တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Android-tool. Show all posts
Showing posts with label Android-tool. Show all posts

Sunday, February 5, 2017

Android OS ဖုန်းတွင် Built-in ပါဝင်သော VPN စနစ်ကို အသုံးပြုခြင်း




မိမိ အနေနဲ့ နိုင်ငံ အတွက် ခွင့်မပြု ပေးထားတဲ့ App တွေကို Download လုပ်ချင်တဲ့ အခါမျိုးမှာ VPN ကို သုံးပြီးတော့ အခြား နိုင်ငံတွေက တစ်ဆင့် App နဲ့ ဂိမ်းတွေကို Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် အခမဲ့ Wi-Fi တွေဖြစ်တဲ့ အများသုံး Wi-Fi ကွန်ရက်တွေ ချိတ်ဆက် အသုံးပြုတဲ့ အခါမျိုး တွေမှာ ဖုန်းရဲ့အချက် အလက်တွေ လုံခြုံမှု ရှိဖို့ အတွက်လည်း VPN စနစ်ကို အသုံးပြု ကြပါတယ်။

VPN စနစ်ကို Third-party App တွေနဲ့ အသုံးပြုနိုင် သလို ဖုန်းမှာ Built-in ပါဝင်တဲ့ VPN စနစ် ကိုလည်း အသုံးပြုနိုင် ပါတယ်။ Android ဖုန်းတွေမှာ PPTP နဲ့ L2TP VPN စနစ်တွေကို ထောက်ပံ့ ပေးထားတဲ့ အတွက် Third-party app တွေ သုံးစရာ မလိုဘဲ အသုံးပြု နိုင်ပါတယ်။

ဖုန်းမှာ Built-in ပါဝင်တဲ့ VPN စနစ်ကို သုံးဖို့ အတွက် အရင်ဆုံး Settings စနစ်ထဲကို ၀င်လိုက်ပါ။ အဲဒီထဲ ကမှ Wireless & Networks စနစ်ထဲက More or More Settings ဆိုတဲ့ စာသား ကိုရှာပြီး ထပ်ဝင် ပေးရမှာ ဖြစ်ပါတယ်။


ပြီးရင်တော့ VPN ဆိုတဲ့ စာ သားကိုရှာပြီး တစ်ချက်နှိပ်ပါ။


VPN စနစ်ထဲရောက်သွားရင် တော့ ( + ) သင်္ကေတလေးကို တစ်ချက်နှိပ်ပါ။ [ တချို့ Android ဖုန်းတွေမှာတော့ Add VPN network ဆိုပြီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။]


ပြီးရင်တော့ ကိုယ်ချိတ်ဆက်မယ့် VPN နာမည်နဲ့ Server address တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။


နောက်တစ်ဆင့်အနေနဲ့ User name နဲ့ Password ကို ထည့် သွင်းပေးရမှာ ဖြစ်ပါတယ်။ မိမိ ဖန်တီးထားတဲ့ VPN စနစ်ကို ချိတ်ဆက်တိုင်းမှာ Username နဲ့ Password တွေကို တောင်းနေမှာဖြစ်ပါတယ်။


ဖန်တီးလိုက်တဲ့ VPN စနစ် Activated ဖြစ်တဲ့ အခါ မှာတော့ ဖုန်းမှာ VPN စနစ် Activate ဖြစ်တယ် ဆိုတာကို notification အနေနဲ့ ဖုန်းကနေ အသိပေးမှာ ဖြစ်ပါတယ်။

VPN စနစ်ချိတ် ဆက်မှုကို Disconnect ပြုလုပ် ချင်တယ် ဆိုရင်တော့ Disconnect ဆိုတာကို တစ်ချက်နှိပ်ပြီး အလွယ် တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Android OS v4.2 ကနေစ ပြီးတော့ Google ကနေ Always-on VPN စနစ်ကို ထည့်သွင်းပေး လိုက်ပါတယ်။ အဲဒီစနစ်ကို On ထား လိုက်မယ် ဆိုရင်တော့ ဖုန်းရဲ့အင်တာနက် Data စနစ်ကို VPN စနစ်ကို ကျော်ပြီး အသုံးပြု ခွင့်ပေးမှာ မဟုတ်ပါဘူး။


မိမိ အနေနဲ့အများသုံး Wi-Fi စနစ်ကို အမြဲလို အသုံးပြုတယ် ဆိုရင်တော့ Always-on VPN စနစ်ကို အလွန်ပဲ အသုံးဝင်မှာ ဖြစ်ပါတယ်။


From : Internet Journal By: ရဲထွဋ်ဝင်း

Originally published at - http://www.internetjournal.media/how-to/9520

Read More »

Tuesday, December 20, 2016

Android စမတ်ဖုန်းများအတွက် Mobile Service ( All in One ) Tool




Android စမတ်ဖုန်းများ အတွက် Mobile Service Tool လေးကို တင်ပေး လိုက်ပါတယ်။

ဒီ Tool လေးထဲမှာ Android စမတ်ဖုန်း များနဲ့ ပတ်သတ်ပြီး အသုံးပြုနိုင်တဲ့ Tool တွေ ပါဝင် ပါတယ်။ ဘာတွေ ပါဝင်လဲ ဆိုရင်တော့

  1. Miracle Driver 7_8_10
  2. 15_Second_ADB_Installer
  3. ALL MTK USB Driver
  4. ASUS Zenfone Flash Tool v1.2
  5. SP-Flash-Tool-v5.1532.00
  6. SPD_Upgrade_Tool_R4.0.0001
  7. Smart_Switch_ Tool
  8. Note pad.6.9.2.Installer
  9. Miracle_Box Portable
  10. GSM ALADDIN V2 Portable
  11. MTK DroidTools v2.5.3
  12. Pattern Lock Tool
  13. Bootloader Unlock
  14. Samsung 300K Tool
  15. Install Cygwin on Windows
  16. Adb-Block 0 Backup Tool
  17. FRP Call Tool
  18. FRP Bypass For All Samsung Devices APP စတာတွေ ပါဝင် ပါတယ်။

Mobile Service Tool ယူရန်


From : KoHtoo ( MMAS )

Originally published at - http://www.myanmarmobileapp.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, September 20, 2016

အခမဲ့ ဝင်ဒိုး ၁၀ ကီး (သို့မဟုတ်) အမှတ်စဉ်သော့ချက်များ




ဝင်ဒိုး ၁၀ အသုံးပြုသူများ အပ်ဒိတ် ပြဿနာရှိ သို့မဟုတ် အသစ်ပြန် တင်ချင်လျှင် product key သို့မဟုတ် အမှတ်စဉ် key ရှိရပါမည်။

သူငယ်ချင်း တစ်ယောက်ကနေ သူ့ဝင်းဒိုးကို အသစ် ပြန်တင်ချင်လို့ မူရင်းကီး ကိုလည်း မမှတ်မိ စာအုပ်နဲ့ ရေးမှတ် ထားတာလည်း ပြန်ရှာလို့ မတွေ့တာနဲ့
ကျွန်တော့်ဆီ အကူအညီတောင်းလို့ ရှာပေးရင်းနဲ့ တွေ့တာလေးတွေကိုပြန်တင်ပေး လိုက်ပါတယ်။

မိမိ အသုံးပြုတဲ့ product နဲ့ ကိုက်ညီတဲ့ ကီးကိုသာ ရွေးချယ် အသုံးပြုပါ။ ကီးမညီလျှင် ဝင်းဒိုး အက်တစ် မဖြစ်ပါ။


Note : ... ။။

မြန်မာလို ရေးထားလို့ တလွဲမထင်ပါနဲ့ ... အင်္ဂလိပ်လို ခေါင်းစဉ်တပ်ရင် Microsoft ထောက်လှမ်ရေးတွေ လက်ချက်နဲ့ ကျွန်တော့် Email Account တွေ ပိတ်ခံရမှာ စိုးလို့ ပါ။ အရင်က Microsoft product တွေ အတင်ကောင်းလို့ Google က ကျွန်တော့် Email Account ၃ ခုကို ပိတ်ပစ် လိုက်ပါတယ်။



Windows 10 is the most used OS which is released in back July, 2015. If you have problem with windows 10 and want to repair or reinstall , you must have windows 10 product key or serial key .

I give you trial product but once you are satisfied and you have enough money , I highly recommend you to buy windows 10 product key to support the developers .

I will provide you Windows 10 Product Key Free for You .

You can find it below : Windows 10 Install Key


  • Windows 10 Home – YTMG3-N6DKC-DKB77-7M9GH-8HVX7
  • Windows 10 Home Single Language – BT79Q-G7N6G-PGBYW-4YWX6-6F4BT
  • Windows 10 Home Country Specific – N2434-X9D7W-8PF6X-8DV9T-8TYMD
  • Windows 10 Education – YNMGQ-8RYV3-4PGQ3-C8XTP-7CFBY
  • Windows 10 Pro – VK7JG-NPHTM-C97JM-9MPGT-3V66T

Windows 10 Product Key

  • TX9XD-98N7V-6WMQ6-BX7FG-H8Q99
  • W269N-WFGWX-YVC9B-4J6C9-T83GX
  • MH37W-N47XK-V7XM9-C7227-GCQG9
  • DPH2V-TTNVB-4X9Q3-TJR4H-KHJW4
  • WNMTR-4C88C-JK8YV-HQ7T2-76DF9

Windows 10 Home Single Language

  • 7HNRX-D7KGG-3K4RQ-4WPJ4-YTDFH

Windows 10 Home Country Specific (CN)

  • PVMJN-6DFY6-9CCP6-7BKTT-D3WVR

Windows 10 Professional Product Key

  • VK7JG-NPHTM-C97JM-9MPGT-3V66T
  • W269N-WFGWX-YVC9B-4J6C9-T83GX
  • 6P99N-YF42M-TPGBG-9VMJP-YKHCF

Windows 10 Enterprise Product Key

  • NPPR9-FWDCX-D2C8J-H872K-2YT43
  • PBHCJ-Q2NYD-2PX34-T2TD6-233PK
  • CKFK9-QNGF2-D34FM-99QX2-8XC4K

Note : If these keys don’t work , you can use Windows Loader to active Windows 10 .
01. You need download Microsoft Toolkit . To download it , you click here
02. Open file you download , then you click file ” Microsoft Toolkit ” .
03. To Activate Windows you click icon Office in this tool .
04. Then, in the Activation tab, click ‘EZ-Activator’. Just in few seconds, your copy will be activated.

Other Windows 10 Product Key

  • Windows 10 Professional Insider Preview build 10074, 10122, and 10130: 6P99N-YF42M-TPGBG-9VMJP-YKHCF
  • Windows 10 Technical Preview : NKJFK-GPHP7-G8C3J-P6JXR-HQRJR
  • Windows 10 Core Insider Preview build 10158, 10159, 10162, and 10166: KTNPV-KTRK4-3RRR8-39X6W-W44T3
  • Windows 10 Enterprise Insider Preview build 10074 and 10122: VTNMT-2FMYP-QCY43-QR9VK-WTVCK
  • Windows 10 Enterprise Insider Preview build 10158, 10159, 10162, and 10166: CKFK9-QNGF2-D34FM-99QX2-8XC4K
  • Windows 10 Professional Insider Preview build 10158, 10159, 10162, and 10166: 8N67H-M3CY9-QT7C4-2TR7M-TXYCV

I hope you will find right Windows 10 Product Key for your pc.

ပျော်ရွှင်ပါစေ ...။

ဆိုင်မွန်စာကြည့်ဆိုဒ်

Originally published at - http://Simon-vlog.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, June 22, 2016

Easy Installation... by CHAN LAY (MCMM)



Firmware တင်ပြီးလို့ပဲဖြစ်ဖြစ် Reset ချလိုက်တာပဲဖြစ်ဖြစ် Appတွေပြန်ထည့်ပေးရတဲ့အခါ
(ဥပမာ -Zapya,Xender) Pc Suite တွေနဲ့သွင်းရင်ကြာမှာ ဆိုးလို့ ခုပေးတာလေးတဲ့
Download ရလာတဲ့ ဖိုင်လေးကို Double Click နှိပ်ပြီး  ကိုယ်သွင်းပေးချင်တဲ့ App ကို 
Drag and drop ဆွဲထည့်ပေးတာနဲ့ Auto Install လုပ်ပေးသွားမှာပါ


( : DOWNLOAD : )

Credit To... (့YTYL)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net
Read More »

Friday, May 27, 2016

One Click Complex


One Click Complex








အခုကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့ “Tool” လေးတစ်ခုကိုတင်ပေးလိုက်ပါပြီ။

Tool နာမည်ကတော့ “One Click Complex” လို့ပဲလွယ်လွယ်ပေးလိုက်ပါတယ်ခင်ဗျာ။

 အဲ့ဒီ Tool မှာပါဝင်တဲ့ Main -Function Title ကို နှစ်ခုခွဲထုတ်လိုက်ပါတယ်..။

Windwo Section နဲ့ Android Section ဆိုပြီးတော့ပါ။

ဒီTool လေးရဲ့လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

For Window Section
1 . သင့်ရဲ့PC မှ Click တစ်ချက်ခေါက်ရုံမျှဖြင့် Wifi-Hostpot လွှင့်နိုင်သည်။
2. သင့်ရဲ့ PC Hardware & Software Information အချက်အလက်များကို အသေးစိတ်ထုတ်ပေးနိုင်သည်။
3. သင်သုံးသမျှကို နောက်ကွယ်ကနေ Cache File တွေ Junks Files တွေကိုရှင်းလင်းဖျက်ပစ်ပေးနိုင်သည်။
4. PC Shutdown လုပ်ခြင်း။
5. PC Restart လုပ်ခြင်း။
6. သင့် PC ရဲ့ Mac လိပ်စာကို ပြသပေးသည်။
7. သင့် PC ရဲ့ အသုံးပြုနေသော IP ကိုဖော်ပြပေးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်ခင်ဗျာ...။

For Android Section
8.  Click တစ်ချက်နှိပ်ရုံမျှဖြင့် မည်သည့် Android ကိုမဆို 100% Myanmar Font အမှန်သွင်းပေးပါသည်။
 (Vs: 1.6 to 5.1) အထိမှန်ကန်စွာသွင်းနိုင်ပါသည်။ (Keyboard လက်ကွက်အပါအဝင်)
9.  သင့်ဖုန်း Patterm Lock ကိုဖြုတ်ပေးနိုင်ပါသည်။ ( Only Rooted )
10. သင့်ဖုန်း Passwrd ကိုဖြုတ်ပေးနိုင်ပါသည်။ ( Only Rooted )
11. Apk မှန်သမျှကို အလွယ်ကူဆုံးသောနည်းဖြင့် Myanmar
မှုပြုနိုင်သည့်လုပ်ဆောင်ချက်အပြင်အခြားပြုလုပ်နိုင်သည် Function များစွာပါဝင်ပါသည်။
12. Click တစ်ချက်တည်းဖြင့် PC အတွင်းရှိလိုအပ်သော App များကို အလွယ်တကူတစ်ပြိုင်နက်သွင်းနိုင်ပါသည်။ ( ပထမဦးစွာ New Folder ခေါ်ယူပြီး... Name မှာ Apps ဟုမှတ်သားပြီးမှ သင်လိုချင်သော Application တွေကိုထည့်သွင်းပြီး Install ရယူနိုင်မှာပါ။ )
13. Fastboot ဝင်ရခက်သော Smart Phone တွေအတွက် အလွယ်တကူ Fastboot Mode သို့ဝင်ရောက်နိုင်ပါသည်။
14. Samsung Android Smart Phone များအတွက် Frimware တင်နိုင်ရန် (Downloading Mode) လျှင်မြန်စွာဝင်ရောက်နိုင်ပါသည်။

Remark ။      
ဒီBatch Toolလေးကိုရေးတဲ့အချိန်ကအနည်းဆုံးမရှိဘူးဆိုရင်တောင်အနည်းဆုံး 32 Hrs ကြာပါတယ်... ( :p )

Tool Developed        =Chan Myae Maung
Tool Version            =2.1
File Size                  =19.4 MB
App Password          =21041997

မှတ်ချက်ကလေးထားခဲ့ပေးနော်... :p





မှတ်ချက်ကလေးထားခဲ့ပေးနော်... :p
downloadbutton

===
Heading 1 Heading 2 Heading 3
Table A Table B Table C
Blogger Wordpress Joomla
CSS3 HTML5 Javascript
Sylesheet Script Coding
Originally published at -
  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, September 27, 2015

Money Test & Time Service Error Remove Tool ( Beta 1.0 )




1 - Money Test & Time Service Error Remove Tool ( Beta 1.0 )

အခုတလော Android OS သုံး ဖုန်းများမှာ Monkey Test & Time Service ဆိုတဲ့

malware နှစ်မျိုးရဲ့ တိုက်ခိုက်ခြင်းကို ဆိုးဝါးစွာ ခံနေကြ ရတာတွေ့ရပါတယ်။ ဒီလို အခြေအနေ တွေကျရင် ဘာတွေဖြစ်နိုင်လည်း ဆိုရင်တော့ သင့်ရဲ့ Android ဖုန်းပာာ Wifi နဲ့ Data connection ကို off ထားပေမဲ့လဲ အလို အလျောက် ပြန်ပြန် ပွင့်လာတဲ့ error ကို ရင်ဆိုင် ရပါတယ်။

အဲဒီခါကျရင် Firmware ပြန်တင်နေကြ ရတာတွေ တော်တော်ကို ကြုံတွေ့နေရ ပါတယ်။ အခု ကျတော့် သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Ko Aung Myint Oo (iFix Myanmar.com ) မှ ဒီ error ကို ဖြေရှင်းတဲ့ နေရာမှာ Firmware တင်စရာ မလိုပဲ ဖြေရှင်း နိုင်ရန် bat ဖိုင်လေး တစ်ခုကို Beta 1.0 version အနေနဲ့ ဖန်တီးပေး ထားလိုက် ပါတယ်။


ဒီ bat ဖိုင်လေးကို အသုံးပြုနိုင်ရန် အတွက် သင့်ဖုန်းမှာ ROOT Access ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

အသုံးပြုပုံ ကတော့ လွယ်ကူပါတယ်။ normal mode ကနေပဲ bat ဖိုင်လေးကို ဖွင့်ပြီး enter ခေါက်ပေး လိုက်ရုံပါပဲ။

Root access တောင်းဆို လာခဲ့ရင် Allow ဆိုတာကို နှိပ်ပေး လိုက်ရုံပါပဲ။ ဒါဆိုရင် bat ဖိုင်လေး ကနေ အလုပ် လုပ်ပေး သွားပြီး ဖုန်းကို reboot ချပေး ပါလိမ့်မယ်။ ပါဝါပြန်တက် လာရင်တော့ ဖုန်းမှာ တက်နေတဲ့ Monkey Test & Time service ဆိုတဲ့ malware လေးနှစ်ခုကို ရှင်းလင်းပေး ထားတာ တွေ့ရ ပါမယ်။

Remark >>> အလုံးတိုင်းတော့ အဆင်မပြေနိုင်ပါ။ စမ်းသပ် အသုံးပြုနိုင်ရန် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - http://www.myanmarmobileapp.com/2015/09/24/money-test-time-service-error-remove-tool-beta-1-0/




2 - monkey test နဲ့ time service virus ရှင်းနည်း
ရေးသားသူ – Soe Han Htun (Myanmar Mobile User Group)

One click solution တွေ ထွက်လာပေမယ့် ရာနှုန်းပြည့် မရှင်းနိုင်ကြသေးတာကို တွေ့ရလို့ manual ရှင်းလို့ ရအောင် ရည်ရွယ်ပြီး ရေးလိုက်တာပါ။

လိုအပ်ချက်တွေအနေနဲ့ကတော့
adb command အသုံးပြုတတ်သူဖြစ်ရပါမယ်၊
ဖုန်းမှာ root access ရှိရပါမယ်၊
Busybox သွင်းထားရပါမယ်။(busybox.apk ကို playstore မှာတင် လွယ်လင့်တကူ သွင်းယူနိုင်ပါတယ်။
ပထမဆုံးကတော့ ဖုန်းကို wifi နဲ့ internet ကို ပိတ်ထားပေးပါ။
ပြီးရင် အရင်ဆုံး ဖုန်းနဲ့ computer ချိတ်ဆက်ပါမယ်။
adb command သုံးဖို့ adb.exe ရှိတဲ့နေရာမှာ shift+Right-click သုံးပြီး open command window here နဲ့ cmd box ကို ခေါ်ပါ။
ပြီးရင် အောက်ပါ cmd များကို ရိုက်ပါမယ်။

adb shell
su

(အဲ device သိဖို့တော့ လိုမယ်နော်။ အပေါ်က cmd တွေပြီးရင် # သင်္ကေတ လေးပေါ်ပါမယ်။ ဖုန်းမှာလည်း superuser request တောင်းပါလိမ့်မယ်။)
System က default အနေနဲ့က user ကို read-only permission ပဲ ပေးထားပါတယ်။ဒီတော့ လုပ်ချင်တာလုပ်လို့ရအောင် read and write permission ရအောင် mount ရပါမယ်။

mount -o remount,rw /system

လို့ ရိုက်ထည့်ပါ။ ပြီးရင် virus ရှိတဲ့နေရာတွေကို ကြည့်ပြီး နာမည်တွေ မှတ်ထားနိုင်ဖို့ ls command ကို သုံးရပါမယ်။

ls -al /system/app လို့ ရိုက်ထည့်ပါ။ ပေါ်လာသမျှထဲမှာ virus file နာမည်တွေကို မှတ်ထားဖို့ လိုပါမယ်။ virus ဟုတ် မဟုတ် အလွယ်ခွဲခြားဖို့ ကတော့ date နဲ့ ခွဲနိုင်ပါတယ်။ ပြီးတော့ permission နဂို system file တွေက rw-r-r ပါ။ virus တွေကတော့ rw-r-r မဟုတ်ကြပါဘူး။

နောက်ထပ် နေရာတွေ စစ်ရပါအုံးမယ်။

ls -al /system/xbin
ls -al /system/bin

အဲ့ဒီ xbin နဲ့ bin ထဲမှာတော့ virus file တွေဟာ နာမည် အရှေ့မှာ . လေးတွေနဲ့ ပါပါတယ်။ (ဥပမာ- .b, .si.si)
အိုခေ အရင်ဆုံး app ထဲကကောင်တွေကို ဖျက်ဖို့ busybox command သုံးပါမယ်။

busybox chattr -iaA /system/app/*

လို့ ရိုက်ထည့်ပါ။ virus file တွေက ဖျက်ချခွင့်မရှိအောင် attribute တွေပြောင်းထားပါတယ်။ဒီအတွက် အထက်ပါ cmd က attribute ပြန်ပြောင်းတာပါ။ chattr ဆိုတာက change attribute ပါ။ နောက်က (-) အနုတ်က attribute တွေ ပြန်ဖြုတ်ရင်သုံးရပါတယ်။ ထည့်ချင်ရင်တော့ + ပေါ့။ i က immutable လို့ခေါ်တဲ့ attribute ပါ။

a ကတော့ append mode only ဆိုတဲ့ attribute ပါ။ A ကတော့ Don’t track attime ဆိုတဲ့ attribute ပါပဲ။ အခုသုံးတဲ့ busybox cmd ဟာ /system/app ထဲမှာ ရှိသမျှ apk အားလုံးကို အထက်က attribute 3မျိုးဖြုတ်ချပေးတာပါပဲ။ ပြီးရင်တော့ စပြီး ဖျက်ချလို့ ရပါပြီ။အကုန်လုံးကိုတော့ လိုက်ရေးမပေးတော့ပါဘူး။ ဥပမာအနေနဲ့ cameraupdate.apk ကိုပဲ ဖျက်ပြပါမယ်။

rm /system/app/cameraupdate.apk

လို့ရိုက်ထည့်ပါ။ rm က remove ပါ။ အဲ့ဒီ rm နဲ့ app ထဲက virus တွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖျက်ပါ။

ပြီးရင် bin နဲ့ xbin ထဲက . နဲ့စတဲ့ကောင်တွေကို ဖျက်ပါမယ်။ သူတို့ကိုတော့ app ထဲကလိုမျိုး အားလုံးကို ညွှန်းပြီး attribute ဖြုတ်ချလို့မရပါဘူး။ ထို့အတွက် တစ်ခုဖျက်ဖို့ cmd ၂ကြောင်းဂိုက်ပေးရပါမယ်။ ဥပမာအနေနဲ့ xbin ထဲက .si.si ဆိုတာကို ဖျက်ပြပါမယ်။

busybox chattr -iaA /system/xbin/.si.si
rm /system/xbin/.si.si

အထက်ပါပုံစံအတိုင်း xbin နဲ့ bin ထဲမှာ . နဲ့စသမျှအားလုံး လိုက်ဖျက်ပါ။

ပြီးရင်
ls -al /system/etc လို့ရိုက်ပါ။ အဲ့ထဲမှာ install-recovery.sh ဆိုတာ ပါခဲ့ရင် သူ့ကိုလည်း ဖျက်ပေးရပါမယ်။
အဆုံးသတ်အနေနဲ့ app ထဲကို ပြန်စစ်ပါ။

com.android.psetting.apk
com.android.psync.apk

အဲ့၂ခု ပြန်ပေါ်လာတတ်ပါတယ်။

အပေါ်က cmd တွေသုံးပြီး ဖျက်ချလိုက်ပါ။
ပြီးရင် ဖုန်းကို reboot ဆင်းလိုက်ပါ။
ပြန်တက်လာရင် ဖုန်းရဲ့ application manager ထဲသွားပြီး running မှာ com.android.ads…… စသဖြင့် အလယ်မှာ ad ပါတာတွေရယ်။ monkey test ရယ် time service ရယ်။ အဲဒီ apk တွေကို uninstall လုပ်ပေးလိုက်ပါ။

အားလုံးပြီးပါပြီ။

100% အောင်မြင်မယ် အာမမခံရဲပါဘူး။ ကျွန်တော် ရှင်းပေးတဲ့ အလုံးကိုတော့ ၁ပတ်ထိ စောင့်ကြည့်တာ ထပ်မံတက်လာခြင်း မရှိတော့ပါဘူး။
အမှားအယွင်းများ ပါခဲ့ရင် ခွင့်လွတ်ပါ။

ဟိုရေးဒီရေး မောင်ဟန်လေး

(*** ပြောဖို့ တစ်ခုကျန်သွားလို့ edit လုပ်လိုက်ပါတယ်။ တစ်ချို့ကောင်တွေမှာ /data/app ထဲမှာလည်း ဘာညာ သလကာတွေ ရှိပါကြောင်း။ ဖျက်ဖို့ သဘောတရားကတော့ တူတူပါပဲ ***)

by : Soe Han Htun (Myanmar Mobile User Group)




Money Test & Time service error ကို apk နဲ့ ဖြေရှင်းချင်သူများ အတွက်



Money Test & Time service error ကို ဖြည်ရှင်းဖို့ ကျတော် bat file လေးတစ်ခုတင်ပေးထားပါတယ်။

bat file ဆိုတော့ အားလုံး သိကြတဲ့ အတိုင်း Computer ရှိမှ အဆင်ပြေ ပါတယ်။ အခု Computer မလိုပဲ ဖုန်းကနေပဲ ဖြေရှင်းနိုင်တဲ့ apk လေး တစ်ခုတွေ့လို့ ထပ်မံ မျှဝေပေး လိုက်ပါတယ်။ Application ရဲ့နံမည်ကတော့ CM Security Antivirus Applock လို့သိရ ပါတယ်။ လောလောဆယ် ကျတော်ကတော့ သုံးမကြည့် ရသေးပါ။ သုံးဖူးတဲ့သူတွေ ကတော့ Firmware ပြန်တင် စရာ မလိုပဲ ဒီ application လေးနဲ့ အဆင်ပြေ ပါတယ်လို့ ပြောပြပေး ထားတာကြောင့် ကျတော်တို့ Android user တွေ အတွက် ပြန်လည် မျှဝေပေးလိုက် ရခြင်း ဖြစ်ပါတယ်။

application လေးအား အောက်မှာ အရင် Download ရယူလိုက်ပါ။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

လုပ်ပုံလုပ်နည်းလေး ကတော့ လွယ်ကူ ပါတယ်။ Download ပြုလုပ်လို့ ရရှိလာတဲ့ CM Security Antivirus Applock application လေးကို
install လုပ်ပြီး apk လေးထဲ ၀င်လိုက်ပါ။ ပြီးရင် Scan ဖတ်ပေး လိုက်ပါ။ ဒါဆိုရင် apk လေးထဲ ကနေ ကိုယ့်ဖုန်းမှာ ရှိတဲ့
apk တွေထဲက virus apk တွေကို ရှာပေး ပါလိမ့်မယ်။

Scan လုပ်ပေးပြီးလို့ ပြီးရင်တော့ Resolve all ကိုနှိပ်ပြီး virus apk တွေကို Delete လုပ်လိုက်ပါ။

ပြီးရင်ဖုန်းကို restart လုပ်ပေး လိုက်ပါ။ ပြန်သုံးကြည့်လို့ အဆင်ပြေတယ် ဆိုရင်တော့ ဆက်သုံးနိုင် ပါပြီ။ အဆင် မပြေရင်တော့ Factory data reset ချပြီး ပြန်သုံး ကြည့်လိုက်ပါ။

( အဆင်လုံးဝပြေမယ်လို့တော့ အာမ မခံရဲပါ။ Huawei 610 မှာတော့ အဆင်ပြေ ဖူးပါတယ်။ )

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »