
မကြာသေးခင် ကာလ အတွင်းမှာ ကင်မရာ နှစ်ခု ပါဝင်တဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ စမတ်ဖုန်း သုံးစွဲ သူတွေကြား မေးခွန်း တစ်ခု ပေါ်ထွက် လာပါတယ်။
အဲ့ဒါကတော့ “ကင်မရာနှစ်ခု ပါတာက ဘာလုပ်လို့ရလဲ” ဆိုတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ကမ္ဘာမှာ ခေတ်စား သွားတဲ့ အထင်ကရ Leica အမှတ် တံဆိပ်နဲ့ ပထမဆုံး ပူးပေါင်း ဖန်တီး ထားတဲ့ Huawei P9 လိုမျိုး ကင်မရာ နှစ်ခုပါ စမတ်ဖုန်း အချို့မှာ ကင်မရာနှစ်ခု ပါဝင် လာတာကို တွေ့မြင် ခဲ့ကြမှာပါ။
အဲ့ဒီလိုဆို ကင်မရာနှစ်ခု ပါတာက တစ်ခု ထဲထက် ဘာလို့ ပိုကောင်း တာလဲ။ ကမ္ဘာ တစ်ဝန်းက စမတ်ဖုန်း အသုံးပြု သူတွေက ကင်မရာနှစ်ခု ပါတာကို ဘာလို့ နှစ် သက်လာကြလဲ ဆိုတာနဲ့ မြင့်မားတဲ့ ဈေးနှုန်း မဟုတ်ဘဲနဲ့ အဆင့်မြင့် ကင်မရာနှစ်ခု အတွေ့ အကြုံကို သင်ကိုယ်တိုင် ဘယ်လို ခံစားနိုင်မလဲ ဆိုတာ သိရအောင် လေ့ လာကြည့် လိုက်ကြရအောင်။
၁။ အလေးချိန် တိုးသွားခြင်းမရှိဘဲ အာရုံခံ ကိရိယာ ပိုများလာခြင်း
စမတ်ဖုန်းတွေဟာ အဓိက အကြောင်းရင်း တစ်ခုကြောင့် နည်းပညာ မြင့်မားတဲ့ dSLRs တွေ ဖြစ်ဖို့ ကြိုးပမ်းရာမှာ ခက်ခဲလှတဲ့ အခြေအနေ ရှိပါတယ်။
အဲ့ဒါကတော့ ကျွန်တော်တို့ အိပ်ကပ်တွေထဲ ထည့်ဖို့ သေးငယ်တဲ့ ကိရိယာဟာ အမှန်တကယ် ကောင်းမွန်တဲ့ ရိုက်ချက်တွေ ရရှိနိုင်ဖို့ လုံလောက်တဲ့ အာရုံခံနေရာ အတွက် နေရာမရှိတာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကင်မရာနှစ်ခု ပါတဲ့ ဖုန်းတွေကတော့ အဲ့ဒီအချက်ကို လုံးဝ ပြောင်းလဲပစ်လိုက်ပါပြီ။ ကင်မရာနှစ်ခု ပါရှိခြင်းက ပိုမိုများပြားသေးငယ်တဲ့ အစက် အပြောက်တွေရဲ့ အချက်အလက်နဲ့ အသေးစိတ်ကို ဖမ်းယူဖို့ အတွက် အာရုံခံနေရာတွေ ပိုမိုရရှိစေပါတယ်။
အဲ့ဒါကြောင့် ကင်မရာနှစ်ခု ပါဝင်တဲ့ ဖုန်းတွေက ပိုကောင်းတဲ့ HDR mode၊ ပိုမိုများပြားတဲ့ ရွေ့လျားအကွာအဝေး၊ ကောင်းမွန်တဲ့ အလင်းရောင်နည်း ဓါတ်ပုံ၊ ပိုမိုမြန်ဆန်တိကျတဲ့ auto-focus ကို ရရှိစေပါတယ်။
၂။ မည်သည့် အလင်းရောင် အခြေအနေမှာမဆို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခြင်း
မကြာသေးခင်ကအထိ ညဖက်ရိုက်ကူးမှု၊ indoor ရိုက်ကူးမှု ဒါမှမဟုတ် ပုံမှန်ထက် အလင်းရောင် အားနည်းမှု အခြေအနေတွေမှာ ရိုက်ချက်ကောင်းတွေ ရရှိဖို့အတွက် စမတ်ဖုန်းတွေဟာ အလင်းရုပ်ပုံအား တည်ငြိမ်အောင် လုပ်ပေးတဲ့စနစ် (OIS) အပေါ်မှာ မှီခိုနေပါတယ်။
OIS စနစ်က ရိုက်ချက်တွေကို မှုန်ဝါးစေနိုင်တဲ့ မရည်ရွယ်ဘဲ လက်လှုပ်သွားတာမျိုးတွေ အတွက် ရုပ်ပုံတွေကို ပြန်ဖာထေးပေးနိုင်ဖို့အတွက် အလင်းတံခါးကို ပုံမှန်ထက် ကြာကြာဖွင့်ပေးထားပါတယ်။ ဒါပေမယ့် OIS စနစ်က ပြီးပြည့်စုံအောင် ကောင်းမွန်တာတော့ မဟုတ်ပါဘူး။
အကယ်၍ သင်ဟာ အလင်းရောင်နည်းတဲ့ အခြေအနေမျိုးမှာ ရွေ့လျားနေတဲ့ အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်မယ်ဆိုရင် OIS စနစ်ဟာ သင့်လက်ရဲ့ လှုပ်ရှားမှုနဲ့ အရာဝတ္ထုရဲ့ လှုပ်ရှားမှု နှစ်ခုလုံးအတွက် ပြန်ဖာထေးပေးနိုင်မှာ မဟုတ်ပါဘူး။
ကင်မရာနှစ်ခု စမ်းကြည့်ပါ။ ပိုမိုများပြားတဲ့ အလင်းရောင်ကို လက်ခံဖို့ အာရုံခံကိရိယာတွေ အတွက် နေရာပိုမိုရှိခြင်းကြောင့် ကင်မရာနှစ်ခုကို အသုံးပြုနေသူတွေဟာ အိမ်ထဲမှာ ရှိနေတဲ့ အချိန်မှာရော နေဝင်သွားတဲ့ အချိန်တွေမှာတောင် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာပါ။
၃။ အရည်အသွေး နှစ်ဆ ပိုမိုကောင်းမွန်သွားပေမယ့် ဈေးနှုန်းနှစ်ဆ မဖြစ်ခြင်း။
ကင်မရာနှစ်ခုက စမတ်ဖုန်း ဓါတ်ပုံပညာအတွက် ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ပေးလိုက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကင်မရာနှစ်ခု ဖြစ်သွားပေမယ့်
ဈေးနှုန်း နှစ်ဆမပေးရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Huawei လိုမျိုး စမတ်ဖုန်း စက်မှုလုပ်ငန်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေရဲ့ ကြိုးပမ်းမှုကြောင့် ဈေးနှုန်းအသင့်အတင့်နဲ့ အရည်အသွေးမြင့် စတ်ဖုန်းတွေမှာ ကင်မရာနှစ်ခု ပါဝင်လာတာပဲ ဖြစ်ပါတယ်။
မကြာသေးခင်က ထွက်ပေါ်လာတဲ့ Huawei ရဲ့ သတင်းတစ်ခုအရ GR5 ရဲ့ နောက်ထပ်မျိုးဆက်တစ်ခုမှာ ကင်မရာနှစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။
ကင်မရာနှစ်ခု ပါဝင်တဲ့ ဖုန်းတစ်လုံးကို သင့်တင့်တဲ့ တန်ဖိုးနဲ့ ရရှိနိုင်တာကြောင့် လူတိုင်းဟာ ကင်မရာနှစ်ခု ပါဝင်ခြင်းရဲ့ စွမ်းရည်နဲ့ ပေးစွမ်းနိုင်မှုများကို တွေ့ကြုံ
ခံစားနိုင်ပါပြီ။
၎။ စစ်မှန်ပြီးတိကျသည့် zoom ဆွဲခြင်း
ကင်မရာတစ်ခုတည်း ပါဝင်တဲ့ စမတ်ဖုန်းတွေမှာ ဒီဝျစ်တယ် zoom ဆွဲခြင်းကို အသုံးပြုကြပေမဲ့ ကင်မရာနှစ်ခု ပါဝင်တဲ့ စမတ်ဖုန်းတွေက စစ်မှန်ပြီး တိကျတဲ့ zoom ဆွဲခြင်းကို ပေးစွမ်းနိုင်တဲ့ သီးခြားမှန်ဘီလူးနှစ်ခုအပေါ် မူတည်နေပါတယ်။
ဒါဆို ကွာခြားချက်က ဘာလဲ။ ဒီဂျစ်တယ် zoom ဆွဲခြင်းက ဓါတ်ပုံရိုက်ပြီး နောက်မှာ အဲ့ဒီဓါတ်ပုံကို ကြီးအောင် ပြုလုပ်ခြင်း တစ်ခုတည်းနဲ့ zoom ဆွဲခြင်း ဖြစ်ပါတယ်။
တိကျတဲ့ zoom ဆွဲခြင်း တနည်းဆိုရရင် ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာက အရာဝတ္ထုနဲ့ နီးစေဖို့နဲ့ ဆုံတာကို ချိန်ညှိဖို့အတွက် မှန်ဘီလူးရဲ့ ပေါင်းစပ်မှုကို အသုံးပြုပြီး zoom ဆွဲလိုက်ခြင်းမျိုး ဖြစ်ပါတယ်။
ကင်မရာနှစ်ခုပါ စမတ်ဖုန်းတွေကလည်း အဲ့ဒီနည်းတူ မှန်ဘီလူးနှစ်ခုကို အသုံးပြုပြီး ဓာတ်ပုံ အရည်အသွေးကို ထိခိုက်စေခြင်း မရှိဘဲ ပြတ်သားတဲ့ ဓာတ်ပုံနဲ့ အနီးကပ် ဓာတ်ပုံတွေကို ရရှိစေပါတယ်။
၅။ စွမ်းဆောင်ရှင် Bokeh လုပ်ဆောင်ချက်များ
ကင်မရာနှစ်ခုပါ စမတ်ဖုန်း အသုံးပြုသူတွေ နှစ်သက်တဲ့ လုပ်ဆောင်ချက် တစ်ခုကBokeh ဖြစ်ပြီး အဲ့ဒါက မှန်ဘီလူး အများကြီး ပါခြင်းရဲ့ အားသာချက်ကို အသုံးပြုကာ မိမိရိုက်ကူးတဲ့ အရာဝတ္ထုကို ပြတ်သားစေပြီး နောက်ခံကို မှုန်ဝါးအောင် ပြုလုပ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
Bokeh ဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံပညာ (အထူးသဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် အလှဓာတ်ပုံ ရိုက်ကူးတဲ့ ဓာတ်ပုံပညာ) အတွက် အဓိက အစိတ်အပိုင်း ဖြစ်ပေမယ့် ကင်မရာတစ်ခုတည်း ပါဝင်တဲ့ စမတ်ဖုန်းနဲ့တော့ အဲ့ဒီလုပ်ဆောင်ချက်ကို ကောင်းမွန်စွာ ရရှိမှာ မဟုတ်ပါဘူး။
အချို့စမတ်ဖုန်းတွေမှာ Bokeh လုပ်ဆောင်ချက် ပါဝင်ပေမယ့် နောက်ခံကို မှုန်ဝါးအောင် ပြုလုပ်ခြင်းက ကင်မရာနှစ်ခု ပါဝင်တဲ့ စမတ်ဖုန်း အသုံးပြုသလို စစ်မှန်တဲ့ အတွင်းကျကျဖြစ်မှု၊ အလွှာရရှိမှုနဲ့ ထင်းကနဲ့ မြင်သာမှုတို့ကို စတင်အသုံးပြုကတည်းက ရရှိမှာ မဟုတ်ပါဘူး။
ရလဒ်ကကော….. လှပတဲ့ ရိုက်ချက်တွေအတွက် ဖန်တီးမှု မြင့်မားပြီး ပျော်စရာကောင်းတဲ့ ဓာတ်ပုံပညာကို ခံစားနိုင်ခြင်း ဖြစ်ပါတယ်။
ကင်မရာနှစ်ခုပါတဲ့ ဖုန်းတွေက စမတ်ဖုန်း ဝယ်ယူသူတွေ အတွက် ရွေးချယ်စရာ ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။
၆။ အဆုံးမရှိသော အလားအလာများ
နည်းပညာမှာ အထက်မြက်ဆုံး ပုဂ္ဂိုလ်တွေဟာ 3D လုပ်ဆောင်ချက်တွေ သို့မဟုတ် ချက်လျင်းပြုလုပ်နိုင်တဲ့ gif တွေကို ဖန်တီးဖို့အတွက် မှန်ဘီလူးနှစ်ခုက ဖမ်းယူထားတဲ့ အချက်အလက် စွမ်းအားကို အသုံးပြုပြီး ဓါတ်ပုံအက်ပလီကေးရှင်း အသစ်တွေ အများအပြား ရရှိဖို့ မျှော်လင့်နေကြပါတယ်။
ကျွန်တော်တို့ဟာ အနည်းငယ် ကွဲပြားတဲ့ ရှုထောင့်နှစ်ခုကနေ ရလာတဲ့ အနည်းငယ် ကွဲပြားတဲ့ ရုပ်ပုံနှစ်ခုရဲ့ လှုပ်ရှားမှု စွမ်းအားနဲ့ ရွေ့လျားနေတဲ့ ရုပ်ပုံတစ်ခုကို ဖန်တီးဖို့အတွက် ကင်မရာ တစ်ခုနဲ့တစ်ခုကြားက အနည်းငယ် ခြားနားမှုကို အသုံးပြုပြီး မျက်လုံးကို 3D ရုပ်ပုံတွေ မြင်ရအောင် လှည့်ဖြားတဲ့ “wigglegram” အက်ပလီကေးရှင်းတွေ ထွက်ပေါ်လာတာကို မြင်ပြီးသား ဖြစ်ပါတယ်။
နောက်ထပ်လည်း မဆုံးနိုင်တဲ့ နည်းပညာ အသစ်တွေနဲ့ အက်ပလီကေးရှင်းတွေ ထပ်မံထွက်ပေါ်လာဖို့ ရှိနေပါသေးတယ်။
From : The Voice Myanmar
Originally published at - http://thevoicemyanmar.com/news-info/4116-smb

No comments: