
Honor G620s-UL00 ကို Root လုပ်ချင်တဲ့ သူတွေ အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။ အခြား Buildnumber များ မှာတော့ မရနိုင်ပါ။
Buildnumber 247 နဲ့ 248 တို့မှာသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ROOT လုပ်နိုင်ရန် အရင်ဆုံး ဖုန်းကို Bootloader unlock လုပ်ရမှာ ဖြစ်တာကြောင့် အောက်က
လင့်လေး ကနေ ၀င်ရောက်ပြီး Bootloader Unlock code ရယူပြီး Bootloader unlock အရင် လုပ်လိုက်ပါ။
Bootloader unlock ကတော့ တော်တော် များများ သိရှိပြီး ဖြစ်တာကြာင့် ရှင်း မပြတော့ ပါဘူးနော်။
Bootloader unlock လုပ်ပြီး ရင်တော့ ROOT လုပ်ရန် အောက်က ဖိုင်လေးတွေကို အရင် Download ရယူ လိုက်ပါ။
- Down လို့ရလာတဲ့ Recovery zip လေးကို ဖြည်ချလိုက်ပါ။
- ဖြည်ချလိုက်လို့ ရလာတဲ့ Folder ထဲက Recovery folder ထဲ ၀င်လိုက်ပါ။
- Adb command နဲ့ Recovery ကို flash နိုင်ရန် Shift + Right Click ကိုနှိပ်လိုက်ပါ။
- box လေး တစ်ခု ပေါ်လာ ပါမယ်။
- Open command window here ကိုနှိပ်လိုက်ပါ။
- ဖုန်းကို Fastboot mode ၀င်ပြီး USB ကြိုးထိုး လိုက်ပါ။
- အရင်ဆုံး command box မှာ Adb devices လို့ ရိုက်ပြီး enter ခေါက်ကာ Computer ကနေ သိ မသိ စစ်လိုက်ပါ။
- Computer ကနေသိပြီဆိုရင် Recovery.img လေးကို flash နိုင်ရန် fastboot flash boot recovery.img လို့ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။
- Recovery.img ကို flash ပြီးရင်တော့ fastboot reboot လို့ရိုက် enter ခေါက်ပြီး ဖုန်းကို reboot ချပေး လိုက်ပါ။
- ဖုန်းပါဝါ ပြန်တက် လာရင် SuperSU-update.zip ကို sd card ထဲကို ထည့်လိုက်ပါ။
- ဖုန်းကို ပါဝါပိတ်ပြီး Recovery mode ၀င်လိုက်ပါ။
- Recovery mode ရောက်ပြီ ဆိုရင် Install update zip from sd card ကို ရွေးလိုက်ပါ။
- SuperSU-update.zip လေးကို ထပ်ရွေးပြီး install လုပ်လိုက်ပါ။
- install လုပ်ပြီးရင်တော့ အပြင်ပြန် ထွက်ပြီး Reboot system now ကို ရွေးပေးပြီး ဖုန်းကို reboot ချပေးလိုက်ပါ။
- ဒါဆိုရင်တော့ ROOT လုပ်ခြင်းပြီးစီးပါပြီ။
အဆင်ပြေပါစေ။
Ko Htoo ( MMAS )
Original link - https://www.facebook.com/ko.htoo.3323

- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: