တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label Safari-guide. Show all posts
Showing posts with label Safari-guide. Show all posts

Monday, December 12, 2016

Safari Browser တွင် URL များကို အပြည့်အစုံ မြင်နိုင်ရန်အတွက် ပြုလုပ်ခြင်း




Safari Browser အသစ်တွေမှာ URL တွေကို အပြည့် အစုံ ဖော်ပြ မပေးတော့ ပါဘူး။ ကိုယ် အသုံးပြုတဲ့ ဝက်ဘ်ဆိုက်ရဲ့ domain ကိုသာ ဖော်ပြပေး ပါတော့တယ်။

အကယ်၍ သင်ဟာ ဝက်ဘ်ဆိုက်မှာ ရှိတဲ့ အကြောင်းအရာ တစ်ခုကို အခြားသူ တစ်ယောက်ကို ဝေမျှ ချင်တယ် ဆိုရင် URL အပြည့်အစုံကို မတွေ့ရတဲ့ အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ အဆိုပါ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Safari Browser ရဲ့ Menu ကို နှိပ်ပြီး Preferences ဆိုတာကို နှိပ်ရပါမယ်။ Preferences ထဲကမှ Advanced ဆိုတဲ့ Tab ကိုရွေးပေးပါ။ ဝက်ဘ်ဆိုက်လိပ်စာတွေကို အပြည့်အစုံ ဖော်ပြပေးဖို့အတွက် Smart search Field ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပေးရပါမယ်။

ပြီးသွားရင် အဆိုပါ Preferences ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် ဝက်ဘ်ဆိုက်က Article တစ်ခုခုကို ဖတ်ရှုတဲ့အခါမှာ URL address ကို အပြည့်အစုံ ဖော်ပြပေးပါလိမ့်မယ်။

Ref: howtogeek

From : Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/news/9007


Read More »