တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

ဒရုန်းတွေကို နှောင့်ယှက် ထိန်းချုပ်နိုင်မယ့် လက်နက် ထွက်ရှိ




လူနေအိမ်တွေ ပေါ်က အစ စစ်တပ် ဧရိယာတွေ ပေါ်မှာ ဒရုန်းတွေ ပျံသန်းတာဟာ စိတ်အနှောင့် အယှက် ဖြစ်ဖို့ ကောင်းပါတယ်။ ဒရုန်းတွေကို တစ်စစီ ဖြစ်အောင် ပစ်မချဘဲနဲ့ တားဆီး ရုံတင် လုပ်နိုင်မယ့် ‘သေနတ်’ တစ်ခုကို ကုမ္ပဏီ တစ်ခုကနေ တီထွင် လိုက်ပါတယ်။

‘DroneDefender’ လို့ခေါ်တဲ့ ဒီလက်နက်မှာ အမြင့်ပေ ၁၃၁၂ပေအတွင်းရှိ အလိုမရှိတဲ့ ရေဒီယို လှိုင်းထိန်း လေယာဉ်တွေကို နှောင့်ယှက်ဖို့ အတွက် ရေဒီယို လှိုင်းတွေကို အသုံးပြု ထားပါတယ်။

မြေပြင်ကို ဆင်းသက်ခိုင်းခြင်း ဒါမှမဟုတ် နောက်ကြောင်း ပြန်လှည့်ခိုင်းခြင်း တွေကို ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ဒီလက်နက်ဟာ သယ်ရလွယ်ကူပြီး မှန်ကန်တိကျမှုရှိပါတယ်။ အမြန်အသုံးပြုနိုင်ပြီး အိမ်တွေမှာ အထူးလုံခြုံရေးကာကွယ်မှု အနေနဲ့ တပ်ဆင်ထားလို့လည်း ရပါတယ်။ အမေရိကန်စစ်တပ်ကနေ လာမယ့်နှစ် အစောပိုင်းမှာ အသုံးပြုမယ်လို့ သိရပါတယ်။

ပတ်ဝန်းကျင်လေ့လာခြင်း၊ စစ်ဆေးခြင်း စတာတွေအတွက် ဒရုန်း အသုံးပြုမှုတွေဟာ တိုးမြင့်လာပါတယ်။ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ဥပဒေပြုခေါင်းဆောင်များအတွက် စိုးရိမ်စရာကိစ္စရပ်ဖြစ်လာပါတယ်။ အဲ့ဒီ့အတွက် ရေဒီယိုလှိုင်းထိန်း အလိုမရှိယာဉ်ပျံ တွေကို သေနတ်နဲ့ ပစ်ချတာ၊ ဖမ်းဆီးထိန်းသိမ်းထားလိုက်တာမျိုးတွေ လုပ်ခဲ့ရပါတယ်။

လူသူရှုပ်ထွေးတဲ့ နေရာတွေမှာဆိုရင် သေနတ်နဲ့ ပစ်ချဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ပျက်ကျရင် ပတ်ဝန်းကျင်က လူတွေကို ထိခိုက်ဒဏ်ရာ ရရှိစေလို့ပါ။

ခုတော့ ရိုင်ဖယ်သေနတ်နဲ့တူတဲ့ ဒရုန်းဆန့်ကျင်ရေး စနစ်ကို Battelle Innovations ကနေ တီထွင်ခဲ့ပြီး ဒရုန်းမောင်းသူဆီကလာတဲ့ ရေဒီယိုလှိုင်းတွေကို နှောင့်ယှက် ထိန်းသိမ်းနိုင်တော့မှာပါ။

ဒီသေနတ်ကို ပစ်ဖို့ ၀.၁ စက္ကန့်သာ ကြာပြီး ပါဝါဖွင့်ထားရင်လည်း ၅နာရီဆက်တိုက် အသုံးပြုနိုင်ပါသေးတယ်။ သေနတ်တစ်ခုလုံးရဲ့ အလေးချိန်က ၁၀ပေါင် အောက်ပဲ လေးပါတယ်။ သေနတ်တစ်လက်လိုပဲ အလွယ်တကူ သယ်ဆောင်နိုင်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

အိမ်ဖြူတော်၊ သံရုံး၊ အကျဉ်းထောင်၊ ကျောင်း၊ သမိုင်းဝင်နေရာ စတာတွေမှာ တပ်ဆင် အသုံးပြုသွားမယ်လို့ သိရပါတယ်။

Ref: Daily Mail

Original link - http://technology.thithtoolwin.com/2015/10/blog-post_20.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: