တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စမတ်ဖုန်း. Show all posts
Showing posts with label စမတ်ဖုန်း. Show all posts

Sunday, June 18, 2017

Dual Messenger လုပ်ဆောင်ချက် အသစ်နဲ့ Samsung J Pro Series စမတ်ဖုန်းများ




Samsung Myanmar မှ Galaxy J Pro (2017) series စမတ်ဖုန်းများ ဖြစ်ကြတဲ့ J5 Pro နဲ့ J7 Pro စမတ်ဖုန်း တို့ကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက် လိုက်ပါပြီ။

Galaxy J Pro series မှာ ထူးခြားချက် အနေနဲ့ Social Media အကောင့်နဲ့ Chatting Application တို့ကို အကောင့် ၂ ခု ခွဲပြီး ဖုန်းထဲမှာ တပြိုင်တည်း အသုံးပြု နိုင်တဲ့ Dual Messenger solutions လုပ်ဆောင်ချက် အသစ် ပါဝင် တယ်လို့ သိရ ပါတယ်။

ကျစ်လစ် သပ်ရပ်တဲ့ သတ္တု ကိုယ်ထည်နဲ့ အတူ Galaxy J5 Pro နဲ့ J7 Pro တို့မှာ အရည် အသွေး မြှင့်တင် ထားတဲ့ စွမ်းဆောင်ရည်၊ ကင်မရာနဲ့ အသစ် တိုးမြှင့် ထားတဲ့ လုံခြုံရေး စနစ်တို့ ပါဝင် ပါတယ်။

“Samsung J Series မှာ ထူးခြားချက် ကတော့ ဖုန်းတလုံးနဲ့ နေထိုင်မှု နှစ်မျိုး ဆိုတဲ့ အတိုင်း Dual Messenger လုပ်ဆောင်ချက် ပါဝင်တယ်။

ဖုန်းတလုံး တည်းမှာ Dual Sim နဲ့ Viber အကောင့် ၂ ခု၊ Messenger အကောင့် ၂ ခု ကို တပြိုင်တည်း သုံးနိုင်တယ်။ အကောင့် တခုပြီး တခုလည်း Log in, Log out လုပ်စရာ မလိုဘူး။ အလုပ်နဲ့ Personal ကို ခွဲပြီး သုံးနိုင်တယ်” လို့ Samsung Myanmar ရဲ့Head of IT ကိုဇာနည် ဝင်းထက်က ပြောပါတယ်။



J5 Pro နဲ့ J7 Pro စမတ်ဖုန်းများမှာ စွမ်းဆောင်ရည်မြင့် 1.6GHz octa-core processor အသုံးပြု ထားပြီး 3GB RAM နဲ့အတူ ဖုန်းတွင်း မှတ်ဉာဏ် 32GB၊ Andriod 7.0 Nougat ပါဝင် တယ်လို့ သိရ ပါတယ်။ ကင်မရာ အရည်အသွေး 13 Megapixel အရည်အသွေးများ ရှိကြတဲ့ F 1.9 အရှေ့ကင်မရာနဲ့ F 1.7 အနောက် ကင်မရာတို့ ပါဝင် ပါတယ်။

“ကင်မရာ အရည်အသွေးအနေနဲ့ J Series စမတ်ဖုန်းတွေမှာ ရှေ့နောက် 13 Megapixel နဲ့ အလင်းအားနည်းတဲ့ နေရာတွေမှာ ပုံကောင်းကောင်း ရိုက်ကူး နိုင်တဲ့ Low-Light ကင်မရာ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ LED Flash နဲ့ Display Screen Flash တို့ ပါဝင်တဲ့ အကောင်းဆုံး Selfie ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။



Galaxy J7 Pro စမတ်ဖုန်းဟာ မျက်နှာပြင် အရွယ် အစား ၅.၅ လက်မရှိ Super AMOLED Full HD မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3600 mAH ပါဝင် ပါတယ်။

Galaxy J5 Pro စမတ်ဖုန်းက မျက်နှာပြင် အရွယ်အစား ၅.၂ လက်မရှိ HD Super AMOLED မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3000 mAH ပါဝင်တယ်လို့ သိရ ပါတယ်။

Galaxy J Pro (2017) စမတ်ဖုန်း သစ်များကို အရောင် အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင်နဲ့ ငွေပြာရောင် စတဲ့ အရောင် ၄ မျိုးနဲ့ ရွေးချယ် ဝယ်ယူ နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအား အနေနဲ့ J7 Pro ကို ကျပ် ၄၂၅၀၀၀၊ J5 Pro ကို ကျပ် ၃၅၉၀၀၀ တို့နဲ့ တနိုင်ငံလုံး ရောင်းချ သွားမယ်လို့ သိရ ပါတယ်။

Galaxy J Series စမတ် ဖုန်းသစ်များ မိတ်ဆက်မှုနဲ့ အတူ Samsung Myanmar မှ Ooredoo Myanmar နဲ့ ပူးပေါင်းပြီး Galaxy J Pro (2017) စမတ်ဖုန်း ဝယ်ယူ သူများ အတွက် လစဉ် အနည်းဆုံး ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ကျပ် ထည့်သွင်းရုံနဲ့ အထူး လက်ဆောင် 2GB ဒေတာ သုံးစွဲခွင့် ၆ လ ဆက်တိုက် ရရှိ ခံစား နိုင် မယ်လို့ သိရ ပါတယ်။

From : ဧရာဝတီ by သီဟတိုး

Originally published at - burma.irrawaddy.com

Read More »

Tuesday, May 16, 2017

ဆိုနီ Xperia ဖုန်းသစ်တွေ အင်တာနက်ဒေတာ လက်ဆောင် ရယူနိုင်




ရန်ကုန်၊ မေ ၁၃ – မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် အမ်ပီတီနဲ့ ဆိုနီမှ ပူးပေါင်းပြီး အသစ် ထွက်ရှိ နေတဲ့ စမတ်ဖုန်း Xperia XA1, Xperia XZ Premium တွေကို ဝယ်ယူ သုံးစွဲ သူတွေ အနေနဲ့ အထူး လက်ဆောင် အဖြစ် ဒေတာ သုံးစွဲမှု ပမာဏတွေကို ရရှိမှာ ဖြစ်ကြောင်း မေလ  ၁၁ ရက်နေ့ ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ကြေညာ ပါတယ်။

သုံးစွဲသူတွေ အနေနဲ့ အမ်ပ်ီတီရဲ့ ကွန်ရက် အတွင်း ဒေတာ ဘောနပ်စ်တွေကို ရရှိနိုင်မှာဖြစ်ပြီး တစ်လကို 1.5 GB ပမာဏကနေ 3GB အထိ ငွေဖြည့်သွင်းတဲ့ ပမာဏပေါ်မူတည်ပြီး အသုံးပြုနိုင်မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

“အမ်ပီတီသုံးစွဲသူတွေဟာ အခုဆိုရင် နောက်ဆုံးပေါ် Sony Xperia စမတ်ဖုန်းတွေကို စမ်းသုံးကြည့်နိုင်ပြီ ဖြစ်ပြီး  မြန်မာနိုင်ငံရဲ့ အမြန်ဆန်ဆုံးနဲ့  အကြီးမားဆုံး မို ဘိုင်းလ်ဒေတာကွန်ရက်မှာ တစ်လကိုအခမဲ့ ဒေတာ 3GB အထိ ရရှိနိုင်ပြီ  ဖြစ်ပါတယ်၊ ဆိုနီအနေနဲ့ အနာဂတ်  ဆက်သွယ်ဆက်ဆံရေးကို ဖြန့်ကျက်ဖို့  ကတိကဝတ် ပြုထားပြီး ရှေ့သို့ လှမ်းချီမြန်မာပြည်ဆိုတဲ့ MPT  ရဲ့ ဆောင်ပုဒ်နဲ့အတူ ဒီပရိုမိုးရှင်းဟာ ပြည့်စုံကောင်းမွန်တဲ့ တွဲဖက်မှုပါပဲ” လို့ MPT-KSGM Joint Operation s ရဲ့ စီအီးအို   ဖြစ် သူ Mr  Toshitake Amamiya က မီဒီယာတွေကို ပြောပါတယ်။

အခမဲ့ ဒေတာ အပိုလက်ဆောင်ကို အမ်ပီတီရဲ့ ဆွေသဟာနဲ့ ရှယ်ပြောအစီ အစဉ်တွေမှာ ရရှိနိုင်မှာဖြစ်ပြီး စတင်အသုံးပြုချိန်က စတင်ပြီး ခြောက်လအထိ ငွေဖြည့်သွင်းမှုပေါ် မူတည်ပြီး အဆိုပါ အစီအစဉ် မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Saturday, February 18, 2017

အသံစနစ်သုံး ဒစ်ဂျစ်တယ် အကူကိရိယာ လောကထဲ ဝင်ရောက်လာတဲ့ Huawei




စမတ်ဖုန်း တွေမှာ ဒစ်ဂျစ်တယ် AI အသံ အကူ စနစ်ကို အကြီး အကျယ် သုံးလာ တာကို ယခုနှစ် ထဲမှာ ပိုပြီးမြင်လာ ရပါတယ်။ အခုလည်း Huwei အနေနဲ့ စမတ်ဖုန်း
ရေစီးကြောင်း ထဲမှာ အလိုက်သင့် စီးဆင်း လိုက်တဲ့ အနေနဲ့ ကိုယ်ပိုင် အသံ အကူ စနစ်ပါ AI ဝန်ဆောင်မှု တစ်ခုကို ဖြန့် ချိသွားဖို့ လုပ်ဆောင် နေပါတယ်။

AI အကူစနစ်ထဲမှာ နာမည်ကြီးတဲ့ ဒစ်ဂျစ်တယ်အကူတွေ ဖြစ်တဲ့ Apple ရဲ့ Siri ၊ Google ရဲ့ Google Assistant ၊ Microsoft ရဲ့ Cortana နဲ့ Amazon ရဲ့ Alexa အပြင် Samsung မှာဆိုရင်လည်း Bixby တို့ နဲ့ ဈေးကွက်ထဲ ထိုးဖောက် ဝင်ရောက် လာချိန်မှာ Huawei အနေနဲ့ ကိုယ်ပိုင် အသံအကူ စနစ်တစ်ခု မဖြစ်မနေ သုံးသွားဖို့ အချိန် ကျရောက် လာပါပြီ။

ဒီစနစ်ဟာ စမ်းသပ်ဆိုပေမယ့် အခုဆိုရင် လူတစ်ရာကျော်မှာတော့ သုံးလို့ ရနေတယ်လို့ လည်း သိရပါတယ်။ ယခုဒစ်ဂျစ်တယ်အကူကို တရုတ်နိုင်ငံမှာပဲ အသုံးပြုလို့ 
ရသေးတာ ဖြစ်ပါတယ်။ Huawei ဟာ တရုတ်ပြည်ပြင်ပမှာ ဒီစနစ်ကိုသုံးနိုင်ဖို့ အတွက် တစ်ခြား AI ဝန်ဆောင်မှုကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် Mate 9 စမတ်ဖုန်းများမှာ Amazon ရဲ့ Alexa ကို သုံးထားပြီး မတ်လထဲမှာ ဆော့ဖ်ဝဲလ် updates သစ်တင်ဖို့ စီစဉ်နေပါတယ်။

Huawei အနေနဲ့ ဒစ်ဂျစ်တယ်အကူစနစ်ကို တရုတ်ပြည်တွင်းမှာပဲ သုံးသွားဖို့ စီစဉ်ထားပေမယ့် တရုတ်နိုင်ငံမှာကိုပဲ Huawei ရဲ့ စမတ်ဖုန်းဈေးကွက်က အလွန် ကြီးမား အားကောင်းနေပါတယ်။

ဒီတော့ ယခု Google ထုတ် Pixel နဲ့ Pixel XL တို့ မှာ သုံးနေတဲ့ Google Assistant ကို အနာဂါတ် Huawei စမတ်ဖုန်းတွေမှာ တွေ့ ရတော့မှာ မဟုတ်ပါဘူး။ အရင် ကတော့ တရုတ်ပြည်တွင်းထဲက Huawei စမတ်ဖုန်းတွေရဲ့ ဒစ်ဂျစ်တယ်အကူအတွက် Google Assistant ကို သုံးနေရတာဖြစ်လို့ ဒါဟာ Google အတွက် အကြီး အကျယ် ဈေးကွက် ထိခိုက်ခြင်း ဖြစ်လာဖို့ ရှိပါတယ်။

အခုလိုမျိုး တစ်ခြား ကုမ္ပဏီထုတ် AI အသံအကူ စနစ်ကို မသုံးတော့ဘဲ ကိုယ်ပိုင် AI digital assistant ထုတ်လာတာ Huawei ကုမ္ပဏီ တစ်ခုတည်းတင် မဟုတ်ပါဘူး။ Samsung ဟာလည်း ဧပြီလထဲမှာ ထုတ်လုပ်ဖြန့် ချိသွားမယ့် Galaxy S8 မှာ ကိုယ်ပိုင် digital assistant ဖြစ်တဲ့ Bixby ကို ထည့်သွင်း မိတ်ဆက် သွားတော့ မယ်လို့ သိရ ပါတယ်။

Huawei အနေနဲ့ နည်းပညာဆက်စပ် ပစ္စည်းများကို မိမိကိုယ်တိုင်ထုတ်သွားဖို့ ကြိုးပမ်းလာခြင်းဟာ ဈေးကွက်တဲ့ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ် သလို နည်းပညာလောက အတွက်လည်း အသစ်အသစ်တွေ ထပ်မံတွေ့ မြင်ရဖို့ ရှိလာပါတယ်။

Source: Android Authority

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm/tech/mobile/huawei-id6238759.html

Read More »

Monday, December 12, 2016

၅ လက်မ screen နှင့် HD resolution ဖြင့် သုံးနိုင်မည့် Gionee P7




ပြီးခဲ့သည့်လက အိန္ဒိယတွင် Gionee P7 Max ကို စတင်ရောင်းချခဲ့သော တရုတ် စမတ်ဖုန်း ကုမ္ပဏီ Gionee သည် ယခုအခါ P7 သစ်ကို ပွဲထုတ် မိတ်ဆက် ခဲ့သည်။

P7 တွင် HD resolution ထောက်ပံ့ ပေးနိုင်သော ၅ လက်မ display နှင့် Gorilla Glass ကဲ့သို့ လူသိ များခြင်း မရှိသော Soda Lime glass ကို အသုံးပြု ထားသည်။

၎င်းတွင် အမည် မဖော်ပြသော 1.3GHz quad-core processor ကို အသုံးပြု ထားသည်။ RAM က 2GB ဖြစ်ပြီး သိုလှောင်မှု ပမာဏ 16GB ဖြစ်သည်။ MicroSD card slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။


ကျောဘက် ကင်မရာ 8MP ဖြစ်ပြီး LED flash ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အခြား feature များအနေဖြင့် 4G ချိတ်ဆက်မှုနှင့် VoLTE အထောက်အပံ့ ပါဝင်ပြီး Wi-Fi b/g/n, Bluetooth 4.0 နှင့် GPS ဖြင့် သုံးနိုင်သည်။

ဘက်ထရီက 2,300mAh ဖြစ်ပြီး Android 6 Marshmallow နှင့် Amigo 3.2 ဖြင့် အသုံးပြုနိုင်သည်။

Gionee P7 ကို အဖြူရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်တို့ဖြင့် ရရှိနိုင်ပြီး တန်ဖိုး ၉,၉၉၉ ရူပီး (ဒေါ်လာ ၁၅၀ ဝန်းကျင်) ဖြစ်သည်။

Ref: GSMArena

From : Internet Journal - By: နောင်နောင်

Originally published at - http://www.internetjournal.media/news/9007


Read More »