တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စစ်လက်နက်များ. Show all posts
Showing posts with label စစ်လက်နက်များ. Show all posts

Friday, November 27, 2015

အကြမ်းဖက်တွေကို အသေတိုက်မယ့် တိုက်ခိုက်ရေး စက်ရုပ်များ




အကြမ်းဖက် ဝါဒီတွေကို တိုက်ခိုက်ဖို့ ဒီဇိုင်း ရေးဆွဲ ထားတဲ့ 'တိုက်ခိုက်ရေး စက်ရုပ်' အတွဲလိုက်ကို တရုတ်နိုင်ငံက ထုတ်ဖော် ပြသခဲ့ ပါတယ်။



ဒီအတွဲလိုက် ထဲမှာ ရိုင်ဖယ်နဲ့ လက်ပစ်ဗုံး တွေကို သယ်ဆောင်နိုင်တဲ့ အရုပ် အရွယ်အစား စက်ရုပ်ပါ ပါတယ်။ အဲဒီ စက်ရုပ်ကို ရှေ့တန်းမှာ အသုံးပြုနိုင်မှာပါ။

ဒီတိုက်ခိုက်ရေး စက်ရုပ်တွေဟာ တစ်ခုနဲ့ တစ်ခု ပူးပေါင်း ဆောင်ရွက်နိုင် တယ်လို့ သိရ ပါတယ်။



တိုက်ခိုက်ရေး စက်ရုပ်တွေထဲက တစ်ခု ကတော့ ရန်သူတွေ ရှိရာနေရာကို ကနဦး ကင်းထောက်တဲ့ နေရာမှာ အသုံးဝင် ပါတယ်။ အဆိပ်ငွေ့တွေ၊ ထိခိုက်စေမယ့် ဓာတု ပစ္စည်းတွေနဲ့ ပေါက်ကွဲ စေနိုင်သော ပစ္စည်းတွေကို ဒီကင်းထောက် စက်ရုပ်က ရှာဖွေ ဖော်ထုတ်ပေးမှာ ဖြစ်ပြီး စစ်သားတွေ ဆီကို အချက် အလက်တွေ ပြန်ပို့ ပေးမှာပါ။

အရမ်း အန္တရာယ် ရှိနေတဲ့ အခြေအနေ တွေမျိုးမှာတော့ နောက်ကန်အား မရှိတဲ့ ရိုင်ဖယ်တွေနဲ့ လက်ပစ်ဗုံး ပစ်စက်တွေ တပ်ဆင်ထားတဲ့ 'တိုက်ခိုက်ရေး စက်ရုပ်' ကို တပ်ချမှာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်ရေး စက်ရုပ်တွေကို ပေကျင်းမှာ ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ်ကမ္ဘာ့ စက်ရုပ် ညီလာခံ မှာ ထုတ်ဖော်ပြသ ခဲ့တာပဲ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://technology.thithtoolwin.com/2015/11/blog-post_27.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »