တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း

ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Blogger တွင် ZawGyi နှင့် Unicode Font များကို Embed လုပ်နည်း

သည်နေ့ ရေးဖြစ် တာလေး ကတော့ ဖုန်းတွေမှာ မြန်မာစာ မရှိတောင် ကျွန်တော် တို့ဘလော့မှာ ၀င်တာနဲ့ မြန်မာစာ မြင်နိုင်မယ့် နည်းလမ်း ကောင်းလေး ပါဘဲ.. သည် နည်းလေး ကို တော့ ပထမ ကုဒ် နမူနာ ပြသ လမ်းညွှန်ပေး ထားသော ကိုမိုးသကြားနဲ့ ကိုမြင့်မင်းစိုး တို့အား ကျေးဇူး တင်ရှိ ပါကြောင်း...။

Mobile အတော် များများတွင် မြန်မာဖောင့် သွင်းလို့ ရသော်လည်း အချို့ ဖုန်းများ/Jailbreak မရ သေးသော IOS User တို့ အတွက် မိမိ တို့၏ ဆိုဒ် ကို ဝင်ရောက် ကြည့် ရှုရန် အခက်အခဲ တွေ့ရ ပါလိမ့်မည်။

ဒီနေ့ ကျွန်တော် ဆိုဒ် ကို ပြု.ပြင်ရင်း ဘလော့ကာ ညီအကို အချို့ လုပ်ထားသော နည်းလမ်းကို စမ်းကြည့် လိုက်ရာ အောင်မြင်သွား သဖြင့် မသိသေးသော ဘလော့ ပိုင်ရှင် ဘော်ဘော် တို့ အတွက် ပြန်ရှယ်ပေး လိုက်ပါတယ်......ထည့်သွင်း လိုပါက အောက်မှာ ဆက်ဖတ်ပေးပါ ခင်ဗျ။

အသုံးပြုရန် ကုဒ်များ

မြန်မာ Unicode Font ကို သွင်းချင် ပါက အောက်က Code ကို သုံးပါ။

@font-face {
font-family:'MON3 Anonta 1';
src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}

မှတ်ချက် ။ ။ မြန်မာ ယူနီ ကုဒ် ထည့်သွင်း ပါက မိမိ ဘလော့မှာ စာလုံးတွေ ကမောက်ကမ ဖြစ်နေ ပါမည်...ပြင်ဆင်ဖို့ လိုပါမည်... ကျွန်တော် ကတော့ Zawgyi Font ကိုဘဲ သွင်းပါသည်။

မြန်မာ Zawgyi Font ကို သွင်းချင် ပါက အောက်က Code ကိုသုံးပါ။

@font-face {
font-family:'Zawgyi-One';
src:local('Zawgyi-One'),url('http://mmwebfonts.comquas.com/fonts/zawgyi.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'Zawgyi-One'!important;}

Blogger တွင် မိမိတို့ သွင်းလိုသော blog ၏ template ကို နှိပ်လိုက်ပါ။

မိမိတို့ လုပ်လိုသော ဘလော့ရဲ့ Template ကို ၀င်လိုက် ပါနော် ပုံလေးတွေနဲ့ တဆင့်ဆီ သွားပြပါ့မယ်။

ရောက်တာနဲ့ Customise ဆိုတာလေးကို ကလစ်ပေး လိုက်ပါ။

ဘယ်ဘက် တန်းထဲက Advance ဆိုတာကို ဆက် ကလစ်ပေး လိုက်ပါ။

scorrl ဘားလေး ဆွဲချလိုက်ပါ အောက်ဆုံးက Add CSS ဆိုတာကို ကလစ်ပေးပါ။

အထဲမယ် ကုဒ်ဒင်းတွေ တွေ့နိုင် ပါလိမ့်မယ် အဲကုဒ်တွေရဲ့ အောက်ကနေ အပေါ်က ကူးလာသော Union Code (သို့) zawgyi one ကုဒ်ကို ထည့်ပေး နိုင်ပါတယ်...။

၂ ခုစလုံး ထည့်လို ပါက တစ်ခုကို ထည့်ပြီး တာနဲ့ အပေါ် ညာထောင့်က Apply to Blog ဆိုတာ ကလစ်ဆေ့ ပြီးမှ နောက်တကြိမ် ပထမကုဒ် ထည့်သလို ပြန်ဝင် ထည့် နိုင်ပါတယ်နော်....

ဘယ်ကုဒ်ကို ထည့်ထည့် အပေါ်က Apply to Blog ဆိုတာတော့ ကလစ်ပေးရမှာဖြစ်ပါတယ်...

အိုကေ ဒါဆို ထည့်နည်းတော့ အဆင်ပြေလောက် ပါပြီနော်...နောက် တစ်ခု ကျန်ပါသေးတယ်။

Mobile Theme ကို enable လုပ်ထားရင် mobile မှာ မြင်ရလိမ့်မည် မဟုတ်ပါ။

iPhone , iPad , Android (firefox) တို့တွင် မြင်လိုလျှင် mobile theme ကို disable လုပ်ထားပါ။

လုပ်နည်းကတော့

ဘလော့ကာ Template ကိုကလစ်ပြီး ညာဘက်မှာ ရှိတဲ့ Customise Mobile Template ဆိုတာလေးကို ကလစ်ပေး ရမှာ ဖြစ်ပါတယ်။

အပေါ်က ပုံလေးတိုင်း No. Show desktop template mobile device ဆိုတာကို အမှတ်ပေးပြီး Save ပေးလိုက် တာနဲ့ မိမိတို့ လုပ်ဆောင်ချက် ပြီးဆုံး ခဲ့ပါပြီ။

အဆင်ပြေကြပါစေ...

Internet for Myanmar by Kaung Khant

1 comment:

  1. တိုင်းရင်းသား fontတွေလည်း ဘယ်လိုထဲ့ရလဲဗျ

    ReplyDelete