တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 20, 2015

iPhone 7 နှင့် ပက်သက်သော သတင်းများ




Phone 6S နဲ့ 6S Plus က ထွက်တာ မကြာသေးဘူး။ iPhone 7 နဲ့ ပက်သက်တဲ့ သတင်းများ ထွက်ရှိနေ ပါတယ်။ အဓိက သတင်း များကတော့ ပညာရှင်များ ခန့်မှန်း သုံးသပ် ထားတဲ့ သတင်း ဖြစ်ပြီး အချို့အချက် များက လျှို့ဝှက် ပေါက်ကြား သတင်းများ ဖြစ်ပါတယ်။

ယင်းထဲမှာ အထူးခြားဆုံး သတင်းတစ်ခု ပါလာ ပါတယ်။ ယင်းကတော့ ၄ လက်မ အရွယ် ပြန်လည် ထုတ်လုပ်မှာ ဖြစ်ခြင်း ဖြစ်ပါတယ်။

လေးလက်မ အရွယ်ဖုန်းကို iPhone 7 လို့ အမည်ပေး ပါလိမ့်မယ်။ အကြောင်း ကတော့ ၄.၇ လက်မ နဲ့ ၅.၅ လက်မကို ထုံးစံ မပျက် ထုတ်လုပ်အုံးမှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မို့ iPhone 7 mini, iPhone 7 နဲ့ iPhone 7 Plus ဆိုပြီးတော့ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ် direction ကို သွားမယ် ဆိုတာ ကိုတော့ မပြောဆိုသေး ပါဘူး။

လူပြောများနေတဲ့ အချက်တစ်ခုကတော့ metal body နဲ့ လုပ်တဲ့ iPhone အဖြစ် လက်ရှိ iPhone 6S နဲ့ 6S တို့ဟာ နောက်ဆုံး ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းသတင်းဟာ မှန်ကန်မှု ရှိမရှိဆိုတာတော့ မသိပါဘူး။ Apple အနေနဲ့ ကိုယ်ထည် အတွက် အခြား အဖြေတစ်ခု ရှာဖွေဖွယ် ရှိကြောင်း ဆိုပါတယ်။

iPhone 7 နဲ့ 7 Plus ဟာ ဘက်ထရီမှာ လက်ရှိ ဗားရှင်းထက် အနည်းငယ်လောက်သာ မြင့်သွားမှာ ဖြစ်ပါတယ်။ ၎င်းတို့ အနေနဲ့ ဘက်ထရီကို အားမြင့် တာထက် သူ့ရဲ့ အား အနည်းငယ်ကို ဘယ်လောက် အထိ အကောင်းဆုံး အသုံးပြုနိုင်မယ် ဆိုတာကိုသာ ရှာဖွေမှာ ဖြစ်ကြောင်း Apple မှ ပြောဆိုခဲ့ပြီးသား ဖြစ်ပါတယ်။

USB Type C နဲ့ ထွက်ရှိမှာ ဖြစ်ပြီး ear phone ထိုးတဲ့ နေရာမှာလည်း နည်းပညာအရရော၊ ဒီဇိုင်းပါ ပြောင်းနိုင်ချေ ရှိကြောင်း ၎င်းတို့ ပြုလုပ်တဲ့ မူပိုင်ခွင့် အသစ်အရ သုံးသပ်ထားကြ ပါတယ်။

အသေးစိတ်ကို http://goo.gl/yCYKQe မှာ ဖော်ပြထားတာကို လေ့လာနိုင်ပါတယ်။

အောင်ခမ်း (MMA)
#aungkham_mma

Original link - http://www.myanmarmobileapp.com/2015/10/18/iphone7/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: