တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

ဆွဇ်ဇာလန် နာရီနဲ့ ပူးပေါင်း ထုတ်လုပ်တဲ့ Huawei စမတ် နာရီ



ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ နာရီ လောကမှာ နာမည်ကြီးတဲ့ ဆွစ်ဇာလန်နာရီနဲ့ ထုတ်လုပ် ထားတဲ့ Huawei စမတ် နာရီကို ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အီတလီ နိုင်ငံ တွေမှာ စတင် ရောင်းချ နေပြီဖြစ်ပြီး အောက်တိုဘာ လထဲမှာ အင်္ဂလန်၊ ဂျပန်နဲ့ ယူအေအီး နိုင်ငံတွေမှာ စတင် ရောင်းချမယ်လို့ သိရ ပါတယ်။

Huawei စမတ်နာရီဟာ စတင် မိတ်ဆက်ပြီး နောက်ပိုင်း နည်းပညာ ရှင်များရဲ့ အားပေး ထောက်ခံမှုကို ရရှိခဲ့ ပါတယ်။

Huawei စမတ်နာရီဟာ ဖုန်း အဝင်ကောလ်များ၊ မက်ဆေ့ခ်ျများ၊ အီးမေးလ်များကို လက်ခံရရှိနိုင်မှာပါ။ 1.4” & Sd Touch AMOLED မျက်နှာပြင်၊ ခြစ်ရာထင်းရာများကို ကာကွယ်နိုင်မယ့် နီလာခရစ်စတယ် (ဆွစ်နာရီ ထုတ်လုပ်သူတွေရဲ့ အနှစ်သက်ဆုံး) နဲ့ စတီးဖရိန်တို့နဲ့ ဖန်တီးထားပါတယ်။

ဖက်ရှင်နဲ့ နည်းပညာကို ပေါင်းစပ်ထားတဲ့အဆင့်မြင့် စမတ်နာရီတလုံးအဖြစ် ထင်ဟပ်စေမယ့်အပြင် Google’s Android Wear™ နောက်ဆုံး Version ထည့်သွင်းထားတာကြောင့် Android အသုံးပြု သူတွေ သာမက iOS အသုံးပြုသူတွေပါ Huawei စမတ်နာရီကို အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

Bluetooth နဲ့ ကြိုးမဲ့နားကြပ်ကိုချိတ်ဆက်နိုင်မှာဖြစ်ပြီး သီချင်းများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို အတိအကျ တိုင်းတာနိုင်ပြီး 6-Axis အာရုံခံကိရိယာက လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တောင် တက်ခြင်းစတဲ့ မှတ်တမ်းတွေ၊ ခြေလှမ်းတွေကို မှတ်ယူပေးနိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Huawei Consumer Business Group (BG) &JU IFA ပွဲမှာ ဓာတ်ပုံပညာရှင် Mario Testino နဲ့ ပူးပေါင်း ပြီး Huawei စမတ်နာရီကိုမိတ်ဆက်ပြသခဲ့ပါတယ်။ အခမ်းအနားကို အမေရိကန် စူပါမော်ဒယ်လ် KarlieKloss နဲ့ ကမ္ဘာ့ထိပ်တန်းမော်ဒယ်လ် Sean O’Pry တို့လည်းတက်ရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

Huawei ဟာ ၂၀၁၄ ခုနှစ်မှာ တကမ္ဘာလုံးကို စမတ်ဖုန်းတင်ပို့မှုအများဆုံး တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ထက်ဦးဝေ

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/huawei.html


No comments: