တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

တယ်လီနောကဒ်မှာ ငွေမရှိလည်း Facebook အခမဲ့ သုံးနည်း



တယ်လီနော ဆင်းကဒ် သုံးတဲ့ အခါ ဖုန်းဘေလ် မရှိလည်း Facebook အသုံးပြုလို့ ရပါတယ်။ ယင်းကဲ့သို့ အသုံးပြုဖို့ အတွက် ဖုန်းထဲမှာ Opera Mini Browser ကို Download ဆွဲထားဖို့တော့ လိုပါလိမ့်မယ်။

Opera Mini Browser ရှိပြီဆိုရင် m.facebook.com ကိုဝင်ပြီးတော့ အသုံးပြုနိုင် ပါတယ်။ ပုံတွေ၊ စာတွေ၊ ဗီဒီယီုတွေကြည့်နိုင် မြင်နိုင်မှာ ဖြစ်ပြီး Downlaod လည်း အခမဲ့ ဆွဲလို့ရ ပါတယ်။

ဒါပေမယ့် မိနစ် ၂၀ ထက် ကျော်တဲ့ ဗီဒီယိုဆိုရင် ငွေဖြတ် ပါလိမ့်မယ်။ ဘေလ်မရှိ ရင်တော့ မရပါဘူး။ Telnor ကဒ် သုံးရင် Opera Mini Browser ဖြစ်ဖြစ်ဘယ် Browser ကနေပဲ ဖြစ်ဖြစ် 0.facebook.com ကို အသုံးပြုရင်တော့ အခမဲ့ ဖြစ်ပါတယ်။

သူ့ဆီကနေ ဆိုရင်တော့ ပုံတွေကို မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် status တွေကို မြင်ရ ပါလိမ့်မယ်။ ဒီတော့ Mini Browser ကို အသုံးပြုပြီး m.facebook.com ကို ဝင်တာက အကောင်းဆုံး ဖြစ်ပါတယ်။

ဖုန်းဘေလ်မကုန်ပဲ Facebook အသုံးပြုနိုင်အောင် Opera နဲ့ Telenor တို့ သဘော တူညီချက် ယူပြီး ဖန်တီးပေး ထားတဲ့ အစီစဉ် ဖြစ်ပါတယ်။

ဒါ့အပြင် Opera Mini ကနေ ဆိုရင်လည်း wikipedia ကို အသုံးပြုမယ် ဆိုရင် အခမဲ့ပဲ ဖြစ်ပါတယ်။ ဖုန်းဘေလ် မကုန်ပဲ သုံးချင်သူများအတွက် နည်းလမ်း မျှဝေပေးလိုက်ရ ပါတယ်။

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/08/telenor/


No comments: