
တရုတ် အက်ရှင် ကားတွေ နှစ်သက်တဲ့ ပရိသတ်တွေ အတွက် လျှို့ဝှက် ဆန်းကြယ် စိတ်ကူးယဉ် အက်ရှင် ဇာတ်ကား သစ်လေးကို ဒီနေ့ အတွက် ဖော်ပြပေး လိုက်ပါ တယ်။ ကြည့်နေကျ တရုတ်သိုင်း ကားတွေ ကနေ ခွဲထွက် ထားပြီး လူတွေနဲ့ သတ္တ၀ါ ကြီးတွေကို ပေါင်းစပ် ရိုက်ကူးတဲ့ အန်နီမေး ရှင်း ဇာတ်လမ်းလေး
ဖြစ်ပြီး ပရိသတ်တွေ အသစ် အဆန်းမို့ နှစ်သက် ကြမယ် ထင်ပါတယ်။
စိတ်ကူးယဉ် တိုင်းပြည်ကြီး တစ်ခုမှာ လူသားတွေနဲ့ သတ္တ၀ါ ကြီးတွေဟာ သီးခြား နယ်မြေ ရရှိ ရေးအတွက် အချင်းချင်း တိုက်ခိုက်ခဲ့ ကြပါတယ်။ သတ္တ၀ါကြီး တွေ အရေးနိမ့်တဲ့ အခါမှာ ကိုယ် ၀န်ကြီးနဲ့ သူတို့ရဲ့ ဘုရင်မကို လူ သုံ့ပန်းဇနီးမောင်နှံ ဖြစ်တဲ့ ကျူး ကော်နဲ့ ခပ်၀၀ ဇနီး ဖက်ယင်းတို့ နဲ့အတူ ထွက်ပြေးစေ ခဲ့ပါတယ်။
ကျူးကော်တို့ ဇနီးမောင်နှံ ဟာ သတ္တ၀ါ ဖမ်းတဲ့ မုဆိုးတွေဖြစ် ကြပြီး သတ္တ၀ါ ဘုရင်မက သူ့ကိုယ်ဝန်ကို ကျူးကော်ဆီ လွှဲပြောင်း လိုက်တာကြောင့် ကျူးကော်ခမျာ ကိုယ်ဝန်ဆောင် လိုက်ရပြီး သတ္တ၀ါ မင်းသားလေး ၀ူဘကို မွေးဖွား ခဲ့ပါတယ်။ လူသားနဲ့ သတ္တ၀ါကို မဆီ မဆိုင် တွဲဖက် ဇာတ်အိမ်တည် ထားတာ စိတ်ဝင်စားဖို့ ကောင်း သလို သတ္တ၀ါတွေက လူယောင် ဆောင်ထားတဲ့ ပုံရိုက်ချက် တွေက လည်း ဟာကွက် မရှိအောင် ကြည့်လို့ ကောင်းတာ တွေ့ရမှာပါ။
မင်းသားလေး ၀ူဘကလည်း မုန် လာဥလေး လိုလို၊ မုန်ညင်းထုပ် လေးလိုလိုနဲ့ ချစ်စရာ အကောင် လေးဖြစ်တာမို့ ကြည်နူး စရာခံစားမှု လေးပါ ရရှိမှာ သေချာပါတယ်။ ၀ူဘလေးက ငယ်ရွယ်ပေမယ့် အားတော့ အတော်ပြင်း တာကို ဇာတ်ကွက် အချို့မှာ အံ့အားသင့် စရာ တွေ့ရမှာပါ။
နယ်မြေအတွက် နေရာလုနေတဲ့ လူတွေနဲ့ သတ္တ၀ါတွေ ကြားက မပြေလည် မှုတွေဟာ ဘယ်လို အဆုံးသတ် မှာလဲ။ သတ္တ၀ါ မုဆိုးတွေ လက်ထဲ ရောက်နေတဲ့ ၀ူဘလေးရဲ့ အနာဂတ်က ဘာတွေ ဆက်ဖြစ်မှာလဲ ဆိုတာ သူ့ဇာတ်ကွက်နဲ့ သူ လိုက်ဖက် ညီအောင် တင်ဆက် ထားတာမို့ ကိုယ်တိုင် ကြည့်လိုက် ကြဦးနော်။
မိသားစုတွေ အတူတကြွ ကည့်ရှုနိုင်ပါတယ်။
Blueray 720P ကို file size 500 MB နဲ့ တင်ပေး ထားပါတယ်။
- Subtitle : Hardsub with Chinese and English
- Duration: 111 Minutes
- Release Date : 16 July 2015 (China)
- Production : -
- Genre : Action | Comedy | Fantasy
- Director : Raman Hui
- Cast : Wei Tang, Baihe Bai, Eric Tsang
Summary of Monster Hunt 2015
The cute baby monster Huba is the child of a human man and a monster queen,
threatened by both monster-hating humans and monsters attempting to capture the
new-born in an ancient world based on medieval China.
Original link - http://www.movie7plus.co.vu/

- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: