တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Microsoft. Show all posts
Showing posts with label Microsoft. Show all posts

Monday, December 14, 2015

Microsoft Band 2 မှာ Music ကို ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်း




အောက်တိုဘာလ တုန်းက ထွက်ရှိ ခဲ့တဲ့ Microsoft ရဲ့ fitness Tracker စမတ်နာရီ Microsoft Band 2 ဟာ update ဗားရှင်း တစ်ခုကို ထုတ်လုပ် လိုက်ပြီး ထိုဗားရှင်း မှာတော့ လုပ်ဆောင်ချက် အသစ်တွေ ပါဝင် လာတယ်လို့ သိရပါတယ်။

Microsoft က အခိုင်အမာဆိုခဲ့တာကတော့ ထိုလုပ်ဆောင်ချက်ဟာ သုံးစွဲသူတွေပြန်ပြောပြ ခဲ့တဲ့ အကောင်းအဆိုး အကြောင်း အရာတွေကို အခြေခံပြီး ဖန်တီး ထားတာ ဖြစ်တယ် ဆိုတာပါပဲ။

သေချာတာတစ်ခုကတော့ ထို update ဗားရှင်းဟာ Band 2 တစ်ခုတည်းအတွက်ဖြစ်ပြီး မူလ ထုတ်လုပ်ထားတဲ့ Microsoft Band အတွက်တော့ မဟုတ်ပါဘူး။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ Band 2 ရဲ့ update ဗားရှင်းမှာတော့ Music ကိုထိန်းချုပ်နိုင်မှု တွေပါဝင်လာပါတယ်။ ထိုထိန်းချုပ်နိုင်မှုအရ သင်ဟာ Music ရဲ့ Pause ၊ Play ၊ Forward သို့ Rewind စတဲ့ လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းပေါ်မှာ ဖြစ်ပေါ်သွားသည်အထိ စမတ်နာရီက တဆင့်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Band 2 ဟာ အသံ အတိုးအကျယ်ကို ထိန်းချုပ်ခွင့်တော့မပေးထားပါဘူး။အနည်းဆုံးတော့ ဖွင့်ထားတဲ့ သီချင်းရဲ့ နာမည်ကို Band 2 ရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့မြင်ရနိုင်ပါတယ်။ဒီလုပ်ဆောင်ချက်ဟာ မည်သည့် ဂီတ App နဲ့မဆို တွဲဖက် သုံးနိုင်မယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေ ထောက်ပြခဲ့တာကတော့ ဒီလုပ်ဆောင်ချက်ဟာ Apple နာရီတွေမှာ ပါဝင်ပြီးသား လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။

Ref : Gadgets 360

Original link - http://technology.thithtoolwin.com/2015/12/microsoft-band-2-music.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Thursday, December 3, 2015

Google နဲ့ Apple တို့ကို အလဲထိုးဖို့ Android နဲ့ iOS သုံး Cortana ကို Microsoft ဖြန့်ချိ




အခုဆိုရင် AI တိုက်ပွဲမှာ Apple ရဲ့ Siri နဲ့ Google Now တို့ ပဲ ယှဉ်ပြိုင် ရတော့မှာ မဟုတ်ပါဘူး။

Microsoft ဟာ ၎င်းတို့ ရဲ့ ဒီဂျစ်တယ် အထောက် အကူပြု စနစ် Cortana ကို iOS ဆီ ယူဆောင်လာဖို့ ကြိုးပမ်း နေကြောင်း ကြေငြာပြီးနောက် ခြောက်လ အကြာမှာ Cortana ကို iOS ပလက်ဖောင်းမှာ စတင် စမ်းသပ်နေပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာ လိုက်ပါတယ်။

Microsoft ဟာ Apple ရဲ့ Siri နဲ့ Google Now တို့ ရဲ့ စွမ်းဆောင်ရည်တွေကို ပေါင်းစပ်ထားတဲ့ Cortana ကို စမ်းသပ်ဖို့ အတွက် iPhone သုံးစွဲသူပေါင်း ၂၀၀၀ ကို ရွေးချယ်ခေါ်ယူထားပါတယ်။

ဒီ Cortana app ကို Apple ရဲ့ TestFlight tool ကနေပဲ သုံးစွဲလို့ ရမှာဖြစ်ပြီး developer တွေနဲ့ စမ်းသပ် သုံးစွဲသူတွေအနေနဲ့ ချို့ ယွင်းချက်၊အမှားအယွင်းလေးတွေ ကြုံတွေ့ ရရင် Microsoft ကို လှမ်းအကြောင်းကြား နိုင်မှာဖြစ်ပါတယ်။

စမ်းသပ်မှုကာလဟာ ရက် ၆၀ လောက်ကြာမြင့်နိုင်ပြီး အမေရိကနဲ့ တရုတ်နိုင်ငံတို့ မှာပဲ စမ်းသပ်သွားဦးမှာ ဖြစ်ပါတယ်။

“ Cortana ဟာ သင့်အလုပ်တွေအများကြီးပြီးဖို့ အတွက် ကူညီနိုင်ပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ တစ်ခုခု ရှာတာမျိုး၊ ဒါမှမဟုတ် ကိုယ့်ဖုန်းမှာ သတိပေးချက်ထားတာမျိုး၊ email ကို ပါးစပ်က နှုတ်တိုက်ပြောပြီး ရေးခိုင်းတာမျိုး၊ နဲ့ စက်ရဲ့ setting ကို ပြောင်းချိန်တာမျိုး စတာတွေကို လုပ်ပေးနိုင်မှာပါ” လို့  Microsoft ရဲ့ Joe Belfiore က ပြောကြားခဲ့ပါတယ်။

“ ဒီနေ့ မှာတော့၊ Android ဖုန်းတွေနဲ့ iPhone တွေအတွက် Windows 10 တင်ထားတဲ့ PC နဲ့ တွဲဖက် လုပ်ဆောင်ပေးမယ့် Cortana application ကို ထုတ်လိုက်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါတယ်”

“ PC မှာသွင်းထားတဲ့ ‘Phone Companion’ ကနေ Cortana app ကို ဖုန်းတွေထဲ Google Play ဒါမှမဟုတ် Apple App Store တို့ ကနေ သွင်းသွားနိုင်မှာပါ” လို့ သူက ရှင်းပြခဲ့ပါတယ်။

Cortana ဆိုတာ Xbox’s Halo ဂိမ်းထဲက AI ဇာတ်ကောင်ရဲ့နာမည်ကို အစွဲပြုပေးထားတာဖြစ်ပြီး ဂိမ်းထဲက လောက်တောင်လုပ်နိုင်စွမ်း မထက်မြက်ပေမယ့် Cortana ကနေ တဆင့် reminder ပေးတာ၊ လမ်းကြောင်း ရွေးခိုင်းတာမျိုး၊ စမတ်ဖုန်းကနေ ကိုယ်မေးသမျှပြန်ဖြေပေးတာမျိုးတွေ လုပ်နိုင်မှာဖြစ်ပါတယ်။

Ref: Dailymail

Original link - http://technology.thithtoolwin.com/2015/12/google-apple-android-ios-cortana.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Thursday, October 29, 2015

Windows Laptop ကောင်းကောင်း ၀ယ်ချင်သူတွေ အတွက် Microsoft Surface Book (သို့မဟုတ်) အကောင်းဆုံး Laptop




Apple ဟာ Laptop/Desktop ကွန်ပျူတာ ထုတ်လုပ်မှု ပိုင်းမှာ သူ့ကိုယ်ပိုင် Hardware ၊ ကိုယ်ပိုင် Operating System နဲ့ပဲ ထုတ်လုပ်နေ ပါတယ်။ Hardware နဲ့ Software လိုက်ဖက် ညီအောင် ထုတ်လုပ်ပေး ထားတာမို့ သုံးရတာလည်း အင်မတန်မှ အဆင်ပြေချောမွေ့ ပါတယ်။

အခု Microsoft ကလည်း ဒီလို အားသာချက်မျိုးကို ပိုလိုချင်လာတယ် ထင်ပါတယ်။ အရင်ကလို Windows ကဲ့သို့ Operating System ထုတ်ရောင်း ရုံတင် မဟုတ်ဘဲ ကိုယ်ပိုင် Laptop ပါ ထုတ်ရောင်း လာပါပြီ။ Microsoft Surface Book လို့ ခေါ်ပါတယ်။ သူ့ရဲ့အားသာချက် ကတော့ Laptop အနေနဲ့တင် မဟုတ်ဘဲ Screen ကိုဖြုတ်ပြီး Tablet အနေနဲ့ပါ သုံးလို့ရခြင်းပါပဲ။



System ပိုင်းအနေနဲ့ကတော့ Windows 10 အသုံးပြုထားပါတယ်။ အပေါ်မှာတုန်းကပြောခဲ့သလိုပဲ Microsoft ဟာ သူ့ရဲ့ပထမဆုံး Laptop ကို သူ့ရဲ့ Windows OS နဲ့ လိုက်ဖက် ညီအောင် ထုတ်လုပ်ပေး ထားတာပါ။ ဒီဇိုင်းလည်း အင်မတန် လှပါတယ်။ Screen size က ၁၃.၅ လက်မဖြစ်ပြီး Screen Resolution ကတော့ 3000 x 2000 ရှိပါတယ်။

လက်ရှိ ထွက်ရှိထားတဲ့ Apple Macbook Pro 15 လက်မ ထက်တောင် ရုပ်ထွက် ပိုကြည်နေ ဦးမှာပါ။ Processor အနေနဲ့ ကတော့ Core i5 processor သို့မဟုတ် Core i7 Processor ၊ RAM အနေနဲ့လည်း 8GB သို့မဟုတ် 16GB ၊ Storage အနေနဲ့ 128GB, 256GB, 512GB, or 1TB မိမိကြိုက်နှစ်သက်ရာ နဲ့ ရွေးချယ် ၀ယ်ယူနိုင်မှာပါ။

Battery သက်တမ်းကလည်း တစ်ခါ အားအပြည့် သွင်းထားရင် ၁၂ နာရီ အသုံးပြုနိုင် ပါတယ်။



USB Port အနေနဲ့ USB 3.0 Port တွေ တပ်ဆင် ထားပါတယ်။ Touch Screen ပေါ်မှာ စာရေးဖို့ ပုံဒီဇိုင်းတွေ ဆွဲဖို့ Pen တစ်ချောင်းလည်း ပါဝင်ပြီး Screen ဘေးမှာ သံလိုက်နဲ့ ကပ်ထားလို့ ရပါတယ်။

Core i5 Processor တပ်ဆင်ထားတဲ့ Surface book မှာတော့ Intel HD Graphics 520 သာပါဝင်ပြီး Core i7 Processor တပ်ဆင် ထားတဲ့ Surface Book မှာတော့ NVIDIA GeForce GPU with 1GB GDDR5 memory ကို တပ်ဆင်ပေး ထားပါတယ်။



Pro ပုံစံနဲ့သုံးချင် ရင်တော့ Core i7 တပ်ဆင်ထားတဲ့ Surface Book ကမှ ပိုအဆင်ပြေ မှာပါ။ Surface Book က Tablet အနေနဲ့လည်း အသုံးပြုနိုင် တာကြောင့် ရှေ့ဘက်ခြမ်း မှာရော နောက်ဘက်ခြမ်း မှာပါ Camera ပါဝင် ပါတယ်။

ရှေ့ကင်မရာ 5.0 Megapixel နဲ့နောက်ဘက် ကင်မရာ 8.0 Megapixel ဖြစ်ပါတယ်။ ထွက်ရှိခဲ့သမျှ Windows Laptop တွေ ထဲမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည် ပေးနိုင်မယ် ဆိုတာသေချာပါတယ်။

ဈေးအနေနဲ့ကတော့ Core i5 processor နဲ့ဆိုရင် 1499 ဒေါ်လာဖြစ်ပြီး Core i7 Processor နဲ့ဆိုရင်တော့ 2099 ဒေါ်လာဖြစ်ပါတယ်။

ယခုစတင်ရောင်းချနေပါပြီ။ မြန်မာပြည် ကိုလည်း နိုဝင်ဘာ လကုန်လောက်ဆို ရောက်လာတော့မှာပါ။ Microsoft Surface ကို ပထမဆုံး ဖွင့်ဖောက် ကြည့်ရှုထားတဲ့ Unboxing Video ကိုအောက် မှာကြည့်ရှုနိုင် ပါတယ်။



Original link - http://www.myanmarmobileapp.com

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Sunday, October 25, 2015

Microsoft ရဲ့ ဖုန်းရောင်းအား ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းသွား




၂၀၁၅ ခုနှစ် ရဲ့ ပထမ ၄ လ မှာ ထုတ်ကုန် အားလုံး ရောင်းအား ကောင်းခဲ့တဲ့ Microsoft ဟာ အခုတော့ မိုဘိုင်းလ် ဘက် အခြမ်းမှာ အထိနာ လာပါပြီ။

ပြီးခဲ့တဲ့ လတုန်းက Microsoft ရဲ့ ဖုန်း ရောင်းအားဟာ ၅၄ ရာခိုင်နှုန်း အထိ ကျဆင်း သွားခဲ့တယ်လို့ သိရပါတယ်။ ကုမ္မဏီ ရဲ့ ၀င်ငွေ အစီရင် ခံစာထဲမှာတော့ သူတို့ရဲ့ ပြောင်းလဲ လိုက်တဲ့ နည်းဗျူဟာ ရဲ့ သက်ရောက်မှု ပဲ ဖြစ်တယ်လို့ ကြေညာ ထားပါတယ်။

အကြောင်းအရင်း ကတော့ ရိုးရှင်း ပါတယ်။ Microsoft ဟာ အခြေခံ အားဖြင့် ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း လုံလောက်တဲ့ ဖုန်းအရေ အတွက် ကို ရောင်းချနိုင်ခြင်း မရှိခဲ့ ပါဘူး။ သူတို့ ကုမ္မဏီ ရဲ့ အရည် အသွေးမြင့် Windows 10 စနစ်သုံး စမတ်ဖုန်းတွေ ဖြစ်တဲ့ Lumia 950 နဲ့ 950 XL တို့ကိုလည်း ဒီလထဲမှာမှ စတင် မိတ်ဆက်ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ရဲ့ ၃ ပုံ ၂ ပုံ ကာလ တစ်ခုလုံးမှာ Microsoft အနေနဲ့ ရောင်းချစရာ စမတ်ဖုန်းဆိုလို့ ဈေးနှုန်း အသင့် အတင့် နဲ့ အရည်အသွေး သိပ်မကောင်းတဲ့ ဖုန်းတွေသာ ရှိခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ၂၀၁၅ ရဲ့ ကျန်တဲ့ ၃ ပုံ ၁ ပုံ ကာလမှာတော့ Lumia 950 နဲ့ 950 XL တို့ကို ဘယ်လောက်ထိ စံချိန်တင် ရောင်းချနိုင်မယ် ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref : Engadget

Original link - http://technology.thithtoolwin.com/2015/10/microsoft.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Sunday, October 18, 2015

Visual Studio 2015 Enterprise Update 1 [2015.1] + Serial Keys



Microsoft Visual Studio 2015
Visual Studio 2015 is a rich, integrated development environment for creating stunning applications for Windows, Android, and iOS, as well as modern web applications and cloud services.

Features
  • Tools and services for projects of any size or complexity
  • C#, Visual Basic, C++, Python, Node.js and HTML/JavaScript
  • Sprint planning
  • Advanced debugging, profiling, automated and manual testing
  • DevOps with automated deployments and continuous monitoring

What’s New ?
  • UI Debugging Tools for XAML
  • Single Sign-In
  • CodeLens
  • Code Maps
  • Diagnostics Tools
  • Exception Settings
  • JavaScript Editor
  • Unit Tests
  • Visual Studio Emulator for Android
  • Visual Studio Tools for Apache Cordova
  • Visual Studio C++ for Cross-Platform Mobile Development
  • ASP.NET
  • Visual C++



How to Activate ?
  1. Install Visual Studio 2015
  2. Install all Update Files
  3. Run Visual Studio, click on Help button from toolbar & go to Register product option
  4. Click on Change My Product Licence
  5. Enter the Serial Key given
  6. Click on Activate
  7. That’s all :)

Download ISO (3.8 GB)

(1)
and
(2)
and
(3)
and
(4)
and
(5)
and
(6)

Download Key

Original link - http://mhktricks.net/visual-studio-2015-enterprise-keys/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, October 9, 2015

Surface Book ကို ကီးဘုတ်ဖြုတ်၍ သုံးစွဲလျှင် ဘက်ထရီ သက်တမ်း ၃ နာရီသာ အသုံးပြုနိုင်




Surface Book ကို ကီးဘုတ် dock မှ ဖြုတ်၍ သုံးစွဲသည့် အခါ ဘက်ထရီမှာ ၃ နာရီသာ ခံနိုင်ရည် ရှိကြောင်း TechCrunch ၏ ဗီဒီယို တစ်ခုတွင် ဖော်ပြချက် အရ သိရသည်။

ဘက်ထရီ သက်တမ်းနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် Microsoft ဝန်ထမ်း တစ်ဦးက “ဘက်ထရီရဲ့ လေးပုံ သုံးပုံက အောက်ခြေမှာပါ။ ကျန်တစ်ပုံက ထိပ်ဘက် ပိုင်းမှာပါ။ ဒါကြောင့် clipboard mode နဲ့ သုံးတဲ့ အခါမှာ ဘက်ထရီကို သုံးနာရီလောက်ပဲ အသုံးပြုနိုင် ပါလိမ့်မယ်” ဟု ရှင်းပြခဲ့သည်။

Microsoft ၏ Surface Book ကို ကီးဘုတ်မှ ဖြုတ်ပြီး tablet အနေဖြင့် အသုံးပြု ရာတွင် ဘက်ထရီ သက်တမ်း တိုတောင်းခြင်းက ကြီးမားသည့် ပြဿနာ မဟုတ်သော်လည်း ကီးဘုတ် dock ကို အိမ်တွင် ချန်ထား ခဲ့လိုသူများ အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်လာနိုင်သည်။

Microsoft ကမူ Surface Book ကို ကီးဘုတ်ဖြင့် အသုံးပြုပြီး ဗီဒီယို ကြည့်ရှုသည့် အခါ ဘက်ထရီကို ၁၂ နာရီ အသုံးပြုနိုင်ကြောင်း ပြောကြား ထားသည်။

Ref: BusinessInsider

Internet journal By: နောင်နောင်

Original link - http://www.internetjournal.media/news/4420


Read More »