တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

Domino က အမေရိကမှာ နောက်ဆုံးပေါ် ပီဇာ ပို့ဆောင်ရေး ကားတွေကို မိတ်ဆက်




သင်ဟာ ပီဇာ ပို့ပေးတဲ့ ၀န်ဆောင်မှုကို လုပ်ဆောင်ရတဲ့ ယာဉ်မောင်း တွေကို ကရုဏာ သက်မိမှာပါ။ သူတို့တွေဟာ သူတို့ကား သူတို့မောင်းနေရတာ မဟုတ်တဲ့ ကြားထဲကနေ သင့်အိမ်ကို အချိန်မီ ပီဇာ ရောက်လာ အောင်လည်း ကူညီ ပေးရ ပါတယ်။

အခုတော့ အမေရိကန် ပြည်ထောင်စုမှာ Domino's Pizza ဆိုတဲ့ အစားအသောက် ထုတ်လုပ်ရေး ကုမ္မဏီ ကြီးဟာ DXP ဆိုတဲ့ ကားတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီကားကတော့ ပီဇာ ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုအတွက် ဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်မောင်း တစ်ယောက်သာ လိုက်ပါစီးနင်း နိုင်မှာဖြစ်ပြီး အဓိက ဆွဲဆောင်မှုကတော့ ကားနောက်ခန်းမှာပါတဲ့ ပီဇာ မီးဖိုပါပဲ။

ဒါကြောင့် သင်ဟာ ပီဇာ မှာတဲ့အခါမှာ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် စားသုံးနိုင်တော့မှာပါ။ အဲဒီမီးဖိုထဲမှာတော့ အများဆုံး ပီဇာ ၈၀၀ အထိ ၀င်ဆန့်တဲ့အတွက် ရုံးတွင်း တွေ့ဆုံပွဲတွေ အတွက်လည်း အသုံးဝင်မှာပါ။ ဒီကားတွေကိုတော့ Domino's ပီဇာ လုပ်ငန်း တစ်ခုတည်း အတွက်ပါ။ အပြင်လောက မှာတော့ ၀ယ်ယူလို့ မရနိုင်ပါဘူး။

Roush ဆိုတဲ့ ကားပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီက Domino ကို DXP ကား အစီး ၁၀၀ အထိ တည်ဆောက်ရေး ပိုင်းမှာ ကူညီပေးထားပြီး အမေရိကန် ပြည်ထောင်စု ရဲ့ မြို့ပေါင်း ၂၅ မြို့ကို ပို့ဆောင်ပေးနိုင်မှာဖြစ်တယ်လို့ လည်း သိရပါတယ်။ မီးဖို နဲ့ သိုလှောင်ခန်း ပါဝင်ခြင်းဟာ ယာဉ်မောင်းကို ခရီးစဉ်တစ်ခု အတွင်း ပီဇာ အရေအတွက် များများကို တစ်ပြိုင်နက် ပို့ဆောင်ပေးနိုင်မှာပါ။

ဒါဟာ ကြော်ငြာ စနစ်လည်း ပါဝင်နေပါတယ်။ သင်ဟာ တစ်ခါမှ ဒီလိုပုံစံနဲ့ ပီဇာ ပို့တာမျိုးကို တွေ့ဖူးမှာ မဟုတ်ပါဘူး။ ဒါကြောင့် မြင်တာနဲ့တင် စမ်းသပ် မှာယူချင်မိမှာပါ။

Ref : Engadget

Original link - http://technology.thithtoolwin.com/2015/10/domino.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: