တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အာကာသသတင်း. Show all posts
Showing posts with label အာကာသသတင်း. Show all posts

Friday, October 9, 2015

အင်္ဂါဂြိုဟ်ပေါ်တွင် ရှေးဟောင်းရေကန် ကြမ်းပြင်ကို တွေ့ရှိ (ရုပ်သံ)




အမေရိကန် အမျိုးသား အာကာသ သိပ္ပံ (နာဆာ) ရဲ့ အင်္ဂါဂြိုဟ် ပေါ်သွားယာဉ် ကျူရီယိုစတီ (Curiosity) ဟာ ရှေးဟောင်း ရေကန်ကြမ်းပြင် တွေကို ရှာတွေ့ ခဲ့တယ်လို့ လေ့လာမှု အသစ်က ဖော်ထုတ် လိုက်ပါတယ်။

အင်္ဂါဂြိုဟ်ပေါ်က မီးတောင် အူကြောင်းထဲကို ဆင်းသက် အပြီး ၃ နှစ် အကြာမှာ ခုလို ဖော်ထုတ် လိုက်တာပါ။

ရေတွေ ထပ်ခါ တလဲလဲ ပြန်ပြည့်ခဲ့ ဖူးတဲ့ ရေကန်ကြမ်းပြင်ရဲ့ သက်သေလို့ သိပ္ပံပညာရှင်တွေက ခေါ်ဆို လိုက်ပါတယ်။

အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ အတွက် အခွင့်အလမ်း တိုးလာ တာလို့ အောက်တိုဘာ ၈ ရက်နေ့က ဖြန့်ချိတဲ့ လေ့လာမှု သုံးသပ်ချက်က ဆိုပါတယ်။

လုပ်ငန်းစဉ် အစောပိုင်းမှာ ကျူရီယိုစတီဟာ ရေကန်တိမ် ကနေ စမ်းချောင်းတွေနဲ့ အနည်အနှစ်တွေရဲ့ သဲလွန်စတွေကို ရှာတွေ့ ခဲ့တာပါ။

“မီးတောင် အူကြောင်းရဲ့ မျက်နှာပြင်က အချိန်နဲ့ အမျှ တလွှာပြီး တလွှာ မြင့်တက် လာတယ်၊ ဒါဟာ ရေထဲက အနည်အနှစ်တွေက နှစ်ပေါင်းထောင်နဲ့ ချီပြီး အနည်ကျ ခဲ့တဲ့ ရလဒ်ပဲ” လို့ ကာလီဖိုးနီးယား နည်းပညာ တက္ကသိုလ်က ဘူမိဗေဒ ပညာရှင် ဂျွန် ဂရော့ဇင်းဂျာက ပြောပါတယ်။

သိပ္ပံပညာရှင် တွေက အင်္ဂါဂြိုဟ်မှာ သက်ရှိတွေ အတွက် လိုအပ်တယ်လို့ ထင်တဲ့ ပစ္စည်းအားလုံး ရှိခဲ့ ဖူးတယ် ဆိုတာ လေ့လာ ခဲ့ပါတယ်။

အင်္ဂါဂြိုဟ်ဟာ နှစ်ပေါင်း များစွာ ရှိခဲ့တဲ့ ရေမျက်နှာပြင်ကို ပံ့ပိုးဖို့ ဘယ်လို စောင့်ရှောက် ခဲ့တယ် ဆိုတဲ့ အချက်က ဒဏ္ဍာရီ ဖြစ်နေဆဲပါ။

ကျန်ခဲ့တဲ့ သီတင်းပတ် ကတော့ တခြား သိပ္ပံပညာရှင် အဖွဲ့တဖွဲ့က ဒီနေ့ခေတ် အင်္ဂါဂြိုဟ်ပေါ်မှာ ရာသီ အလိုက် တစွန်းတစ စီးဆင်းနေတဲ့ ဆားငံရေ စီးကြောင်းကို ပြထားတဲ့ သူတေသနကို ဖြန့်ချိ ခဲ့ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ အီကွေတာ တလျှောက်က ကမ်းပါး နံရံကြား ကနေ တသွင်သွင် စီးလာတဲ့ ရေစီးကြောင်း သေးသေးလေး ရှိနေပေမယ့် ရေအရင်း အမြစ် ဘယ်က လာတယ်ဆိုတာ မသိရ သေးပါဘူး။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115676


Read More »

ပလူတို ဂြိုလ်ရဲ့ အံ့အားသင့်စရာ ရှာဖွေတွေ့ရှိမှု တွေကို NASA ထုတ်ဖော် ကြေညာမည်




အာကာသ စူးစမ်း လေ့လာရေး အဖွဲ့ NASA ဟာ ပြီးခဲ့တဲ့ အပတ်က ကျွန်ုပ်တို့ အားလုံးကို ပလူတို ဂြိုလ်နဲ့ မားစ် ဂြိုလ်တို့ရဲ့ ဓါတ်ပုံတွေကို ပြသပြီး အံ့အား သင့်စေခဲ့တဲ့ နောက်မှာ ထပ်မံ အံ့အား သင့်စရာ တွေ ချပြ သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

NASA အဖွဲ့ရဲ့ ဂြိုလ်များဆိုင်ရာ သိပ္ပံပညာရှင် Alan Stern က ဒီရက်ပိုင်းအတွင် အံ့အားသင့်ဖွယ်ရှာ ရှာဖွေတွေ့ရှိမှု တွေကို ထုတ်ဖော်ကြေညာသွားမယ်လို့ ဆိုပါတယ်။

"ဘာတွေပြောမှာလည်းဆိုတာတော့ NASA က ငါ့ကို ပြောခွင့်မပေးထားပါဘူး။ ဒါပေမယ့် အဲဒီ ရှာဖွေတွေ့ရှိချက်တွေက အံ့အားသင့်ဖွယ်ရာတွေပါပဲ" လို့ Alan Stern က ဆိုပါတယ်။

Alan Stern ဟာ ပလူတို ဂြိုလ်နဲ့ ပလူတိုရဲ့ ဂြိုလ်ရံ (သို့) လ လို့ သတ်မှတ်နိုင်တဲ့ Charon တို့ရဲ့ ပုံရိပ်တွေကိုလည်း NASA ရဲ့ New Horiznons Probe က နေ တစ်ဆင့် ဆွေးနွေးခဲ့တယ်လို့လည်း Guardian သတင်းဌာန ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အတိအကျမဖော်ပြသေးပေမယ့်လည်း အရင်တုန်းက ပြသခဲ့တဲ့ ပလူတိုရဲ့ ဓါတ်ပုံတွေဟာ အရည်အသွေးမြင့်ပြီး ရောင်စုံ မြင်တွေ့နိုင်ခဲ့ရပါတယ်။

Stern က ပလူတို ဂြိုလ်ကို သက်ရှိ အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး "သူ့မှာမိုးလေ၀သ ရှိတယ် ။ သူ့ရဲ့ လေထုထဲမှာ မြူနှင်းမှုန်တွေရှိတယ် ။ ပြီးတော့ လှုပ်ရှားနိုင်တဲ့ ပထ၀ီ အနေအထားတွေလည်းရှိတယ်" လို့ ပြောပြခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပလူတိုရဲ့ ဂြိုလ်ရံ ဖြစ်တဲ့ Charon မှာတော့ သူ့ရဲ့ ၀င်ရိုးမှာ နီညိုရောင် နေရာတွေကို တွေ့ရတဲ့အတွက် သိပ္ပံ ပညာရှင်တွေအတွက် ပဟေဋ္ဌိ တစ်ခုဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ သိပ္ပံပညာရှင်တွေအားလုံးက ထို အနီရောင်နေရာကို တွင်းထွက် သယံဇာတ တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ နောက်ပြီးတော့ အခုထပ်မံ ပြောပြမယ်ဆိုတဲ့ အံ့အားသင့်စရာ ရှာဖွေတွေ့ရှိမှုကတော့ ပလူတို ဂြိုလ်မျက်နှာပြင် အောက်မှာရှိတဲ့ ရေခဲနေတဲ့ သမုဒ္ဒရာတွေအကြောင်းပဲ ဖြစ်တယ်လို့ လည်း Alan က သဲလွန်စ ပေးထားပါသေးတယ်။

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/nasa.html


Read More »