တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း

Sunday, October 25, 2015

ဆယ်သန်းမြောက် ဆွေသဟာ အသုံးပြုသူကို ငွေဖြည့်ကဒ် တစ်သန်းဖိုး ဆုငွေပေးမဲ့ MPT




မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရိတ်တာ တစ်ခုဖြစ်တဲ့ MPT သည် Ooredoo နှင့် Telenor တို့ ၏ အင်တာနက် ဝန်ဆောင်မှုများ စတင် ဝန်ဆောင်မှု ပေးပြီးနောက်ပိုင်းတွင် MPT အသုံးပြု သူများ အတွက် ရည်ရွယ်ကာ ဆွေသဟာ ဆိုသည့် လျင်မြန်တဲ့ အင်တာနက် ဝန်ဆောင်မှု နှင့် ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှု ကို စတင် မိတ်ဆက်ပေး ခဲ့ပါတယ်။

ထိုသို့ စတင်မိတ်ဆက်ကာ အသုံးပြုခွင်ပေးလိုက်သည့်အချိန်မှ စ၍ လက်ရှိအချိန်အထိ MPT ၏ဆွေသဟာအစီအစဉ်ကိုအသုံးပြုသူပေါင်း ဆယ်သန်းထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ထိုသို့ ဆွေသဟာ ဝန်ဆောင်မှု အသုံးပြုသူ ဆယ်သန်းပြည့်သည့် အထိန်းအမှတ် အဖြစ် ဆွေသဟာ ဝန်ဆောင်မှု ဆယ်သန်းမြောက် အသုံးပြုသူကို MPT ငွေဖြည့်ကဒ် တစ်သန်းဖိုး ဆုချီးမြှင့်မည် ဖြစ်ကြောင်းလည်း MPT ၏ တရားဝင် Facebook စာမျက်နှာတွင် ထုတ်ပြန် ကြေငြာထား ပါတယ်။

MPT အနေနဲ့ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကွန်ယက်ကို ပိုင်ဆိုင်ထားသော Telecommunication Company တစ်ခုဖြစ်တာနဲ့ အညီ တယ်လီကွန်း ကွန်ယက် အသုံးပြုသူ အများဆုံးပိုင်ဆိုင်ထားသော Telecom Company တစ်ခုလည်းဖြစ်ပါတယ်။

MPT အနေဖြင့် ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုသူတို့ အတွက် ကြိုတင်ငွေဖြည့် စနစ်နဲ့ ကျသင့်ငွေ ပေးချေရသည့် စနစ်ဆိုပြီး အမျိုးအစား ခွဲထားကာ ကြိုတင်ငွေဖြည့်စနစ် အသုံးပြုလို သူများအနေနဲ့ 1332 သို့ SWE ဟု ရိုက်ကာ SMS ပို့ရမှာဖြစ်ပြီး ကျသင့်ငွေပေးချေရသည့် စနစ်ကို အသုံးပြုလို သူများအနေဖြင့် 1332 သို့ POSTSWE ဟု ရိုက်ကာ SMS ပို့ပြီး ဝန်ဆောင်မှု ရယူနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်အချက် အလက်များကို MPT ၏ တရားဝင် Facebook စာမျက်နှာနှင့် MPT ၏ တရားဝင် Website စာမျက်နှာဖြစ်သည့် www.mpt.com.mm တို့တွင် သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Ref : MPT

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: