တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, September 28, 2015

iPhone အတွက် ထုတ်ပေး လိုက်တဲ့ Microsoft ရဲ့ Meeting Schedule Application




ပြီးခဲ့တဲ့ ရက် အနည်းငယ် အတွင်းက iPhone အသုံးပြု သူတွေ အတွက် အံ့သြအောင် Microsoft မှ Application တစ်ခုကို မိတ်ဆက် ပေးခဲ့ ပါတယ်။ အဆိုပါ Application ကတော့ လုပ်ငန်း လုပ်ကိုင်နေ သူတွေ အတွက် ရည်ရွယ် ပြီး ထုတ်လုပ် ထားတဲ့ Application ဖြစ်ပါတယ်။

ရုံးလုပ်ငန်းသော် လည်းကောင်း၊ ကိုယ်ပိုင် လုပ်ငန်းသော် လည်းကောင်း လုပ်ကိုင်နေ သူတွေဟာ အနည်း အများတော့ အစည်းအဝေးတွေ ရှိကြ ပါတယ်။ အစည်းဝေး ရှိတဲ့ အခါ မိမိရဲ့ လုပ်ဖော် ကိုင်ဖက်တွေကို အစည်းအဝေး ဖိတ်ကြားဖို့ အတွက် Application တစ်ခု အသုံးပြုရုံနဲ့ အဆင်ပြေ စေမှာ ဖြစ်ပါတယ်။

အဆိုပါ Application ရဲ့ အမည်ကိုတော့ Invite လို့ အမည်ပေး ထားပါတယ်။

မိမိဟာ အစည်းအဝေး ဖိတ်ကြားခြင်းများ အတွက် Invite ကို အသုံးပြုကာ လုပ်ဖော် ကိုင်ဖက်များ ဆီသို့ ဖိတ်ကြားနိုင်တဲ့ အပြင် အစည်းဝေး ဖိတ်ကြားခံရတဲ့ လုပ်ဖော် ကိုင်ဖက် များအနေနဲ့ အဆိုပါ Application ကို မိမိ ဖုန်းအတွင်းသို့ install လုပ်စရာ မလိုပဲ လက်ခံနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မိမိ Email တစ်ခုခုရဲ့ Calendar ထဲကို invite လုပ်စရာ မလိုပဲ အစည်း အဝေး ဖိတ်ကြား ချက်တွေကို လက်ခံနိုင် ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ Microsoft Invite ရဲ့ Feature ဟာ Website Version နဲ့ အပြန်အလှန် ဆက်သွယ်နိုင် လို့ပါပဲ။

Microsoft Invite Application ဟာ iPhone တစ်မျိုး တည်းမှာသာ အသုံးပြုနိုင် သေးတဲ့ Application ဖြစ်တဲ့ အပြင် Window နဲ့ Android အတွက်တော့ လုပ်ဆောင် နေဆဲ ဖြစ်ပါတယ်။

iPhone မှာ အသုံးပြု လိုပါက App Store မှာ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Application ကို အသုံးပြုတဲ့ အခါ Microsoft Office 365 ရဲ့ Account သို့မဟုတ် Microsoft Invite ရဲ့ Accoount တို့နဲ့ အသုံးပြုမှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။

Ref : Mashable

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com/

No comments: