တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

စတင် ရောင်းချ တော့မယ့် BlackBerry ရဲ့ ပထမဆုံး Android စနစ်သုံး ဟန်းဆက် Priv




BlackBerry ဟာ တစ်ဖြည်းဖြည်းချင်း ရောင်းအားတွေ ကျလာတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ထွက်မသွား သေးပါဘူး။

ကနေဒါ အခြေစိုက် မိုဘိုင်းလ် ဖုန်းထုတ်လုပ်ရေး ကုမ္မဏီ BlackBerry ဟာ မကြာသေးမှီ ကပဲ ကုန်ပစ္စည်း ထုတ်လုပ်ရေးကို စွန့်လွှတ် တော့မယ်လို့ ကြေညာ ခဲ့ပေမယ့် အခုတော့ လက်ရှိ နာမည်ရနေတဲ့ iPhone 6s နဲ့ Galaxy S6 တို့ကို ယှဉ်ပြိုင်နိုင်မယ့် Priv ဆိုတဲ့ ဟန်းဆက် အသစ် တစ်မျိုး ကို ထုတ်လုပ် လိုက်ပါတယ်။

Priv ဟာ Blackberry အတွက်တော့ Google ရဲ့ Android OS စနစ်ကို ပထမဆုံး ထည့်သွင်းထားတဲ့ ဖုန်းပဲ ဖြစ်ပါလိမ့်မယ်။ Android စနစ်ဖြစ်တဲ့အတွက် Facebook နဲ့ Instagram အပါအ၀င် အခြားရေပန်းစားနေတဲ့ App တွေအားလုံးကို အလွယ်တကူ တပ်ဆင်လို့ရနိုင်မှာပါ။

အခုအသစ်ထုတ်လုပ်လိုက်တဲ့ Priv မှာ BlackBerry ရဲ့ ကျော်ကြားခဲ့တဲ့ အမှတ်အသားဖြစ်တဲ့ QWERTY ကီးဘုတ်ကိုလည်း Slide ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Priv မှာ အတွင်းသိုလှောင်ပမာဏ အဖြစ် 32GB ပါဝင်ပြီး လက်ရှိမှာတော့ Carphone Warehouse ကနေ စတာလင်ပေါင် ၅၇၉.၉၉ နဲ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဈေးနှုန်းဟာ Apple ရဲ့ iPhone 6s ကို ယှဉ်ပြိုင်နိုင်အောင် သတ်မှတ်ထားပုံ ရပါတယ်။ iPhone 6s ရဲ့ 16GB ဗားရှင်းဟာ စတာလင်ပေါင် ၅၃၉ ကျသင့်ပြီး 64GB ဗားရှင်းကတော့ စတာလင်ပေါင် ၆၁၉ ထိ ကျသင့်နေတဲ့အတွက် BlackBerry ရဲ့ 32Gb ကို စတာလင်ပေါင် ၅၇၉.၉၉ ဆိုတာဟာ ရွေးချယ်ချင်စရာ ဖြစ်နေမှာပါ။

၅.၄ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ဟာ 2560 x 1440 ကြည်လင်ပြတ်သားမှု ကို ပေးစွမ်းနိုင်တဲ့အပြင် အနောက် ကင်မရာ အဖြစ်လည်း 18MP ရုပ်ထွက်ရမယ့် ကင်မရာ တစ်လုံးကို ထည့်သွင်းပေးထားပါတယ်။ လက်ရှိမှာတော့ ကြိုတင်ဝယ်ယူမှု နဲ့ပဲ ရောင်းချနေသေးပေမယ့် နိုဝင်ဘာ ၆ ရက်နေ့မှာတော့ နိုင်ငံတကာ ကို ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/10/blackberry-android-priv.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: