
စပိန်နိုင်ငံ သုတေသီတွေရဲ့ ကျေးဇူးနဲ့ ဘီယာမြည်းတဲ့ စက်ရုပ်ခေတ် ရောက်လာပါပြီ။ ဘာစီလိုးနား Autonomous တက္ကသိုလ်က သိပ္ပံပညာ ရှင်တွေဟာ ဘီယာတွေ ကြားက ကွဲပြားချက်နဲ့ အရက် ပါဝင်မှု ပမာဏကို ၈၂ရာခိုင်နှုန်းထိ (လက်ရှိ) တိုင်းတာ ဆုံးဖြတ်နိုင်တဲ့ စက်ရုပ်တွေကို တီထွင်ခဲ့ ကြပါတယ်။
လူ့ ရသအာရုံပေါ် အခြေခံထားတဲ့ အီလက်ထရောနစ်လျှာလို့ ခေါ်ရမယ့် စက်ရုပ်နဲ့ ဘီယာအမှတ်တံဆိပ် ပေါင်းစုံကို လေ့လာ စမ်းသပ်မှု တစ်ရပ် လုပ်ခဲ့ကြောင်း “Food Chemisty” ဂျာနယ်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဓာတု ကွန်ပေါင်းအမျိုးအစားတွေကို တုံ့ပြန်မယ့် အာရုံခံကိရိယာတွေ နဲ့ အချက်အလက်တွေရရှိပါတယ်။ လုပ်ငန်းစဉ် အဆင့်ဆင့်၊ မူကွဲသုံးသပ်မှု နဲ့ လူလို အာရုံခံတာတွေတောင် ပါသေးတယ်။” လို့ သုတေသနရပ်ရဲ့ အဓိကစာရေးသူ Manel del Valle က ပြောသွားခဲ့ပါတယ်။
အိုင်ယွန်တွေကို ခွဲခြားပေးမယ့် လျှပ်ခေါင်း ၂၁ခုတပ်ဆင်ထားပြီး အဲ့ဒီ့ လျှပ်ခေါင်းတွေဟာ စားသုံးကုန်ထဲမှာပါတဲ့ ဒြပ်မှုန်တွေကို အာရုံခံဖို့နဲ့ တုံ့ပြန်ဖို့အတွက် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။
Ref:latinpost.com
Original link - http://technology.thithtoolwin.com/2015/11/blog-post.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: