တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 26, 2017

ဟွာဝေး ဝိုင်စီးရီး ပြည်တွင်းဈေးကွက် စတင်ရောင်းချ




ကမ္ဘာကျော် တရုတ် ကုမ္မဏီ ဟွာဝေးမှ Y7 Prime, Y6 II Prime နဲ့ Y5 2017 နဲ့ စမတ်ဖုန်း အသစ် တို့ကို Hua-wei Y စီးရီး အနေနဲ့ ပြည်တွင်းမှာ စတင် ရောင်းချ နေပြီဖြစ်ကြောင်း သိရ ပါတယ်။

လက်ရှိမှာဆိုရင် စမတ်ဖုန်းတွေတစ်ခုပြီးတစ်ခုပိုပိုများလာတာကြောင့် စမတ်ဖုန်းပေါင်းများစွာကိုအလွယ်တကူဝယ်ယူရရှိနိုင်ပေမဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ စမတ် ဖုန်းကိုရွေးချယ်ဖို့ ခက်ခဲတာမျိုးရှိတတ်ပါတယ်။

ဟွာဝေးအနေနဲ့ ပထမဆုံးစမတ်ဖုန်းဝယ်ယူမယ့်သူတွေအတွက် သာမကစမတ်ဖုန်း အသုံးပြုနေကျသူတွေအတွက်ပါပြီးပြည့်စုံစေ မယ့် Huawei Y မိသားစုဝင် အသစ်တွေကို ရောင်းချမှာဖြစ်ပါတယ်။

Y စီးရီးထဲက အကြီးဆုံးလို့ဆိုနိုင်တဲ့ Y7 Prime ကိုလက်ရာမြောက်တဲ့ ဒီဇိုင်း၊ လျှပ်တစ်ပြက်ရိုက်ချက်တွေမှာ အသက်ဝင်နိုင်စေတဲ့ ကင်မရာ နဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေ အပါအဝင် နောက်ဆုံးပေါ် android N ကို အခြေခံထားတဲ့ EMUI 5.1 စနစ်လည်းပါဝင်ကြောင်း သိရပါတယ်။

အသေးစိတ်ဖန်တီထားတဲ့ သတ္ထုကိုယ်ထည်နဲ့ မျက်နှာပြင် ၅.၅ လက်မ HD မျက်နှာပြင်၊ 2.5 D မှန်သား၊ မြန်မြန်ဆန်ဆန်၊ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင် မယ့် 3 GB RAM, 32 GB ROM၊ စွမ်းအင်ချွေတာနိုင်မယ့် နည်းပညာ (smart battery saving technology) တို့လည်းပါဝင်ပါတယ်။

ဘက်ထရီပိုင်းကတော့ 4000 mAh ဘက်ထရီဖြစ်ပါတယ်။ Y7 Prime ကနည်းပညာသစ်ကို စိတ်ဝင်စားကာ အခုမှ ဖုန်းစတင်အသုံးပြုမယ့် လူငယ်တွေ အတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။

နောက်ထပ်အရွယ်အစားအလတ်ဖြစ်တဲ့ Y6 II Prime ကို Google AndroidTM 6.0 နဲ့ ဖန်တီးထားတဲ့အတွက် ဂူးဂဲလ် အိုအက်စ်ပါဝင် တာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်က ၅.၅ လက်မနဲ့ကင်မရာက တော့ ကျောဘက်ကင်မရာ 13 MP နဲ့ အ ရှေ့ဘက်ကင်မရာ 8 MP တို့ပါဝင်တာကြောင့် ဓာတ်ပုံရိုက်ကူးရာမှာ ပုံထွက်ကောင်းတဲ့ အရည်အသွေးရရှိမှာဖြစ်တယ်။

ဘက်ထရီပိုင်းကတော့ 3000 mAh ပါဝင်ပြီး စွမ်းအင်ချွေတာစနစ်ပါ ပါဝင်တဲ့အတွက် တစ်နေ့တာအတွက်လုံလောက်တဲ့ပမာဏဖြစ်ပါ တယ်။

ဒါ့အပြင် Y6 II မတ်ဖုန်းထက်စာရင် RAM 3GB က ဖုန်းတွင်း ဂိမ်း၊ အက်ပ်လုပ်ဆောင်မှုကိုမြန်ဆန်စေမှာဖြစ်တဲ့အပြင် 32 GB ROM က လည်းဒေတာတွေကို ပိုပြီး သိမ်းဆည်းနိုင်စေမှာဖြစ်ပါတယ်။

ငါးလက်မ မျက်နှာပြင်နဲ့ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်ကိုင် ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး flash မီးနှစ်လုံးပါဝင်ပြီး ကျောဘက်ကင်မရာ 8 MP ပါဝင်ပါတယ်။ စွမ်းအင်အပြည့်နဲ့ ဘက်ထရီ 3000 mAh က တစ်နေ့ တာအတွက် လုံလောက်စေမှာဖြစ်ပါတယ်။



ဒါ့အပြင် Huawei Y7 Prime နဲ့ Y6 II Prime ဝယ်ယူသူတွေအတွက် တယ်လီနောဆင်းမ်ကတ်အတွင်း ကျပ် ၅၀ဝ၀ ဖြည့်ပေးရုံနဲ့ အင်တာ နက်အခမဲ့သုံးစွဲခွင့် 1GB နဲ့ လစဉ်မိနစ် ၆၀ (တယ်လီနောအအချင်း ချင်း)အခမဲ့ပြောဆိုခွင့် ခြောက်လဆက်တိုက်ခံစားခွင့်ရှိမှာဖြစ်ပါ တယ်။

Y5 2017 ဝယ်ယူသူတွေအတွက် တယ်လီနောဆင်းမ်ကတ် အတွင်း ငွေကျပ် ၃၀ဝ၀ ဖြည့်ပေးရုံနဲ့ 800 MB အခမဲ့သုံးစွဲခွင့် ကို ခြောက်လ ဆက်တိုက် ရရှိမှာဖြစ်ပါတယ်။

Huawei Y7 Prime ကို မြန်မာငွေကျပ်၂၇၉,ဝ၀ဝ နဲ့ ၀ယ်ယူရရှိ နိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ ရွှေရောင်၊ မီးခိုးရောင်နဲ့ ငွေရောင် တို့ကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Huawei Y6 II Prime ကို ကျပ် ၂၃၉,ဝ၀ဝ နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ရွှေရောင်၊ အဖြူရောင်နဲ့ အနက်ရောင်တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Y5 2017 ကို ကျပ် ၁၇၉,ဝ၀ဝ နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ အဖြူရောင်၊ ရွှေရောင်နဲ့ မီးခိုးရောင်တို့ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: