တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label IOS. Show all posts
Showing posts with label IOS. Show all posts

Tuesday, July 5, 2016

၁၅ စက္ကန့်စာ ဗီဒီယိုဖိုင် အတိုလေးကို ဖန်တီးပေးမည့် app (ios)



၁၅ စက္ကန့်စာ ဓာတ်ပုံနှင့် ပြုလုပ် ထားသည့် ဗီဒီယိုဖိုင် အတိုလေးကို ဖန်တီး ပြုလုပ်ပေးမည့် app တစ်ခု ဖြစ်သည်။

အဆိုပါ app သည် အမှတ်တရ ဓာတ်ပုံများကို နှစ်သက်သည့် ပုံစံများကို ရွေးချယ်ကာ အဆိုပါ frame ထဲတွင် ဓာတ်ပုံ တစ်ပုံချင်း ပေါင်းထည့်၍ ၁၅ စက္ကန့်စာ movie အတိုလေးကို ဖန်တီးပြီး လူမှု ကွန်ရက် ဝက်ဘ်ဆိုက် များပေါ်သို့ ဝေမျှ ပေးနိုင်မည် ဖြစ်သည်။



အဆိုပါ app ကို ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည် ဖြစ်ပြီး ယခုအခါ အချိန်အကန့် အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။

app အတွင်းရှိ အချို့သော frame များကို အခကြေးငွေ ပေးချေ၍ Pro version ကို Upgrade ပြုလုပ်နိုင်မည်လည်းဖြစ်သည်။

iOS version 7.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app ဖြစ်သည်။

download ရယူလို သူများ ဒီနေရာကို နှိပ်ပါ။

By : Internet journal

Originally published at - http://internetjournal.media/download/7037



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, February 26, 2016

iOS 9 တွင် Instagram ၏ search history များအား ရှင်းလင်းခြင်း


အခု နောက်ပိုင်းမှာ ပြည်တွင်းက မိုဘိုင်းဖုန်း အသုံးပြု သူများ အနေနဲ့ ဓာတ်ပုံ တွေကို ချက်ချင်း ရိုက်ပြီး မျှဝေတဲ့ Instagram App ကို ယခင် ကထက် ပိုမို အသုံးပြု လာကြ ပါတယ်။

Instagram App ကို အသုံးပြုတဲ့ အခါမှာ အင်တာနက် ချိတ်ဆက် အသုံးပြု ရတာ ဖြစ်ပါ တယ်။

အဲဒီလို အင်တာနက် ချိတ်ဆက်ပြီး Instagram အသုံးပြုမှု များလာ တာနဲ့ အမျှ App ရဲ့ အတွင်း ပိုင်းမှာ search history တွေ များလာမှာ ဖြစ်သလို အသုံးပြုတဲ့ အခါတိုင်း မှာလည်း ဖုန်းက နှေးကွေး သလိုမျိုး ခံစားရမှာ ဖြစ်ပါတယ်။

အဲဒီလို နှေးကွေး သလိုမျိုး မဖြစ်အောင် instagram app ရဲ့ search history ကို iOS 9 ပေါ်မှာ ရှင်းလင်း နိုင်မည့် နည်းလမ်းကို ဖော်ပြပေး လိုက်ပါတယ်။

ပထမအဆင့် အနေနဲ့ ကိုယ်ရဲ့ဖုန်းထဲက Instagram app ကို ဖွင့်လိုက်ပါ။ App ကို အသုံးပြုတာ ဖြစ်တဲ့ အတွက် ဖုန်းမှာ အင်တာနက် ချိတ်ဆက် ထားရမှာ ဖြစ်ပါတယ်။



Instagram App ပွင့်သွားတဲ့ အခါမှာတော့ ပုံ-၂ ထဲကလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ညာဘက်ထောင့် screen နားမှာရှိတဲ့ Profile icon ပုံစံလေးကို နှိပ်လိုက်ပါ။

Profile icon ကို နှိပ်ပြီးရင် ထပ်ပြီး screen ရဲ့ ညာဘက် အပေါ်ထောင့်နားက စက်သွားပုံစံ (setting icon) လေးကို ထပ်နှိပ် ပေးရမှာ ဖြစ်ပါတယ်။


ပြီးရင်တော့ Options ထဲမှာ Clear Search History ကို ရှာဖွေပြီး နှိပ်ပေးရဦးမှာ ဖြစ်ပါတယ်။



Clear Search History ကို ပေါ်မှာ တစ်ချက်နှိပ်လိုက်ရင်တော့ ဖုန်းမှာ အောက်ဖော်ပြပါ ပုံလို ပေါ်လာမှာ ဖြစ်ပြီး Yes, I'm sure ကို ရွေးပေး လိုက်ရင်တော့ Instagram ရဲ့ Search History တွေကို ရှင်းလင်းခြင်း လုပ်ဆောင်ချက် ပြီးဆုံးပြီ ဖြစ်ပါတယ်။


By: internetjournal
Originally published at - http://www.internetjournal.media/how-to/5507


Read More »

Sunday, January 24, 2016

iOS မှာ Facebook နဲ့ Twitter ကြောင့် Internet Data အကုန်မြန်တာ သက်သာနည်း




ဗားရှင်း အမျိုးမျိုး ပြောင်းလဲနေတဲ့ Facebook နဲ့ Twitter တို့ကို အသုံးပြုရင်း အင်တာနက် ဒေတာတွေ အကုန်မြန် တာကို သတိထား မိလာတဲ့ အခါ Facebook နဲ့ Twitter ကို အသုံးပြု ရမှာတောင် ကြောက်လာ ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Feature အသစ်တွေ ထည့်သွင်း လာတဲ့ Social Media Website တို့ရဲ့ ပရောဂကြောင့် ဖြစ်ပါတယ်။

အသစ်သစ်သော feature အသစ်တွေကို ပေးစွမ်းနေတဲ့ Facebook နဲ့ Twitter တို့ဟာ Google ရဲ့ Youtube ကို ယှဉ်ပြိုင်ချင်တဲ့ အတွက်ကြောင့် သူတို့ရဲ့ Website မှာ ဗီဒီယိုတွေကို တင်ခွင့်ပေး ခဲ့ပြီး အဆိုပါ ဗီဒီယိုတွေကို လူကြည့်များ လာအောင် အလိုအလျောက် ပွင့်အောင်ပြုလုပ် ထားကြလို့ ဖြစ်ပါတယ်။

ဒီအချက်ကို သတိထား မိတဲ့ အသုံးပြု သူတွေဟာ Facebook နဲ့ Twitter တို့မှာ ဗီဒီယိုတွေ အလိုအလျောက် လာနေတာကို ပိတ်ဖို့ အတွက် နည်းလမ်း ရှာမရဘဲ အင်တာနက် ဒေတာ အကုန်မြန်နေ တာကို လက်ပိုက် ကြည့်နေရ ပါတော့တယ်။

တကယ်တော့ နည်းလမ်း ရှိပါတယ်။ လက်ရှိအချိန် အထိ အဲ့ဒီနည်းလမ်းကို မသိကြသေးတဲ့ လူတွေအများကြီး ရှိပါသေးတယ်။ ဒါကြောင့် iOS အသုံးပြု သူတို့ အတွက် Facebook နဲ့ Twitter မှာ အလိုအလျောက် ပွင့်နေတဲ့ ဗီဒီယိုတွေကို ပိတ်ဖို့ အတွက် အောက်မှာ နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

Facebook မှာ အလိုအလျောက် လာနေတဲ့ ဗီဒီယိုတွေကို ပိတ်နည်း

iOS အသုံးပြု သူတို့ အနေနဲ့ Facebook application ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက် ထောင့် အောက်ခြေ နားမှာရှိတဲ့ More ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။ ပြီးရင် Setting ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ Account Settings ဆိုတာကို တွေ့ရပါလိမ့်မယ်။

Account Settings ကို နှိပ်လိုက်ပါ။ Videos and Photos ဆိုတဲ့ Tab ကို ထပ်မံ တွေ့ရှိပါ လိမ့်မယ်။ အဲ့ဒီ Tab ကို နှိပ်လိုက်ရင် Video Settings နဲ့ Photo Settings ဆိုပြီး တွေ့ပါလိမ့်မယ်။

အဲ့ဒီထဲကမှ Video Setting အောက်က Autoplay ဆိုတဲ့ Tab ကို နှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ On Wi-Fi Connections Only နဲ့ Never Autoplay Videos ဆိုပြီး နှစ်ခု ထဲက တစ်ခုကို ရွေးချယ်နိုင် ပါတယ်။ On Wi-Fi Connections Only ဆိုတာ ကတော့ ဖုန်းကို Wifi နဲ့ အင်တာနက် အသုံးပြုတဲ့ အခါမှသာ ဗီဒီယိုတွေကို အလို အလျောက် လာစေခြင်းဖြစ်ပြီး Never Autoplay Videos ဆိုတာ ကတော့ Facebook မှာ ဗီဒီယိုတွေ အလိုအလျောက် လာခြင်းကို အပြီးသတ် ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်ရာ ရွေးပြီးရင် Facebook မှာ ဗီဒီယိုတွေဟာ အလိုအလျောက် လာတော့မှာ မဟုတ်တော့ပါဘူး။




Twitter မှာ အလိုအလျောက် လာနေတဲ့ ဗီဒီယို တွေကို ပိတ်နည်း

iOS နဲ့ Twitter ကို အသုံးပြု နေသူတို့ အတွက်တော့ Twitter application ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက် အောက်ခြေ ထောင့်နားမှာ ရှိတဲ့ Me ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ စက်သွား ပုံစံလေးနဲ့ setting ကို တွေ့ပါလိမ့်မယ်။

အဲ့ဒါကို နှိပ်လိုက်ရင် setting ဆိုတာကို ထပ်မံတွေ့ရှိ ပါလိမ့်မယ်။ အဲ့ဒီ setting ဆိုတာကို နှိပ်လို်က်ပါ။ ပြီးရင်တော့ general ဆိုတဲ့ Tab အောက်မှာ Video autoplay ဆိုတဲ့ စာသားလေးကို ထပ်မံ တွေ့ရှိ ပါလိမ့်မယ်။

အဲ့ဒီ Video autoplay ဆိုတဲ့ စာသားကို နှိပ်လိုက်တဲ့ အခါမှာတော့ Use Wi-Fi Only နဲ့ Never play videos automatically ဆိုတဲ့ ရွေးစရာ နှစ်ခု တွေ့ပါ လိမ့်မယ်။

အဲ့ဒီ နှစ်ခုထဲကမှ မိမိကြိုက်နှစ်သက် ရာကို ရွေးချယ်နိုင် ပါတယ်။

Use Wi-Fi Only ဆိုတာကတော့ မိမိအနေနဲ့ Twitter ကို Wi-fi နဲ့ အသုံးပြုတဲ့ အခါ ဗီဒီယိုတွေကို အလို အလျောက် လာစေတာဖြစ်ပြီး Never play videos automatically ဆိုတာ ကတော့ ဘယ်တော့မှ ဗီဒီယိုတွေကို အလိုအလျောက် မလာစေတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။



အထက် ဖော်ပြပါ အချက်တွေကို လိုက်နာ ပြုလုပ် လိုက်ရင်တော့ မိမိတို့ရဲ့ အင်တာနက် ဒေတာဟာ Facebook နဲ့ Twitter တို့ အသုံးပြု ရုံလောက်နဲ့တော့ အရင်ကလောက် အလွယ်တကူ မကုန်တော့ပဲ ထိုက်တန်တဲ့ အချိန် ပမာဏ အထိတော့ သုံးစွဲနိုင် ပါလိမ့်မယ်။

Ref : Hacks

Aung Ko Htet (MMA)

Originally published at - http://www.myanmarmobileapp.com/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, October 29, 2015

Pangu iOS 9 Jailbreak Tool v1.2 for Windows [Update version]




iOS 9 မှ iOS 9.0.2 အထိ Jailbreak ပြုလုပ်နိင်သော Pangu iOS 9 Jailbreak Tool ရဲ့ version အသစ် 1.2 ထပ်မံ ထွက်ရှိ လာပါတယ်။

ယခု version မှာတော့ ယခင် Pangu iOS 9 jailbreak tool version တွေထက် Jailbreak လုပ်ရာမှာပိုမို error ကင်းလာပြီး “Manage Storage” နဲ့ဆိုင်တဲ့ error တွေရှင်းပေးထားခြင်း ၊ Cydia app latest version ကိုထည့်သွင်းပေးထားခြင်း စတာတွေကိုပြင်ဆင်ပေးထားပါတယ်။

Jailbreak မလုပ်ရသေးသူတွေကတော့ ယခု Pangu v1.2 Jailbreak Tool နဲ့ Jailbreak ပြုလုပ်တာအကောင်းဆုံးပါပဲ ။ iOS 9 Jailbreak ပြုလုပ်ပြီးသူတွေကတော့ Cydia ထဲက Pangu 9.0.x Untether” and “Patcyh” ဆိုတာကို Update လုပ်လိုက်ရင်ရပါပြီ။

Pangu iOS 9 Jailbreak Tool v1.2 for Windows [Update version] ကိုအောက်က link မှာရယူနိုင်ပါတယ်။

ဒီမှာနှိပ်ပြီးဒေါင်းယူပါ

Original link - http://www.myanmarmobileapp.com/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, October 25, 2015

iOS 9.1 for iPhone / Pad / Pod touch [Download Links]




၂၁.၁၀.၂၀၁၅ ရက်နေ့မှာ iPhone / Pad / Pod touch တွေအတွက် iOS 9.1 Firmware update ထပ်မံ ထွက်ရှိ လာပါတယ်။ ယခု version မှာတော့ emoji အသစ် ၁၅၀ ထပ်မံ ထည့်သွင်း ပေးထားခြင်း ၊ Live Photo ရိုက်ကူးခြင်း တို့မှာ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ပေး ထားပါတယ်။ အသေးစိတ် ကတော့ အောက်ပါအတိုင်းပါ။
  • Live Photos now intelligently senses when you raise or lower your iPhone, so that Live Photos will automatically not record these movements
  • Over 150 new emoji characters with full support for Unicode 7.0 and 8.0 emojis
  • Improved stability including CarPlay, Music, Photos, Safari, and Search
  • Improved performance while in Multitasking UI
  • Fixes an issue that could cause Calendar to become unresponsive in Month view
  • Fixes an issue that prevented Game Center from launching for some users
  • Resolves an issue that zoomed the content of some apps
  • Resolves an issue that could cause an incorrect unread mail count for POP mail accounts
  • Fixes an issue that prevented users from removing recent contacts from new mail or messages
  • Fixes an issue that caused some messages to not appear in Mail search results
  • Resolves an issue that left a gray bar in the body of an Audio Message
  • Fixes an issue that caused activation errors on some carriers
  • Fixes an issue that prevented some apps from updating from the App Store
iOS 9.1 ကို iDevice မှ တိုက်ရိုက် update ပြုလုပ်လိုရင်တော့ iOS ရဲ့ Setting > General > Software Update ထဲသို့ဝင်၍ update ပြုလုပ်နိုင်ပါတယ်။ Wifi ကွန်ရက် တစ်ခုခုသို့ ချိတ်ဆက် ထားရပါမယ်။ ( Jailbreak လုပ်မထားမှ ဒီနည်းနဲ့ တိုက်ရိုက် update ပြုလုပ်နိုင်ပါမယ်။ )

ကွန်ပျူတာ iTunes ဖြင့်ချိတ်ဆက်၍ iOS 9.1 သို့ Firmware Update/Restore ပြုလုပ်လိုတယ်ဆိုရင်တော့ မိမိတို့ iDevice နှင့်သက်ဆိုင်ရာ iOS 9.1 Firmware များကိုအောက်က link များမှာရွေးချယ်ရယူနိုင်ပါတယ်။

iOS 9.1 Download links for iPhone:
iPhone 6s
iPhone 6s Plus
iPhone 6
iPhone 6 Plus
iPhone 5s (Model A1453, A1533)
iPhone 5s (Model A1457, A1518, A1528, A1530)
iPhone 5c (Model A1456, A1532)
iPhone 5c (Model A1507, A1516, A1526, A1529)
iPhone 5 (Model A1428)
iPhone 5 (Model A1429)
iPhone 4s

iOS 9.1 download links for iPad:
iPad mini 4 Wi-Fi
iPad mini 4 Wi-Fi + Cellular
iPad Air 2 (Model A1566)
iPad Air 2 (Model A1567)
iPad mini 3 (Model A1599)
iPad mini 3 (Model A1600)
iPad mini 3 (Model A1601)
iPad Air (Model A1474)
iPad Air (Model A1475)
iPad Air (Model A1476)
iPad mini 2 (Model A1489)
iPad mini 2 (Model A1490)
iPad mini 2 (Model A1491)
iPad (4th generation Model A1458)
iPad (4th generation Model A1459)
iPad (4th generation Model A1460)
iPad mini (Model A1432)
iPad mini (Model A1454)
iPad mini (Model A1455)
iPad Wi-Fi (3rd generation)
iPad Wi-Fi + Cellular (model for ATT)
iPad Wi-Fi + Cellular (model for Verizon)
iPad 2 Wi-Fi (Rev A)
iPad 2 Wi-Fi
iPad 2 Wi-Fi + 3G (GSM)
iPad 2 Wi-Fi + 3G (CDMA)

iOS 9.1 download links for iPod touch:
iPod touch (5th generation)
iPod touch (6th generation)

Original link - http://www.myanmarmobileapp.com/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, October 15, 2015

iOS 9 မှ iOS 9.0.2 အထိ Jailbreak ပြုလုပ်နိုင်သော Pangu Jailbreak Tool ထွက်ရှိ




OS 9 မှ iOS 9.0.2 အထိ jailbreak ပြုလုပ်နိုင်သော Pangu Jailbreak Tool for iOS 9 ထွက်ရှိ လာပါပြီ။ ဒီ Jailbreak Tool နဲ့ Jailbreak ပြုလုပ်နိင်မယ့် iDevice စာရင်းကတော့ အောက်ပါ အတိုင်းပါ။
  • iPhone 6s/6s Plus
  • iPhone 6/6 Plus
  • iPhone 5/5c/5s
  • iPhone 4s
  • iPad Mini 2/3/4
  • iPad Air/iPad Air 2
  • iPod touch 5 generation and above

အောက်က link မှာ iOS 9 Jailbreak Tool ကို ရယူနိုင် ပါတယ်။
ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

Jailbreak မလုပ်ခင်မှာ iDevice ကို Passcode ပြန်ဖြုတ်ထား ၊ iCloud off ထား ၊ AirPlane mode လုပ်ထားပါ။

အားလုံးပဲအဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App)

Original link - https://www.fcebook.com/thetnaing.mmas




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, October 14, 2015

iOS အတွက် Swipe keyboard




Android ပေါ်မှာပဲ Swipe Keyboard ရှိပြီး iOS ပေါ်မှာကော swipe keyboard မရှိဘူး လားလို့ မေးနေ သူများ အတွက် ဖြစ်ပါတယ်။

iOS အသုံးပြုတဲ့ iPhone, iPad များအတွက် Wipe Keyboard ရှိပါတယ်။ ယင်းကတော့ Brilliant Keyboard for iOS 8 လို့ အမည်ရ ပါတယ်။

0.99 ဒေါ်လာကနေ စလို့ ဈေးအစားစားမှာ Swipe keyboard ကောင်းများ ရှိပေမယ့် အခမဲ့ ဆိုရင် Brililant Keyboard ကို ညွန်းချင်ပါတယ်။ သူက for iOS 8 သာရေးထားပေမယ့် ယနေ့ iOS များပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။

သူက Android ပေါ်က Swipe Keyboard တွေလောက်တော့ intelligent မဖြစ်ပါဘူး။ ပြီးတော့ အနည်းငယ်နှေးပါတယ်။ ဒါပေမယ့် သူ့ကို အသုံးပြုပြီး စာရိုက်တဲ့အခါ သာမန် လက်ကွက်ရိုက်တာထက်တော့ မြန်ပါလိမ့်မယ်။

Swipe keyboard ဆိုတာ အားလုံး သိကြတဲ့အတိုင်း စာရိုက်စရာ မလိုပဲ မိမိရိုက်ချင်တဲ့ စာလုံးတွေကို လက်လုံးဝ touch ကနေ မပင့်တော့ပဲ ဆက်တိုက် ဆွဲသွားရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ယင်းသို့ ဆွဲခြင်းဖြင့် အနီးစပ်ဆုံး keyword ကို keyboard ကနေပြီးတော့ ရွေးချယ်ပေးပါတယ်။

သူ့ကို install လုပ်ပြီးရင် General>Keyboard ထဲ ဝင်ပြီး Keyboard add ပါ။ ပြီးရင် သူ့ကို Full access control turn on လုပ်ပေးပြီးရင် သုံးနိုင်ပါပြီ။

Download link ကတော့ – https://goo.gl/TdyAY6 ဖြစ်ပါတယ်။

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/12/ios-swipe-keyboard/


Read More »

Sunday, October 4, 2015

iOS 9 တွင် Spotlight Search မှ Eng – Myanmar English Dictionary အသုံးပြုနည်း




iOS 9 Spotlight မှာ ကိုယ်ပိုင် App တွေ ရှာခွင့် ပေးလိုက် ပါတယ်။ ဒါကြောင့် Myanmar English Dictionary ကို App ဖွင့်စရာ မလိုပဲ Spotlight ကနေ လွယ်လွယ် ကူကူ ရှာနိုင်ပြီ ဖြစ်ပါတယ်။


အသုံးပြုရန်အတွက် Ornagai 2 ကို App Store ကနေ Download ဆွဲပါ။ Settings >> General >> Spotlight Search မှာ Ornagi 2 ကို ဖွင့်လိုက်ပါ။

အဲ့ဒါဆိုအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

Original link - http://www.myanmarmobileapp.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, September 25, 2015

iOS 9.0.1 for iPhone / Pad / Pod touch (Download Link)




iOS 9.0.1 ထွက်ရှိ လာပါပြီ။ iOS 9.0.1 မှာတော့ ယခင် iOS 9.0 မှာတုန်းက ရှိတဲ့ Error တော်တော် များများကို ဖြေရှင်းပေး ထားပါတယ်။ အဓိက ဖြေရှင်းပေး ထားတာ ကတော့

  • Fixes an issue where some users could not complete setup assistant after updating
  • Fixes an issue where sometimes alarms and timers could fail to play
  • Fixes an issue in Safari and Photos where pausing video could cause the paused frame to appear distorted
  • Fixes an issue where some users with a custom APN setup via a profile would lose cellular data


iOS 9.0.1 ကို မိမိတို့ရဲ့ iPhone / Pad / Pod touch မှာ Update လုပ်လိုတယ် ဆိုရင်တော့ iOS Setting ထဲက General > Software Update ထဲကို ၀င်ပြီး iOS 9.0.1 သို့ Update လုပ်နိုင် ပါတယ်။

(iOS 9.0.1 ကို တိုက်ရိုက် update လုပ်လို ပါက iDevice ကို Wifi Network တစ်ခု ခုမှာ ချိတ်ဆက် ထားရ ပါမယ်။ Jailbreak လုပ် မထားတဲ့ Device ဖြစ်ရ ပါမယ်)

iPhone / Pad / Pod touch ကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပြီး ကွန်ပျူတာ iTunes မှ တဆင့် iOS 9.0.1 သို့ Update / Restore ပြုလုပ် လိုတယ် ဆိုရင်တော့ iOS 9.0.1 Fimware များကို အောက်က link များမှာ မိမိတို့ Device အလိုက် ရွေးချယ် ရယူနိုင် ပါတယ်။


Author: သက်နိုင်စိုး

Original link - http://www.myanmarmobileapp.com/2015/09/23/ios-9-0-1-for-iphonepadpod-touch-download-link/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »