ့ အဆင့်တွေ ပြီးပြီ ဆိုရင် Windows 10 Login Screen က User account တွေကို ဝှက်ထားတဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

Ref:maketecheasier

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8486



Read More »

Recent Document များကို ဘယ်လို ဖယ်ရှားမလဲ




Windows 10 တွင် Microsoft Word ကိုဖွင့်၍ အသုံးပြုသည့် အခါ Recent Document များကို အမြဲ ဖော်ပြ ပေးနေ တတ်ပါတယ်။ Recent Document တွေကို မဖော်ပြ စေချင်ရင် အောက်ပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Recent Document များကို မဖော်ပြ စေချင်တဲ့ အခါမှာ Group Policy ကနေ ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။

Group Policy ကို အသုံးပြုဖို့အတွက် Win + R key ကို နှိပ်ပြီး Run box ကိုခေါ်ပါ။ Run box ပေါ်လာရင် gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့် ရပါမယ်။

အဆိုပါ command ကို ရိုက်ထည့်ပြီးပြီဆိုရင် Group Policy Editor တက်လာပါလိမ့်မယ်။ Group Policy ထဲကိုရောက်ပြီဆိုရင် User Configuration > Start Menu and Taskbar ဆိုတဲ့လမ်းကြောင်း အတိုင်း သွားရပါမယ်။ Start Menu and Taskbar အောက်မှာမှ Clear history of recently opened documents on exit ဆိုတာကို select ပြုလုပ် လိုက်ပါ။

Select ပြုလုပ်ပြီးသွားရင် double click နှိပ်ပြီး Enable ဆိုတာကိုရွေးချယ်ပေးရပါမယ်။ အဆိုပါ အဆင့်တွေပြီးသွားရင် Group Policy ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Microsoft Word ကို အ သုံးပြုပြီး ထွက်လိုက်တဲ့ အချိန်မှာ ကျန်ခဲ့တဲ့ Recent document တွေကို ရှင်းလင်းတဲ့ လုပ်ငန်းစဉ် ပြီးပြီ ဖြစ်ပါတယ်။

Ref: howtogeek

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8692



Read More »

အသုံးမပြုတော့တဲ့ Google Account ကို ဘယ်လို ဖျက်မလဲ




အသုံးမပြု တော့တာ ကြာပြီ ဖြစ်တဲ့ Google Account အဟောင်းတွေနဲ့ အသုံး မပြုချင် တော့တဲ့ Google Account တွေကို ဖျက်ပစ် ချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Google Account ကိုဖျက်ဆီးပစ်တော့မယ်ဆိုရင် gmail အတွင်းမှာရှိတဲ့ အချက်အလက်တွေကို download ပြုလုပ်ထားပြီးမှသာ Google account ကို ဖျက်သင့်ပါတယ်။

Google Email ထဲက အချက်အလက်တွေကို download ပြုလုပ်ဖို့အတွက် ဆိုရင် Google Takeout ကနေ သွားရောက်ပြီး Download ပြုလုပ်ရပါမယ်။

Google Takeout ကို အသုံးပြုရန်အတွက် https://takeout.google.com/settings/takeout (ဒီနေရာကနေ) သွားရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါ တယ်။



Email ထဲက အချက်အလက်တွေကို download ပြုလုပ်ပြီးပြီဆိုရင် Google Account ကို ဖျက်ပစ်ရန် အတွက် https://myaccount.google.com/preferences… ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။



အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Delete produts နဲ့ Delete Google Account and data ဆိုတာကို တွေ့မြင်ရပါမယ်။ Delete products ဆိုတာကတော့ Google ထုတ်ကုန်တွေဖြစ်တဲ့ Google+, YouTube, Mail အစရှိတဲ့ မလိုချင်တဲ့ product တွေကို ဖျက်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။



Google Account and data ကိုရွေးချယ်မယ်ဆိုပါက Google Calendar, Drive, Gmail, Contacts, YouTube အစရှိတာတွေနဲ့ Gmail ထဲက အချက်အလက်တွေအကုန်လုံး အပြင် Google Account ကိုပါ ဖျက်ပစ်သွားပါလိမ့်မယ်။



Google Product တွေကိုသာဖျက်ပစ်မယ်ဆိုရင် ကိုယ်ဖျက်ချင်တဲ့ Product ကိုရွေးချယ်ပြီး အမှိုက်ပုံးကို ကလစ်နှိပ်လိုက်ပါ။ ဒါဆိုရင် အဆိုပါ Google Account မှာရှိတဲ့ ကိုယ်ဖျက်ချင်တဲ့ product ကို ဖျက်ဖို့အတွက် Verification email ကိုထည့်သွင်းပေးရပါလိမ့်မယ်။ လက်ရှိ အသုံးပြုနေတဲ့ email တစ်ခုခုကို ထည့်သွင်းပေးလိုက်ပါ။



ကိုယ်ထည့်သွင်းထားတဲ့ email ကိုဖွင့်ပြီး အတည်ပြုချက် ပြုလုပ်ပေးရပါမယ်။ ပေးထားတဲ့လင့်ခ်ကို နှိပ်ပြီး အတည်ပြုပေးလိုက်ပါ။



အဆိုပါ link ကို နှိပ်ပြီး ကိုယ်ဖျက်ပစ်ချင်တဲ့ Product ကို Delete ပြုလုပ်နိုင်မှာဖြစ်ပါတယ်။



Delete Google Account and data ဆိုတာကို နှိပ်လိုက်ပါက Google Account တစ်ခုလုံးကို ဖျက်ပစ်ပေးသွားမှာဖြစ်ပြီး မှားယွင်းဖျက်ပစ်မိတယ်ဆိုရင်လည်း Account ကို ပြန်လည်ရယူရန် Support Center ကို ဖော်ပြပေးထားပါလိမ့်မယ်။ အဆိုပါ နေရာတွင် မိမိ Recovery ပြန်လည်လုပ်ချင်တဲ့ email လိပ်စာကို ထည့်ပြီး password ကိုပါ ပြန်ထည့်ပေးရမှာ ဖြစ်ပါတယ်။

Ref: howtogeek

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8692



Read More »

Microsoft EDGE Browser ကို Reset ပြုလုပ်ခြင်း




Microsoft EDGE Browser ကို အသုံးပြု သူများ အနေနဲ့ Browser အတွင်းမှာ ရှိတဲ့ Browsing History, Website Data တွေနဲ့ Cookie တွေကို ဖယ်ရှား ရှင်းလင်း ချင်တယ်ဆို ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်၍ Reset ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံး Microsoft EDGE Browser ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် ညာဘက်ထောင့် အပေါ်နားမှာ ရှိတဲ့ ကန့်လန့်ဖြတ် အစက်လေး သုံးစက်နဲ့ ခလုတ်ကို နှိပ် ပြီး Settings ကို ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။

Settings ထဲကို ရောက်ပြီဆိုရင် Choose what to clear ဆိုတာကို နှိပ်လိုက်ပါ။ အဆိုပါ ခလုတ်ကိုနှိပ်လိုက်ရင် ကိုယ်ဖျက်မယ့် အပိုင်းတွေကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Browser History တွေနဲ့ Cookie တွေကို ဖျက်ချင်တယ်ဆိုရင် သက်ဆိုင်ရာ နေရာတွေမှာ အမှန်ခြစ်ပေးပြီး Browser ထဲမှာ သိမ်းထားတဲ့ password တွေကို ဖျက်ချင်တယ်ဆိုရင် Password ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပေးရပါမယ်။

ကိုယ်ရှင်းချင်တာတွေကို အမှန်ခြစ်ထည့်ပြီး ရွေးချယ်ပြီးပြီဆိုရင် Clear ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းကတော့ Microsoft EDGE Browser ကို အလွယ်တကူနဲ့ Reset ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8683



Read More »

Windows 10 တွင် Program များကို Keyboard Shortcut ဖြင့် ဖွင့်ခြင်း




တစ်ခါ တလေ မိမိအ သုံးပြု နေကျ app တွေကို အသုံးပြုတဲ့ အခါမှာ Windows 10 ပေါ်ကနေ Program file တွေကို လိုက်လံ ရှာဖွေ ပြီး ဖွင့်စ မလို တော့ပါဘူး။

Windows 10 ပေါ်ကနေ ကိုယ်အသုံးပြုနေကျ application တွေကို Keyboard ပေါ်ကနေ Shortcut နဲ့ ဖွင့်နိုင်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

ကိုယ်ဖွင့်ချင်တဲ့ application ဟာ Start Menu မှာ Pin တွဲထားတယ်ဆိုရင် Start Menu ကို နှိပ်ပါ။ ပြီးရင် ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲကို Right-click နှိပ်ပြီး More > Open file Location ဆိုတာကို ရွေးချယ်ပေးရပါမယ်။

Open file location ကိုရွေးချယ်လိုက်ရင် အဆိုပါ ဆော့ဖ်ဝဲရှိတဲ့ နေရာကို ဖော်ပြပါလိမ့်မယ်။ ဆော့ဖ်ဝဲကို Right-click နှိပ်ပြီး Properties ကိုရွေးချယ်ရမှာဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ Pro-perties box ကျလာရင် Shortcut ဆိုတဲ့ နေရာမှာ ကိုယ်အသုံးပြုချင်တဲ့ shortcut key ကို သတ်မှတ်ရပါမယ်။ သတ်မှတ်ရတဲ့ key ပုံစံက Ctrl + Alt +(key) ဖြစ်ပါတယ်။

ပြီးရင် Apply button ကို နှိပ်လိုက်ရင် Access Denied ဆိုတဲ့ Pop up တက်လာပါလိမ့်မယ်။ ဆက်သွားပါ။ အဆိုပါ လုပ်ငန်းစဉ်ကနေ Ok နှိပ်ပြီး ထွက်လိုက်ရင် Program တွေကို Keyboard Shortcut နဲ့ ဖွင့်နိုင်အောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါတယ်။

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8334



Read More »

Sunday, November 13, 2016

Facebook အကောင့်ကို ခဏတာ သို့မဟုတ် အပြီးတိုင် ဖျက်သိမ်းနည်း




Facebook ဟာ လူမှု ကွန်ရက် ဖြစ်တာနဲ့ အညီ လူမျိုးစုံနဲ့ ထိတွေ့ ဆက်ဆံ ကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook မှာလည်း တကယ့် လက်တွေ့ ဘ၀တွေ မှာလို ပေါင်းသင်း ဆက်ဆံရေးမှာ ပြဿနာတွေ ရှိကြ ပါတယ်။

ဒီလို ပြဿနာတွေ များပြားနေ ရင်တော့ သင့်ရဲ့ အကောင့်ကို ခဏတာ ပိတ်သိမ်းခြင်း သို့မဟုတ် အပြီးတိုင် ဖျက်ပစ်ခြင်း တို့ကို ပြုလုပ် နိုင်ပါတယ်။

Facebook အကောင့်ကို ခဏတာ ဖျက်သိမ်းနည်း သို့မဟုတ် Deactivate ပြုလုပ်နည်း

၁။ သင့်ရဲ့ Facebook App ကို ဖွင့်ပြီး ညာဘက် အပေါ် ထိပ်မှ Menu ကို နှိပ်ပါ။



၂။ Account Settings ထဲသွားပြီး Security ကို နှိပ်ပါ။



၃။ Security Settings Page ရဲ့ အောက်ခြေမှာ Account > Deactivate ကို တွေ့ရမှာ ဖြစ်ပါတယ်။ Deactivate ကို နှိပ်ပါ။



၎။ သင့်ရဲ့ Password ကို တောင်းခံရင် ထည့်ပေးပါ။

၅။ နောက် အဆင့်မှာတော့ ဘာကြောင့် Deactivate ပြုလုပ်သလဲ ဆိုတာကို Facebook က သင့်ကို စစ်တမ်း ကောက်ယူမှာ ဖြစ်ပါတယ်။



၆။ စစ်တမ်းမှ “ Opt out of receiving future emails from Facebook “ မှာ အမှန်ခြစ် ပေးမှသာ Deactivate ပြုလုပ် ထားချိန်မှာ သင့်ထံ Facebook မှ အီးမေးများ မ၀င်လာမှာ ဖြစ်ပါတယ်။

ဖြေဆိုပြီးရင် Deactivte ကို ထပ်နှိပ်ပါ။ Password တောင်းရင် ထည့်ပေးပါ။ ဒါဟာ နောက်ဆုံး အကြိမ် Password တောင်းခံခြင်း ဖြစ်ပြီး ပြီးရင်တော့ သင့်အကောင့်ကို Deactivate သို့မဟုတ် ခဏတာ ပိတ်သိမ်း လိုက်မှာ ဖြစ်ပါတယ်။ ခဏတာ ပိတ်သိမ်းထားတဲ့ အတွက် သင်ပြန်လည် အသုံးပြု ချင်တဲ့ အချိန်မှာ Username, Password ထည့်ပေးပြီး အသုံးပြုနိုင် ပါတယ်။



Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနည်း


Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းချင်ရင် သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြား ဒေတာများကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ အဲဒီအတွက် မဖျက်သိမ်းခင်မှာ အဲဒီဒေတာများကို ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Menu> Settings > General ထဲသွားပါ။ အောက်ခြေမှ “ Download a copy of your Facebook data” ဆိုတဲ့ လင့်ကို နှိပ်ပါ။ နောက်အဆင့်မှာ Start My Archive ကို နှိပ်ပါ။

ဒေါင်းလုပ်ရယူပြီးရင်တော့ အောက်ပါ လင့်ကနေ သင့်ရဲ့ အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနိုင်ပါတယ်။

https://goo.gl/gJRAXh



အကောင့်ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်ဟာ ရက် ကိုးဆယ်လောက် ကြာတတ် ပါတယ်။

Originally published at - http://www.blog.myanmardigitallife.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »