
အင်တာနက် အသုံးပြုရင်း pdf ဖိုင်တွေကို အလွယ် တကူနဲ့ ပြုလုပ် ချင်တယ် ဆိုရင် Soda PDF ဆိုတဲ့ add-on ကို ထည့်သွင်း သုံးစွဲနိုင် ပါတယ်။ soda pdf ဟာ document file တွေကို convert ပြုလုပ်ဖို့ အတွက် စီစဉ်ပေး ထားတဲ့ add-on တစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ add-on ကို ထည့်သွင်းဖို့ အတွက် ဒီနေရာ ကနေ ရယူ နိုင်ပါတယ်။
အဆိုပါ add-on page ကိုရောက်ပြီ ဆိုရင် Add to Firefox ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Install now ဆိုတဲ့ button ကို နှိပ်ပြီး အဆိုပါ add-on ကို install ပြုလုပ် ရပါမယ်။ Install ပြုလုပ် ပြီးရင် Firefox browser ကို Restart ပြုလုပ်ပေးရမှာ ဖြစ်တဲ့ အတွက် Restart ဆိုတဲ့ button လေးကို နှိပ် လိုက်ပါ။
ပြီးသွားရင် Soda pdf converter ကို အသုံးပြုဖို့ အတွက် Firefox browser ရဲ့ ညာဘက်ထောင့် အပေါ်နားလေးမှာ Soda PDF online service ဆိုတဲ့ logo လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင် document တွေကနေ PDF ကိုပြောင်းမှာလား PDF ကနေ Document တွေကို ပြောင်းမှာလား ဆိုတာတွေကို ရွေးချယ် နိုင်ပါတယ်။
အဆိုပါ add-on ဟာ Word, Excel, Power Point, Image, HTML File, Text File များကို ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်ပေး ထားပါတယ်။ ဒါ့အပြင် Pdf ဖိုင်များကိုလည်း ခွဲနိုင်၊ ဆက်နိုင်စေရန် အတွက်လည်း စီစဉ်ပေးနိုင်မယ့် နည်းပညာတွေကို ထည့်သွင်းပေး ထားပါတယ်။
အထက်ဖော်ပြပါ နည်းလမ်းဟာ PDF ဖိုင်တွေကို ပြုလုပ်ဖို့ အတွက် နဲ့ convert ပြုလုပ်ဖို့ အတွက် အခြားသော ဆော့ဖ်ဝဲတွေ ထည့်သွင်း စရာမလိုဘဲ Firefox browser ပေါ်ကနေ အလွယ်တကူနဲ့ ပေါ့ပေါ့ ပါးပါး လုပ်ဆောင်ပေး နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။
Ref: maketecheasier
internetjournal
Original link - http://www.internetjournal.media/how-to/3694

No comments: