တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အသစ်ထုတ်စမတ်နာရီ. Show all posts
Showing posts with label အသစ်ထုတ်စမတ်နာရီ. Show all posts

Sunday, June 11, 2017

Sim ကတ် ထည့်သွင်းနိုင်တဲ့ Watch 2 နဲ့ Watch 2 Classic တွေကို Huawei က မိတ်ဆက်




Huawei ကနေ မကြာ သေးခင်က P10 နဲ့ P10 Plus မော်ဒယ်တွေ မိတ်ဆက်ပြီး မကြာခင် မှာပဲ အခုလည်း နောက်ထပ် Smartwatch မော်ဒယ်သစ် နှစ်ခု ဖြစ်တဲ့ Watch 2 နဲ့ Watch 2 Classic တွေကို မိတ်ဆက် လာတာ တွေ့ရ ပါတယ်။

Hwawei ရဲ့ ပထမဆုံး Smartwatch တွေက လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက မိတ်ဆက် ရောင်းချထားနိုင်ခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်အတွင်း ကတော့ Wear OS စနစ်သစ် မရခဲ့တာကြောင့် မော်ဒယ်သစ် မထုတ်လုပ်ခဲ့ဘဲ အခုနှစ်ကျမှ မော်ဒယ်သစ် ၂ ခုကို ထုတ်လုပ် လာတာပါ။

ဒါပေမယ့် မူလမော်ဒယ်က အသုံးပြုရ အဆင်ပြေတာကြောင့် ဈေးကွက်မှာ စိတ်ကြိုက်တွေ့ခဲ့လို့ အခု မော်ဒယ်တွေလည်း ဈေးကွက် အောင်မြင်နိုင်ဖို့ ရှိနေ တာပါ။ ထူးခြားချက် အနေနဲ့ အခု မော်ဒယ်သစ် ၂ ခုမှာ Nano အရွယ် Sim ကတ်ထည့် သုံးနိုင်မယ့် အားသာချက် ပါရှိလာတာပဲ ဖြစ်ပါတယ်။

ပြီးတော့ NFC စနစ်ကို ထည့်သွင်း ဖန်တီးထားလို့ Android Pay စနစ်ကိုလည်း သုံးနိုင်မှာပါ။ Android Wear 2.0 ကို သုံးထားတဲ့ အခု မော်ဒယ်သစ်တွေမှာ ဘက်ထရီ သက်တမ်း ၂၅ ရက် ထိအောင် သုံးနိုင် လာတာလည်း ဖြစ်ပါတယ်။

Watch 2 ကတော့ ပလက်စတစ် ကိုယ်ထည်နဲ့ ဖြစ်ပြီး Watch 2 Classic ကတော့ သတ္တု ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။

မော်ဒယ်တွေမှာ ၁ ဒသမ ၂ လက်မ အရွယ်ရှိ ပြသ မျက်နှာပြင်စနစ် ပါရှိပါတယ်။ ဘက်ထရီကတော့ 420 mAh ဆံ့ ဘက်ထရီပါ။ သုံးမယ်ဆိုရင်တော့ ၂ ရက် သုံးနိုင်ပါတယ်။ Standby ထားမယ် ဆိုရင်တော့ အထက်မှာ ပြောခဲ့သလို ၂၅ ရက် ခံမှာပါ။ နားကြပ်ပေါက်နဲ့ စပီကာ ဘေးမှာ ခလုတ် ၂ ခု ပါရှိ ပါတယ်။

Watch 2 မှာ iP6G ရေစိုခံ၊ ဖုန်ကာကွယ်ရေး စနစ် ပါရှိပြီး 2 Classic မှာတော့ ချွေးမဝင်အောင် ထိန်းပေးနိုင်မယ့် သားရေ အပြင်အဆင် တွေ့ရ ပါတယ်။ Fit Program စနစ် ထည့်ထားပြီး သူက အသုံးပြုသူ တဦးချင်းစီ အတွက် နေ့စဉ် လိုအပ်တဲ့ အားကစား ချိန်နဲ့ ခန္ဒာကိုယ် ကျန်းမာရေး ဆိုင်ရာ လိုအပ် ချက်တွေကို ထောက်ပြ သတိပေး သွားမှာလည်း ဖြစ်ပါတယ်။

ဒီမော်ဒယ် ၂ခုလုံးကို မတ်လ အတွင်း ကနေ စတင်ပြီး စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ အီတလီ၊ ဂျာမနီနဲ့ တရုတ်နိုင်ငံ တွေမှာ ရောင်းချ နေတာ ဖြစ်ပြီး အင်္ဂလန်၊ အမေရိကန်၊ ဟော်လန်၊ ဘယ်ဂျီယမ်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ထိုင်း၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှ၊ အိန္ဒိယ၊ တောင်အာဖရိက၊ ပိုလန်၊ သြစတီးယား၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ ယူအေအီးတွေကို ဧပြီမှာ ရောင်းချ လာခဲ့ပြီး မလေးရှား မှာတော့ မေလ အတွင်း စတင် ရောင်းချ ခဲ့တာပါ။

မော်ဒယ်သစ် ၂ ခု လုံးကတော့ Android Wear စနစ်ကို အကောင်းဆုံး သုံးနိုင်အောင် ဖန်တီး ထားသလို Smartwatch တခုလုံးကို ခြုံပြော ရရင်တော့ ဖုန်း အစားထိုး သုံးနိုင်လောက်အောင် ကောင်းမွန် လာတဲ့ မော်ဒယ်တွေပဲ ဖြစ်ပါတယ်။

Ref: www.devs-lab.com

From : ဧရာဝတီ by သက်နိုင်ဦး (UCSL) 11 June 2017

Originally published at - burma.irrawaddy.com

Read More »

Wednesday, February 1, 2017

အယ်လ်ဂျီ ရဲ့ စမတ်နာရီ ဒီဇိုင်း အသစ်




ရန်ကုန်၊ ဇန်နဝါရီ ၂၈ –

အယ်လ်ဂျီ စမတ်ဖုန်း နာရီ ဒီဇိုင်းနဲ့ အရောင် အသစ် တွေကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ် ကြောင်း သူ့ရဲ့ ဘလော့ဂ်မှာ ကြေညာ ထားပါတယ်။

last Android Wear 2.0 Beta နဲ့ ဖွဲ့စည်း ထားတဲ့ အယ်လ်ဂျီ စမတ် နာရီကို ချစ်သူများနေ့ အမှီ စုံတွဲ စမတ်နာရီ အဖြစ် ပုံစံနှစ်မျိုး အရောင် နှစ်မျိုးနဲ့ မိတ်ဆက်မှာ ဖြစ်ပါတယ်။ သည်စမတ် နာရီမှာ ၁.၂ လက်မနဲ့ ၃၆၀ x ၃၆၀ အဝိုင်း P- OLED စခရင် ဖြစ်ပါတယ်။

မန်မိုရီ အပိုင်း ကတော့ RAM ကို 512 MB ပါဝင်ပြီး သိုလှောင်မှု 4 GB ဆံ့ ပါတယ်။ ဘက်ထရီ ကတော့ 240 mAh battery နဲ့ အလုပ် လုပ်မှာပါ။

IP 67 ဖြစ်ပြီး ကြားခံစနစ်တွေအဖြစ် လုပ်ဆောင်တဲ့ NFC တည်နေရာပြတဲ့ ဂျီပီအက်စနစ်၊ အင်တာနက်သုံး mobile data နဲ့ နှလုံး ခုန်နှုန်းကို တိုင်းတဲ့ ဆင်ဆာစတဲ့ ဖီးချားလုပ်ဆောင်ချက်စနစ်တွေပါဝင်ပါတယ်။

ဈေးနှုန်းအတိအကျကိုတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ မိတ်ဆက်ရင်းနဲ့ကြေညာမှာဖြစ်ကြောင်း သိရပါတယ်။

From : ကုမုဒြာဂျာနယ် by – မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Tuesday, December 8, 2015

စမတ်နာရီတွေ သုံးပြီး သွေးဖောက် စစ်နိုင်တော့မည်




စမတ် နာရီတွေဟာ သင့်ရဲ့ နှလုံးခုန်နှုန်း ၊ သင့်ရဲ့ လေ့ကျင့်ခန်း လုပ်နှုန်း နဲ့ စိတ်ဖိစီးမှု ပမာဏ တွေကို ခြေရာခံ မှတ်တမ်း တင်နိုင် ခဲ့ပါပြီ။ အနာဂါတ် မှာလည်း စမတ်နာရီ aတွဟာ ဒီထက် ပိုမို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင် လာဖွယ်ရာ ရှိနေ ပါတယ်။

Google က ထုတ်ဖော် ပြောပြ ခဲ့တာ ကတော့ စမတ် နာရီတွေ အသုံးပြုပြီး အပ်မလိုပဲ သွေးဖောက်နိုင်မယ့် စနစ်ကို ဖန်တီး သွားမယ်လို့ ဆိုပါတယ်။ ထို စက်ကိရိယာ ကိုတော့ အသုံးပြုသူရဲ့ လက်ကောက်ဝတ်မှာ နာရီလို ၀တ်ဆင် ရမှာပဲ ဖြစ်ပါတယ်။

ထို ကိရိယာ ကတော့ အဏုဇီဝ အမှုန်တွေ ပါဝင်တဲ့ နေရာ တစ်ခုကို ဂတ်စ် လမ်းကြောင်းတွေ ပေးပို့ပြီး အရေပြားကို ဖောက်ထွင်းကာ သွေးစက် တစ်စက်ခန့်ကို ရယူပေးမယ့် နည်းပညာမျိုးပဲ ဖြစ်ပါတယ်။

Google က ထုတ်ဖော် ပြောကြား ထားတာကတော့ ဒီကိရိယာဟာ ဂလူးကို့စစ် စစ်ဆေး စက်ကို အစားထိုး နေရာယူဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ ဂတ်စ် လမ်းကြောင်းပေးပို့တဲ့ စနစ်နဲ့ သွေးဖောက်စစ်တဲ့အခါမှာ နာကျင်မှု အနည်းငယ်တော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ဂတ်စ်လမ်းကြောင်းနဲ့ အဏုဇီဝ အမှုန်တွေကို အသုံးပြုခြင်းဟာ နာကျင်မှုကို အပ်နဲ့ဖောက်တာထက်တော့ သက်သာစေမှာဖြစ်ပါတယ်။

Google ဟာ စမတ် ကွန်တက် မှန်ဘီလူးတွေနဲ့ Cloud နဲ့ချိတ်ဆက်ထားတဲ့ ဆင်ဆာတွေကို အသုံးပြုပြီး ဂလူးကို့စ် ပမာဏကို စောင့်ကြည့်ပြီး ဆီးချိုသွေးချို ရောဂါရှင်တွေကို ကူညီပေးနိုင်တဲ့ စနစ်ကိုလည်း ဆောင်ရွက်နေပါသေးတယ်။

Ref : Dailymail

Original link - http://technology.thithtoolwin.com/2015/12/blog-post_7.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, December 1, 2015

ကန်ဒေါ်လာ ၁၈၉၅၀ တန် 'Super Mario Bros' Limited Edition နာရီ




သင်ဟာ Nitendo ပရိသတ် တစ်ယောက် ပါလား။ Super Mario ကိုရော ဘယ်လောက် တောင် ကြိုက်ပါ သလဲ။

ကားတစ်စီး ကောင်းကောင်း ဝယ်လို့ရတဲ့ ပိုက်ဆံနဲ့ ဇိမ်ခံ နာရီ တစ်လုံးကို ဝယ်ယူဖို့ သင့်မှာ လုံလုံ လောက်လောက် ပိုက်ဆံ ပေါပါ သလား။ ဒါဆိုရင်တော့ ဇိမ်ခံ နာရီတွေ ထုတ်ရောင်းတဲ့ Romain Jerome နဲ့ပဲ ပြောကြည့် လိုက်ပါတော့။

Romain Jerome ဟာ ကန်ဒေါ်လာ ၁၈၉၅၀ တန် Limited Edition ဇိမ်ခံ နာရီတစ်လုံးကို ထပ်မံ ထုတ်လုပ် လိုက်ပါတယ်။

ဒီနာရီကို 'Super Mario Bros' လို့ နာမည်ပေးထားပါတယ်။ Super Mario ရဲ့ နှစ်သုံဆယ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတာပါ။

ဒီနာရီကို အနက်ရောင် တိုက်တေနီယံ နာရီအိမ်နဲ့ ပြုလုပ်ထားပါတယ်။

ဒိုင်ခွက်ကို အလွှာသုံးလွှာနဲ့ ပြုလုပ်ထားပြီး ကြွေရည်သုတ် pixel မာရီယိုရုပ်လေးက အစောပိုင်းကာလမှာ ကျွန်တော်တို့ ဆော့ခဲ့တဲ့ မာရီယိုဂိမ်းကို အမှတ်ရစေမှာပါ။

စတိုင်ကျကျ ဈေးကြီးတဲ့ ပုံ တော်တော်လေးပေါက်ပါတယ်။ ဒါပေမဲ့ သိပ်ကို ဈေးကြီးလွန်းတဲ့ ကန်ဒေါ်လာ ၁၈၉၅၀ တန်နာရီတစ်လုံးကို ဝယ်ဖို့ကတော့ မာရီယိုဂိမ်းကို အရမ်း မမြတ်နိုးဘဲ၊ သင်ကိုယ်တိုင်ကလဲ အရမ်းမချမ်းသာဘဲ မရပါဘူး။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/super-mario-bros-limited-edition.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 6, 2015

ကလေးဝတ် LG စမတ် လက်ပတ်နာရီများ ထွက်ရှိ




ကလေးတွေကလည်း သူ့ဖေဖေ၊ မေမေတို့လိုပဲ စမတ် လက်ပတ်နာရီလေးတွေ ပတ်ချင်ကြ ပါတယ်တဲ့။ မိဘတွေ၊ ထိန်းသိမ်းစောင့်ရှောက် သူတွေအနေနဲ့ ကလေးတွေကို အမြဲစောင့်ကြည့် နေနိုင်မယ့် လုံခြုံရေးနာရီ သစ်နှစ်လုံးကို ဒီနေ့ကစပြီး Verizon မှာ ဝယ်ယူရ ရှိနိုင်ပြီလို့ သိရပါတယ်။

GizmoPal 2 နဲ့ GizmoGadget ဆိုပြီး မော်ဒယ်နှစ်မျိုးရှိပါတယ်။

GizmoGadget မှာတော့ ၁.၃ လက်မ တို့ထိမျက်နှာပြင်ပါရှိပြီး အကန့်အသတ်ရှိတဲ့ လုပ်နိုင်စွမ်းတွေပဲရှိပါတယ်။ ဒါပေမဲ့ ခြေလှမ်းတိုင်းကိရိယာ၊ ကြိုးခုန်တိုင်းကိရိယာ တွေပါရှိတဲ့အတွက် ကလေးတွေကို တက်ကြွလှုပ်ရှားနေစေမှာပါ။

မော်ဒယ်နှစ်မျိုးစလုံးမှာ သတ်မှတ်ထားတဲ့ နံပါတ်တွေကို ခေါ်ဆိုနိုင်ခြင်း၊ GizmoHyub app နဲ့ GPS ခြေရာခံခြင်း၊ လက်ပတ်လဲလှယ်အသုံးပြုနိုင်ခြင်း စတဲ့ feature လေးတွေပါရှိပါတယ်။

ဘက်ထရီသက်တမ်း ဘယ်လောက်ရှိလဲဆိုတာကိုတော့ Verizon ကတရားဝင်ထုတ်တဲ့ ဆောင်းပါးမှာ မပါရှိပါဘူး။ ဒါပေမဲ့ standby ထားရှိမယ်ဆိုရင် ၄ ရက်လောက်တော့ ခံမှာပါ။

GizmoPal 2 ကို ကန်ဒေါ်လာ ၇၉.၉၉ နဲ့ GizmoGadget ကိုတော့ ကန်ဒေါ်လာ ၁၄၉.၉၉ နှုန်းဖြင့် အသီးသီး ဝယ်ယူရရှိနိုင်ပါပြီ။

Ref: GSM Arena

Original link - http://technology.thithtoolwin.com/2015/11/lg.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။


Read More »

Thursday, October 8, 2015

ဆွဇ်ဇာလန် နာရီနဲ့ ပူးပေါင်း ထုတ်လုပ်တဲ့ Huawei စမတ် နာရီ



ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ နာရီ လောကမှာ နာမည်ကြီးတဲ့ ဆွစ်ဇာလန်နာရီနဲ့ ထုတ်လုပ် ထားတဲ့ Huawei စမတ် နာရီကို ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အီတလီ နိုင်ငံ တွေမှာ စတင် ရောင်းချ နေပြီဖြစ်ပြီး အောက်တိုဘာ လထဲမှာ အင်္ဂလန်၊ ဂျပန်နဲ့ ယူအေအီး နိုင်ငံတွေမှာ စတင် ရောင်းချမယ်လို့ သိရ ပါတယ်။

Huawei စမတ်နာရီဟာ စတင် မိတ်ဆက်ပြီး နောက်ပိုင်း နည်းပညာ ရှင်များရဲ့ အားပေး ထောက်ခံမှုကို ရရှိခဲ့ ပါတယ်။

Huawei စမတ်နာရီဟာ ဖုန်း အဝင်ကောလ်များ၊ မက်ဆေ့ခ်ျများ၊ အီးမေးလ်များကို လက်ခံရရှိနိုင်မှာပါ။ 1.4” & Sd Touch AMOLED မျက်နှာပြင်၊ ခြစ်ရာထင်းရာများကို ကာကွယ်နိုင်မယ့် နီလာခရစ်စတယ် (ဆွစ်နာရီ ထုတ်လုပ်သူတွေရဲ့ အနှစ်သက်ဆုံး) နဲ့ စတီးဖရိန်တို့နဲ့ ဖန်တီးထားပါတယ်။

ဖက်ရှင်နဲ့ နည်းပညာကို ပေါင်းစပ်ထားတဲ့အဆင့်မြင့် စမတ်နာရီတလုံးအဖြစ် ထင်ဟပ်စေမယ့်အပြင် Google’s Android Wear™ နောက်ဆုံး Version ထည့်သွင်းထားတာကြောင့် Android အသုံးပြု သူတွေ သာမက iOS အသုံးပြုသူတွေပါ Huawei စမတ်နာရီကို အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

Bluetooth နဲ့ ကြိုးမဲ့နားကြပ်ကိုချိတ်ဆက်နိုင်မှာဖြစ်ပြီး သီချင်းများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို အတိအကျ တိုင်းတာနိုင်ပြီး 6-Axis အာရုံခံကိရိယာက လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တောင် တက်ခြင်းစတဲ့ မှတ်တမ်းတွေ၊ ခြေလှမ်းတွေကို မှတ်ယူပေးနိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Huawei Consumer Business Group (BG) &JU IFA ပွဲမှာ ဓာတ်ပုံပညာရှင် Mario Testino နဲ့ ပူးပေါင်း ပြီး Huawei စမတ်နာရီကိုမိတ်ဆက်ပြသခဲ့ပါတယ်။ အခမ်းအနားကို အမေရိကန် စူပါမော်ဒယ်လ် KarlieKloss နဲ့ ကမ္ဘာ့ထိပ်တန်းမော်ဒယ်လ် Sean O’Pry တို့လည်းတက်ရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

Huawei ဟာ ၂၀၁၄ ခုနှစ်မှာ တကမ္ဘာလုံးကို စမတ်ဖုန်းတင်ပို့မှုအများဆုံး တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ထက်ဦးဝေ

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/huawei.html


Read More »

Saturday, October 3, 2015

သိန်း ၂၀ တန် ဇိမ်ခံ စမတ်နာရီ Carrera Wearable 01




Carrera Wearable 01 လို့ အမည် ရတဲ့ ဇိမ်ခံ စမတ် နာရီကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့၊ နယူးယောက်မှာ မိတ်ဆက် ပြသမှာ ဖြစ်ပါတယ်။ ဈေးနှုန်း အတိအကျ အားဖြင့် အမေရိကန်ဒေါ်လာ ၁၈၀၀ တန်ဖိုး ရှိတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ ဒေါ်လာဈေးနဲ့ မြန်မာဈေး အပြောင်း အလဲကြောင့်မို့ ၂၅ သိန်းလောက် အထိလည်း ဖြစ်သွား နိုင်ပါတယ်။

သူဟာ ဆွစ်ဇာလန်က ဇိမ်ခံ နာရီများကို ယှဉ်ပြိုင်ဖို့ အတွက် ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။ နာရီကို Android Wear OS ဖြင့် လည်ပတ်စေမှာ ဖြစ်ပါတယ်။

ဒီတော့ Android စမတ်ဖုန်းများနဲ့ သုံးရန် ပိုသင့်လျော်ပြီး iPhone အတွက်လည်း ရရှိစေအုံးမှာ ဖြစ်ပါတယ်။ Feature များ အနေနဲ့ ကတော့ ဖုန်းရဲ့ Notification ကို နာရီ ကနေ စစ်တာမျိုး၊ သီချင်းဖွင့်၊ သီချင်းပိတ်၊ ရာသီဥတု အခြေ အနေကြည့် အစရှိသဖြင့် များစွာသော feature များ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖန်သားပြင်ဟာ ဆိုရင် ပုံသေ ဒိုင်ခွက်ထဲက အတံများနဲ့ ပါမှာလား LCD screen ဖြစ်မလား ဆိုတာတောင် သေချာ မသိရ သေးပါဘူး။

ပုံမှာ ပြထား သလိုဆိုရင် စမတ်နာရီ လို့တောင် မထင်ရတဲ့ ပုံစံ မျိုးတွေ ဖြစ်ပါတယ်။

Carrera Wearable 01 ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းချပြီး ယင်းထက် ဈေးနှုန်းမြင့်တဲ့ ဗားရှင်းများလည်း ရရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Ref: pocketlint

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/01/carrera/

Read More »