တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

5G အင်တာနက်ကို စမ်းသပ်နေတဲ့ Huawei နဲ့ NTT DOCOMO ကုမ္ပဏီ




ကမ္ဘာ တစ်ဝှမ်း လုံးရှိ မိုဘိုင်းဖုန်း အသုံးပြု နေသူတို့ အသုံးပြု နေကြတဲ့ အင်တာနက် လိုင်းဟာ လက်ရှိ အချိန်မှာ စတုတ္ထမြောက် မျိုးဆက် (4th Generation ) ဖြစ်တဲ့ 4G အင်တာနက် ဖြစ်ပါတယ်။

4G အင်တာနက် ဆိုလို့ 4GB Speed ရှိတဲ့ အင်တာနက် လိုင်းကို အသုံးပြုနေ ရခြင်း မဟုတ်ပါဘူး။ တကယ်တမ်း 4G LTE ရဲ့ အင်တာနက် Speed က ၅ မီဂါဘိုက် မှ ၁၂ မီဂါဘိုက် အတွင်းမှာ ရှိပြီး အရင်က 3G အင်တာနက် ရဲ့ Speed က ၂ မီဂါဘိုက် မှ ၅ မီဂါဘိုက် အတွင်းရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းနီးပါးလိုလို 4G LTE အင်တာနက်ကို ရရှိအောင် စွမ်းဆောင် နေရတဲ့ အချိန်မှာ Huawei Smartphone ကုမ္ပဏီ နဲ့ ဂျပန်မှ NTT DOCOMO ကုမ္ပဏီ တို့ ပူးပေါင်းကာ 5G (5 Generation ) အင်တာနက် အမျိုးအစားကို ရရှိအောင် စမ်းသပ် ကြိုးစားနေ ကြပါတယ်။



ဂျပန်နိုင်ငံအနေနဲ့သူတို့ရဲ့ နိုင်ငံသားတွေကို အခြားနိုင်ငံတွေထက် 5G အင်တာနက်ကို စောပြီး အသုံးပြုလိုတဲ့အတွက် အခု စီမံကိန်းကို အကောင်ထည်ဖော်ခဲ့တာဖြစ်ပါတယ်။

အခုစီမံကိန်းကို အကောင်ထည်ဖော်နေကြတဲ့ ကုမ္ပဏီ နှစ်ခုအနေနဲ့ 5G အင်တာနက်ကို အသုံးပြုနိုင်အောင် ကြိုးစားနေကြပေမဲ့လည်းတကယ်တမ်း ရရှိမဲ့ အင်တာနက် Speed ကတော့ 5G အပြည့်မရရှိပဲ 4G နဲ့ 5G အမျိုးအစားနှစ်ခုကြားမှာ ရှိနေတဲ့ Speed ကိုရရှိမှာဖြစ်ပါတယ်။

လက်ရှိစမ်းသပ်မှုမှာတော့ 5G အင်တာနက်ရဲ့ Data Speed ဟာ 3.6 Gbps နီးပါးရရှိနေပါတယ်။ ဒါ့အပြင် စပိန်နိုင်ငံမှ ရရှိနေတဲ့ 4G LET အင်တာနက် Speed ထက် အစ 200 လောက်သာနေတာကိုလည်း စမ်းသပ်ထားကြပါတယ်။

စပိန်နိုင်ငံမှာ ရရှိနေတဲ့ အင်တာနက် Speed ဟာ ၁၈ မီဂါဘိုက်ရှိပါတယ်။ အခုစမ်းသပ်မှုဟာ Wireless (ကြိုးမဲ့) အင်တာနက်နဲ့စမ်းသပ်တာမဟုတ်ပဲ Google ကပေးတဲ့ ဖိုက်ဘာအင်တာနက်လိုင်း Google Fiber နဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ Google Fiber အင်တာနက်လိုင်းရဲ့ Speed ကလည်း 1Gbps ရှိနေပါသေးတယ်။ အဆိုပါ 1Gbps နဲ့ ပေါင်းစပ်မှသာ 3.6Gbps ရရှိတာဖြစ်ပါတယ်။



ဒါ့ကြောင့် Huawei နဲ့ NTT DOCOMO ကုမ္ပဏီ နှစ်ခု အနေနဲ့ 5G အင်တာနက်ရဲ့ Speed ကို Wireless (ကြိုးမဲ့) အင်တာနက် စနစ်ဖြင့် 3.6 Gbps ရရှိအောင် စွမ်းဆောင် သွားမှာ ဖြစ်ပါတယ်။

အခု 5G အင်တာနက်ကို စမ်းသပ် နေကြတဲ့ Huawei နဲ့ NTT DOCOMO ကုမ္ပဏီ တို့ အနေဖြင့် သူတို့ရဲ့ စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင် ထုတ်လွှင့်မှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် အထိ တစ်ကမ္ဘာလုံး အသုံးပြုနိုင်အောင် ဆက်လက် စမ်းသပ် သွားမှာ ဖြစ်ပါတယ်။

စီးပွားရေးအနေနဲ့ အသုံးပြုဖို့အတွက်တော့ ၂၀၂၀ ခုနှစ်မှ စတင် အသုံးပြုနိုင် ကြမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီစီမံကိန်း ကိုသာ တကယ် အကောင်ထည် ဖော်နိုင်သွားပြီး တကယ် အသုံးပြုခွင့် ရခဲ့မယ် ဆိုရင် လူတိုင်းရဲ့ Smartphone မှာ ၃.၆ ဂစ်ဂါဘိုက် Speed ရှိတဲ့ အင်တာနက်နဲ့ ပျော်ရွှင်နိုင်ကြ ရတော့မှာ ဖြစ်ပါတယ်။

Ref : Android Authority

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com/


No comments: