
နှစ်ဘီးတပ် ယာဉ်တွေကို အမြန်ဆုံး မောင်းနှင်နိုင်တာ လူတွေပါပဲ။ ဒါပေမဲ့ Yamaha ကနေ Motobot လို့ခေါ်တဲ့ စက်ရုပ် ဆိုင်ကယ်ကို ထွင်လိုက်တဲ့ အခါ လူတွေက အမြန်ဆုံး မောင်းနှင်နိုင် သူတွေ မဖြစ်တော့ ပါဘူး။
Motobot တွေကို ပြိုင်ကွင်းပြေးလမ်း ပေါ်မှာ အမြန်နှုန်းမြင့်မြင့်နဲ့ သွားစေနိုင်ဖို့ ဒီဇိုင်းရေးဆွဲ ထားတာပါ။ ဒီစက်ရုပ် တီထွင်မှုက ဆိုင်ကယ် ပြိုင်မောင်း သူတွေရဲ့ လုံခြုံရေးကို တိုးတက် လာစေမယ်လို့ Yamaha ကုမ္ပဏီက ပြောပါတယ်။ ဒီ့အပြင် ဒီနည်းပညာနဲ့ စီးပွားရေး လုပ်ငန်းသစ်တွေရဲ့ ရှေ့ဆာင်ဖြစ်လာနိုင် သေးတယ်လို့ ဆိုပါတယ်။
ဒီစက်ရုပ်ရဲ့ အကြောင်း အသေးစိတ် အများကြီး ထုတ်ပြဖို့ကိုတော့ Yamaha က ငြင်းဆန်ခဲ့ပါတယ်။ ဒီစက်ရုပ်စနစ်က လူလုံးဝမလိုဘဲနဲ့ သူ့ဟာသူ အစအဆုံး မောင်းနှင်နိုင်ပါတယ်။ ဒရုန်းတွေလိုမျိုး ထိန်းချုပ်စရာတောင် မလိုဘူးလို့ ပြောတာပါ။
“မော်တော်ဆိုင်ကယ်တစ်စီး အမြန်နှုန်းနဲ့မောင်းနေတဲ့အချိန် ရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ဆိုတာ ထိန်းချုပ်မှုစနစ် အမျိုးမျိုး လိုအပ်ပါတယ်။ တိကျမှု အဆင့် အရမ်းမြင့်တဲ့ လုပ်ဆောင်ချက်ပြုလုပ်ရမယ်။” လို့ Yamaha ကပြောပါတယ်။
Ref: Daily Mail
Original link - http://technology.thithtoolwin.com/2015/10/yamaha.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: