တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နိုင်ငံတကာဟက်ကာများ. Show all posts
Showing posts with label နိုင်ငံတကာဟက်ကာများ. Show all posts

Sunday, March 5, 2017

Google ကတောင် အသိမှတ်ပြု ခံရတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသမီး Hacker..




ရန်ကုန်-ဖေဖော်ဝါရီ၂၇။

မြန်မာ နိုင်ငံက အမျိုးသမီး hacker တစ်ယောက် ဖြစ်ပြီး google က အသိမှတ် ပြုခံ ထားရတဲ့ သူတစ်ယောက် ရှိတယ်လို့ သိရပါတယ်။

သူက အမျိုးသမီး ဟက်ကာ တစ်ယောက် အဖြစ် အသက်မွေး ၀မ်းကျောင်း ပြုလုပ်ရင်း သတင်းနဲ့ ကွန်ပျူ တာ မိုဘိုင်း နည်းပညာမှာ ပါရဂူဘွဲ့ ရအောင် ကြိုးစားနေတဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်။

သူက လူငယ် တစ်ဦးဖြစ်ပြီး Singapore Management Universty မှာInformation System Ph.Dဘွဲ့ရအောင် ကြိုးစားနေတဲ့ သူ မဆုမွန်ကြွယ်ဘဲ ဖြစ်ပါတယ်။

သူကဖောက်ထွင်း ဖော်ထုတ် ဖို့တွေ အတွက် haker လုပ်နေတာ မဟုတ်ဘဲ လုံခြုံရေး စနစ်တွေ ပိုပြီး ကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ haker လုပ်နေတာ ဖြစ်ပါတယ်။

Apple ရဲ့ iOs ၊google ရဲ့android ဖုန်းစနစ်တွေမှာ ပိုပြီး စိတ်ချလုံခြုံမှုတွေ ရှိနိုင်ဖို့ အတွက်အားနည်းနေ တဲ့ လမ်းကြောင်းတွေကို ရှာဖွေ ဖော်ထုတ် နိုင်အောင် ပြုလုပ်နေတာ
ဖြစ်ပါတယ်။

Google ကနေလဲ ငွေသားဆု ချီးမြင့်ခြင်း ခံထား ရတာ ဖြစ်ပါတယ်။

မစုမွန်က မြန်မာပြည်မှာ တက္ကသိုလ်မှာ၂၀၀၅ ခုနစ်မှာ အောင်မြင်ခဲ့ပြီး ၂၀၀၇ ခုနစ်မှာ စင်ကာပူနိုင်ငံမှာ ပညာသွားသင် ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဆန်ဖရန်စ္စကိုမှာ အခြေစိုက် အိုင်တီ နည်းပညာ ကုမ္မဏီ တစ်ခုမှာ သတင်း အချက်လက် လုံခြုံရေး သုတေသန ပညာရှင် အလုပ် တစ်ခုကို
အောင်အောင် မြင်မြင်နဲ့ လုပ် ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by လိမ္မာ

Originally published at - http://www.kumudranews.com

Read More »

Tuesday, December 22, 2015

ဝေလငါး ဖမ်းဆီးမှုနဲ့ ပတ်သက်နေတဲ့ ၀က်ဘ်ဆိုက် ၉၇ ခုကို Anonymous တိုက်ခိုက်




ကမ္ဘာကျော် ဟက်ကာ အဖွဲ့ ဖြစ်တဲ့ Anonymous အဖွဲ့ဟာ စက်တင်ဘာ လမှာ ဝေလငါး သတ်ဖြတ်မှု ဆန့်ကျင်ရေး အစီအစဉ်ကို စတင် ခဲ့ပြီး နောက်ပိုင်းမှာ ဂျပန် ၀က်ဘ်ဆိုက် ၉၇ ခုကို တိုက်ခိုက် ခဲ့တယ်လို့ ရဲ တပ်ဖွဲ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဂျပန် ရုပ်သံ လိုင်းဖြစ်တဲ့ NHK က တင်ပြထားတာကတော့ အစိုးရ အရာရှိတွေရဲ့ ဝက်ဘ်ဆိုက်တွေ ၊ လင်းပိုင်နဲ့ ဝေလငါး ဖမ်းဆီးသတ်ဖြတ်ခြင်းမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တွေရဲ့ ဝက်ဘ်ဆိုက်တွေ ၊ ငါးပြတိုက်တွေရဲ့ ၀က်ဘ်ဆိုက်တွေ ၊ သတင်းအဖွဲ့အစည်းတွေ နဲ့ လေဆိပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပိုပြီးထူးခြားတာက ဂျပန် ၀န်ကြီးချုပ် Shinzo Abe ရဲ့  ပုဂ္ဂိုလ်ရေး ၀က်ဘ်ဆိုက်ကိုလည်း တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ တိရိစ္ဆာန် အခွင့်အရေး ကာကွယ်သူတွေအဖြစ်ရပ်တည်နေတဲ့ Anonymous အဖွဲ့ဟာ ဂျပန်နိုင်ငံ ရဲ့ ဝေလငါးဖမ်းဆီးမှု လေ့ကျင့်ခြင်းအတွက်လည်း ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံဟာ စီးပွားဖြစ် ဝေလငါး ဖမ်းဆီးခြင်းကို ဆယ်စုနှစ်တစ်ခုကျော်ကတည်းက တားမြစ်ခဲ့တယ်ဆိုပေမယ့် သိပ္ပံပညာ သုတေသနတွေအရတော့ အခုချိန် ထိ ဝေလငါးဖမ်းဆီးမှု တွေ ရှိနေဆဲပါ။

မနှစ်ကတုန်းကတော့ အပြည်ပြည်ဆိုင်ရာ ညီညွတ်မျှတရေး တရားရုံး က ဂျပန်နိုင်ငံဟာ နှစ်စဉ် အန္တာတိက သမုဒ္ဒရာအတွင်းမှာ ဝေလငါးများ ရာနဲ့ချီ ဖမ်းဆီး သတ်ဖြတ်ခံနေရမှုအတွက် လိုအပ်တဲ့ အထောက်အထားတွေကို ပြသဖို့ ပျက်ကွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဝေလငါးဖမ်းဆီးမှု လေ့ကျင့်ခြင်းကိုလည်း ရပ်နားရန် ညွှန်ကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က အော်စကာဆုရခဲ့တဲ့ The Cove ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ကြောင့်လည်း ဂျပန်နိုင်ငံရှိ Taiji ဆိုတဲ့ကျေးရွာ ရဲ့  နှစ်စဉ် လင်းပိုင်ဖမ်းဆီးမှု ဟာ ရှုတ်ချခံခဲ့ရဖူးပါတယ်။

ဂျပန် ရဲတပ်ဖွဲ့က သတိပေးထားတာကတော့ Anonymous အဖွဲ့ဟာ နောက်နှစ် ဂျပန် နိုင်ငံ Mie စီရင်စုနယ်မှာ ကျင်းပမယ့် အင်အားကြီး၇နိုင်ငံ ဖွဲ့စည်းထားတဲ့ G7 ရဲ့  ညီလာခံ ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်ဆိုတာပါပဲ။

Ref : Metro

Originally published at - http://technology.thithtoolwin.com/2015/12/anonymous.html


Read More »

Wednesday, November 18, 2015

Anonymous အဖွဲ့က IS အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်းရေးနဲ့ ၀ါဒ ဖြန့်ချီရေး ယန္တရားကို စတင် တိုက်ခိုက်




ကမ္ဘာကျော် ဟက်ကာ အဖွဲ့ဖြစ်တဲ့ Anonymous ဟာ ISIS အဖွဲ့ဝင် တပ်သား စုဆောင်း စည်းရုံးရေး သမားတွေရဲ့ အမည်နဲ့ လိပ်စာတွေကို စတင် ဖော်ထုတ်ပြ လိုက်ပါပြီ။

မျက်နှာဖုံး စွပ်ထားတဲ့ ဟက်ကာ အဖွဲ့ဟာ အစ္စလာမ် ဘာသာရေး အစွန်းရောက် အဖွဲ့ IS ကို ပါရီ အကြမ်းဖက်မှု အပြီးမှာ စစ်ကြေညာ လိုက်တာ ဖြစ်ပါတယ်။

အခုတော့ စစ်ဆင်ရေးရဲ့ ပထမဆုံး ခြေလှမ်းအနေနဲ့ အကြမ်းဖက်အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်ရေး သမား ၅ ယောက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်ပြလိုက်ပြီး သံသယ ရှိဖွယ် တွစ်တာ အကောင့် ၅၅၀၀ ကို လည်း ဖျက်ဆီးလိုက်နိုင်ခဲ့ပါတယ်။

လက်ရှိဖော်ထုတ်ထားပြီးတဲ့ စည်းရုံးရေးသမား တွေဟာ အာဖဂန်နစ္စတန် နိုင်ငံ ၊ တူနီးရှား နိုင်ငံ နဲ့ ဆိုမားလီယား နိုင်ငံ တို့မှာရှိနေတဲ့ IS အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Anonymous အဖွဲ့က ကြေညာထားတာကတော့ သူတို့လက်ထဲမှာ ဥရောပ တိုက်အတွင်းရောက်ရှိနေတဲ့ အဆင့်မြင့် စည်းရုံးရေးသမားတွေ ကိုလည်း သိရှိထားပြီးဖြစ်တယ်ဆိုတာပါပဲ။

ဒါပေမယ့်လည်း လိပ်စာတွေကိုတော့ထုတ်ဖော်ကြေညာ ခြင်းမရှိသေးပါဘူး။

Anonymous အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တွေက အခိုင်အမာဆိုထားတာကတော့ သူတို့အဖွဲ့ဟာ IS အဖွဲ့ကို ထောက်ခံသူ အယောက် ၅၅၀၀ ရဲ့ တွစ်တာ အကောင့်တွေကို ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာ IS အဖွဲ့ရဲ့ တပ်သားသစ်စုဆောင်း စည်းရုံးရေးနဲ့ ၀ါဒ ဖြန့်ချီရေး ယန္တရားကို အထိနာစေခဲ့ပြီ ဆိုတာပါပဲ။

GhostSec လို့ခေါ်တဲ့ ဟက်ကာ အဖွဲ့ဟာလည်း ပါရီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့လည်း ပူးပေါင်းပါဝင်ကူညီ ပေးနေ ပါသေးတယ်။

ထို ကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ရာမှာ Anonymous အဖွဲ့က DDos ဆိုတဲ့ ဒစ်ဂျစ်တယ်လက်နက်ကို အသုံးပြုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/11/anonymous-isis_18.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Saturday, October 10, 2015

လူတွေလိင်ဆက်ဆံမှုကို ၀ဘ်ကမ်တွေက တဆင့် ဟက်လုပ်ပြီး နေ့တိုင်းကြည့်နေခဲ့တဲ့ နှာဗူး




ဆိုက်ဘာ ဒုစရိုက် သမား ကွန်ပျူတာ ပညာရှင် တစ်ယောက်ဟာ လူတွေရဲ့ ၀ဘ်ကင်မရာတွေက တဆင့် သူတို့ရဲ့ လိင်ဆက်ဆံ မှုတွေကို တစ်နေ့ ၁၂ နာရီကျော် ထိုင်ကြည့် နေခဲ့ကြောင်း အမျိုးသား ပြစ်မှု အစိုးရ ဌာန (NCA) ကနေ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

အသက် ၃၃နှစ် ရှိပြီဖြစ်တဲ့ Stefan Rigo ဆိုသူဟာ Blackshades လို့ခေါ်တဲ့ malware တွေကို သုံးပြီး လူစိမ်းတွေရဲ့ ကင်မရာ တွေကို ထိန်းချုပ် ခဲ့ပါတယ်။ ကွန်ပျူတာရှေ့မှာ အဲဒီ လူတွေ ဘာလုပ်နေတယ် ဆိုတာကို ထိုင်ကြည့်ရင်း တစ်နေ့ တစ်နေ့ အချိန်ဖြုန်း နေခဲ့တယ်လို့ သိရ ပါတယ်။

ခုတော့ နိုင်ငံတကာ စစ်ဆင်ရေး တစ်ခုကနေ သူ့ကို မိသွားပြီ ဖြစ်ပြီး အောက်ရုံး တရားသူကြီးက Rigo ကို ထောင်ဒဏ် ရက် သတ္တပတ် ၄၀နဲ့ လစာမဲ့ အလုပ် နာရီပေါင်း ၂၀၀ လုပ်ပေး ရမယ် ဆိုပြီး ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။ လိင်ပိုင်း ဆိုင်ရာ ပြစ်မှု ချိုးဖောက်သူ စာရင်းမှာလည်း ၇နှစ်ကြာ မှတ်တမ်း ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Rigo ဟာ ရည်စားဟောင်း ဖြစ်သူရဲ့ ဘဏ်စာရင်း အသေးစိတ်ကို အသုံးချပြီး Blackshades malware ကို download လုပ်ခဲ့တာပါ။ အဲဒီ့ကနေ တဆင့် ကမ္ဘာအနှံ့က သူပြစ်မှတ် ထားတဲ့ ကွန်ပျူတာတွေကို ထိန်းချုပ်နိုင် သွားတာ ဖြစ်ပါတယ်။

Skype ဒါမှ မဟုတ် ကွန်ပျူတာတွေ ရှေ့မှာ လိင်ဆက်ဆံနေတဲ့ လူတွေ ပါဝင်တဲ့ ဓာတ်ပုံ စီးရီး အတွဲလိုက်ကို Rigo ရဲ့ ကွန်ပျူတာမှာ စုံစမ်း စစ်ဆေး သူတွေက တွေ့ရှိခဲ့ရ တယ်လို့ NCA မှ ပြောရေး ဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

Blackshades ရဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုရာက၊ ၀ဘ်ကင်မရာ တွေကို ထိန်းချုပ်နိုင်ခဲ့ခြင်း၊ အီးမေလ် စကားဝှက်တွေနဲ့ အီးမေလ် အကြောင်း အရာတွေကို ရယူနိုင်ခဲ့ခြင်း အကြောင်းတွေကို Rigo က ၀န်ခံမှု ပြုခဲ့ပါတယ်။

ဒီလိုဆိုက်ဘာ ဒုစရိုက် သမားတွေရဲ့ သားကောင် မဖြစ်စေဖို့ ကိုယ်မသိတဲ့ Link တွေ၊ အမည် မသိသူက ပေးပို့တဲ့ ဖိုင်တွေ၊ မယုံကြည်ရတဲ့ ဒေတာ ရင်းမြစ်တွေကို သွားပြီး Click မနှိပ်ဖို့ NCA ကနေ နှိုးဆော် ထားပါတယ်။

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/blog-post_10.html


Read More »

Sexy Cyborg လို့ခေါ်တဲ့ ကမ္ဘာ့ Sexy အဖြစ်ဆုံး ဟက်ကာ အမျိုးသမီး




လူတွေက ကွန်ပျူတာ ဟက်ကာလို့ ပြောရင် အဖွဲ့လိုက် လှုပ်ရှား ကြတယ်လို့သာ သိထားပြီး Sexy ဖြစ်တဲ့ အမျိုးသမီး တွေလည်း ဟက်ကာ ဖြစ်နေလိမ့်မယ်လို့ မထင်ကြပါဘူး။

ဒါပေမယ့် SexyCyborg ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေတဲ့ ဒီ ဟက်ကာကောင်မလေး အကြောင်း သိသွားရင်တော့ ဘယ်လောက် အန္တရာယ် များတယ်ဆိုတာ နားလည်သွားမှာပါ။

ဓါတ်ပုံဝေမျှတဲ့ လူမှု ကွန်ရက် တစ်ခုဖြစ်တဲ့ Imgur မှာတော့ SexyCyborg ဆိုတဲ့ ဟက်ကာမလေးက သူ့ရဲ့ ဒေါက်ဖိနပ် ထဲမှာ ဖွက်ထားတဲ့ အဆင့်မြင့် နည်းပညာ တွေ အကြောင်းကို ဖော်ပြ ခဲ့ပါတယ်။



သူမရဲ့ စစ်ဆင်ရေးတွေ ကတော့ သာမန် ဟက်ကာ တွေထက် အဆင့်မြင့် ပါတယ်။ သူမဟာ သူမ ပစ်မှတ်ဖြစ်တဲ့ ရန်သူတွေရဲ့ ဌာန ချုပ်ကို လှည့်စားပြီး အရင် ၀င်ရောက် ရပါတယ်။ ပြီးတဲ့နောက်မှာမှ ပစ်မှတ် ကွန်ပျူတာတွေကို သူမရဲ့ နည်းပညာမြင့် ဒေါက်ဖိနပ် နဲ့ ဟက်(Hack) လုပ်တာ ဖြစ်ပါတယ်။

"အရင်ဆုံး ပစ်မှတ်နဲ့ အနီးဆုံးမှာ ရှိတဲ့ အမျိုးသား တစ်ယောက်ကို အသုံးချ ရပါတယ်။ အဲဒီ အမျိုးသားနဲ့ ခင်မင် သွားရင် သူတို့ ရုံးခန်း (သို့) ဌာန ထဲကို ၀င်ရောက်ခွင့် ရအောင် လုပ်ရပါတယ်။ အဲဒီ အခါမှာလည်း ကျွန်မကို ဟက်ကာ တစ်ယောက်လို့ သတိ မထားမိအောင် အ၀တ်အစား တွေရဲ့ အကူအညီကို ရယူပါတယ်" လို့ သူမက ဆိုပါတယ်။

SexyCyborg ဟာ တရုတ်နိုင်ငံမှာ အထင်ရှားဆုံး ဘရုစ်လီ မွေးဖွားရာ ဒေသဖြစ်တဲ့ FoShan ဒေသက လာပြီးထို FoShan ဒေသဟာလည်း အရိပ်မဲ့ ခြေထောက်သိုင်း ဆိုတဲ့ ကွန်ဖူး အတတ်ပညာ ပေါက်ဖွားရာ ဒေသ ဖြစ်ပါတယ်။



သူမရဲ့ နည်းပညာမြင့် ဒေါက်ဖိနပ် အတွင်း မှာတော့ USB Keylogger လိုမျိုး ဟက် (Hack) ပြုလုပ်နိုင်မယ့် ကိရိယာတွေ ပါဝင်နေ ပါတယ်။ ထိုကိရိယာ တွေကို အသုံးချပြီး ကွန်ပျူတာနဲ့ ချိတ်ဆက် လိုက်ရုံနဲ့ ကွန်ပျူတာ အတွင်းမှာ အလွယ် တကူ ရှာဖွေ မရနိုင်တဲ့ Password တွေ အပါအ၀င် အရေးကြီး သတင်းအချက် အလက်တွေကို ရယူနိုင်စွမ်း ရှိတယ်လို့ သိရ ပါတယ်။

ဒါ့အပြင်သူမဟာ Pen Testing Device ကို အသုံးပြုပြီး တော့လည်း ကွန်ရက်တွေ ထဲကို ၀င်ရောက် သုံးစွဲနိုင်စွမ်း ရှိတယ်လို့ သိရ ပါတယ်။

တစ်ကယ်တော့ SexyCyborg ဟာ ဟက်ကာ တစ်ယောက် အဖြစ် လုပ်ကိုင်နေရုံတင် မကပဲ အ၀တ်အစား တွေကို နည်းပညာနဲ့ ပေါင်းစပ်မှု ကိုလည်း ဖန်တီးပြီး သူမရဲ့ အကျော်ကြားဆုံး ဒီဇိုင်း ကတော့ မီးအလင်းရောင် ထုတ်ပေးနိုင်တဲ့ စကတ်ပဲ ဖြစ်တယ်လို့ သိရပါတယ်။ SexyCyborg ရဲ့ နာမည် အရင်းကိုတော့ သူမက ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ ပါဘူး။

( Mario )

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/sexycyborg-sexy.html


Read More »