တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 4, 2015

Laptop အဖုံးပိတ်လိုက်တဲ့ အခါ အော်တို Shutdown ဖြစ်အောင် ပြုလုပ်နည်း




မင်္ဂလာပါ

ဒီနေ့တော့ သိထားသင့်တဲ့ အရာလည်း ဖြစ်သလို ကွန်ပျူတာ ကိုင်ဆောင်သူများ သတိ မထားမိတဲ့ အရာလေးလည်း ဖြစ်နိုင်တဲ့ Laptop အဖုံးလေး ပိတ်လိုက်တာနဲ့ အော်တို Shutdown ဖြစ်အောင် ပြုလုပ် နည်းလေး တင်ပေး လိုက်ပါတယ်၊ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ လိုက်လုပ်နိုင် ပါတယ်နော်၊

လုပ်ဆောင်ရတာ လွယ်ကူတယ် ဆိုပေမယ့် မသိရင်တော့ ခတ်တာပေါ့နော်၊ ကဲကျွန်တော်နဲ့ အတူ လိုက်လုပ် ရအောင်..

(၁) ကီးဘုတ်မှ Window Key+R ကို တွဲနှိပ်ပြီး၊ RunBox ခေါ်ပေး လိုက်ပါ။ အောက်က ပုံလေးအတိုင်း ပေါ်လာရင် တော့ Powercfg.cpl ရိုက်ထည့်ပြီး၊ ok နှိပ်ပေး လိုက်ပါ။

အောက်က ပုံလေး အတိုင်းပါ..


(၂) နောက် တစ်မျိုး ဝင်နည်း ကတော့ အောက်က ပုံလေး အတိုင်း ဖြစ်ပါတယ်၊ Power Option ထဲကို ဘယ်လို ဝင်ဝင် ကိုယ်လိုရာ ရောက်ဖို့ ပါဘဲ၊


(၃) အပေါ်မှာ ပြောခဲ့တဲ့ နည်းတွေနဲ့ ဝင်လို့ ရောက်သွားရင် အောက်က ပုံလေး အတိုင်း မြင်ရမှာပါ၊ မြင်ရ ရင်တော့ Choose when Closing The lid does နိုပ် ပါ....



(၄) Choose when Closing The lid does ကို နှိပ်ဝင် လိုက်ရင်တော့ အောက်က ဘောက်လေး ကျလာမှာပါ။ ကျလာ ရင်တော့ whine I close the lid မှ sleep နေရာမှာ Shut down လို့ ပြောင်း ပေးလိုက်ပါ...



(၅) အောက်က ပုံလေး အတိုင်း ဖြစ်သွား ရင်တော့ (၂) မျှားပြ ထားတဲ့ save changes နိုပ်ပေး လိုက်ရင် ရသွားပါပြီ.....



အားလုံးဘဲ နည်းပညာတွေ အလွယ်တကူ တတ်မြှောက်နိုင်ကြပါစေ...

.မောင်စေတနာ မှ နည်းပညာများ

Original link - ဆော့ဝဲလ်-ဘုရင်လေး kooo

No comments: