တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Sony. Show all posts
Showing posts with label Sony. Show all posts

Tuesday, May 16, 2017

ဆိုနီ Xperia ဖုန်းသစ်တွေ အင်တာနက်ဒေတာ လက်ဆောင် ရယူနိုင်




ရန်ကုန်၊ မေ ၁၃ – မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် အမ်ပီတီနဲ့ ဆိုနီမှ ပူးပေါင်းပြီး အသစ် ထွက်ရှိ နေတဲ့ စမတ်ဖုန်း Xperia XA1, Xperia XZ Premium တွေကို ဝယ်ယူ သုံးစွဲ သူတွေ အနေနဲ့ အထူး လက်ဆောင် အဖြစ် ဒေတာ သုံးစွဲမှု ပမာဏတွေကို ရရှိမှာ ဖြစ်ကြောင်း မေလ  ၁၁ ရက်နေ့ ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ကြေညာ ပါတယ်။

သုံးစွဲသူတွေ အနေနဲ့ အမ်ပ်ီတီရဲ့ ကွန်ရက် အတွင်း ဒေတာ ဘောနပ်စ်တွေကို ရရှိနိုင်မှာဖြစ်ပြီး တစ်လကို 1.5 GB ပမာဏကနေ 3GB အထိ ငွေဖြည့်သွင်းတဲ့ ပမာဏပေါ်မူတည်ပြီး အသုံးပြုနိုင်မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

“အမ်ပီတီသုံးစွဲသူတွေဟာ အခုဆိုရင် နောက်ဆုံးပေါ် Sony Xperia စမတ်ဖုန်းတွေကို စမ်းသုံးကြည့်နိုင်ပြီ ဖြစ်ပြီး  မြန်မာနိုင်ငံရဲ့ အမြန်ဆန်ဆုံးနဲ့  အကြီးမားဆုံး မို ဘိုင်းလ်ဒေတာကွန်ရက်မှာ တစ်လကိုအခမဲ့ ဒေတာ 3GB အထိ ရရှိနိုင်ပြီ  ဖြစ်ပါတယ်၊ ဆိုနီအနေနဲ့ အနာဂတ်  ဆက်သွယ်ဆက်ဆံရေးကို ဖြန့်ကျက်ဖို့  ကတိကဝတ် ပြုထားပြီး ရှေ့သို့ လှမ်းချီမြန်မာပြည်ဆိုတဲ့ MPT  ရဲ့ ဆောင်ပုဒ်နဲ့အတူ ဒီပရိုမိုးရှင်းဟာ ပြည့်စုံကောင်းမွန်တဲ့ တွဲဖက်မှုပါပဲ” လို့ MPT-KSGM Joint Operation s ရဲ့ စီအီးအို   ဖြစ် သူ Mr  Toshitake Amamiya က မီဒီယာတွေကို ပြောပါတယ်။

အခမဲ့ ဒေတာ အပိုလက်ဆောင်ကို အမ်ပီတီရဲ့ ဆွေသဟာနဲ့ ရှယ်ပြောအစီ အစဉ်တွေမှာ ရရှိနိုင်မှာဖြစ်ပြီး စတင်အသုံးပြုချိန်က စတင်ပြီး ခြောက်လအထိ ငွေဖြည့်သွင်းမှုပေါ် မူတည်ပြီး အဆိုပါ အစီအစဉ် မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Monday, May 15, 2017

ဆိုနီရဲ့ 256 GB အထိ တိုးချဲ့နိုင်မယ့် Xperia L1 စမတ်ဖုန်း ဇွန်လမှာ ဝယ်ယူနိုင်မည်




ကမ္ဘာကျော် ဂျပန် ကုမ္မဏီ ဆိုနီ (Sony) က သူ့ရဲ့ ထုတ်ကုန် သစ်တွေ ဖြစ်တဲ့ Xperia XA1, Xperia XZ  Premium နဲ့ Xperia L1 တွေကို ပြည်တွင်းမှာ မိတ်ဆက် ခဲ့ရာ Xperia L1 ကို ဇွန်လ နှောင်းပိုင်းမှာ စတင် ဝယ်ယူနိုင် တော့မှာ ဖြစ်ကြောင်း ကြေညာ ပါတယ်။

ဖိုင်တွေ၊ ဒေတာတွေကို သိမ်းဆည်း ပေးမယ့် 256 GB အထိ တိုးချဲ့နိုင် တာကြောင့် စိတ်ကြိုက် ထည့်သွင်း သိမ်းဆည်း နိုင်မှာ ဖြစ်ပါတယ်။ 256 GB အက်စ်ဒီ ကတ် တိုးချဲ့နိုင် တာကြောင့် လုပ်ငန်းသုံး တွေ အတွက် အသုံးဝင်မယ့် ဖုန်းပဲ ဖြစ်ပါတယ်။

ဖုန်းတွင်းအင်တာနယ်မမ်မိုရီကတော့ 16 GB ပါဝင်ပါတယ်။ မျက်နှာပြင် ၅.၅ လက်မ HD မျက်နှာပြင်၊ ဆိုနီကိုယ် ပိုင်ဒီဇိုင်းနဲ့ ဘောင်အကွေးပုံစံပါဝင်လာပြီး စွမ်းဆောင်ရည် Quad-Core အမျိုးအစားအပြင် အင်တာနက်အတွက်မြန်ဆန်တဲ့ ဖိုးဂျီကွန်ရက်ပါဝင်ပါတယ်။

နောက်ပြီး smart cleaner မှ ချောမွေ့ပြေပြစ်ပြီး ကြာရှည်ခံတဲ့စက်ပစ္စည်း ဖြစ်စေဖို့အတွက် အသုံးမပြုတဲ့လုပ်ဆောင်ချက်တွေနဲ့ ဝှက်ထားတဲ့ဒေတာတွေကို အလိုအလျောက်ဖယ်ရှားပေး လိုက်တာနဲ့ ဖုန်းတစ်လုံးရဲ့လုပ်ဆောင် ချက်တွေကို အချိန်တိုင်း အမြင့်ဆုံးစွမ်း ဆောင်ရည်နဲ့ အလုပ်လုပ်စေပါတယ်။

ဖုန်းအတွင်းအက်ပ်နဲ့ ဆော့ဖ်ဝဲတွေကို run မယ့် RAM 2GB ပါဝင်ပါတယ်။ ကင်မရာပိုင်းအရ ကျောဘက်ကို 13 MP နဲ့ ဆယ်ဖီရှေ့ကင်မရာက 5mp ပါဝင်ပါတယ်။ ဗားရှင်းမှာ အန်းဒရွိုက်ဗားရှင်းအ မြင့်ဆုံးဖြစ်တဲ့ အန်းဒရွိုက် 7.0 ပါဝင်ပြီး ဘက်ထရီ 2620 mAh ပါဝင်ပါတယ်။

ဆင်းမ်ကတ်နှစ်ကတ်သုံးဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုအတွက် ဝိုင်ဖိုင်၊ ဂျီပီ အက်စ်၊ ဘလူးတုသ်၊ NFC, Head-phones, , သရီးဂျီ၊ ဖိုးဂျီတို့ ပါဝင်ပါတယ်။

ဖုန်းရဲ့အပြင်အဆင်တွေနဲ့ လက်တွေ့အသုံးဝင်မှုတွေကကို ပတ်ဝန်းကျင်နဲ့ အ လိုက်သင့်ပြင်ဆင်ညှိနှိုင်းပေးဖို့ Xperia L1 မှာ ဆိုနီမိုဘိုင်းလ်ရဲ့ Xperia Actions အင်ဂျင်ကို ထည့်သွင်းပေး ထားပါတယ်။

Goodnight mode က ဖုန်းကို Do not disturb ကို အလိုအလျောက်သတ်မှတ်ပေးပြီး မျက်နှာပြင်အလင်းရောင်ကို လျော့နည်းစေကာ  အားသွင်း ထားစဉ် အချိန်မှာ အနှောင့်အယှက် မရှိအောင် လုပ်ဆောင်ပေး ပါတယ်။

Xperia L1 ကို ဇွန်လနှောင်းပိုင်းမှာ ပြည်တွင်းမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

အခုမိတ် ဆက်တဲ့ Sony Xperia စမတ်ဖုန်းသစ်တိုင်းမှာ ဇော်ဂျီကုတ် ရနေ ပြီဖြစ်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Wednesday, February 17, 2016

Xperia C C2305 Firmware တင်နည်း




အရင်ဆုံး လိုအပ်တဲ့ ဖိုင်တွေကို ဒေါင်းပါ
  • Tool က တော့ wmshua ပါ
  • wmshua Tool ဒေါင်းရန်
  • ဒေါင်းလိုရလာတဲ့ဖိုင်ကို install လုပ်ပါ
  • Firmware ဖိုင်မရှိပါက ဒီကဒေါင်းပါ
  • Firmware ဒေါင်းရန်
  • Driver ဒေါင်းရန်
  • install လုပ်ထားတဲ့တဲ့ wmshua ဖိုင်ထဲက language ဖိုင်အောက်မှာ ရှိနေတဲ့ ဖိုင်ကို ဖျက်လိုက်ပါ
  • C:\Program Files\wmshua\language
  • Tool က English လို ပြောင်းသွား ပါလိမ့်မယ်
  • နောက် install လုပ်ထားတဲ့ wmshua Tool ကို ဖွင့်ပါ



Browse ကိုနှိပ်ပါ



မိမိဒေါင်းလိုရတဲ့ Firmware ဖိုင်ကို ရွေးချယ်ပေးပါ



ရွေးချယ်ပြီးရင် ပါဝါပိတ် Volume Down ကိုဖိထားပါ



ဒီလိုပုံနဲ့ Computer မှာ သိပြီဆိုမှ Device သိမှာပါ ။ မပာုတ်ရင် Start နှိပ်လို့ မရပါဘူး



Device သိရင် Start ကိုနှိပ်ပါ စတင်ရေးနေပါပြီ



100% ပြည့်ရင်တော့ Firmware ရေးခြင်းအောင်မြင်ပါပြီ

Originally published at - http://mppgmyanmar.com/?p=1098


Read More »

Sunday, January 24, 2016

Sony Xperia Z & Z LTE v5.1.1 Lollipop Lastest Firmware



Sony Xperia Z အတွက် Firmware တောင်းဆို ထားလို့ v5.1.1 နဲ့ ထွက်ရှိ ထားတဲ့ lastest firmware လေး ပြန်လည် မျှဝေပေး လိုက်ပါတယ်။

လိုအပ်လို့ တောင်းဆို ထားတဲ့ အကိုနဲ့ အတူ အခြားလိုအပ် သူများလည်း Download ရယူ လိုက်ပါ ခင်ဗျာ။

  1. Xperia Z ( C6602 – 10.7.A.0.222 Customized MEA )
  2. Xperia Z – LTE ( C6603 – 10.7.A.0.222 Customized MEA )

C6602 – 10.7.A.0.222 Customized MEA
OR
C6603 – 10.7.A.0.222 Customized MEA

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Originally published at - https://www.facebook.com/ko.htoo.3323




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, November 15, 2015

Sony Xperia Z5 / Z5 Compact / Z5 Dual Firmwares




Sony Xperia Z5 ရဲ့ Firmware တွေကို လိုအပ်သူများ အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။

လိုအပ်ရာ model ကို ရယူနိုင် ပါတယ် ခင်ဗျာ။

  1. Sony Xperia Z5 ( E6653 )
  2. Sony Xperia Z5 ( E6603 )
  3. Sony Xperia Z5 Compact ( E5823 )
  4. Sony Xperia Z5 Compact ( E5803 )
  5. Sony Xperia Z5 Dual ( E6683 )
  6. Sony Xperia Z5 Dual ( E6633 )

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, October 25, 2015

Xperia M5 Lollipop Firmwares




Sony Xperia M5 model များရဲ့ Lollipop Firmwares တွေကို အလွယ်တကူ Download ရယူနိုင်ရန် ပြန်လည် မျှဝေပေး လိုက်ပါတယ်။

လိုအပ်တဲ့ Model ကို အောက်ကလင့်တွေ ကနေ၀င်ရောက် ရယူလိုက်ပါ။


Original link - http://www.myanmarmobileapp.com/2015/10/23/xperia-m5-lollipop-firmwares/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, October 11, 2015

Sony Ph အမျိုးအစာ 64 မျိုးကို Lock Remove လုပ်ပေးတဲ့ software




Sony Ph အမျိုးအစား 64 မျိုးကို Lock Remove လုပ်ပေးတဲ့ software လေးပါ ..

ဖုန်းအမျိုးစား အလိုက်နဲ့ . Tools လေးပါ ထည့်ပေး ထားပါတယ် .. File Size က 754MB ပါ

▼ ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ ▼

code=XZh6WHZYkarbkY3mBpcLmxmG74XDzicRbCV

အဆင်ပြေပါစေ..

ref : SAN MIN OO

Pyae Phyo (MMiTD) by ThanToeAung

Original link - http://www.pyaephyo.com/2015/10/sony-ph-64-lock-remove-software.html




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, October 9, 2015

Sony Xperia Z5 နောက်ကျော ကွဲအက်လွယ်




ထွက်ရှိတာ မကြာသေးတဲ့ Sony Xperia Z5 ကို အကြမ်း ခံမယ်လို့ ထင်ထား ခဲ့ကြပေမယ့် The Verge မှ review ရေးသူ တစ်ဦးဟာ သူ့လက်ထဲ မှာတင် နောက်ကျောက အနည်းငယ် အက် သွားတဲ့ အရာကို ပြသ ပါတယ်။

သူ့အနေနဲ့ ဖုန်းကို ဝယ်လာပြီး review ရေးဖို့ အတွက် ပြင်ဆင်စဉ် စားပွဲကနေ အောက်သို့ တစ်ခေါက် ကျသွား သေးကြောင်း ဆိုပါတယ်။
၏
သာမန် အနေနဲ့ အဲ့လိုကျတဲ့ အခါ ထိခိုက် ရှနာ နည်းတတ် တာကြောင့် Xperia Z5 ကတော့ အကြမ်း ခံမယ်လို့ သူထင်ခဲ့ ပါတယ်။

ချက်ချင်း မသိလိုက်ပေမယ့် review ရေးဖို့ အတွက် ထုတ်လိုက်တဲ့ အချိန်မှ အနောက်က ဖန်သား ကွဲနေတာကို မြင်တွေ့ခဲ့ရ ပါတယ်။ သူ့အနေနဲ့ Drop Test လို့ခေါ်တဲ့ အပေါ်ကနေ ပစ်ချတဲ့ Test ကိုတောင် မလုပ်ရသေးပဲ သူ့အလိုသူ ကွဲအက်နေခြင်း ဖြစ်တာကြောင့် drop test မလိုအပ်တော့ ကြောင်းတောင် ဆိုပါတယ်။

Xperia Z5 ဟာ အရှေ့ရော အနောက်ပါ ဖန်သားဖြစ်ပါတယ်။ အရှေ့က စမတ်ဖုန်း Display ဖန်သား ဖြစ်ပေမယ့် အနောက်က အလှအတွက် ရည်ရွယ်တဲ့ ဖန်သား ဖြစ်ပါတယ်။

သူ့ကို ကြည့်လိုက်ရင် အရောင်ထွက်နေတာကို မြင်ရမှာ ဖြစ်ပါတယ်။ ရွှေရောင်၊ အနက်ရောင်၊ အဖြူရောင် တို့ဆိုရင် မိမိရုပ် မိမိ ပြန်မြင်ရလောက်အောင် အရောင်ထွက်ပါတယ်။

Sony အနေနဲ့ ကြေညာတုန်းက ယင်းဖန်သားဟာ သာမန် ကော်နဲ့ အလူမီနီယမ်တို့ ထက်တောင် အကြမ်းခံကြောင်း ပြောထား တာကြောင့် ယခုလို အလွယ် တကူ ကွဲရှသွားမှုကို ဘယ်လို ဖြေရှင်းမလဲ မသိရသေးပါဘူး။

ဒါဟာလည်း တစ်လုံးတစ်လေမှာသာ ဖြစ်တာလား အလုံးတိုင်းမှာ ဖြစ်တာလား ဆိုတာဟာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ Sony ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းလျက် ရှိပါတယ်။ လက်ရှိမှာ Sony Xperia Z5 ဟာလည်း ရေပန်းစား အဆင့်မြင့် စမတ်ဖုန်း တစ်မျိုး ဖြစ်ပါတယ်။

Ref: the verge
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/08/sony-xperia-z5/


Read More »