တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label iPhone-guide. Show all posts
Showing posts with label iPhone-guide. Show all posts

Monday, May 15, 2017

အိုင်ဖုန်းသုံးသူတွေ ပုံကောင်းကောင်းရဖို့ ကင်မရာ ဘယ်လို ချိန်မလဲ?




အိုင်ဖုန်း သုံးစွဲ သူတွေ အနေနဲ့ ဓာတ်ပုံ ကောင်းကောင်း တစ်ပုံ ထွက်ဖို့ ကင်မရာ setting ချိန်နည်း ရိုက်ကူး နည်းတွေကို အက်ပဲလ်က လမ်းညွှန်ပေး လိုက်ပါတယ်။

သည်နည်းလမ်းကတော့ အလွယ်ကူ ဆုံးနဲ့ ဆက်တင်ချိန်ရိုက်ကူးရတာ ဖြစ်ပါ တယ်။ Auto mode ထက် manual mode နဲ့ ရိုက်ကူးမယ်ဆိုရင် မိမိအနေနဲ့ လိုချင်တဲ့ အလင်းအမှောင်ကို သေချာရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။

အိုင်ဖုန်းမှာ အန်းဒရိုက်တွေလို manual mode သီးသန့်မပါဝင်ပေမဲ့ ကင်မရာ ဆက်တင်ချိန်နည်းတွေကို အက်ပဲလ်က သူ့ရဲ့ ဘလော့ဂ်မှာဗီဒီယိုဖိုင်တစ်ခုနဲ့ ဖော်ပြပါတယ်။

နေအလင်းရောင်စူးတဲ့ အချိန်နဲ့ နေ သာတဲ့ အချိန်တွေလိုအပြင်ဘက် outdoor ရိုက်ကူးတာ ဖြစ်စေ၊ မီးအလင်းရောင်များ တဲ့ indoor ဖြစ်စေသည်လို ဆက် တင်ညှိပါ။ အလင်းရောင်အောက်မှာ ဓာတ်ပုံရိုက်ကူးခံမယ့် သူ့ကိုကင်မရာမှာ ဖိုးကပ် ထောက်ပြီးသေချာချိန်ပါ။

စခရင်ပေါ်မှာ လက်နဲ့ အောက်ဘက် ကို ဆွဲပြီးနေပုံသဏ္ဍာန် exposure ဆိုတာကို အနိမ့်ဆုံးထားလိုက်ပါ။ ပြီးတာနဲ့ ချက် ခြင်းရိုက်ကူးပါ။

မိုးအုံ့နေတဲ့ပုံစံမျိုး foreign ဆန်ဆန် ရိုက်ကူးမယ်ဆိုရင်လည်း cloudy ကို ရွေးနိုင်ပါတယ်။

မှောင်တဲ့နေရာတွေမှာဆိုရင် ဆက်တင်ဆန့်ကျင်ဘက်ချိန်ပါ။ ရိုက်ကူးခံမယ့်သူ သို့မဟုတ် အရာဝတ္ထုတစ်ခုကို ဖိုးကပ် ထောက်ပြီး စခရင်အပေါ်ဘက်ကို ဆွဲကာ နေပုံသဏ္ဍာန် exposure ဆိုတာကို အမြင့် ဆုံးထားလိုက်ပါ။

တချို့ဓာတ်ပုံတွေက အလျားလိုက် ရိုက်ကူးရတာမျိုး ရှိပါတယ်။ မြင်ကွင်း ကျယ်ကျယ် ရိုက်ကူးမယ့် aနရာတွေ၊ အဖွဲ့လိုက်ပုံ ရိုက်ကူးဖို့ horizon mode နဲ့ ရိုက် ကူးကြ ပါတယ်။ ဖုန်းကင်မရာ ကိုယ်ထည်ကို အလျားလိုက် ရိုက်ကူးတာက horizon setting ချိန်ပြီး ရိုက်ကူး တာလောက် resolution သိပ်မကောင်းပါဘူး။

Horizon mode ရိုက်ကူးမယ်ဆိုရင် ဆက်တင်ထဲက grid ကို turn on လုပ်ပါ။ Setting>Photos & Camera >Grid On ထဲဝင်ပါ။ HDR ကို turn on လုပ်ပြီး high-lights နဲ့ shadows ကို on ပါ။

အဲသည်ထဲ က frame the horizon along the grid lines ကိုရွေးပြီး ရိုက်ကူးပါ။ Gird Line တွေမှာ ratio အချိုးတွေကိုရွေးပြီး ရိုက်ကူး နိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Saturday, April 22, 2017

အိုင်ဖုန်းမှာ မမ်မိုရီသိုလှောင်မှု မပြည့်စေဖို့ ချွေတာသုံးတဲ့ နည်းလမ်း တချို့




အိုင်ဖုန်း သုံးစွဲ သူတွေ အနေနဲ့ ဖုန်းတွင်းရှိ မမ်မိုရီ မစားအောင် ချွေတာ သုံးစွဲတဲ့ နည်းလမ်း တချို့ကို ဖော်ပြ လိုက်ပါတယ်။

အိုင်အိုအက်စ် ဖုန်း သုံးစွဲ သူတွေ အနေနဲ့ မိုက်ခရို အက်စ်ဒီ ကတ် စိုက်ထည့် လို့ မရတဲ့ ပြဿနာ ကြောင့် ဒေတာ ဖိုင်တွေ အရမ်း ပြည့်လာတဲ့ အခါမှာ အလွယ် နည်းတွေနဲ့ ရှိပြီးသား  အပလီ ကေးရှင်းတွေ၊ ဓာတ်ပုံ တွေနဲ့ ဗီဒီယိုဖိုင် အချို့ကို ခဏခဏ ဖျက်ပစ် ရတဲ့ အခြေ အနေတွေ ရှိတတ် ပါတယ်။

ဥပမာ ဖုန်းတွင်း မမ်မိုရီ ပမာဏ နည်းတဲ့ 16 GB ရှိတဲ့ အိုင်ဖုန်း တွေမှာ ဆိုရင် မမ်မိုရီ ခဏလေးနဲ့ ပြည့်တာ မြန်ပါတယ်။

အိုင်ဖုန်း နောက်ဆုံးပေါ် 128 GB/256 GB ပမာဏ ရှိတာ တွေကို သုံးစွဲသူတွေ အတွက်ကတော့ သည်နည်းလမ်း တွေကို  လိုက်နာ စရာ မလိုပါဘူး။

မမ်မိုရီ မစားစေဘဲ  ပုံမှန် အတိုင်း လျှော့ချ နိုင်မယ့် နည်းလမ်း တွေကို နိုင်ငံ တကာ နည်းပညာ ရှင်တွေက အောက်ပါ အတိုင်း ဖြေရှင်း ထားပါတယ်။

စာတွေကို ဖျက်ပါ

ဖုန်းမက်ဆေ့ခ်ျကနေ တစ် စုံ  တစ် ယောက် ဆီ စာပို့ဖို့ စာရိုက် တဲ့ အခါ text box မှာ စာရိုက်နေရင်း နဲ့ အ ကြောင်း အမျိုးမျိုးကြောင့် မပို့ ဖြစ် တော့တဲ့ အခါ စာတေ∑ကို  မဖျက်ပစ် ဘဲ back ကီး Home ကီး  တို့နဲ့ ထ∑က်ပစ်တတ်ပါတယ်။

အဲသည်အခါ စာတေ∑ကို အလို အလျောက် သိမ်းတတ်တဲ့ draft ဆိုပြီး အနီရောင်  စာလေးက ပေါ် ပါ တယ်။ အဲသည် draft နဲ့  သိမ်းထား မိတာကလည်း မမ်မိုရီကို  အနည်း ငယ် စားစေကြောင်း သိရ ပါတယ်။
ဒါကြောင့် မိမိအနေနဲ့ စာရိုက် နေရင်း မပို့ဖြစ်တော့တဲ့အခါ ရိုက် နေရင်းတန်းလန်း ဖြစ်နေတဲ့ စာတွေကို အဆုံးထိ delete လုပ်ပစ်ပါ။

နောက်တစ်ချက်ကတော့ setting ထဲ ကနေ မက်ဆေ့ခ်ျတွေကို တစ်လ တစ်ခါ သို့မဟုတ် နှစ်လတစ်ခါ အလိုအလျောက် ဖျက်ပစ်တဲ့ auto delete လုပ်ထားရမှာ ဖြစ် ပါတယ်။

မက်ဆေ့ခ်ျ အက်ပ်ရဲ့ setting ကနေ forever လို့ ဖြစ်နေတဲ့ နေ ရာမှာ ၃၀ တစ်ကြိမ် အော်တို ဖျက်မယ့် 30 Days ဆိုတာကို ရွေးပါ။ ရက်သတ္တပတ်နဲ့ လည်း ထားနိုင်တာကြောင့် မမ်မိုရီကို အလိုအလျောက်သတ်မှတ်ထားတဲ့ ရက်အ တိုင်း ပုံမှန်လျော့ကျသွားမှာ ဖြစ်ပါ တယ်။

အီးမေးလ်တွေ ဖျက်ပါ

အီးမေးလ်ကို ရုံးသုံး၊ လုပ်ငန်းသုံးအတွက် နေ့စဉ် ပုံမှန် သုံးစွဲသူတွေအနေနဲ့ အီးမေးလ်ထဲက အဝင်အထွက် inbox/sent mail တွေကို မလိုအပ်ရင် မကြာခဏ ဖျက်ပစ်ပေးဖို့ လိုပါတယ်။

ဖုန်းတွင်းမမ်မိုရီပြည့်သွားတဲ့ အခါမှာ အီးမေးလ်ရဲ့ မူလစာမျက်နှာအပေါ်နားမှာ “internal memory storage full ” ဆိုပြီး သတိပေးစာသားပေါ်နေတက်ပါတယ်။  အဲသည် စာသား မပေါ်သေးရင်တော့  ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မလိုတဲ့ မက်ဆေ့ခ်ျတွေကို နေ့စဉ် သုံးလေးခု ပုံမှန်ဖျက်ပေးတာနဲ့ ဖုန်းတွင်း မမ်မိုရီစားတာကို လျှော့ချ ပြီးသား  ဖြစ်နေမှာပါ။

အဲသည် အခါ အရေးကြီး အီးမေးလ်မက်ဆေ့ခ်ျတွေ မဝင်တဲ့ ပြဿနာ ဖြစ်လာပါတယ်။   အဲလို ဖြစ်လာတိုင်း ဖြေရှင်းမှု အနေနဲ့ မလိုအပ်တော့တဲ့ အဝင်အထွက် မက်ဆေ့ခ်ျ တော်တော် များများကို delete လုပ်ပါ။

ပုံတွေကို  ထပ်ခါ ထပ်ခါ မသိမ်းပါနဲ့

တစ်ခါတလေ ဓာတ်ပုံနဲ့ image ဖိုင်တွေကို photo edit ကနေ save ပြီး  သိမ်းတာတွေ၊ အင်တာ နက်ပေါ်ကနေ ဒေါင်းလုပ်ဒ် save လုပ်တဲ့အခါမှာ မိမိအနေနဲ့  ထပ်ခါ ထပ်ခါ save မလုပ်မိဖို့  သတိထားပါ။

ဥပမာ အနေနဲ့ လိုင်းမကောင်း လို့ ပုံတွေ save မလုပ်ဖြစ်ဘူးထင် ပြီး  ထပ်ခါထပ်ခါ သိမ်းမိလိုက်တာ ကြောင့် ပုံက 5MB ဆိုရင် နှစ်ခါ သိမ်းမိတာကြောင့်  10MB နှစ်ဆ ဒေတာ များတာကြောင့် gallery အက်ပ်ထဲဝင်ပြီး  တစ်ခါ ထပ်ပိုပြီး သိမ်းထားမိလားဆိုတာကို ဝင် ကြည့်ပြီး ပိုနေရင်  ဖျက်ပစ်ရမှာ ဖြစ် ပါတယ်။

ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါ မှာလည်း ဓာတ်ပုံဆရာတွေလို ပရော်ဖက်ရှင်နယ် မဟုတ်ဘဲ သည် အတိုင်း ရိုက်ကူးမယ်ဆိုရင် setting ထဲမှာ normal ဆိုတာ ထား ပြီး ရိုက်ကူးပါ။

Pixel အကြည်ရ အောင် ရိုက်တဲ့ ရုပ်ပုံတွေက မမ်မိုရီ  ကို သိသိသာသာ စားစေတာ ကြောင့် ဖြစ်ပါတယ်။

နောက်ပြီး နာမည်ကြီး  လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ အင်စတာ ဂရမ် (instagram) အကောင့်ကို သုံးစွဲသူတွေ အနေနဲ့ အင်စတာဂရမ်မှ ဓာတ်ပုံတွေတင်တိုင်း  မိမိရဲ့ ဖုန်းထဲက gallery ထဲမှာ အလိုအလောက်ဝင်နေတာ ဖြစ်ပါတယ်။ အဲသည်မှာ ပုံတင်ပြီးတိုင်း gallery အက်ပ်ထဲဝင်ပြီး instagram ဆိုတဲ့ အယ်ဘမ်ထဲက  ပုံတွေကို ဖျက်ပစ်ပါ။

ဗီဒီယိုဖိုင်တွေကို ဒေါင်းလုပ်ဒ်ဆွဲတဲ့အခါမှာလည်း မိမိရဲ့ အိုင်ဖုန်း မမ်မိုရီပမာဏအပေါ် ချိန်ကိုက်ပြီး resolution တွေကို ရွေးပါ။ ဥပမာအနေနဲ့ ရုပ်ရှင်ဖြစ်စေ။ သီချင်းအမ်တီဗီတွေကို ဒေါင်းလုပ်ဒ်ဆွဲတဲ့အခါ resolution နဲ့ size တွေမှာ အကြည်ဆုံး HD (Hight) ဆို ပြီး အ ဆင့်ဆင့် ပေါ်လာတဲ့အခါ မမ်မိုရီ အနေအထားအပေါ် ကြည့်ပြီး ရွေးချယ်ပါ။ ဒေါင်းလုပ်ဒ်ဆွဲမယ့် ဗီဒီယိုဖိုင်တွေက အကြည်ဆုံး ဖြစ်လေ မမ်မိုရီဒေတာက ပိုများလေ ဖြစ်ပါ တယ်။

ဘရောက်ဇာမှာ ရှင်းပါ

အင်တာနက်သုံးတဲ့ အခါ ဝက်ဆိုက်တွေ၊ ဂူးဂဲလ်တွေထဲဝင်ဖို့ ဘရောက်ဇာကို သုံးကြတာ များပါ တယ်။ အိုင်ဖုန်းမှာ ဆိုရင်တော့ safari ဖြစ်ပါတယ်။ အဲသည်ကနေ ဝက်ဘ်ဆိုက်တစ်ခုခုဖြစ်စေ အ ကြောင်း အရာ တစ်ခုခုကို ရှာဖွေဖို့ သုံးတဲ့အခါ ဝက်ဘ်ထဲဝင်ပြီးတိုင်း recent တွေကို ရှင်းပစ်ရမှာ ဖြစ်ပါ တယ်။

အဲသည်မှာ မလိုအပ်တဲ့ current weblist တွေကို clear (cache) လုပ်ပါ။ Safari’s browser cache ကို ရှင်းပစ်ဖို့အတွက် setting ကို  ဖွင့်ပြီး safari ကို ထောက်လိုက်ပါ။ အောက်ဘက်ကို Scroll ဆင်းပြီး clear History နဲ့ Website Data ကို clear လုပ်လိုက်ပါ။

တကယ်လို့ safari ဘရောက် ဇာမသုံးဘဲ chrome သုံးစွဲသူဆိုရင်တော့ chrome အက်ပ်ကိုဖွင့် ပြီး ညာဘက်ထိပ်နားက အစက် သင်္ကေတကို  ဆက်တိုက်သုံး ချက် နှိပ်ပါ။ ပြီးရင် current web ist တွေကို စခရင် အောက်ခြေမှာ ရှိတဲ့ Clear Browsing Data ကို နှိပ်လိုက်ပါ။

အော်တိုဒေါင်းလုပ်ဒ်ပိတ်ပါ

အော်တိုဒေါင်းလုပ်ဒ်မဖြစ်စေ ဖို့ ပိတ်ထားရမှာ ဖြစ်ပါတယ်။ Setting ထဲဝင်ပြီး iTunes & App Store ကို ရွေးပါ။ ပြီးရင် ကိုယ့်ရဲ့ iDevice နဲ့  ဒေါင်းစေချင်တာတွေကို ရွေးချယ်လိုက်ပါ။ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေအတိုင်း ပုံမှန်လုပ်ဆောင်ပေးပါက  မိမိဖုန်းရဲ့ မမ်မိုရီ သိုလှောင်မှု မပြည့်စေဖို့ လျှော့ချပြီးထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »