တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

အောက်တိုဘာလမှာ Product အသစ်ထုတ်လုပ်မဲ့ Xiaomi




ဒီနှစ်ထဲမှာ Products အသစ်ပေါင်း မြောက်များစွာကို ထုတ်လုပ် ထားတဲ့ Xiaomi ဟာ ယခု အောက်တိုဘာ ထဲမှာ နောက်ထပ် Products အသစ် တစ်မျိုးကို ထပ်မံ ထုတ်လုပ်ဖို့ စီစဉ် နေပါတယ်။

Xiaomi ရဲ့ Product အသစ်ထုတ်လုပ်မဲ့ သတင်းဟာာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက် Website တွေဖြစ်တဲ့ Weibo နဲ့ Xiaomi ကုမ္ပဏီ ရဲ့ တရားဝင် အင်တာနက် ဖိုရမ် တစ်ချို့ မှာလည်း အတော်လေး ပျံ့နှံ့နေခဲ့ပါတယ်။ တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ Xiaomi အနေနဲ့ လာမဲ့ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေငြာသွားမှာဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ဟာ Xiaomi ရဲ့ အီလက်ထရောနစ်နဲ့ပါတ်သက်တဲ့ ထုတ်ကုန်အသစ်များ မိတ်ဆက်ပွဲဖြစ်ပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့နောက်ထပ် ထုတ်ကုန်ပစ္စည်းများအကြောင်းကို အသေးစိတ် ထုတ်ပြန်ကြေငြာထားခြင်းမရှိတဲ့အတွက်ကြောင့် အသုံးပြုသူတို့အနေနဲ့ ဘယ်လို ပစ္စည်းတွေထုတ်လုပ်မယ်ဆိုတာကို မသိရှိနိုင်ပါဘူး။

ဒါပေမဲ့ ကောလဟာလအနေနဲ့ Product အသစ်နှစ်မျိုးဖြစ်တဲ့ ဈေးနှုန်းသက်သာတဲ့ 4K TV နဲ့ Mi5 Smart Phone တို့ကို မိတ်ဆက် ရောင်းချပေးသွားမှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့ ကောလဟာလ သတင်းတွေမှာတော့ Xiaomi Mi5 ရဲ့ အချက်အလက်တွေကိုဖော်ပြထားပါတယ်။ Xiaomi Mi5 ရဲ့ မျက်နှာပြင်အကျယ်ဟာ 5.2 လက်မ QHD မျက်နှာပြင် အမျိုးအစားဖြစ်ပါတယ်။ Processor အနေနဲ့ Snapdragon 810 ကို အသုံးပြုထားပြီး ကင်မရာပိုင်းမှာ အရှေ့ဘက်ကင်မရာကို 16 megapixel အထိ အသုံးပြုထားပါတယ်။

ဘက်ထရီကိုတော့ 3,000 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုထားပါတယ်။ နောက်ထပ် ကောလဟာလသတင်းတစ်ခုအနေနဲ့ Xiaomi ဟာ Plus Version တစ်မျိုးကို ထပ်မံ ထုတ်လုပ်အုံးမှာပါ။ အဆိုပါ Plus version မှာတော့ 5.7 လက်မရှိတဲ့ မျက်နှာပြင်အကျယ် နဲ့ Processor ကတော့ Snapdragon 820 SoC အမျိုးအစားကို အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒီသတင်းကို တော့ Xiaomi အနေနဲ့ ဘာမှပြောကြားထားခြင်းမရှိသေးပဲ 2016 ခုနှစ်လောက်မှသာ သတင်းအတိအကျ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : Android Authority

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com/


No comments: