
ကမ္ဘာ့ရွာကြီးဟာ နည်းပညာ ထိပ်တန်း Apple ကုမ္မဏီ ရဲ့ နောက်ဆုံးထုတ် emoji တစ်ခုကြောင့် ပိုမို ရိုင်းပျ လာပါတော့မယ်။
Apple ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ လက်ခလယ် emoji ဟာ အသစ် ထုတ်လုပ် လိုက်တဲ့ iOS 9.1 မှာ ပါဝင် လာပါပြီ။ အောက်တိုဘာ ၂၁ ရက်နေ့က စပြီး ဒေါင်းလုဒ် ပြုလုပ်ခွင့် ပေးလိုက်တယ် လို့လည်း သိရပါတယ်။

ပရိတ်သတ် အများစုကတော့ ထို emoji ကို ဒီနှစ် အစောပိုင်း ကတည်းက ထွက်ရှိခဲ့တဲ့ iOS 9 မှာ ပါဝင် မိတ်ဆက် လာမယ်လို့ ထင်ထား ခဲ့ကြပေမယ့် လူတစ်ယောက် ယောက်ကို ဆဲဆိုဖို့ အတွက် အသုံးပြုစရာ emoji မရှိသေးတဲ့ အခါမှာ အားလုံးက စိတ်ပျက် ခဲ့ကြ ပြန်ပါတယ်။
iOS 9.1 မှာ ပါဝင်လာတဲ့ အခြား emoji တွေထဲမှာတော့ မက္ကဆီကို နိုင်ငံရဲ့ အစားအစာ တစ်မျိုး ဖြစ်တဲ့ Taco လည်း ပါဝင်လာ ပါတယ်။
တစ်ချို့လူတွေကတော့ ထို Taco ဆိုတဲ့ အစားအစာ ဟာ ရိုင်းပျ တဲ့ အခြား အဓိပ္ပာယ်တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ အခြား emoji တွေကတော့ ချိစ်တုံး ၊ ရှန်ပိန်ပုလင်းကစလို့ ရော့ခ်ဂီတ ရဲ့ လက်သင်္ကေတ အားလုံးပါဝင်လာပါတယ်။
တစ်ကယ်တော့လည်း ရိုင်းပျတဲ့ emoji နယ်ပယ်ထဲကို Apple ၀င်လာတာ အရမ်းနောက်ကျနေပါပြီ။ ဒီနှစ်အစောပိုင်းမှာကတည်းက Microsoft ဟာ Windows တွေအတွက် ကိုယ်ပိုင် လက်ခလယ် emoji ကို မိတ်ဆက်ထားပါတယ်။
Ref : Mirror
Original link - http://technology.thithtoolwin.com/2015/10/emoji-apple-ios-91-update.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: