
အထိုင်များတာက ကျွန်တော်တို့ ကျန်းမာရေးကို တော်တော် ဒုက္ခပေး ပါတယ်။ မတ်တပ် ရပ်ပြီး အလုပ် လုပ်ရမယ် ဆိုပြန်တော့လည်း ဖနောင့် တွေက နာပါတယ်။
ကျွန်တော်တို့ အားလုံး တိတ်တဆိတ် စိတ်ကူးတွေ ယဉ်ထားကြတဲ့ ခုံတစ်လုံးဟာ မျှော်လင့် မထားတဲ့ ရွေးချယ်စရာ တစ်ခု ဖြစ်လို့ လာပါပြီ။
ဒီခုံကို Altwork Station လို့ ခေါ်ပါတယ်။ ရုတ်တရက်ကြည့် လိုက်ရင် သွားဆေးကုခုံနဲ့ တူပါတယ်။ လိုသလို ပြင်လို့ ရပါတယ်။ ပုံစံအမျိုးမျိုး ပြောင်းပြီး ခေါက်လို့လည်း ရပါတယ်။ မတ်တပ်ရပ်ပြီး စာရိုက်နိုင်မယ်၊ ထိုင်ပြီး စာရိုက်နိုင်မယ်၊ လဲလျောင်း၊ ကျောခင်းပြီးတော့ လည်း စာရိုက်နိုင်ပါမယ်။
မော်နီတာတွေ၊ လက်ပ်တော့ တွေကလည်း သတ္တု လက်တွေနဲ့ စိတ်ချ ယုံကြည်စွာ တပ်ဆင် ထားပြီး သင့်ရဲ့ မျက်နှာပေါ်ကို ကျလာမှာ မဟုတ်ပါဘူး။ ကီးဘုတ်နဲ့ မောက်စ်ကလည်း သူ့ခုံမှာ သံလိုက်နဲ့ ကပ်နေမှာပါ။
ဒါပေမဲ့ ဒီခုံက ဈေးကြီးတာ အမှန်ပါပဲ။ ဒီဇိုင်းကို ၅နှစ်လောက် ကြိုးစား လုပ်ဆောင် ခဲ့ရတာပါ။ ပုံမှန် လက်လီရောင်းဈေးဟာ ကန်ဒေါ်လာ ၅၉၀၀ ရှိပါတယ်။
Ref: CNN
Original link - http://technology.thithtoolwin.com/2015/10/blog-post_29.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: