တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 28, 2017

ဝင်းဒိုးစ်တင်းန်းတွေမှာ ဒေတာသိမ်းဆည်းဖို့ နေရာ အလွတ် မရှိတဲ့ အခါ




ဝင်းဒိုးစ် တင်းန်း ဗားရှင်း ပါတဲ့ ကွန်ပျူတာ ပီစီ သို့မဟုတ် လက်တော့ပ် တွေမှာ ဟာ့ဒ်ဒရိုက်စ် ဘယ်လောက်ပဲ ကြီးနေပါစေ၊ တယ်ရာဗိုက် ပမာဏ ဘယ် လောက် ရှိနေ ပါစေ၊ ဒေတာ သိမ်းထား တာတွေ အရမ်း များပြီး ကျပ်နေရင် နေရာလွတ် မရှိတာတွေ စက်ဟန်း တတ်တာတွေ ဖြစ်တတ် ပါတယ်။

ဒါကြောင့်မိမိ အနေနဲ့ စက်အတွင်း ဒေတာ သိမ်းရာမှာ နေရာလွတ် ကျန်စေဖို့ နည်းလမ်း တွေကို Techno King ကွန်ပျူတာနဲ့ မိုဘိုင်းလ် ဆားဗစ်ဆိုင်မှ ကိုဆက်အောင်က အောက်ပါ အတိုင်း ဖြေပေး ထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ စက်အတွင်း သိုလှောင်မှု ကန့်သတ် ခံနေရရင် အရင်ဦး ဆုံး လုပ်ဆောင် ရမှာက ဟာ့ဒ်ဝဲ အပ်ဒိတ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်
raw image file တွေကို ဖျက်ပစ်ပါ။

မှတ်ချက် အနေနဲ့ စက်ဟန်း တာတွေ သို့မဟုတ် နေရာလွန် ကန့်သတ် ချက်ခံရတဲ့ အခါ စက်ကို restart ချတာတွေ ခဏခဏ မလုပ်ပစ်ဖို့ ကိုဆက်အောင်က အကြံပြု ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခဏ ခဏ လုပ်ဆောင်လို့ အခန့်မသင့်ရင် အတွင်းထဲ ကဆော့ဖ်ဝဲတွေကို error ဖြစ်တတ် တာကြောင့်လို့ သိရ ပါတယ်။

နောက်တစ်ချက်က စက်နေရာ မလွတ်တာတွေ၊ စက်ဟန်း လာရင် သုံးစွဲသူ အများစုဟာ ဆိုရင်items တချို့ကို ချက်ချင်း ဖျက်တတ် ကြပါတယ်။

ဥပမာ ဓာတ်ပုံ၊ docum-ent စတာတွေကို ပိတ်ပေ မဲ့လည်း recyclebin ထဲရောက် သွားတာကြောင့် recycle bin ထဲဝင်ပြီး delete ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး disk cleanup လုပ်ရ ပါမယ်။ ဝင်းဒိုးစ်တွေက disk cleanup ကိုအခြေပြုပြီး ဖွဲ့စည်း ထားတာ ဖြစ်တာကြောင့် နေရာလွတ်ကျန်ဖို့ disk ထဲက ဖိုင်တွေကို ရှင်းပစ်ရမှာ ဖြစ်ပါတယ်။

ဥပမာအင်တာနက်ထဲ ဝင်ထားတဲ့ recent ဖိုင်တွေ၊ dump files နဲ့ ဝင်းဒိုးစ် installations လုပ်ထားတဲ့ ဖိုင်တွေကို ဖျက်ပစ်ရမှာ ဖြစ်တယ်။

Disk  cleanup လုပ်ဖို့  start  menu ထဲဝင်ပါ။ အက်ပ်အားလုံးအောက်က > windows administrative  tools >disk cleanup ကိုတွေ့မှာ ဖြစ်တယ်။ ပြီးရင် clean လုပ်ချင်တဲ့ drive ကိုရွေးပြီး clean up လုပ်ကာ Ok နှိပ်ပါ။  

အဲသည်အခါ disk clean up ကနေရာလွတ်ဘယ်လောက်ကျန်တယ် ဆိုတာကိုတွက်ချက်ပြမှာဖြစ်ပါတယ်။

သုံးစွဲသူတွေ အနေနဲ့ system file တွေကို ဖျက်ပစ် ချင်တယ် ဆိုရင်တော့ system file ကို clean up လုပ်လိုက်ပါ။ System  file ဆိုတာက ဝင်းဒိုးစ် အဟောင်းဖိုင်တွေ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ disk ကို running မလုပ်ထားတဲ့ ဒေါင်းလုပ်ဒ် ဆွဲထားတဲ့ ဖိုင်တွေကိုဖျက်ပစ်ရပါမယ်။

ဥပမာ  whatsapp လိုအက်ပ်တွေ၊ ဆော့ဖ်ဝဲတွေ ဒေါင်းထားတဲ့ အခါယာယီ လိုမျိုး temporary file တွေကျန်နေ တတ်ပါတယ်။ အဲသည်ဖိုင်တွေ ကလည်း စက်အတွင်း နေရာတော်တော် များများယူထား တာကြောင့် ဖျက်သင့်ပါတယ်။

ဖျက်ပစ်ဖို့   ettings ထဲက systemထဲ ဝင်ပြီး ဘယ်ဘက်နားက storage ကိုနှိပ်ပါ။ စက်ရဲ့ထိပ်ပိုင်းမှာ temporary filesဆို တဲ့ စာရင်း တွေတွေ့ရပါလိမ့်မယ်။  အဲသည်မှာ ဘောက်စ်ထဲက temporary filesနဲ့ဒေါင်းလုပ်ဒ်ဆွဲထားတဲ့ downloads folder ကိုတွေ့ရင်နှိပ်ပြီး remove လုပ်ပါ။

နောက်တစ်နည်းကတော့အရေးမကြီးတဲ့ အက်ပ်တွေကို uninstall လုပ်ပါ။ Settings menu ထဲဝင်ပြီး system > apps&  features နဲ့ sort by  size ကိုရွေးပါ။ Menu ထဲက အက်ပ်တွေuninstall လုပ်ဖို့အက်ပ်တွေကို ရွေးပြီး Uninstall ဆိုတာကို နှိပ်ပါ။

နောက်ပြီး ဝင်းဒိုးစ်တင်န်းရဲ့ deault အက်ပ်တွေဖြစ်တဲ့ မြေပုံအက်ပ်၊ one  note အက်ပ်နဲ့ photos အက်ပ်တွေကိုမလိုအပ်ရင် ဒေါင်းလုပ်ဒ်မဆွဲပါနဲ့။ ဒေတာ ဆိုက်ကြီးတဲ့ အက်ပ်တွေ ကနေရာပို ယူတာကြောင့် ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖိုင်နဲ့ဒေတာအများစုကို ကလောက်ဒ်(cloud)ထဲ မှာသိမ်းဆည်းပါ။ Cloud က အင်တာနက်ဒေတာသိုလှောင်မှုရဲ့ နေရာ အနေ အထားကို ရည်ညွှန်းတာဖြစ်ပါတယ်။

သူက ဖုန်း၊ ကွန်ပျူတာစတဲ့ စက်ပစ္စည်းထဲက ဒေတာမှန်သမျှကို အချိန်မရွေးလက်ခံပြီးသိမ်းဆည်းပေးထားတာ ဖြစ်ပါတယ်။ ကလောက်ဒ်ထဲမှာ အကန့် အသတ်မရှိ မိမိရဲ့ဖိုင်တွေကို back up အနေနဲ့ သိမ်းဆည်း ထားလိုက်ရင် စက်အတွင်း နေရာလွတ် ကျန်နေမှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: