
အိုင်ဖုန်း အသစ်တွေကို Lock လုံးဝ ဖြေလို့ ရတော့မှာ မဟုတ်ကြောင်း Apple က တရားဝင် ထုတ်ပြန် ပြောဆို ပါတယ်။ အိုင်ဖုန်း အသစ် ဆိုတာ iOS 8 ကနေ စလို့ OS များကို အသုံးပြုတဲ့ iPhone များကို ဆိုလိုခြင်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီ ဖိုးနီးယား ပြည်နယ်ရှိ တရားရုံး တစ်ရုံးမှ နေပြီးတော့ Apple ရဲ့ iPhone များကို လိုအပ်ရင် လိုအပ်သလို unlock လုပ်၍ အချက်လက် များကို ကြည့်ရှုနိုင်ကြောင်း ထွက်ဆို တာကြောင့် ယင်းထွက်ဆိုမှု နဲ့ ပက်သက် ပြီးတော့ Apple မှ ပြန်လည် သတင်း ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါတယ်။
Apple ရဲ့ အိုင်ဖုန်းများကို အသုံးပြု သူများ အနေဖြင့် ဖုန်းကို Lock ခံထားခြင်းက အခြား သူတောင်မှ မက Apple ကိုယ်တိုင်တောင် ဝင်ရမှာ မဟုတ်ကြောင်း ဆိုပါတယ်။
Security passcode သိသူသာ ဝင်လို့ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Edward Snowden ရဲ့ အချက် အလက်များ ဖြေချမှုကြီး ဖြစ်ခဲ့ပြီးနောက် နည်းပညာ ဆိုင်ရာ ပစ္စည်းများကို လုံခြုံအောင် ပြုလုပ်ဖို့ အတွက် Apple အနေနဲ့လည်း တိုးမြင့် ခဲ့ခြင်း ဖြစ်ပါတယ်။
၁၀ ရာခိုင်နှုန်းသော ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ iOS 8 အောက် အသုံးပြုတဲ့ စမတ်ဖုန်းများသာ လုံခြုံရေး အတွက် concern ဖြစ်ပြီး ကျန်တဲ့ ၉၀ ရာခိုင်နှုန်းဟာ Apple ကိုယ်တိုင်တောင် မဖောက်နိုင်အောင် လုံခြုံမှု ရှိကြောင်း ထွက်ဆိုခဲ့ ပါတယ်။
Ref: dailymail
အောင်ခမ်း (MMA)
Original link - http://www.myanmarmobileapp.com/2015/10/22/iphonesecure/
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: