
Samsung မှ ထုတ်လုပ် ပေးတဲ့ A9 Chip တပ်ဆင် ထားတဲ့ iPhone 6s,6s Plus များဟာ TSMC မှ ထုတ်လုပ် ပေးတဲ့ A9 Chip တပ်ဆင်ထားတဲ့ A9 Chip တပ်ဆင်ထားတဲ့ iPhne 6s,6s Plus များထက် Battery အားကုန်တာ ပိုမြန်ကြောင်းတွေ့ရှိ ခဲ့ရပါတယ်။
TSMC မှထုတ်လုပ်တဲ့ A9 Chip အသုံးပြု ထားတဲ့ iPhone 6s,6s Plus များဟာ Samsung A9 Chip တပ်ဆင်ထားတဲ့ 6s,6s Plus တွေထက် ၂ နာရီ နီးပါး အားပိုခံ တာကို လက်တွေ့ စမ်းသပ်ချက်များ အရ သိရပါတယ်။

Apple ကတော့ ဒီ Chip ၂ ခုရဲ့ ကွာခြားချက်ဟာ Battery Percent 3% ထက် မပိုပါဘူးလို့ ဖြေရှင်း ထားပါတယ်။
iPhone 6s, 6s Plus ၀ယ်ထားသူတွေ အနေနဲ့ မိမိတို့ရဲ့ ဖုန်းများဟာ TSMC မှထုတ်လုပ် ပေးထားတဲ့ A9 Chip ကို တပ်ဆင် ထားတာလား ၊ Samsung မှ ထုတ်လုပ်ပေး ထားတဲ့ A9 Chip ကို တပ်ဆင် ထားတာလား သိချင် ရင်တော့ ဖုန်းမှာ Lirum Device Info Lite ဆိုတဲ့ app ကို App Store မှ ရှာသွင်းပါ။ အောက်ပါ link ကိုနှိပ်ပြီး Install ပြုလုပ်နိင် ပါတယ်။
https://itunes.apple.com/us/app/lirum-device-info-lite-system/id591660734?mt=8&at=11l655
ပြီးလျှင် ယင်း app ထဲသို့ ၀င်ကြည့်ပါ။
Model: ဆိုတဲ့ နေရာမှာ N66AP (သို့) N71AP လို့ ပေါ်နေရင်တော့ သင့်ရဲ့ ဖုန်းဟာ Samsung A9 Chip တပ်ဆင်ထားတဲ့ ဖုန်းပါ။
N66MAP (6s Plus) or N71MAP လို့ ပေါ်နေရင်တော့ သင့်ရဲ့ ဖုန်းဟာ TSMC A9 Chip တပ်ဆင်ထားတဲ့ ဖုန်းဖြစ်ပါတယ်။

သင့်ရဲ့ iPhone 6s,6s Plus ဖုန်းအသစ်ဟာ သင့်မိတ်ဆွေတွေရဲ့ iPhone 6s,6s Plus တွေထက် ဘက်ထရီအား ကုန်တာ နည်းနည်း ပိုမြန်နေတယ် ဆိုရင်တော့ ဘာ Chip သုံးထားတဲ့ ဖုန်းလဲဆိုတာ ဒီနည်းနဲ့ စမ်းသပ်ကြည့် လိုက်ကြပါဦး။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App)
Original link - https://www.facebook.com/thetnaing.mmas

- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: