တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 28, 2017

ဝင်းဒိုးစ်တင်းန်းတွေမှာ ဒေတာသိမ်းဆည်းဖို့ နေရာ အလွတ် မရှိတဲ့ အခါ




ဝင်းဒိုးစ် တင်းန်း ဗားရှင်း ပါတဲ့ ကွန်ပျူတာ ပီစီ သို့မဟုတ် လက်တော့ပ် တွေမှာ ဟာ့ဒ်ဒရိုက်စ် ဘယ်လောက်ပဲ ကြီးနေပါစေ၊ တယ်ရာဗိုက် ပမာဏ ဘယ် လောက် ရှိနေ ပါစေ၊ ဒေတာ သိမ်းထား တာတွေ အရမ်း များပြီး ကျပ်နေရင် နေရာလွတ် မရှိတာတွေ စက်ဟန်း တတ်တာတွေ ဖြစ်တတ် ပါတယ်။

ဒါကြောင့်မိမိ အနေနဲ့ စက်အတွင်း ဒေတာ သိမ်းရာမှာ နေရာလွတ် ကျန်စေဖို့ နည်းလမ်း တွေကို Techno King ကွန်ပျူတာနဲ့ မိုဘိုင်းလ် ဆားဗစ်ဆိုင်မှ ကိုဆက်အောင်က အောက်ပါ အတိုင်း ဖြေပေး ထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ စက်အတွင်း သိုလှောင်မှု ကန့်သတ် ခံနေရရင် အရင်ဦး ဆုံး လုပ်ဆောင် ရမှာက ဟာ့ဒ်ဝဲ အပ်ဒိတ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်
raw image file တွေကို ဖျက်ပစ်ပါ။

မှတ်ချက် အနေနဲ့ စက်ဟန်း တာတွေ သို့မဟုတ် နေရာလွန် ကန့်သတ် ချက်ခံရတဲ့ အခါ စက်ကို restart ချတာတွေ ခဏခဏ မလုပ်ပစ်ဖို့ ကိုဆက်အောင်က အကြံပြု ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခဏ ခဏ လုပ်ဆောင်လို့ အခန့်မသင့်ရင် အတွင်းထဲ ကဆော့ဖ်ဝဲတွေကို error ဖြစ်တတ် တာကြောင့်လို့ သိရ ပါတယ်။

နောက်တစ်ချက်က စက်နေရာ မလွတ်တာတွေ၊ စက်ဟန်း လာရင် သုံးစွဲသူ အများစုဟာ ဆိုရင်items တချို့ကို ချက်ချင်း ဖျက်တတ် ကြပါတယ်။

ဥပမာ ဓာတ်ပုံ၊ docum-ent စတာတွေကို ပိတ်ပေ မဲ့လည်း recyclebin ထဲရောက် သွားတာကြောင့် recycle bin ထဲဝင်ပြီး delete ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး disk cleanup လုပ်ရ ပါမယ်။ ဝင်းဒိုးစ်တွေက disk cleanup ကိုအခြေပြုပြီး ဖွဲ့စည်း ထားတာ ဖြစ်တာကြောင့် နေရာလွတ်ကျန်ဖို့ disk ထဲက ဖိုင်တွေကို ရှင်းပစ်ရမှာ ဖြစ်ပါတယ်။

ဥပမာအင်တာနက်ထဲ ဝင်ထားတဲ့ recent ဖိုင်တွေ၊ dump files နဲ့ ဝင်းဒိုးစ် installations လုပ်ထားတဲ့ ဖိုင်တွေကို ဖျက်ပစ်ရမှာ ဖြစ်တယ်။

Disk  cleanup လုပ်ဖို့  start  menu ထဲဝင်ပါ။ အက်ပ်အားလုံးအောက်က > windows administrative  tools >disk cleanup ကိုတွေ့မှာ ဖြစ်တယ်။ ပြီးရင် clean လုပ်ချင်တဲ့ drive ကိုရွေးပြီး clean up လုပ်ကာ Ok နှိပ်ပါ။  

အဲသည်အခါ disk clean up ကနေရာလွတ်ဘယ်လောက်ကျန်တယ် ဆိုတာကိုတွက်ချက်ပြမှာဖြစ်ပါတယ်။

သုံးစွဲသူတွေ အနေနဲ့ system file တွေကို ဖျက်ပစ် ချင်တယ် ဆိုရင်တော့ system file ကို clean up လုပ်လိုက်ပါ။ System  file ဆိုတာက ဝင်းဒိုးစ် အဟောင်းဖိုင်တွေ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ disk ကို running မလုပ်ထားတဲ့ ဒေါင်းလုပ်ဒ် ဆွဲထားတဲ့ ဖိုင်တွေကိုဖျက်ပစ်ရပါမယ်။

ဥပမာ  whatsapp လိုအက်ပ်တွေ၊ ဆော့ဖ်ဝဲတွေ ဒေါင်းထားတဲ့ အခါယာယီ လိုမျိုး temporary file တွေကျန်နေ တတ်ပါတယ်။ အဲသည်ဖိုင်တွေ ကလည်း စက်အတွင်း နေရာတော်တော် များများယူထား တာကြောင့် ဖျက်သင့်ပါတယ်။

ဖျက်ပစ်ဖို့   ettings ထဲက systemထဲ ဝင်ပြီး ဘယ်ဘက်နားက storage ကိုနှိပ်ပါ။ စက်ရဲ့ထိပ်ပိုင်းမှာ temporary filesဆို တဲ့ စာရင်း တွေတွေ့ရပါလိမ့်မယ်။  အဲသည်မှာ ဘောက်စ်ထဲက temporary filesနဲ့ဒေါင်းလုပ်ဒ်ဆွဲထားတဲ့ downloads folder ကိုတွေ့ရင်နှိပ်ပြီး remove လုပ်ပါ။

နောက်တစ်နည်းကတော့အရေးမကြီးတဲ့ အက်ပ်တွေကို uninstall လုပ်ပါ။ Settings menu ထဲဝင်ပြီး system > apps&  features နဲ့ sort by  size ကိုရွေးပါ။ Menu ထဲက အက်ပ်တွေuninstall လုပ်ဖို့အက်ပ်တွေကို ရွေးပြီး Uninstall ဆိုတာကို နှိပ်ပါ။

နောက်ပြီး ဝင်းဒိုးစ်တင်န်းရဲ့ deault အက်ပ်တွေဖြစ်တဲ့ မြေပုံအက်ပ်၊ one  note အက်ပ်နဲ့ photos အက်ပ်တွေကိုမလိုအပ်ရင် ဒေါင်းလုပ်ဒ်မဆွဲပါနဲ့။ ဒေတာ ဆိုက်ကြီးတဲ့ အက်ပ်တွေ ကနေရာပို ယူတာကြောင့် ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖိုင်နဲ့ဒေတာအများစုကို ကလောက်ဒ်(cloud)ထဲ မှာသိမ်းဆည်းပါ။ Cloud က အင်တာနက်ဒေတာသိုလှောင်မှုရဲ့ နေရာ အနေ အထားကို ရည်ညွှန်းတာဖြစ်ပါတယ်။

သူက ဖုန်း၊ ကွန်ပျူတာစတဲ့ စက်ပစ္စည်းထဲက ဒေတာမှန်သမျှကို အချိန်မရွေးလက်ခံပြီးသိမ်းဆည်းပေးထားတာ ဖြစ်ပါတယ်။ ကလောက်ဒ်ထဲမှာ အကန့် အသတ်မရှိ မိမိရဲ့ဖိုင်တွေကို back up အနေနဲ့ သိမ်းဆည်း ထားလိုက်ရင် စက်အတွင်း နေရာလွတ် ကျန်နေမှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Monday, June 26, 2017

ဟွာဝေး ဝိုင်စီးရီး ပြည်တွင်းဈေးကွက် စတင်ရောင်းချ




ကမ္ဘာကျော် တရုတ် ကုမ္မဏီ ဟွာဝေးမှ Y7 Prime, Y6 II Prime နဲ့ Y5 2017 နဲ့ စမတ်ဖုန်း အသစ် တို့ကို Hua-wei Y စီးရီး အနေနဲ့ ပြည်တွင်းမှာ စတင် ရောင်းချ နေပြီဖြစ်ကြောင်း သိရ ပါတယ်။

လက်ရှိမှာဆိုရင် စမတ်ဖုန်းတွေတစ်ခုပြီးတစ်ခုပိုပိုများလာတာကြောင့် စမတ်ဖုန်းပေါင်းများစွာကိုအလွယ်တကူဝယ်ယူရရှိနိုင်ပေမဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ စမတ် ဖုန်းကိုရွေးချယ်ဖို့ ခက်ခဲတာမျိုးရှိတတ်ပါတယ်။

ဟွာဝေးအနေနဲ့ ပထမဆုံးစမတ်ဖုန်းဝယ်ယူမယ့်သူတွေအတွက် သာမကစမတ်ဖုန်း အသုံးပြုနေကျသူတွေအတွက်ပါပြီးပြည့်စုံစေ မယ့် Huawei Y မိသားစုဝင် အသစ်တွေကို ရောင်းချမှာဖြစ်ပါတယ်။

Y စီးရီးထဲက အကြီးဆုံးလို့ဆိုနိုင်တဲ့ Y7 Prime ကိုလက်ရာမြောက်တဲ့ ဒီဇိုင်း၊ လျှပ်တစ်ပြက်ရိုက်ချက်တွေမှာ အသက်ဝင်နိုင်စေတဲ့ ကင်မရာ နဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေ အပါအဝင် နောက်ဆုံးပေါ် android N ကို အခြေခံထားတဲ့ EMUI 5.1 စနစ်လည်းပါဝင်ကြောင်း သိရပါတယ်။

အသေးစိတ်ဖန်တီထားတဲ့ သတ္ထုကိုယ်ထည်နဲ့ မျက်နှာပြင် ၅.၅ လက်မ HD မျက်နှာပြင်၊ 2.5 D မှန်သား၊ မြန်မြန်ဆန်ဆန်၊ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင် မယ့် 3 GB RAM, 32 GB ROM၊ စွမ်းအင်ချွေတာနိုင်မယ့် နည်းပညာ (smart battery saving technology) တို့လည်းပါဝင်ပါတယ်။

ဘက်ထရီပိုင်းကတော့ 4000 mAh ဘက်ထရီဖြစ်ပါတယ်။ Y7 Prime ကနည်းပညာသစ်ကို စိတ်ဝင်စားကာ အခုမှ ဖုန်းစတင်အသုံးပြုမယ့် လူငယ်တွေ အတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။

နောက်ထပ်အရွယ်အစားအလတ်ဖြစ်တဲ့ Y6 II Prime ကို Google AndroidTM 6.0 နဲ့ ဖန်တီးထားတဲ့အတွက် ဂူးဂဲလ် အိုအက်စ်ပါဝင် တာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်က ၅.၅ လက်မနဲ့ကင်မရာက တော့ ကျောဘက်ကင်မရာ 13 MP နဲ့ အ ရှေ့ဘက်ကင်မရာ 8 MP တို့ပါဝင်တာကြောင့် ဓာတ်ပုံရိုက်ကူးရာမှာ ပုံထွက်ကောင်းတဲ့ အရည်အသွေးရရှိမှာဖြစ်တယ်။

ဘက်ထရီပိုင်းကတော့ 3000 mAh ပါဝင်ပြီး စွမ်းအင်ချွေတာစနစ်ပါ ပါဝင်တဲ့အတွက် တစ်နေ့တာအတွက်လုံလောက်တဲ့ပမာဏဖြစ်ပါ တယ်။

ဒါ့အပြင် Y6 II မတ်ဖုန်းထက်စာရင် RAM 3GB က ဖုန်းတွင်း ဂိမ်း၊ အက်ပ်လုပ်ဆောင်မှုကိုမြန်ဆန်စေမှာဖြစ်တဲ့အပြင် 32 GB ROM က လည်းဒေတာတွေကို ပိုပြီး သိမ်းဆည်းနိုင်စေမှာဖြစ်ပါတယ်။

ငါးလက်မ မျက်နှာပြင်နဲ့ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်ကိုင် ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး flash မီးနှစ်လုံးပါဝင်ပြီး ကျောဘက်ကင်မရာ 8 MP ပါဝင်ပါတယ်။ စွမ်းအင်အပြည့်နဲ့ ဘက်ထရီ 3000 mAh က တစ်နေ့ တာအတွက် လုံလောက်စေမှာဖြစ်ပါတယ်။



ဒါ့အပြင် Huawei Y7 Prime နဲ့ Y6 II Prime ဝယ်ယူသူတွေအတွက် တယ်လီနောဆင်းမ်ကတ်အတွင်း ကျပ် ၅၀ဝ၀ ဖြည့်ပေးရုံနဲ့ အင်တာ နက်အခမဲ့သုံးစွဲခွင့် 1GB နဲ့ လစဉ်မိနစ် ၆၀ (တယ်လီနောအအချင်း ချင်း)အခမဲ့ပြောဆိုခွင့် ခြောက်လဆက်တိုက်ခံစားခွင့်ရှိမှာဖြစ်ပါ တယ်။

Y5 2017 ဝယ်ယူသူတွေအတွက် တယ်လီနောဆင်းမ်ကတ် အတွင်း ငွေကျပ် ၃၀ဝ၀ ဖြည့်ပေးရုံနဲ့ 800 MB အခမဲ့သုံးစွဲခွင့် ကို ခြောက်လ ဆက်တိုက် ရရှိမှာဖြစ်ပါတယ်။

Huawei Y7 Prime ကို မြန်မာငွေကျပ်၂၇၉,ဝ၀ဝ နဲ့ ၀ယ်ယူရရှိ နိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ ရွှေရောင်၊ မီးခိုးရောင်နဲ့ ငွေရောင် တို့ကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Huawei Y6 II Prime ကို ကျပ် ၂၃၉,ဝ၀ဝ နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ရွှေရောင်၊ အဖြူရောင်နဲ့ အနက်ရောင်တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Y5 2017 ကို ကျပ် ၁၇၉,ဝ၀ဝ နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ အဖြူရောင်၊ ရွှေရောင်နဲ့ မီးခိုးရောင်တို့ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Friday, June 23, 2017

ရေစိမ်ခံနိုင်ပြီး ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် iPhone 8 ကို လေ့လာ ကြည့်ရအောင်




အမေရိကန် အခြစိုက် နာမည်ကျော် ဖုန်း ထုတ်လုပ်သူ Apple ကုမ္ပဏိက ရေစိမ်လည်း ခံနိုင်ပြီး ကြိုးမဲ့ စနစ်နဲ့လည်း အားသွင်း လာနိုင်မယ့် မော်ဒယ်သစ် iPhone 8 ဈေးကွက်ထဲ ရောက်လာဖို့ ရှိတဲ့ အကြောင်း အတည်ပြု ပါတယ်။

Nikkei Asian ရဲ့ ဖော်ပြချက် အရ iPhone ထုတ်လုပ်ရာမျာ ပါဝင်သူ Wistron အနေနဲ့ အခုနှစ် အတွင်းမှာ iPhone 8 လည်း ဈေးကွက်ဝင်လာနိုင်သလို ဖုန်းမော်ဒယ် သစ် ၃ မျိုးလောက်ထိ မိတ်ဆက် ရောင်းချ လာဖို့ ရှိနေပြီး အဆိုပါ ဖုန်းတွေ အနေနဲ့ ရေစိမ်လည်း ခံနိုင်မယ်၊ ကြိုးမဲ့ အားသွင်း စနစ်လည်း သုံးနိုင်မယ် လို့ ဆိုထား တာပါ။

အထူးသဖြင့် ကြိုးမဲ့ အားသွင်း စနစ် အနေနဲ့ လက်ရှိ iPhone ရဲ့ အဓိက ပြိုင်ဖက် Samsung ရဲ့ ဖုန်းတွေလို သုံးနိုင်အောင် ဖန်တီး လာခြင်း ဖြစ်ပြီး အခု iPhone 8 အသစ်မှာတော့ ပိုမို မြန်ဆန် ကောင်းမွန်အောင် အားသွင်းနိုင်ဖို့ ဖန်တီးထားမယ် လို့ ဆိုပါတယ်။

Wistron ရဲ့ CEO ဖြစ်သူ Robert Hwang ကတော့ အခု ဖုန်းသစ်မှာ တပ်ဆင် ဖန်တီးပုံက အရင်ဖုန်းတွေနဲ့ သိပ် မကွာပဲ ရေစိမ်ခံဖို့နဲ့ ကြိုးမဲ့ ပုံစံ အားသွင်းနိုင်ဖို့ပဲ ဖန်တီး လာတယ် လို့ ဆိုပါတယ်။

Hwang က ဖုန်းသစ် အနေနဲ့ အများ ခန့်မှန်းသလို အခုနှစ်ထဲမှာလည်း ဈေးကွက်ထဲ ရောက်လာနိုင်သလို လာမယ့် ၂၀၁၈ ကျမှလည်း ရောင်းချမှု ဖြစ်သွား နိုင်တယ် လို့ ပြောပါတယ်။

ဒါပေမယ့် သူကတော့ ဘယ်အချိန်မှာပဲ စတင် ရောင်းချသည် ဖြစ်စေ…၊ အခု မော်ဒယ်သစ်နဲ့ ပတ်သတ်ပြီး အားသာချက် ကောင်းတွေကို သုံးနိုင်၊ မြင်တွေ့ လာနိုင်မှာ ဖြစ်လို့ အရင်က iPhone မော်ဒယ်တွေထက် အခု iPhone 8 ဟာ ရောင်းအား ပိုကောင်းလိမ့်မယ် လို့လည်း ဆိုပါတယ်။

Wistron အနေနဲ့ ကတော့ Apple နဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး Hwang ရဲ့ ပြောကြားချက် တွေအရ ဖုန်းသစ်ဟာ နောက်နှစ်ထဲမှာ ဈေးကွက်ထဲ ရောက်လာနိုင်တယ် ဆိုပေမယ့် Apple ကတော့ iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့် အနေနဲ့ အခုနှစ်ထဲမှာပဲ ဈေးကွက်တင်နိုင်အောင် ကြိုးစား နေတာ တွေ့ရပါတယ်။

iPhone 7 ကို 7 နဲ့ 7 Plus တွေ ထုတ်လုပ်သလို နောက်ဆက်တွဲ အနေနဲ့ iPhone 7s နဲ့ 7s Plus တွေ ဆက်ထွက်လာ သလိုပဲ iPhone 8 အနေနဲ့လည်း ကနဦး 8 နဲ့ 8 Plus တွေ ထွက်လာနိုင်ပြီး 8s နဲ့ 8s Plus မျိုးတွေလည်း ထွက်ရှိလာနိုင်တယ် လို့ ခန့်မှန်းရပါတယ်။

ဒါပေမယ့် တချို့ကလည်း Wistron အနေနဲ့ iPhone 7s Plus ကို အစမ်းတပ်ဆင် ကုမ္ပဏီ အဖြစ် တာဝန်ယူခဲ့တာ မှန်ပေမယ့် iPhone 8 အတွက်တော့ တာဝန်ပေး ထားတာ မဖြစ်နိုင် ဘူးလို့လည်း ဆိုနေပြန် ပါတယ်။

ဒါအပြင် နောက်ဆက်တွဲ သတင်းတွေ အရ iPhone 8 ရဲ့ ကြိုးမဲ့ အားသွင်းနိုင်မှု ပုံစံဟာ Samsung ရဲ့ ကြိုးမဲ့ အားသွင်းနိုင်မှု ပုံစံနဲ့ မတူနိုင်ဘူး လို့ ဆိုပါတယ်။

လက်ရှိ Samsung ရဲ့ ကြိုးမဲ့ အားသွင်းစနစ်က ကြိုးနဲ့ ချိတ်ဆက် အားသွင်းစရာ မလိုပေမယ့် သတ်မှတ်တဲ့ နေရာ (အထိုင်အပြား) ပေါ်ကို ဖုန်းထားရှိပြီး အားသွင်း ရတာပါ။

iPhone 8 မှာတော့ အဆိုပါ ပုံစံနဲ့ မတူတဲ့ စစ်မှန်တဲ့ ကြိုးမဲ့ အားသွင်းစနစ်နဲ့ လာနိုင်ပြီး ၁၅ ပေ အတွင်း စိတ်ကြိုက် နေရာကနေ ကြိုးမဲ့ အားသွင်း နိုင်အောင် ဖန်တီးနေ တယ် လို့ သိရ ပါတယ်။

မော်ဒယ်သစ်ဟာ မျက်နှာပြင်ပြည့် ပြသမျက်နှာပြင် စနစ်နဲ့ True Tone OLED စနစ်ကို သုံးထား နိုင်တယ်၊ မှန်သား နည်းနည်းနဲ့ သတ္တု ကိုယ်ထည် ဦးစားပေး ဖန်တီး လာနိုင်တယ်၊ VR နားကြပ်နဲ့ ချိတ်ဆက်ဖို့ Smart Connector ပါလာနိုင်တယ်၊ 3D Touch စနစ် သုံးနိုင်လာတယ်၊ စတဲ့ အားသာချက်တွေနဲ့ ထွက်ရှိ လာနိုင် တယ်လို့ ခန့်မှန်းနေ ကြကြောင်းပါ။

Ref: www.indiatoday.intoday.in

From : ဧရာဝတီ by သက်နိုင်ဦး (UCSL)

Originally published at - burma.irrawaddy.com

Read More »

Thursday, June 22, 2017

အကောင်းဆုံး တန်ဖိုးသင့် စမတ်ဖုန်း ၇ မျိုး




ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း စမတ်ဖုန်းတွေရဲ့ နည်းပညာ ပိုင်းနဲ့ အသုံး တွင်ကျယ် မှုဟာ အံ့ဩစရာ အရှိန်အဟုန် မျိုးနဲ့ မြင့်တက် လာပါတယ်။ အိတ်ဆောင် ကိရိယာငယ် ဆက်သွယ်ရေး Gadget လေးတွေဟာ နိစ္စဓူဝ လူမှု နယ်ပယ်ရဲ့ မရှိမဖြစ် ပစ္စည်းလေးတွေ လိုတောင် ဖြစ်လာ ခဲ့တယ်။

ဈေးကွက်ထဲမှာ စမတ်ဖုန်း ဒီဇိုင်းစုံ၊ အမှတ် တံဆိပ်စုံနဲ့ စွမ်းဆောင်ရည် အမျိုးမျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း အဆင့်အမြင့်ဆုံးလို့ ဆိုရမယ့် High-end အမှတ်တံဆိပ်တွေ အပြင် ပေါ့ပေါ့ပါးပါး Appတွေလောက် အသုံးပြုဖို့သာ ရည်ရွယ်ထားတဲ့ ဘတ်ဂျတ်ဖုန်းတွေထိ အစုံအလင်ပါပဲ။

အဲဒီထဲကမှ ဈေးနှုန်းအရလည်း အရမ်းကြီး မြင့်မားမှု မရှိဘူး၊ စွမ်းဆောင်ရည်ပိုင်းကလည်း အနိမ့်စားထဲက မဟုတ်ဘူးဆိုတဲ့ အလယ်အလတ်တန်းစား စမတ် ဖုန်းတွေကို ဝယ်ယူ ကိုင်ဆောင်ချင်သူတွေ အတွက်လည်း ကုမ္ပဏီ အသီးသီးက တန်ဖိုးသင့် စမတ်ဖုန်းတွေ ထုတ်လုပ်ပေးကြပါတယ်။

ဒေါ်လာ ၂၀၀ ကျော်၊ ၃၀၀ ဝန်းကျင် တန်ဖိုးလောက် ကျသင့်မယ့် တန်ဖိုးသင့် မော်ဒယ်လ်တွေထဲက အကောင်းဆုံးလို့ ယူဆရနိုင်တဲ့ စမတ်ဖုန်း ၇ မျိုးကို အခုဆောင်းပါးမှာ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

Lenovo P2

နည်းပညာဝက်ဘ်ဆိုက် တော်တော်များများက အကောင်းဆုံး တန်ဖိုးသင့် စမတ်ဖုန်း တစ်လုံးအဖြစ် တူတူညီညီ ထောက်ခံထားတဲ့ ထုတ်ကုန်တစ်ခုပါ။

Octacore Processorကို 4GB RAMနဲ့ ထောက်ပံ့ပေးထားပြီး Display စွမ်းဆောင်ရည်ကလည်း 1920x1080ထိ ကြည်လင် ပြတ်သားမှု ရှိပါတယ်။

ကင်မရာကလည်း အတော်ကို စိတ်ကျေနပ်စရာပါ။ ကိုင်ဆောင်ရတာ နည်းနည်း လေးလံသလို ရှိပေမယ့် စီးစီးပိုင်ပိုင်တော့ ဖြစ်ပါတယ်။ Android 6.1 OSကို သုံးထားတဲ့ P2ဟာ ဒေါ်လာ ၃၀၀ ဝန်းကျင် ဖုန်းတွေထဲမှာတော့ အတော်လေး မျက်စိကျစရာပါ။



Blu Vivo 6

၅.၅ လက်မအရွယ် Screenက Full HD အရည်အသွေး ပုံရိပ်တွေကို ပီပီပြင်ပြင် ဖော်ပြနိုင်ပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း မြင့်ပါတယ်။ သိုလှောင်မှု ပမာဏ 64GBနဲ့ RAM 4GBလောက် စမတ်ဖုန်းကို ဒေါ်လာ သုံးရာဝန်းကျင်နဲ့ ရရှိနိုင်မယ့် သဘောပါ။

MediaTekရဲ့ Helio P10 CPUကလည်း Blu Vivo 6ရဲ့ စွမ်းဆောင်ရည်ကို ထောက်ပံ့ မြှင့်တင်ပေးနိုင်ဦးမှာပါ။ အသံပိုင်း စနစ်က ကောင်းမွန်သလို ဖုန်းတစ်ခု လုံးကို ခြုံငုံကြည့်ရင် တောင်းဆိုမှု မြင့်မားတဲ့ App အများစုကို ကောင်းကောင်း ထိန်းချုပ် ကိုင်တွယ်နိုင်စွမ်း ရှိတာကို တွေ့နိုင်ပါတယ်။



Moto G4

Moto GP စီးရီးတွေက အစောပိုင်းမှာ ဘတ်ဂျတ်ဖုန်း ဆန်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ တန်ဖိုးသင့် အလယ်အလတ်တန်းစား စမတ်ဖုန်း တစ်လုံးရဲ့ အရည် အသွေးမျိုး တိုးတက် လာပါတယ်။

Moto G4မှာတော့ Octa-core Snapdragon 617 Processorကို အသုံးပြုထားပြီး ဖုန်းရဲ့ 13 megapixel ကင်မရာကလည်း အတော်ကို အရည်အသွေး ကောင်းပါတယ်။

ဘက်ထရီ အရွယ်အစား ကြီးမားသလို တကယ်လည်း လက်တွေ့ကျကျ အသုံးခံတယ်။ ဖုန်းရဲ့ Screenကလည်း အရောင်အသွေး စုံလင်စိုပြေနေပြီး Full HD ဗီဒီယိုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ် ပြသနိုင်မှာ ဖြစ်ပါတယ်။



Vodafone Smart Ultra 7

ဖွဲ့စည်းပုံ သေသပ်ပြီး စွမ်းဆောင်ရည် သင့်တင့်တဲ့ စမတ်ဖုန်း တစ်မျိုး ဖြစ်ပါတယ်။ ၅.၅ လက်မအရွယ် 1080p Display ပါရှိပြီး MediaTek Processorနဲ့ 2GB RAMတို့ကို အသုံးပြုထားတယ်။ ဘက်ထရီကလည်း အတော်လေး အသုံးခံ ပါတယ်။

Android OSကို အမှန်တကယ် အသုံးဝင်မယ့် Appတွေနဲ့ စနစ်တကျ ပေါင်းစပ်ပေးထားပြီး ကင်မရာ တပ်ဆင်မှု အပိုင်းကလည်း အဆင်ပြေပါတယ်။

နောက်ဘက်မှာ 13megapixelကင်မရာနဲ့ Selfie အတွက်တော့ 8megapixel ကင်မရာတွေ အသီးသီး ပါရှိတယ်။

ဒါပေမဲ့ ဖုန်းရှေ့ဘက် ကင်မရာက နေရောင်ထဲမှာတော့ အကောင်းဆုံး အလုပ်မလုပ်နိုင်တာ ပြဿနာ တစ်ခုပါ။ ဒေါ်လာ ၂၀၀ အောက် စမတ်ဖုန်း တစ်လုံး အနေနဲ့တော့ အတော်ဟုတ်တဲ့ အဆင့်လို့ ဆိုရပါမယ်။



Xiaomi RedMi Note 3

တရုတ် စမတ်ဖုန်း ကုမ္ပဏီ Xiaomiဟာ နောက်ပိုင်းနှစ်တွေမှာ တော်တော် နာမည်ရလာပြီး အာရှမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာပါတယ်။

RedMi Note 3ဟာ အတော်လေး ကြီးသလို ထင်ရတဲ့ ဖုန်းပါ။ ဒါပေမဲ့ တကယ်တမ်းက လူသုံးများတဲ့ ၅.၅ လက်မအရွယ် Screenကိုပဲ 1080p အရည်အသွေးနဲ့ တပ်ဆင်ပေးထားပါတယ်။

MediaTekရဲ့ Helio X10 Processorကို 2GB၊ ဒါမှမဟုတ် 3GB RAMတွေနဲ့ တွဲစပ်ပေးထားတဲ့ မျိုးကွဲတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Xiaomiဟာ Googleရဲ့ Material ဒီဇိုင်းပိုင်းကို စိတ်တိုင်းကျ ပြန်မွမ်းမံထားတာကြောင့် Android Lollipopကို သုံးထားတဲ့တိုင် iOS 9 ပုံစံ ပိုပေါ်နေတယ်လို့ မှတ်ချက်ပေး ခံရပါတယ်။



Oppo F1

ဖန်သားနဲ့ သတ္တုတို့ သဟဇာတဖြစ်ဖြစ် ပေါင်းစပ် ဖန်တီးထားတဲ့ စမတ်ဖုန်းဟာ ချောမွေ့သေသပ်တဲ့ ဒီဇိုင်းမျိုးနဲ့ မျက်စိပသာဒ ဖြစ်လောက်စရာပါ။

Qulcommရဲ့ Processorကို 3GB RAMပမာဏနဲ့ ထောက်ပံ့ပေးထားတာကြောင့် အားကောင်းတဲ့ စွမ်းဆောင်ရည် ပေါင်းစပ်မှုလို့ ဆိုရပါလိမ့်မယ်။

Oppoရဲ့ အားသာချက် တစ်ခုဖြစ်တဲ့ ကင်မရာ ဖွဲ့စည်းပုံက အထင်ကြီးစရာပါ။ နောက်ဘက်မှာ 13megapixelနဲ့ Selfieအတွက် 8megapixelတွေ တပ်ဆင်
ထားပြီး ကင်မရာ စမ်းသပ်ချက် ရလဒ်တွေမှာလည်း အပျံစား ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ၅ လက်မ Screenက 720p အရည်အသွေးသာ ရှိတဲ့ တစ်ချက်ကိုတော့ အားနည်းချက်လို့ သတ်မှတ်ရပါလိမ့်မယ်။ Android 5.1.1ထက် ပိုမြင့်တဲ့ OSဗားရှင်း ထွက်လာရင်တော့ F1 ပိုင်ရှင်တွေအတွက် ပိုကျေနပ်စရာ ဖြစ်မှာပါ။



Wileyfox Swift 2 X

စမတ်ဖုန်း ဈေးကွက်မှာ Wileyfoxရဲ့ သက်တမ်းက အတော်နုပါသေးတယ်။ ဒါပေမဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အကောင်းဆုံး လက် ရာလို့ ဆိုရမယ့် Swift 2 Xကတော့ စိတ်ဝင်စားစရာပါ။

Snapdragon 430 Processorကို တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်းက အံ့ဩလောက်စရာ ဖြစ်ပါတယ်။ 1080p အရည်အသွေး ဗီဒီယိုတွေကို ပြသနိုင်တဲ့ Screenကလည်း ကြည်လင်ပြီး အရည်အသွေး ကောင်းလွန်းပါတယ်။

တန်ဖိုးသင့် ဖုန်းတစ်လုံး ဆိုပေမယ့် ဒီဇိုင်းတည်ဆောက်ပုံက အဆင့်မြင့် တန်ဖိုးကြီး ထုတ်ကုန် တစ်ခုလို့လည်း ထင်ယောင်မှားစရာပါ။

ဖုန်းရဲ့ OSပိုင်းကိုလည်း အဆင့်မြှင့်တင်ပေးဖို့ ကုမ္ပဏီက လုပ်ဆောင်နေတာကြောင့် ဝန်ဆောင်မှု အပိုင်းမှာလည်း အဆင်ပြေတယ်လို့ ချီးကျူးရမှာ ဖြစ်ပါတယ်။

Ref: Trusted Reviews, Expert Reviews

From : 7 Day daily news by: ဇွဲရဲဝင့်

Originally published at - http://www.7daydaily.com/story/99678



Read More »

Monday, June 19, 2017

လှိုင်းရိုက်အားကို အသုံးပြုပြီး စွမ်းအင် ထုတ်နိုင်တော့မည်




ပြည့်မြဲ စွမ်းအင် ကုမ္ပဏီတွေက ရေလှိုင်း ကနေ စွမ်းအင် ထုတ်ချင် aပမယ့် စီပွားဖြစ် ထုတ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီအခြေ အနေကို သြစတြေးလျ ကုမ္ပဏီ Wave Swell Energy က ပြောင်းလဲ ပေးလိုက် ပါပြီ။ သူတို့ တီထွင် လိုက်တဲ့ ဒီကိရိယာက လှိုင်းရိုက် ကမ်းခြေက”မှုတ်တွင်း” လိုမျိုး လှိုင်းရိုက် အားကို အသုံးချ မှာပါ။

“ရေအောက်မှာ ဖွင့်ထားတဲ့ လိုဏ်ခေါင်း ထဲကို လှိုင်းရိုက် လိုက်ချိန်မှာ လိုဏ်ခေါင်းတွင်း ရေမျက်နှာပြင်က အတက် အကျဖြစ်ပြီး အထဲက လေကို ဖိလိုက် တယ်။ ရေပြန် ကျချိန် လိုဏ်ခေါင်းတွင်းမှာ လေဟာနယ် တစိတ်တပိုင်း ဖြစ်လာတယ်။ ဒီနည်းနဲ့ လေအား သုံး တာဘိုင်ကို လည်ပတ်စေတာပါ။”

ဒီလို ရေလှိုင်းတွေရဲ့ အထက်အောက် လှုပ်ရှားမှုကို အရင်ကလည်း အသုံးချခဲ့ပေမယ့် Wave Swell ရဲ့ အခုတီထွင်မှုမှာတော့ ခြားနားချက်တခု ရှိပါတယ်။

“ကျေန်ာတို့က တဘက်သက်စီးဆင်းမှုကိုပဲ အသုံးချမှာပါ။ တဘက်သက်စီးလာတဲ့လေကို တာဘိုင်ကို ဖြတ်သွားတာမျိုးပါ။ တခြားတီထွင်မှုတွေမှာတော့ လေက နှစ်ဘက်စီးဆင်းတာမျိုးပါ။”

အလွတ်စမ်းသပ်မှုတခုအရ ဒီမော်ဒယ်က သမားရိုးကျတာဘိုင်ထက် ၂ ဆ အားကောင်းတာ တွေ့ရပါတယ်။ အလုံးစုံတည်ဆောက်ပြီးချိန်မှာ အရွယ်အစားက ရေပြင်ပေါ်ထိုင်မယ့် လေတာဘိုင်နဲ့ဆို မီတာ ၂၀ ပတ်လည် ရှိမှာပါ။ ဒီတာဘိုင်ကို နောက်နှစ်မေလမှာ ဘက်စ်စထရိတ်က ကင်းအိုင်လန်ကမ်းခြေမှာ စမ်းသပ်မောင်းနှင်သွားမှာပါ။

“အဲဒီိမှာက သင့်တော်တဲ့လှိုင်းအမြင့်ရှိတဲ့အပြင် ဒေသခံတွေရဲ့ ထောက်ခံမှုလည်းရှိတော့ ဒီနည်းပညာကို ဈေးကွက်ဝင် သရုပ်ပြဖို့ သင့်တော်တဲ့ နေရာဖြစ် တယ်လို့ ယူဆပါတယ်။”

၅ နှစ်အတွင်း ဈေးအချိုဆုံး ကမ္ဘာ့စွမ်းအင်ပင်ရင်းတွေနဲ့ ယှဉ်ပြိုင်ဖို့နဲ့ တချိန်မှာ သမုဒ္ဒရာကြီးရဲ့ စွမ်းအင်ကို ဖော်ထုတ်ဖို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213199

Read More »

Sunday, June 18, 2017

Dual Messenger လုပ်ဆောင်ချက် အသစ်နဲ့ Samsung J Pro Series စမတ်ဖုန်းများ




Samsung Myanmar မှ Galaxy J Pro (2017) series စမတ်ဖုန်းများ ဖြစ်ကြတဲ့ J5 Pro နဲ့ J7 Pro စမတ်ဖုန်း တို့ကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက် လိုက်ပါပြီ။

Galaxy J Pro series မှာ ထူးခြားချက် အနေနဲ့ Social Media အကောင့်နဲ့ Chatting Application တို့ကို အကောင့် ၂ ခု ခွဲပြီး ဖုန်းထဲမှာ တပြိုင်တည်း အသုံးပြု နိုင်တဲ့ Dual Messenger solutions လုပ်ဆောင်ချက် အသစ် ပါဝင် တယ်လို့ သိရ ပါတယ်။

ကျစ်လစ် သပ်ရပ်တဲ့ သတ္တု ကိုယ်ထည်နဲ့ အတူ Galaxy J5 Pro နဲ့ J7 Pro တို့မှာ အရည် အသွေး မြှင့်တင် ထားတဲ့ စွမ်းဆောင်ရည်၊ ကင်မရာနဲ့ အသစ် တိုးမြှင့် ထားတဲ့ လုံခြုံရေး စနစ်တို့ ပါဝင် ပါတယ်။

“Samsung J Series မှာ ထူးခြားချက် ကတော့ ဖုန်းတလုံးနဲ့ နေထိုင်မှု နှစ်မျိုး ဆိုတဲ့ အတိုင်း Dual Messenger လုပ်ဆောင်ချက် ပါဝင်တယ်။

ဖုန်းတလုံး တည်းမှာ Dual Sim နဲ့ Viber အကောင့် ၂ ခု၊ Messenger အကောင့် ၂ ခု ကို တပြိုင်တည်း သုံးနိုင်တယ်။ အကောင့် တခုပြီး တခုလည်း Log in, Log out လုပ်စရာ မလိုဘူး။ အလုပ်နဲ့ Personal ကို ခွဲပြီး သုံးနိုင်တယ်” လို့ Samsung Myanmar ရဲ့Head of IT ကိုဇာနည် ဝင်းထက်က ပြောပါတယ်။



J5 Pro နဲ့ J7 Pro စမတ်ဖုန်းများမှာ စွမ်းဆောင်ရည်မြင့် 1.6GHz octa-core processor အသုံးပြု ထားပြီး 3GB RAM နဲ့အတူ ဖုန်းတွင်း မှတ်ဉာဏ် 32GB၊ Andriod 7.0 Nougat ပါဝင် တယ်လို့ သိရ ပါတယ်။ ကင်မရာ အရည်အသွေး 13 Megapixel အရည်အသွေးများ ရှိကြတဲ့ F 1.9 အရှေ့ကင်မရာနဲ့ F 1.7 အနောက် ကင်မရာတို့ ပါဝင် ပါတယ်။

“ကင်မရာ အရည်အသွေးအနေနဲ့ J Series စမတ်ဖုန်းတွေမှာ ရှေ့နောက် 13 Megapixel နဲ့ အလင်းအားနည်းတဲ့ နေရာတွေမှာ ပုံကောင်းကောင်း ရိုက်ကူး နိုင်တဲ့ Low-Light ကင်မရာ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ LED Flash နဲ့ Display Screen Flash တို့ ပါဝင်တဲ့ အကောင်းဆုံး Selfie ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။



Galaxy J7 Pro စမတ်ဖုန်းဟာ မျက်နှာပြင် အရွယ် အစား ၅.၅ လက်မရှိ Super AMOLED Full HD မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3600 mAH ပါဝင် ပါတယ်။

Galaxy J5 Pro စမတ်ဖုန်းက မျက်နှာပြင် အရွယ်အစား ၅.၂ လက်မရှိ HD Super AMOLED မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3000 mAH ပါဝင်တယ်လို့ သိရ ပါတယ်။

Galaxy J Pro (2017) စမတ်ဖုန်း သစ်များကို အရောင် အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင်နဲ့ ငွေပြာရောင် စတဲ့ အရောင် ၄ မျိုးနဲ့ ရွေးချယ် ဝယ်ယူ နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအား အနေနဲ့ J7 Pro ကို ကျပ် ၄၂၅၀၀၀၊ J5 Pro ကို ကျပ် ၃၅၉၀၀၀ တို့နဲ့ တနိုင်ငံလုံး ရောင်းချ သွားမယ်လို့ သိရ ပါတယ်။

Galaxy J Series စမတ် ဖုန်းသစ်များ မိတ်ဆက်မှုနဲ့ အတူ Samsung Myanmar မှ Ooredoo Myanmar နဲ့ ပူးပေါင်းပြီး Galaxy J Pro (2017) စမတ်ဖုန်း ဝယ်ယူ သူများ အတွက် လစဉ် အနည်းဆုံး ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ကျပ် ထည့်သွင်းရုံနဲ့ အထူး လက်ဆောင် 2GB ဒေတာ သုံးစွဲခွင့် ၆ လ ဆက်တိုက် ရရှိ ခံစား နိုင် မယ်လို့ သိရ ပါတယ်။

From : ဧရာဝတီ by သီဟတိုး

Originally published at - burma.irrawaddy.com

Read More »

Saturday, June 17, 2017

Google က ထုတ်လုပ်သင့်သော ကွန်ပျူတာလို သုံးနိုင်မယ့် Chrome Tablet




အခု ဆောင်းပါးကို ဖတ်နေချိန်မှာ Apple ကနေ iPad Pro 10.5 လို ပစ္စည်းသစ်တွေ မိတ်ဆက် ပြီးနေ ပါပြီ။ iPad ရဲ့ မော်ဒယ်သစ်က ကွန်ပျူတာ တလုံးနဲ့ ဆင်တူ လောက်အောင် စွမ်ေးဆာင်ရည် တွေ ကောင်း လာတာ တွေ့ရပါတယ်။ အသုံးပြု ရတာလည်း အရမ်းပဲ ကောင်းမွန် လွယ်ကူ လာပါတယ်။

ဒါဆိုရင်တော့ Apple အနေနဲ့ iPad လို Tablet ကို ကွန်ပျူတာ အဖြစ် သုံးနိုင်အောင် နောက်ထပ် အဆင့်မြှင့်လာဖို့ ရှိတော့မှာပါ။

ဒီလို Apple ရဲ့ မော်ဒယ်တွေ စွမ်းဆောင်ရည် မြင့်လာတာကို ဘာကြောင့်လဲ ဆိုတော့ လက်ရှိမှာ လူသုံးများနေတဲ့ ကွန်ပျူတာတွေရဲ့ နေရာကို Tablet တွေ နေရာဝင်ယူလာ နိုင်တာကြောင့်ပါ။ Google ရဲ့ Chromebook က ကောင်းမွန်တဲ့ အထဲမှာ ပါပါတယ်။ လက်ရှိမှာလည်း အရေ အတွက် အများအပြား အသုံးပြု နေကြတယ်၊ ရောင်းချနေ ရပါတယ်၊ ဒါပေမယ့် အနာဂတ်မှာတော့ Tablet တွေ အသုံး တွင်ကျယ်လာရင် ကွန်ပျူတာတွေ နေရာ ဖယ်ပေးလိုက်ရ ပါလိမ့်မယ်။

Chromebook မှာ သုံးထားတဲ့ Chrome OS စနစ်က Tablet မှာလည်း ထည့်လို့ ရပါတယ်။ Chromebook Flip ဟာ အကောင်းဆုံး Tablet ပုံစံလည်း သုံးနိုင်တဲ့ မော်ဒယ်တွေ ထဲက တခုပါ။ Web Browser တွေကိုလည်း သုံးနိုင်တယ်၊ App တွေကိုလည်း စိတ်ကြိုက် သုံးနိုင်တယ်၊ ရုပ်ထွက်ပိုင်းမှာ Samsung ရဲ့ မော်ဒယ် တွေနဲ့ Pixel C လောက် မကောင်း ပေမယ့် ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်က မျှတ ကောင်းမွန်နေတာပါ။ ဒီတော့ အဲဒီ Flip လို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရ လွယ်တဲ့ Chromebook တွေဟာ လူကြိုက်များ အောင်မြင်နိုင်ပါတယ်။

ဒီလိုပါပဲ Microsoft နဲ့ Apple ကုမ္ပဏီတွေကလည်း ပုံမှန်ဆိုရင် Tablet လို သုံးနိုင်မယ်၊ လိုအပ်ရင် Keyboard နဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာလို သုံးနိုင်မယ့် မော်ဒယ်တွေကို ဖန်တီးဖို့ အားထည့်နေတာ တွေ့ရ ပါတယ်။ Asus ရဲ့ Transformer တန်းဝင် မော်ဒယ်တွေကိုပဲ ကြည့်ပါ။ သဘောတရားချင်း အတူတူပါပဲ။ ထုတ်လုပ်မှု စရိတ် နည်းနည်းနဲ့ ထုတ်နိုင်မယ်၊ ဒါဆို ဈေးချိုချိုနဲ့ ရောင်းနိုင်မှာပါ။ လူတွေကလည်း Tablet လိုမျိုး ပစ္စည်းသစ်ကို လိုချင်နေကြပါတယ်။ ပုံမှန်ဆို သယ်ဆောင်ရ လွယ်တဲ့ Tablet တလုံးပဲ ဖြစ်ပေမယ့် လိုအပ်ချိန်မှာ Keyboard လို စနစ်နဲ့ အခြား ကွန်ပျူတာနဲ့ ချိတ်ဆက် သုံးချင်နေ ကြပါတယ်။

၁၀ လက်မ အရွယ် ပြသ မျက်နှာပြင်လေက်၊ Processor မြန်မြန်ကောင်းကောင်း၊ ဈေးချိုချို၊ App အစုံသုံးနိုင်ပြီး 128 GB လောက် ပါတဲ့ မော်ဒယ်တွေ ဆိုရင် ဈေးကွက်မှာ ချက်ချင်း အောင်မြင်မှု ရနိုင်ပါတယ်။ ဒီလို အနေအထားနဲ့ ကွန်ပျူတာ လိုသာ သုံးနိုင်တဲ့ Tablet တွေ ထွက်ရှိလာရင်တော့ Laptop အသုံးပြုမှုဟာ ချက်ချင်းပဲ လျော့ကျသွားပါလိမ့်မယ်။

ဒီလို ကွန်ပျူတာလို သုံးနိုင်တဲ့ Tablet ကို ဖန်တီးနိုင်မယ့် ကုမ္ပဏီက ကမ္ဘာပေါ်မှာ ခပ်ရှားရှားပါ။ Microsoft, Apple နဲ့ Google တွေပဲ ရှိပါတယ်။ Apple က iOS ကြောင့် ဈေးမြင့်နေတယ်၊ Microsoft က ဖုန်းဈေးကွက်မှာတောင် နေရာ ကောင်းကောင်း မရချင်ဘူး၊ Google ကတော့ Chrome စနစ် ရှိနေလို့ အခွင့်ကောင်း တခုပါ။

Samsung အနေနဲ့ ဖန်တီးနိုင်မှု နည်းပညာ မြင့်မားပေမယ့် သူ ကျွမ်းကျင်တဲ့ Android စနစ်နဲ့ ကွန်ပျူတာလို သုံးနိုင်ဖို့ ထုတ်မယ် ဆိုရင် ထုတ်လုပ်မှု စရိတ် များလာမှာ ပါ။ ဒါဆို သူ့ ပစ္စည်းက ဈေးကွက် အောင်မြင်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် Google အနေနဲ့ Chrome မော်ဒယ် Tablet ထုတ်သင့်တယ် လို့ ပြောတာပါ။

သိရသလောက် Google မှာ Tablet ထုတ်နိုင်လောက်တဲ့ နည်းပညာနဲ့ ပညာရှင်တွေ၊ ဖန်တီးနိုင်မှုတွေ ရှိနေပါတယ်။ Android စနစ်ဘက်ကလည်း ပြီးပြည့်စုံမှု ရှိသည်ထက် ရှိလာနေပါတယ်၊ Version သစ်တွေ ထွက်လာနိုင်ဖို့ ရှိနေပြီး OS စနစ်ချင်း မတူပေမယ့် ဖန်တီးပုံချင်း ဆင်တူအောင် ရယူပြီး Chrome Tablet တွေကို အကောင်းဆုံး ဖန်တီးနိုင်မယ့် အနေအထားပါ။ Chrome Tablet သာ ထွက်လာရင် Google ဟာ ကွန်ပျူတာ ရပ်ဝန်းမှာပါ ရှေ့ဆောင် ကုမ္ပဏီ တခု ဖြစ်လာနိုင်ပါတယ်။ ။

Ref: www.m.androidcentral.com

From : ဧရာဝတီ by သက်နိုင်ဦး (UCSL) 17 June 2017

Originally published at - burma.irrawaddy.com

Read More »

Friday, June 16, 2017

ကားမှန်များကို သတင်းအချက်လက်ဖော်ပြရာ အရည်သွေးမြင့် မှန်အဖြစ် အသုံးချ




ကားမှန် တံခါး တွေဟာ လမ်းတွေ ပေါ်က သတင်းနဲ့ ကြော်ငြာ လုပ်ငန်းတွေ အတွက် နောက်ထပ် ရင်းမြစ် တခု ဖြစ်လာ တော့မှာပါ။ အစ္စရေး ကုမ္ပဏီသစ် တခုက ဒေသန္တရ သတင်း လုပ်ငန်း အတွက် Smart Glass နည်းပညာကို တီထွင် ခဲ့ပါတယ်။

“ကားတံခါးတွေကို တံခါးသက်သက်တင်မက သတင်းအချက်အလက်တွေဖော်ပြရာ အရည်အသွေးမြင့် မှန်ပြင်တွေအဖြစ် ပထမဆုံးအကြိမ် အသုံးချနိုင် ခဲ့တာပါ။”

နည်းပညာကုမ္ပဏီ Gauzy က ကားတံခါးမှန်တွေကို liquid crystal အလွှာတွေ အုပ်ပေးလိုက်ပါတယ်။ ကားစက်နိုးလို့ သူတို့ကြားထဲ လျှပ်စီးဖြတ်နေသမျှ မှန်တွေက အလင်းဖောက်မြင်နေရမှာပါ။

ဒါပေမယ့် ကားစက်သတ်လိုက်ချိန်မှာ အလင်းပိတ်သွားပြီး တီဗွီဖန်မျက်နှာပြင်တခု ဖြစ်လာပါတယ်။ အဲဒီပေါ်မှာ HD ဗွီဒီယိုနဲ့ ပုံတွေကို ပြသနိုင်ပြီး အင်တာနက်ချိတ်ဆက်နိုင်မယ့် Controller တခုလည်း တွဲလျှက်ပါပါတယ်။

“ဒါက ဥပမာအားဖြင့် ကားရောက်ရှိရာ ပတ်ဝန်းကျင်က စိတ်ဝင်စားဖွယ်တွေကို ဖြတ်သွားသူတွေ သိနိုင်အောင်နဲ့ ဒေသန္တရ သတင်းအချက်အလက်တွေကို ပြပေးပါတယ်။ ကားက သူရောက်ရှိရာအရပ် သိရှိပြီး လက်ရှိနေရာရဲ့ ဒေသဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးပါတယ်။”

စိတ်ပူစရာမလိုတာက ကားရဲ့ဘေးဘက်နဲ့ နောက်ဘက်တံခါးမှန်တွေမှာပဲ ဒါကိုတပ်ဆင်မှာဖြစ်ပြီး ကားစက်ရပ်ချိန်ကစပြီး အလုပ်လုပ်မှာပါ။ Gauzy က ဂျာမန်ကားကုမ္ပဏီ Daimler နဲ့ ပူးပေါင်းပြီးသူ့ရဲ့ smart screen ကို ထုတ်လုပ်နေပါတယ်။

ကားတွေကို ပို့ဆောင်ရေးယာဉ်သက်သက်ထက် ပိုပြီး အသုံးကျလာစေဖို့ မျှော်မှန်းထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/212680

Read More »

Wednesday, June 14, 2017

အိုင်ဖုန်း အသုံးပြုတော့မယ် ဆိုရင် သိထားသင့်တဲ့ အချက်များ




ရန်ကုန်၊ ဇွန် ၁၁ – အိုင်ဖုန်းကို အခုမှ စသုံးမယ့် သုံးစွဲသူတွေ အတွက် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြ လိုက်ပါတယ်။

အိုင်အိုအက်စ် ဖုန်းတွေ ကတော့ ပက်ကင် ပိတ်နဲ့ လာတာ ဖြစ်ပေမဲ့ အာမခံ warranty ပေးတာကြောင့် မိမိ အနေနဲ့ အောက်ပါ အချက်တွေနဲ့ စစ်ဆေး ကြည့်နိုင် ပါတယ်။

ကင်မရာကိုစစ်ပါ

အိုင်ဖုန်းမှာ အဓိကအရေးပါတဲ့ အ ပိုင်းတစ်ခုကတော့ ကင်မရာပိုင်းပဲဖြစ်ပါတယ်။ ကင်မရာကို ကျောဘက်၊ ရှေ့ဘက်အကုန်စစ်ပါ။  အိုင်ဖုန်းဝယ်ယူတဲ့အခါ ပက် ကင်ပိတ်ဖြစ်တာကြောင့် စမ်းသပ်လို့ မရပေမဲ့ ဝယ်ယူတဲ့နေ့မှာပဲ ချက်ချင်းတစ်စုံ တစ်ခုကို ရိုက်ကူးပြီးစစ်ဆေးပါ။

ဥပမာ – အလင်းရောင်ရတဲ့ နေရာတွေမှာ ကင်မရာကြည်လင်လား၊ အလင်း အရမ်းများနေလား၊ အလင်းနည်းတဲ့ ဘက်တွေမှာ ဘာမှမမြင်ရပဲဖြစ်နေလား၊ focus ဖြတ်လို့ရလားစတာတွေကို အသေးစိတ်ရိုက်ပြီးစစ်ပါ။

အတွင်းပိုင်းတွေစစ်ပါ

အိုင်ဖုန်းမှာ အဓိက အစိတ်အပိုင်းက တော့ အတွင်းပိုင်းဖီးချားတွေကို သေချာစစ်ဆေးရမှာဖြစ်ပါတယ်။ ဖုန်းဆော့ဖ်ဝဲတွေ အလုပ်လုပ်ပုံ၊ စက်ဟန်းတာတွေ စက်လေးတာတွေ ဖြစ်မဖြစ်စတာတွေ စစ်ဆေးသင့်ပါတယ်။

အက်ပဲလ်ဖုန်းတွေမှာ အဓိကအရေး ပါဆုံးဖြစ်တဲ့ Apple ID ကို စစ်ရမှာ ဖြစ်ပါတယ်။ ဖုန်းအသစ်ဝယ်ယူသူတွေအနေ နဲ့ကတော့ Apple ID မရှိဘူးဆိုရင်ဆိုင်မှာ မိမိရဲ့ အီးမေးလ်နဲ့ အကောင့်သွားလုပ်လိုက်ပါ။

အဲသည် Apple ID ရှိမှသာ အပလီ ကေးရှင်းဒေါင်းလုပ်ဒ်ဆွဲတာတွေ၊ တခြားလုပ်ဆောင်ချက်တွေမှာ ID အကောင့်တောင်းတာမျိုးတွေ၊ အွန်လိုင်းရှော့ပင်း ကနေ ဝယ်ယူတာမျိုးတွေကို ID နဲ့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး အိုင်ဖုန်းကို တစ်ပတ်ရစ် (secondhand) ဝယ်ယူသူတွေအနေနဲ့ Apple ID အကောင့်က တခြားသူရဲ့ အကောင့်ဖြစ်နေရင် ဝယ်ယူခဲ့တဲ့သူဆီက တောင်းပါ။  မဟုတ်ရင် ဆားဗစ်ဆိုင်ကို သွားပြပါ။

နောက်တစ်ချက်ကတော့ siri ကို စစ်ပါ။ siri ဆိုတာကတော့ အသံနဲ့ ထိန်းချုပ်တဲ့ စနစ်ဖြစ်ပါတယ်။ siri က နေ အင်တာနက်ပေါ်ရှိအကြောင်းအရာ  ရှာတာ မျိုးတွေ၊ ဖုန်းခေါ်၊ မက်ဆေ့ခ်ျ ပို့ တာမျိုးတွေ စတဲ့အချက်တွေကို ပါးစပ်က နေအော် ပြီး ချပြခိုင်းတာမျိုးဖြစ်တာ ကြောင့် siri ကနေ အလုပ်လုပ်မလုပ် သေချာ စစ်ဆေးပါ။ ဖုန်းရဲ့ home key ကို အကြာကြီး နှိပ် ရင် siri ပေါ်လာပါတယ်။

နောက်ပြီးဂိမ်းတွေ၊ အက်ပ်တွေ အလုပ်လုပ်မှုရှိမရှိ စမ်းသပ်စစ်ဆေးပါ။ အသံပိုင်း စပီကာတွေကိုလည်း စစ်ဆေးပါ။

အိုင်ကျွန်းကတော့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ပြီး ဒေတာအလွှဲအပြောင်းလုပ်တာတွေ၊ back up လုပ်ထားတာမျိုးတွေ လုပ်ဆောင်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။

ကွန်ပျူတာထဲက အိုင်ကျွန်း (i Tune) နဲ့ အက်ပဲ အိုင်ဖုန်းရဲ့ ဗားရှင်းတွေတူညီအောင် အပ် ဒိတ်လုပ်ထားရမှာဖြစ်ပါ တယ်။

သတိထားရမှာက အိုင်ကျွန်းကနေ သီချင်းတွေ၊ ဓာတ်ပုံတွေစတဲ့ဒေတာတွေ အလွှဲအပြောင်းလုပ်တဲ့နေရာမှာ မိမိရဲ့ ကွန်ပျူတာတစ်လုံးနဲ့သာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မိမိရဲ့ ကွန်ပျူတာထဲရှိ အိုင်ကျွန်းနဲ့ ဒေတာလွှဲပြီး နောက်ထပ်ကွန်ပျူတာတစ်လုံးရှိ အိုင်ကျွန်းနဲ့ ချိတ်ဆက်လိုက်ပါက ဖုန်းထဲရှိ ဒေတာ အကုန်လုံး ပျက်ကုန် တာကြောင့် ဖြစ်ပါတယ်။ အက်ပဲလ်ကုမ္မဏီက လုံခြုံရေး အရ သည် စနစ်ကို လုပ်ဆောင်တာဖြစ်ပါတယ်။

အိုင်အမ်အီးအိုင်ကုတ်နံပါတ်စစ်ပါ

နောက်ထပ်အရေးကြီးတဲ့အချက်က IMEI ကုတ်နံပါတ်စစ်ဆေးပါ။  ကုတ်နံပါတ်ကို ကြည့်မယ်ဆိုရင် အိုင်ဖုန်းရဲ့ နောက် ကျောဘက်ရဲ့ အောက်မှာ ကုတ်ကို အမြဲ ဖော်ပြထားလေ့ရှိပါတယ်။ နောက်တစ်ချက်က ဖုန်းခေါ်တဲ့ icon ကနေ လည်း ကြည့်နိုင် ပါတယ်။ *#06# ဍ ဆိုပြီး ဖုန်း ခေါ်လိုက်ရင် IMEI ကုတ်ကို ဖော်ပြ ပေး မှာဖြစ်ပါတယ်။ ကုတ် နံပါတ်က ၁၅ လုံး ရှိ ပါတယ်။

နောက်တစ်နည်းကတော့ sim card tray လို့ခေါ်တဲ့ အိုင်ဖုန်းတွေမှာ ဆင်းမ်ကတ်ထည့်တဲ့အပြားလေးပေါ်မှာ IMEI ကုတ်ပါဝင်ပါတယ်။

နောက်တစ်နည်းကတော့ ဖုန်း setting ထဲကနေကြည့်တာဖြစ်ပါတယ်။ setting>general>IMEI ထဲကနေ လည်း ဝင်ကြည့်နိုင်ပါတယ်။အိုင်ကျွန်းနဲ့ ချိတ်ဆက်တဲ့ အခါမှာလည်း IMEI ကုတ်ကို အိုင်ကျွန်း မှာ ဖော်ပြပါတယ်။

ကုတ်နံပါတ် အစစ်အတုဟုတ် မဟုတ် အင်တာနက်ကနေ ရှာပြီး စစ်ဆေးပါ။ ဘရောက်ဇာကနေ www.imei.info ကို ရိုက်ထည့်ပါ။ ဝက်ဘ်ဆိုက်တစ်ခုကျ လာရင် enter imei ဆိုတဲ့ စာရိုက်ရမယ့် ဘောက်စ်အတွင်းထဲမှာ မိမိရဲ့ IMEI ကုတ် နံပါတ် ကို ရိုက်ထည့်ပါ။

ဖုန်းက အတု ဒါမှမဟုတ် တရားမဝင်တဲ့ဖုန်းဆိုရင် ဝwrong code လို့ ဖော်ပြမှာ ဖြစ်ပြီး အစစ်ဆိုရင်တော့ ဘယ်နိုင်ငံက ထုတ်တယ်ဆိုတာကိုပါ ဖော်ပြမှာ ဖြစ်ပါ တယ်။

နောက်တစ်ချက်ကတော့ အိုင်အိုအက်စ် ဖုန်းအပ်ဒိတ်မော်ဒယ်တွေဖြစ်တဲ့ iPhone 6S, iPhone 6S Plus နဲ့ သည် နှစ်ထုတ်လုပ်တဲ့ iPhone 7, iPhone 7 Plus တို့မှာပါဝင်တဲ့ သရီးဒီတာ့ခ်ျ (3D touch) ကို စစ်ဆေးရမှာဖြစ်ပါတယ်။

သရီးဒီတာ့ခ်ျကိုစစ်ဖို့အတွက် စာရိုက်တဲ့အခါ cursor ကို ထိန်းချုပ်ဖို့ရာအတွက် Apple ရဲ့ iOS ကီးဘုတ်ကို သေချာဖိထားပါ။ ပြီးရင် စခရင်ရဲ့ ဘယ်ဘက် ထောင့်စွန်းကို သေချာဖိထားပြီး အလယ်ကို ဝိုက်ဆွဲချလိုက်ရင် အက်ပ်တွေဖွင့်တဲ့ UI ပေါ်လာမှာ ဖြစ်ပါတယ်။

ဝိုက်ချစရာ မလိုဘဲ သေချာလေးဖိထားရုံနဲ့ app switcher ပေါ်လာမှာ ဖြစ်ပါတယ်။ နိုတီဖီကေးရှင်းတွေတက်နေတဲ့ အက်ပ်တွေစုထားတဲ့ folder ကို ဖိထား လိုက်ရင်တော့ menu တစ်ခုပေါ်လာပြီး အက်ပ်တစ်ခုချင်းရဲ့ notification တွေကို notification တွေနဲ့ ပြပေးမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ App Store icon ပေါ် သေချာဖိထားလိုက်ရင် အပ်ဒိတ်လုပ်လို့ရ နိုင်တဲ့ အက်ပ်တွေကို အလွယ်တကူ up-date လုပ်ပေးမှာဖြစ်ပါတယ်။

နောက်ဆုံးကတော့ notification center မှာ ‘X’ လေးနှိပ်ထားလိုက်ရင် notification တွေ အကုန်လုံးကိုရှင်းပေး မှာဖြစ်ပါတယ်။ အဲသည်လိုတစ်ဆင့်ချင်း စစ်ပြီး အလုပ်လုပ်မှု ရှိမရှိစစ်ဆေးပါ။

ဖုန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို လုံခြုံမှုရှိစေအောင် ကာကွယ်ဖို့အတွက် အိုင်ဖုန်း အပလီကေးရှင်းတစ်ခုဖြစ်တဲ့ system and security info app ကို သုံးသင့်ပါတယ်။

သည်အက်ပ်ကတော့ ကိုယ့်ရဲ့  အိုင်ဖုန်းကိုခြေရာခံပြီး လိုက်နှောင့်ယှက်နေတဲ့ အခြေအနေတွေက ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အက်ပဲလ်ဖုန်းတွေအတွက် လုံခြုံရေး မြှင့်တင်ထားတဲ့စနစ်ကို အက်ပဲလ်က အိုင်ဒီတွေနဲ့ ပေးထားပြီးသားဖြစ်ပေမဲ့ ဟက်ကင်းလုပ်တဲ့စနစ်နဲ့ တိုက်ခိုက်ခံရတဲ့ စနစ်ကိုတော့ ရာနှုန်းပြည့်ကာကွယ်ထားတာမျိုး မရှိ ပါဘူး။

အိုင်ဖုန်းမှာ system and security info app ကို အင်စတောလ် လုပ်ထားရုံနဲ့ တိုက်ခိုက်သူတွေရဲ့ ဖောက်ထွင်းနှောင့်ယှက်ခြင်းတို့ကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာသာ ရှိတဲ့ သည်အက်ပ်ကို အိုင်ဖုန်းမှာ ထည့်သွင်းခြင်းဖြင့် ဟက်ကာတွေရဲ့ နှောင့်ယှက်မှု ရန်တွေကနေ ကာကွယ် နိုင် မှာဖြစ်ပါတယ်။

ဒါ့အပြင် သည်အက်ပ်က တိုက်ခိုက်သူတွေ နှောင့်ယှက်တဲ့ ရန်ကနေ ကာကွယ်ပေးရုံသာမက တစ်ချိန်တည်းမှာပဲ process running ဖြစ်နေတာတွေကိုပါ အစီအစဉ်တကျ ဖြစ်အောင် စီစဉ်ပေးပါ တယ်။

ကိုယ်ရေးကိုယ်တာ (privacy) ဒါမှ မဟုတ် လုံခြုံရေးပိုင်းတွေအတွက် ထူး ခြားတဲ့ စွမ်းဆောင်ရည် အပြည့်ပါဝင်ပါ တယ်။ ဒေါင်းလုပ်ဒ်မယ် ဆို ရင် တော့ http://www. apple. com/ de/ itunes/affiliates/ download/ မှာ ဆွဲလို့ ရပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Sunday, June 11, 2017

Sim ကတ် ထည့်သွင်းနိုင်တဲ့ Watch 2 နဲ့ Watch 2 Classic တွေကို Huawei က မိတ်ဆက်




Huawei ကနေ မကြာ သေးခင်က P10 နဲ့ P10 Plus မော်ဒယ်တွေ မိတ်ဆက်ပြီး မကြာခင် မှာပဲ အခုလည်း နောက်ထပ် Smartwatch မော်ဒယ်သစ် နှစ်ခု ဖြစ်တဲ့ Watch 2 နဲ့ Watch 2 Classic တွေကို မိတ်ဆက် လာတာ တွေ့ရ ပါတယ်။

Hwawei ရဲ့ ပထမဆုံး Smartwatch တွေက လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက မိတ်ဆက် ရောင်းချထားနိုင်ခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်အတွင်း ကတော့ Wear OS စနစ်သစ် မရခဲ့တာကြောင့် မော်ဒယ်သစ် မထုတ်လုပ်ခဲ့ဘဲ အခုနှစ်ကျမှ မော်ဒယ်သစ် ၂ ခုကို ထုတ်လုပ် လာတာပါ။

ဒါပေမယ့် မူလမော်ဒယ်က အသုံးပြုရ အဆင်ပြေတာကြောင့် ဈေးကွက်မှာ စိတ်ကြိုက်တွေ့ခဲ့လို့ အခု မော်ဒယ်တွေလည်း ဈေးကွက် အောင်မြင်နိုင်ဖို့ ရှိနေ တာပါ။ ထူးခြားချက် အနေနဲ့ အခု မော်ဒယ်သစ် ၂ ခုမှာ Nano အရွယ် Sim ကတ်ထည့် သုံးနိုင်မယ့် အားသာချက် ပါရှိလာတာပဲ ဖြစ်ပါတယ်။

ပြီးတော့ NFC စနစ်ကို ထည့်သွင်း ဖန်တီးထားလို့ Android Pay စနစ်ကိုလည်း သုံးနိုင်မှာပါ။ Android Wear 2.0 ကို သုံးထားတဲ့ အခု မော်ဒယ်သစ်တွေမှာ ဘက်ထရီ သက်တမ်း ၂၅ ရက် ထိအောင် သုံးနိုင် လာတာလည်း ဖြစ်ပါတယ်။

Watch 2 ကတော့ ပလက်စတစ် ကိုယ်ထည်နဲ့ ဖြစ်ပြီး Watch 2 Classic ကတော့ သတ္တု ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။

မော်ဒယ်တွေမှာ ၁ ဒသမ ၂ လက်မ အရွယ်ရှိ ပြသ မျက်နှာပြင်စနစ် ပါရှိပါတယ်။ ဘက်ထရီကတော့ 420 mAh ဆံ့ ဘက်ထရီပါ။ သုံးမယ်ဆိုရင်တော့ ၂ ရက် သုံးနိုင်ပါတယ်။ Standby ထားမယ် ဆိုရင်တော့ အထက်မှာ ပြောခဲ့သလို ၂၅ ရက် ခံမှာပါ။ နားကြပ်ပေါက်နဲ့ စပီကာ ဘေးမှာ ခလုတ် ၂ ခု ပါရှိ ပါတယ်။

Watch 2 မှာ iP6G ရေစိုခံ၊ ဖုန်ကာကွယ်ရေး စနစ် ပါရှိပြီး 2 Classic မှာတော့ ချွေးမဝင်အောင် ထိန်းပေးနိုင်မယ့် သားရေ အပြင်အဆင် တွေ့ရ ပါတယ်။ Fit Program စနစ် ထည့်ထားပြီး သူက အသုံးပြုသူ တဦးချင်းစီ အတွက် နေ့စဉ် လိုအပ်တဲ့ အားကစား ချိန်နဲ့ ခန္ဒာကိုယ် ကျန်းမာရေး ဆိုင်ရာ လိုအပ် ချက်တွေကို ထောက်ပြ သတိပေး သွားမှာလည်း ဖြစ်ပါတယ်။

ဒီမော်ဒယ် ၂ခုလုံးကို မတ်လ အတွင်း ကနေ စတင်ပြီး စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ အီတလီ၊ ဂျာမနီနဲ့ တရုတ်နိုင်ငံ တွေမှာ ရောင်းချ နေတာ ဖြစ်ပြီး အင်္ဂလန်၊ အမေရိကန်၊ ဟော်လန်၊ ဘယ်ဂျီယမ်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ထိုင်း၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှ၊ အိန္ဒိယ၊ တောင်အာဖရိက၊ ပိုလန်၊ သြစတီးယား၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ ယူအေအီးတွေကို ဧပြီမှာ ရောင်းချ လာခဲ့ပြီး မလေးရှား မှာတော့ မေလ အတွင်း စတင် ရောင်းချ ခဲ့တာပါ။

မော်ဒယ်သစ် ၂ ခု လုံးကတော့ Android Wear စနစ်ကို အကောင်းဆုံး သုံးနိုင်အောင် ဖန်တီး ထားသလို Smartwatch တခုလုံးကို ခြုံပြော ရရင်တော့ ဖုန်း အစားထိုး သုံးနိုင်လောက်အောင် ကောင်းမွန် လာတဲ့ မော်ဒယ်တွေပဲ ဖြစ်ပါတယ်။

Ref: www.devs-lab.com

From : ဧရာဝတီ by သက်နိုင်ဦး (UCSL) 11 June 2017

Originally published at - burma.irrawaddy.com

Read More »

Friday, June 9, 2017

ကင်မရာ လေးလုံးပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းသစ် Gionee S10




တရုတ် ဖုန်း ကုမ္ပဏီ Gionee က ကင်မရာ ၄ လုံး ထိအောင် ထည့်သွင်း ဖန်တီး ထားတဲ့ မော်ဒယ်သစ် S10 ကို မိတ်ဆက် လာ ပါပြီ။ ဓာတ်ပုံ ရိုက်ကူးမှု Effect သစ် ဖြစ်တဲ့ Bokeh ပါရှိ လာပါတယ်။

သူက ဓာတ်ပုံ တပုံကို ရှုထောင့် ၂ ခု ကနေ ရိုက်ကူးနိုင် မယ့် ပုံစံ ဖြစ်ပြီး ဓာတ်ပုံကောင်း ပို ရစေနိုင် ပါတယ်။ ပြီးတော့ ကင်မရာ စနစ်တွေက Lens ပေါ်မှာ အခြေခံပြီး ပုံကောင်း ရယူ ရိုက်ကူးခြင်း ပုံစံ ကနေ ရိုက်ကူး ပုံရိပ်ပေါ်မှာ အခြေ အနေ လိုက်ပြီး ပုံကောင်း ရအောင် ရိုက်ကူးနည်း ပုံစံနဲ့ ဖန်တီး ထားတာ တွေ့ရပါတယ်။

Software နဲ့ မထိန်းတော့ပဲ ကင်မရာမှာ အလို အလျောက် ချိန်ညှိမှု ပုံစံ ဖန်တီး ထည့်သွင်း ထားတာ ဖြစ်ပါတယ်။ တကယ်တမ်း ကင်မရာနဲ့ ရုပ်ပုံ ရိုက်ကူး ချိန်မှာ ဖြစ်တတ်တဲ့ အလင်းဖြာနှုန်း၊ ဝင်နှုန်းတွေကိုလည်း အလို အလျောက် အကောင်းဆုံး ချိန်ညှိပေး နိုင်မှာပါ။

အထူးသဖြင့် အဓိက ကျတဲ့ ပုံရိပ်ရဲ့ နောက်ခံအပိုင်း ဝေဝါးခြင်းကို အကောင်းဆုံး ထိန်းပေးနိုင်မယ် လို့ သိရပါတယ်။ Outdoor ပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးနိုင်ဖို့ အတွက် နောက်ဘက် ကင်မရာ စနစ်ဟာ 16 MP ရှိတဲ့ Lens နဲ့ ဖန်တီး ထားတာ တွေ့ရ ပါတယ်။

အလင်းနည်းချိန် ရိုက်ကူးမှု အတွက် ကင်မရာက Focal ကို f/1.8 ထိအောင် ဆင်းပြီး ချိန်နိုင်ပါတယ်။

ပြီးတော့ 3D စနစ် Selfie တွေလည်း ရိုက်ကူးနိုင်မှာ ဖြစ်သလို အုပ်စုလိုက် ရိုက်ကူးမှုမှာလည်း အကောင်းဆုံး ဖြစ်လာစေ ပါတယ်။ အုပ်စုဖွဲ့ ရိုက်ကူးမှုမှာ Panorama ရိုက်ကူးသလို အလျားလိုက် အကျယ်အဖြစ် ရိုက်နိုင်အောင် အလိုအလျောက် ချိန်ပေးပြီး အားလုံးကို ပါဝင် မှတ်တမ်း တင်စေနိုင်မှာလည်း ဖြစ်ပါတယ်။ ရှေ့ဘက် Selfie အတွက် ကင်မရာက 20 MP ထိအောင် ရှိပါတယ်။

ပြီးတော့ ကင်မရာနဲ့ ရိုက်ကူးသူ နီးကပ်လွန်းနေတာကြောင့် ပုံရိပ် အကြီးကြီး ထွက်နေရင်လည်း ကင်မရာက အလိုအလျောက် အနေတော် ဖြစ်အောင် ထိန်းပေးနိုင်တာ တွေ့ရပါတယ်။ LED မီးနဲ့ တွဲထားပြီး Selfie ကင်မရာမှာ Lens နှစ်ခု ပါရှိမှုက အသားရေမှာ ပေါ်နေ၊ ထင်နေနိုင်တဲ့ အမှောင်၊ အမှတ်လို အရာတွေကို ပိုပြီး ပြေပြစ်လှပစေမယ် လို့ သိရပါတယ်။ အခြား ဓာတ်ပုံသုံး App တွေ မသုံးဘဲ အခု S10 နဲ့ Selfie ရိုက်ကူးမိ သလောက်တော့ ဈေးကွက်ထဲက ဖုန်းတွေထဲမှာ အကောင်းဆုံး အဆင့်ပါပဲ။

အခြား အပိုင်းမှာ ဆိုရင် လက်ဗွေဖတ်စနစ်က အရမ်းပဲ မြန်ဆန် တိကျပါတယ်။ ရှေ့ဘက် Touch စနစ်နဲ့ Home ခလုတ်မှာ တွဲထည့် ထားတယ်။ Back ပြန်မယ့် ခလုတ်လည်း ထည့်သွင်းထား ပါတယ်။ ကိုယ်ထည် အရွယ်လည်း ကြီးမားတယ်။ ကင်မရာပိုင်း ဦးစားပေး လိုချင်သူတွေ အတွက် အဆင်ပြေမှာပါ။ Helio P25 ကို အထိုင် Chip အဖြစ် သုံးထားတယ်၊ RAM 6GB ထိအောင် ပါတယ်။ နှစ်ချက်ထိ ပုံစံနဲ့ ဖုန်း အဖွင့်၊ အပိတ် လုပ်နိုင်ပုံကတော့ အရင် စနစ်တွေထက် သဘောကျစရာ ဖြစ်လာပါတယ်။ မြန်ဆန် သွက်လက်လွန်းပါတယ်။

Browser ပါရှိပေမယ့် Chrome လောက်တော့ အဆင်မပြေပါဘူး။ Chrome ပဲ ထည့်သုံးတာ ကောင်းပါလိမ့်မယ်။ ဖုန်းမှာ M ဆိုတဲ့ လုံခြုံရေးစနစ် ထည့်ထားတာ တွေ့ရပါတယ်။

သူက သင် သီးသန့် သိမ်းချင်တဲ့ ဖိုင်တွေ။ App တွေကို Lock ချ သိမ်းထားနိုင်စေမှာပါ။ ဓာတ်ပုံနဲ့ စာတို အဝင်တွေကို သီးသန့် သိမ်းချင်ရင်တော့ Private Space မှာ သိမ်းရမှာပါ။ ဒါဟာ ပုံမှန် Vault တခုတည်း ပါရှိတဲ့ စနစ်ထက် ပိုကောင်းလာပါတယ်။

ဘက်ထရီမှာက 3450 mAh အားထိန်း အရွယ် ထည့်ထားပါတယ်။ ပုံမှန် အသုံး အနေနဲ့ ၁ ရက် ကောင်းကောင်း သုံးနိုင်မှာပါ။ ဖုန်းပြော၊ စာပို့ အနေအထားနဲ့ ၁၂ နာရီ သုံးပြီးချိန်မှာတော့ အား ၃၅ ရာခိုင်နှုန်းလောက် ကျန်သေးတာ တွေ့ရပါတယ်။

ပြသ မျက်နှာပြင်စနစ်က 1080 p နှုန်းနဲ့ ပြသပေးနိုင် ပါတယ်။ 2K ရုပ်ထွက်ပါ။ အားလုံးကို ခြုံပြော ရရင်တော့ အရည်သွေးကောင်း ဖုန်းတလုံးပါ။ ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ဖုန်းနဲ့ ရိုက်ကူးချင်သူတွေ အတွက် အဆင်ပြေမှာပါ။ အနောက်နိုင်ငံတွေ ကလို အသုံးပြု သူတွေ စိတ်ကြိုက် ဖြစ်လာနိုင်စေမယ့် ဖုန်းသစ်ပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၇၈ ပဲ ရှိပြီး လက်ခံနိုင် စရာ အနေ အထား ပါပဲ။

Ref: www.forbes.com

From : ဧရာဝတီ by သက်နိုင်ဦး (UCSL)

Originally published at - burma.irrawaddy.com

Read More »

Monday, June 5, 2017

ဈေးကွက် အောင်မြင်မှု ရလာတဲ့ Xiaomi ရဲ့ Mi Max စမတ်ဖုန်း




တရုတ် အခြေစိုက် ဖုန်း ကုမ္မဏီ Xiaomi ရဲ့ ဖုန်းမော်ဒယ် တစ်ခု ဖြစ်တဲ့ Mi Max ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလ အတွင်းက စတင် မိတ်ဆက် ရောင်းချ ခဲ့ပြီး အခုချိန်ထိ Mi Max အလုံးရေ ၃ သန်း ထိအောင် ရောင်းချ ထားနိုင်ခဲ့ပြီ ဖြစ်တယ် လို့ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Lei Junက ပြောကြား ပါတယ်။

အဆိုပါ ပမာဏထဲက အလုံးရေ ၁ ဒသမ ၅ သန်းဟာ စတင် ရောင်းချပြီး ၂ လအတွင်းမှာပဲ ရောင်းချနိုင်ခဲ့တာ ဖြစ်သလို အခုလို Mi Max ရဲ့ အလုံးရေ အများအပြား ရောင်းချနိုင်မှု ကို အတည်ပြု ပြောကြားချက်ဟာ ကုမ္ပဏီကနေ အခု အသစ် မိတ်ဆက်လာတဲ့ Mi Max 2 ကိုလည်း ဈေးကွက် အောင်မြင် ချင်တာကြောင့် ရှေ့ထွက် မော်ဒယ်ရဲ့ အောင်မြင်မှုကို ချပြလာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုမဏီက Mi Max 2မော်ဒယ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိတ်ဆက်ခဲ့သလို ပြသမျက်နှာပြင် ကြီးမားတဲ့ ဖုန်းတွေဟာ စမတ်ဖုန်း ဈေးကွက်မှာ ပိုမို အောင်မြင်မှု ရရှိနေတယ် လို့လည်း သူက ဖုန်းသစ် မိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။

Mi Max မော်ဒယ်ဟာ ဆိုရင် ၆ ဒသမ ၄၄ လက်မ အရွယ် HD ရုပ်ထွက်တွေ ပြသပေးနိုင်တဲ့ ပြသမျက်နှာပြင်စနစ် ပါရှိပြီး တလက်မ အတွက် Pixel ၃၄၂ ထိအောင် ပါရှိတာလည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ဘက်ခြမ်းမှာလည်း လက်ဗွေဖတ် စနစ်ကို ထည့်ထားသေးတာပါ။

အရင်နှစ်က Mi Max မော်ဒယ်ကို 3GB RAM၊ Memory 32 GB၊ 1.8GHz မြန်နှုန်းရှိတဲ့ Snapdragon 650 နဲ့ မော်ဒယ်ရယ်၊ 3GB RAM၊ 64 GB Memory ရယ်၊ 1.8GHz မြန်နှုန်းရှိ Snapdragon 652 ပါရှိတဲ့ မော်ဒယ်ရယ်၊ 4GB RAM၊ Memory 128 GB နဲ့ Snapdragon 652 ပါရှိတဲ့ မော်ဒယ်တွေ အဖြစ် စုစုပေါင်း ၃မျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။

ကင်မရာ အနေနဲ့ကတော့ နောက်ဘက် ပင်မ ကင်မရာက 16 MP ရှိပြီး ရှေ့ဘက် ကင်မရာကတော့ 5 MP ရှိတာပါ။ ထူးခြားချက် ကတော့ ရှေ့ဘက် ကင်မရာက ၈၅ ဒီဂရီထိအောင် Wide-angle အနေနဲ့ ရိုက်ကူးပေးနိုင်တာပါ။ Sim ကတ် နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သလို 4G LTE စနစ်ထိအောင် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth ရသလို Wi-Fi ဆိုရင်လည်း v802.11ac ကို သုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘက်ထရီ အနေနဲ့ကတော့ 4850 mAh အားထိန်းနိုင်တဲ့ ဘက်ထရီကို သုံးထားတာပါ။ ကိုယ်ထည် အရွယ်အစားက 173.1×88.3×7.5 မီလီမီတာ ရှိပြီး အလေးချိန် ၂၀၃ ဂရမ်ပဲ လေးပါတယ်။ Xiaomi အနေနဲ့တော့ အခုအခါမှာ Mi Max ရဲ့ အောင်မြင်မှုနဲ့ အတူ နောက်ထပ် မော်ဒယ်သစ် Mi Max 2 ကို မိတ်ဆက်လာပြီ ဖြစ်ပြီး ဈေးကွက်မှာ ဆက်လက် အောင်မြင်မှု ရမယ်လို့ ယူဆနေတာလည်း ဖြစ်ပါတယ်။

From : ဧရာဝတီ by သက်နိုင်ဦး (UCSL)

Originally published at - burma.irrawaddy.com

Read More »