တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း

Wednesday, October 7, 2015

Samsung ဖုန်းတွေ ထည့်ကြည့်လို့ ရမယ့် ၉၉ ဒေါ်လာတန် Virtual Reality headset ကို Oculus နဲ့ Samsung တို့ မိတ်ဆက်




အပြင်မှာ တကယ် မြင်နေရတဲ့ အတိုင်း ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဂိမ်းတွေကို မြင်နိုင်၊ ကစားနိုင်မယ့် Virtual Reality နည်းပညာဟာ လူတိုင်းနီးပါး ရရှိနိုင် တော့မှာ ဖြစ်ပါတယ်။ Oculus နဲ့ Samsung တို့ဟာ အရင် Oculus ရဲ့ VR headset တွေရဲ့ တန်ဖိုး ထက်ဝက်သာ ရှိပြီး နောက်ဆုံးပေါ် စမတ်ဖုန်းတွေ တပ်ဆင်ကြည့်နိုင်မယ့် headset ကို စတင် မိတ်ဆက် လိုက်ပါတယ်။

အဆိုပါ ကြငြာချက်ကို Facebook ပိုင် virtual reality နည်းပညာ ကုမ္ပဏီ Oculus က Los Angeles မှာ ပြုလုပ်ခဲ့တဲ့ developer ညီလာခံမှာ ကြေငြာ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ VR နည်းပညာ အတွက် Facebook ကလည်း ၃၆၀ ဒီဂရီ လှည့်ပတ် ကြည့်နိုင်မယ့် ဗီဒီယိုတွေကို support လုပ်ပေးခဲ့ပြီး တခြား အွန်လိုင်း ဗီဒီယို ၀န်ဆောင်မှုတွေ ဖြစ်တဲ့ Netflix နဲ့ Hulu တို့ ကလည်း အဆိုပါ format လိုင်းကို အပြိုင် ၀င်ရောက် နေကြ ပါတယ်။

လွန်ခဲ့တဲ့နှစ်က Oculus ကို ဒေါ်လာ ၂ ဘီလီယံနဲ့ ၀ယ်ယူခဲ့တဲ့ Facebook Inc. ရဲ့ CEO Mark Zuckerberg က Virtual Reality ဟာ သိပ္ပံ စိတ်ကူးယဉ် အိပ်မက် ကနေ နှစ် အနည်းငယ် အတွင်းမှာ တကယ့်အရာ တစ်ခု ဖြစ်လာ ခဲ့ကြောင်း ညီလာခံကို တက်ရောက် လာသူ ၁၅၀၀ ကျော်ကို ပြောကြား ခဲ့ပါတယ်။

ယခု Oculus နဲ့ Samsung ပူးတွဲ လုပ်ဆောင် ထားတဲ့ Gear VR headset အသစ်ဟာ အရင် မော်ဒယ်ထက် ၂၂ ရာခိုင်နှုန်း ပိုမိုပေါ့ပါးပြီး ၉၉ ဒေါ်လာသာ ကျသင့်မှာ ဖြစ်တယ်လို့  Samsung က ပြောကြား ခဲ့ပါတယ်။

နောက်ဆုံးပေါ် Samsung စမတ်ဖုန်း တပ်ဆင် ကြည့်နိုင်မယ့် Gear VR ကို နိုဝင်ဘာလ ထဲမှာ တင်ပို့ ရောင်းချ သွားမှာ ဖြစ်ပါတယ်။ Galaxy Note 5 ၊ Galaxy S6 Edge+ ၊ S6 နဲ့ S6 Edge ဖုန်းတွေနဲ့ တွဲဖက် သုံးနိုင်မှာ ဖြစ်ပြီး အဆိုပါ ဖုန်းတွေက super AMOLED ဖန်သားပြင်ရဲ့ စွမ်းအားနဲ့ virtual reality မြင်ကွင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၀တ်ဆင် ရတာ သက်တောင့်သက်သာ ရှိအောင်လို့လည်း ရော်ဘာရေမြှုပ် တစ်ခုအသစ် တစ်မျိုး ခံပေး ထားတယ်လို့ ဆိုပါတယ်။

ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ၃၆၀ ဒီဂရီ ဗီဒီယိုတွေ ကြည့်ခြင်းနဲ့ Gear VR အတွက် လုပ်ထားတဲ့ အစမ်းဖိုင်တွေကို ကြည့်ရှု ခံစားရာမှာ ထိန်းချုပ်ရ ပိုမိုကောင်းမွန်
အောင်လို့ Gear VR ရဲ့ touchpad ခလုတ် ကိုလည်း ပြင်ဆင် မွမ်းမံမှုတွေ လုပ်ထား ပါတယ်။

“Samsung နဲ့ လက်တွဲပြီး၊ virtual reality နည်းပညာရဲ့ ကန့်သတ်ချက် တွေကို ပြုပြင် ပြောင်းလဲခဲ့ပြီး လက်ရှိမှာ မိုဘိုင်းဖုန်းကနေ အကောင်းဆုံး ပေးစွမ်းနိုင်တဲ့ VR ခံစားမှုမျိုးကို ကျွန်တော်တို့ အတူ ဖန်တီးနိုင် ခဲ့ပါပြီ” လို့ Oculus ရဲ့ CEO Brendan Iribe က ပြောကြား ခဲ့ပါတယ်။

Gear VR နဲ့ လူတွေဟာ 3D ဂိမ်းတွေကို ကစားနိုင်၊ ၃၆၀ ဒီဂရီ ဗီဒီယို ခံစားမှုတွေကို သူငယ်ချင်းနဲ့ ဝေမျှခံစား နိုင်မှာ ဖြစ်သလို ၊ တကယ့် အစစ်အလား မြင်တွေ့ရမယ့် ဗီဒီယိုတွေ ဓာတ်ပုံတွေ ကြည့်ပြီး ကမ္ဘာ့အနှံ့ ချက်ချင်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ mobile VR နည်းပညာက လုပ်နိုင်တာရဲ့ အစသာ ဖြစ်သေးတယ်လို့ Brendan Iribe က ဆိုပါတယ်။

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/samsung-virtual-reality-headset-oculus.html


No comments: